လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPad Mini ကို Apple ပွဲထုတ်



လူအများ စောင့်ဆိုင်း နေကြသည့် iPad Mini ကို Apple ကုမ္ပဏီက ပွဲထုတ် မိတ်ဆက် ပေးခဲ့သည်။ အဆိုပါ ထုတ်ကုန် သစ်သည် အရွယ် အစား သေးငယ်ပြီး ဒီဇိုင်းကိုလည်း အနည်းငယ် ပြင်ဆင်ထားကာ Apple ၏ iOS 6 software ကို အသုံးပြု ထားကြောင်း သိရသည်။
iPad Mini ၏အထူမှာ ၇.၂ မီလီမီတာ ရှိပြီး စတုတ္ထမျိုးဆက် iPad ထက် ၂၃ ရာခိုင်နှုန်း ပါးလွှာသည်။ အလေး ချိန်မှာ ၀.၆၈ ပေါင်သာ ရှိပြီး စတုတ္ထ မျိုး ဆက် iPad ထက် ၅၃ ရာခိုင်နှုန်း ပေါ့ပါးသည်။ အသုံးပြု ထားသည့် ၇.၉ လက်မ အရွယ် display မှာ 1,024x768 pixels resolution ဖြင့် ဖော်ြ ပပေး နိုင်ပြီး ၎င်းမှာ iPad နှင့်
iPad 2 တို့၏ screen resolution နှင့် တူညီသည်။ App များမှာ ၎င်း screen ပေါ်တွင် အလုပ်လုပ် သည့် အတွက် developer များ အနေနှင့် app များကို ပြင်ဆင် မွမ်းမံရန် မလိုအပ်ကြောင်း Apple စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Phil Schiller က ပြောကြားသည်။
Dual-core A5 ပရိုဆက်ဆာကို အသုံးပြု ထားပြီး ကျောဘက်တွင် 5-megapixel iSight ကင်မရာနှင့် အရှေ့ ဘက်တွင် FaceTime HD ကင်မရာတို့ကို တပ်ဆင် ပေးထားသည်။ Wi-Fi နှင့် LTE ချိတ်ဆက်မှု တို့ဖြင့် အသုံးပြု နိုင်ပြီး ဘက်ထရီ သက်တမ်းမှာ ၁၀ နာရီကြာ အသုံးပြုနိုင် သည်ဟု Apple မှ ပြောကြားသည်။
iPad Mini ကို အောက်တိုဘာလ ၂၆ ရက်မှ စတင်ကာ ကြိုတင် မှာယူ ထားနိုင်ပြီး Wi-Fi အမျိုးအစားကို နိုဝင် ဘာလ ၂ ရက်တွင် တင်ပို့ ရောင်းချ မည်ဖြစ်ကာ LTE အမျိုးအစားများကို နှစ်ပတ်ခန့် အကြာမှသာ ရောင်းချ မည်ဟု သိရသည်။
တန်ဖိုးမှာ Wi-Fi 16GB အတွက် အမေရိကန် ဒေါ်လာ ၃၂၉၊ 32GB အတွက် အမေရိကန် ဒေါ်လာ ၄၂၉၊ 64GB အတွက် အမေရိကန် ဒေါ်လာ ၅၂၉ သတ်မှတ် ထားသည်။ Wi-Fi+Cellular 16GB အတွက် အမေရိကန် ဒေါ်လာ ၄၅၉၊ 32GB အတွက် အမေရိကန် ဒေါ်လာ ၅၅၉ နှင့် 64GB အတွက် အမေရိကန် ဒေါ်လာ ၆၅၉ ကျသင့်မည် ဖြစ်သည်။

Ref: Internet Journal

ထိုင်းဘုရင့်သမီးတော် မြန်မာပြည်ခရီးနှင့် ကျောင်းအိမ်သာလိမ်လည်မှုကြီး

ဒီဆောင်းပါးလေးက မောက္ခပညာရေးဆိုက်မှာ ဖော်ပြထားတာပါ။ အပြင်လောက မှာလည်း တော်တော် များများ ကြုံတွေ့နေကျ for show ကိစ္စလေးတွေ ဖြစ်ပြီး ပြုပြင်သင့်တဲ့ အရာလေးမို့လို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

