လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

၁၀၀၀၀ ကျပ်တန် ငွေစက္ကူ မြန်မာနိုင်ငံတွင် စတင်ထုတ်ဝေမည်


၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

အရွယ်အစား ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက်  ။ ထိပ်ပိုင်းတွင် 'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။

ကျောဘက်   ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး  ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

မြန်မာငွေကျပ် ရာဇ၀င်အချို့ 
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။



Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...