လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာကျော် Sydney Opera House

ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ Australia လို့ဆိုလိုက်တာနဲ့ မျက်လုံးထဲမှာ Sydney Opera House ကိုပြေးမြင်မိကြမှာပါ။ ဟုတ်ပါတယ်... Australia နဲ့ Sydney Opera House ဟာ ခွဲမရတဲ့ သင်္ကေတတစ်ခုလိုပဲ ဖြစ်ပါတယ်။  မြန်မာ/ရန်ကုန် ဆိုတာနဲ့ ရွှေတိဂုံစေတီတော်ကြီး မြင်ယောင်မိသလိုပေါ့...။ အဲလိုထင်ရှားတဲ့ Opera House အကြောင်းလေးကို ဗဟုသုတအဖြစ် အားလုံးသိရအောင် ကျွန်တော်ပြောပြချင်ပါတယ်...။

ဒီ Opera House ဟာ Australia နိုင်ငံ၊ Sydney မြို့မှာတည်ရှိပြီး အနုပညာတင်ဆက်မှုအမျိုးမျိုး လက်ခံကျင်းပရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒီအဆောက်အဦးကို ဒိန်းမတ်လူမျိုး ဗိသုကာပညာရှင် Jorn Utzon ရဲ့ 1957 ခုနှစ်မှာ အနိုင်ရခဲ့တဲ့ဒီဇိုင်းနဲ့ 1973 ခုနှစ်မှာ အပြီးသတ် တည်ဆောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဗိသုကာပညာရှင် Jorn Utzon ဟာလည်း 2003 ခုနှစ်မှာ Architecture လောကမှာ အမြင့်ဆုံးဆုတစ်ခုဖြစ်တဲ့ Pritzker Prize ဆုကို ရရှိခဲ့ပါတယ်။

အဲဒီ Sydney Opera House ဟာ 20 ရာစုရဲ့ အကောင်းဆုံးအမှတ်အသား ဒီဇိုင်းတစ်ခုဖြစ်ခဲ့ပြီး သူ့ရဲ့ လှပဆန်းကျယ်မှုကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှု၊ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ Australia ရဲ့ Icon လည်း ဖြစ်လာခဲ့ပါတယ်။ Sydney Opera House ဟာ Sydney Harbour ရဲ့ Bennelong Point  မှာတည်ရှိပါတယ်။ Sydney Harbour Bridge နဲ့နီးပြီး ဘေးနားမှာ Royal Botanic Garden လည်း တည်ရှိပါတယ်။

Sydney Opera House ဟာ ကမ္ဘာမှာ ဖျော်ဖြေမှုတွေအတွက် အသုံးပြုမှုအများဆုံးစာရင်းဝင် Performing Arts Centre တစ်ခုဖြစ်ပြီး တစ်နှစ်ကို Performance ပေါင်း ၁၅၀၀ ကျော်ခန့် ကျင်းပပြီး ပရိသတ် ၁.၂ သန်းခန့် ၀င်ရောက်လေ့ရှိပါတယ်။ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးစာရင်းဝင်ဖြစ်ပြီး တစ်နှစ်တစ်နှစ် အဲ့ဒီ Opera House အနီးကို လာရောက်လည်ပတ်သူ ၇ သန်းကျော်ရှိနေတာဟာလည်း သူ့ရဲ့ ကျော်ကြားမှုဗိသုကာတွေကို သက်သေထူလျက်ရှိပါတယ်။ အောက်မှာ သူ့ရဲ့ လှပတဲ့ဗိသုကာပုံစံ၊ နှစ်လိုဖွယ်ရှုခင်းတွေကို ဆက်လက်ရှုစားကြည့်ကြပါဦး...







2 comments:

ရင်ဆူး said...

ဖတ်သွားတယ်ဗျာ....

Anonymous said...

ဒီဆိုဒ်လေးထဲဝင်လာတိုင်း အာရုံ လေးတွေ လန်းဆန်းသွးတယ်ဗျာ............

Related Posts Plugin for WordPress, Blogger...