လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ရခိုင်နှင့် ရိုဟင်ဂျာ အလံ မရောကြစေရန်

ခုတလော ဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီကုလားတွေရဲ့ ကျူးကျော်စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး အရမ်းကို မခံချင်စိတ်၊ ဒေါသစိတ်တွေ ဖြစ်နေကြပါတယ်။ FB စတဲ့ Social Network တွေမှာလဲ ရိုဟင်ဂျာဆန့်ကျင်ရေး၊ နှိမ်နင်းရေးအတွက် အားလုံး လိုလားနေကြမှာ အမှန်ပါပဲ။ အဲ့မှာ မြန်မာတော်တော်များများ FB Profile Picture တွေမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အလံပုံ တင်ပြီး ရခိုင်ကိုထောက်ခံ၊ ရိုဟင်ဂျာကို ဆန့်ကျင်နေကြပါတယ်...။ အဲ့နေရာမှာ တခုပြောချင်တာက ရခိုင်အမျိုးသားအလံနှင့် ရိုဟင်ဂျာကုလားတွေအလံဟာ လုံးလုံးမဟုတ်ရင်တောင် နည်းနည်းတော့ ဆင်တူနေပါတယ်...။ အောက်မှာ ကြည့်ကြပါ..။ 

ဒါကြောင့် အလံချင်း မမှားကြ ၊ မရောကြစေဖို့ တင်လိုက်တာပါ။ ရခိုင်အလံမှာလည်း နေနှင့်လ ပါနေကြလို့ တချို့မရှင်းလင်းသူများအတွက် ရက္ခိတကာရန် wordpress လေးကနေပြီး ရခိုင်တိုင်းရင်းသားအလံရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို ပြန်လည် ဖော်ပြလိုက်ပါတယ်...။

အရောင်
အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီလနှင့် ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့် ဖြူစင်တည်ကြည် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကို ဖော်ဆောင်သည်။ အနီရောင်၏သဘောမှာ ရဲရင့်တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်ရှိခြင်းတို့ကို အဓိပ္ပါယ်ဆောင်သည်။

သီရိ၀စ ၦ
သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီများတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

နေနှင့်လ
နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသော အမည်ကို ခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သော မင်းတို့သည် နေလ အမည်ရှိသော ဘွဲ့ထူးဂုဏ်ထူး အမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏ တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသား လက္ခဏာများကို ဖော်ညွှန်း ထားပါသည်။ နေသည် ကမ္ဘာ မြေပြင် ပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည် အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ် သတ္တ၀ါမရွေး မျှတသော အရောင်ကို ပေးတတ်သည်။ လူသားသတ္တ၀ါတို့ အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကို ဖော်ညွှန်းထားခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း
တိုင်းပြည်ကို အုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့် လက်ကျာရစ် ခရုသင်းတို့ဖြင့် သစ္စာရေစင် ဖြန်းရသည်။ ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစေ၊ တိုင်းသူပြည်သား တို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေ ဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

စိန်တောင်
စိန်တောင်သည် အလယ်ဗဟို တည့်တည့်တွင် မဏ္ဏိုင် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အား တည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကို ဖော်ပြထားသည်။

စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဒဏ္ဍာန် ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်း ဖြောင့်မတ် တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကို သရုပ်ဆောင်သည်။

ရွေးလုံး(ရ)လုံး (ဗိန္ဒု)
ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့် ယှဉ်သည့် လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟု ဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့် လျှော်ညီစွာ စိုက်ပျိုးရေးကို အဓိကပြု၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေး လက္ခဏာ သဘောကို ဆောင်ထားခြင်းဖြစ်သည်။

ခြူးပန်း
ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်းမှာ အပင်မှပွင့်သော ပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမျှင်တို့၏ ပုံသဒဏ်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင်သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များ ထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။ မင်္ဂလာရှိသော၊ တေးသံသာသောအသံကို သရုပ်ဖော်ထားသည်။ ၎င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားသည်။
ဤသီရိဝိစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ဆင်ခြင်စေနိုင်ခြင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျှော်ညီစွာ တစည်းတလုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများ တိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်ဆောင်ထားပါသည်။

မူရင်းဖော်ပြချက် >>  ရက္ခိတကာရန်

No comments:

Related Posts Plugin for WordPress, Blogger...