မကြာသေးမီက ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်သည် အနာဂတ် အိမ်သာပြိုင်ပွဲ တစ်ခုကို ငွေကုန် ကြေးကျများ ခံကာ ကျင်းပပြုလုပ်ပေးလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ် ကျောင်းများကို ဆင်းရဲသော နိုင်ငံများအတွက် အသင့်လျော်ဆုံးနှင့် အကျိုးအရှိဆုံးအိမ်သာများဖြစ်ရေး ဒီဇိုင်းထုတ်ခိုင်းခြင်း ဖြစ်ပါသည်။ ကျောင်းသားများသည် အုပ်စုလိုက်ဝင်ပြိုင်ကြပြီး အနာဂတ်အိမ်သာကို ပုံဖော်ပြကြသည်။
အနာဂတ်အိမ်သာသည် နေရောင်ခြည် ဆိုလာပြားအမိုးတွေနှင့် ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကို လောင်စာ၊ မြေဩဇာအဖြစ်ပြန် ထုတ်သုံးနိုင်ရန် ရည်ရွယ်ကြသည်။ အိမ်သာဆိုသည်မှာ စိတ်ပျော်မွေ့စရာ ခေတ္တအနားယူ အပန်းဖြေနိုင်သည့် နေရာတစ်နေရာဖြစ်အောင် ဖန်တီး ပြသူတွေလည်းရှိသည်။ ဆင်းရဲသောနိုင်ငံများတွင် အိမ်သာစနစ် ကောင်းမွန်စွာ အသုံးမပြုနိုင်ခြင်းကြောင့် ရောဂါဘယထူပြောကာ မသေသင့်ဘဲ သေဆုံးနေကြရ သည်ဟုမြင်ပြီး စရိတ်ကျဉ်း၊ အကျိုးရှိ၊ အသုံးတည့်အိမ်သာများကို တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ပါသည်။

ကျွန်တော်သည် မကြာမီက နယ်မှ သူငယ်ချင်းတစ်ယောက်၏ ကျောင်းသို့ အလည်ရောက်ခဲ့ပါသည်။ ကားပေါ်မှ ဆင်းဆင်းချင်း တစ်လမ်းလုံး အောင့်အည်း သီးခံနေရသော ဆီးသွားချင်သည့် ဝေဒနာကို ဖြေရှင်းချင်သဖြင့် ကျောင်းရုံးခန်းသို့ မတက်မီ အိမ်သာဆီသို့ပြေး ခဲ့ရပါသည်။ ကျောင်းအိမ်သာတွင် ဆရာများသာဆိုသည့် အိမ်သာ ကြီး ၄ ခန်းတွဲလုံးကို သော့တွေ ခတ်ထားသဖြင့်၊ ကျောင်းသားများ ဆီးသွားရန် ပြုလုပ်ထားသော သေးပေါက်ခန်းသို့ ဝင်လိုက်မိပါသည်။
ကျွန်တော့်နှာခေါင်းထဲသို့ ဆိုးရွားလှသည့် အနံ့အသက်တစ်ခုက ပြေးဝင်ဆောင့်တော့သည်။ မူးမေ့လုမတတ် နံလှပါသည်။ သေးစီးဆင်းရာမြောင်းထဲတွင် စက္ကူစတွေက ပြည့်ပိတ်နေသည်။ နီကျင်ကျင် ဆီးအိုင်ကြီးတွေက မြောင်းထဲတွင် ဟိုတစ်အိုင် သည်တစ်အိုင် ပုပ်အက် နံဟောင်နေသည်။ ကျွန်တော် အသက်အောင့်ပြီး ကိစ္စပြီး လိုက်ရသည်။
ကြုံတုန်း ကျွန်တော် ကျောင်းသား ကျောင်းသူတွေ အိမ်သာဘက်ကို လျှောက်ကြည့် မိသည်။ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကျောင်း သားတွေ မရှိ။ တံခါးတွေက ပျက်သည့် အခန်းတွေ ပျက်နေသည်။ မည်သို့မျှ ကျောင်းသား တွေ ဝင်ထိုင်ပြီး ကိစ္စမပြီးနိုင်။ အိမ်သာ ခွက်တွေက ပလပ်စတစ် အဖြူရောင်ဟု ဆိုသော်လည်း အရောင်အဆင်း ပျောက်နေပြီ။ အိမ်သာကန်တွင် ရေမရှိ။ ကျောင်းသားအိမ်သာ များ အတွင်းတွင်လည်း ရေခွက်၊ ရေပုံးမရှိ။ ရေဆင်း အပေါက်တွေ ပိတ်ဆို့ပြီး မည်သို့မျှ အိမ်သာသွားနိုင်စရာ အကြောင်းမမြင်။ အနံ့ အသက်တွေကလည်း ပြောမကောင်းလောက်အောင် နံဟောင်နေ သည်။ ထိုအရာကို ကျောင်းအိမ်သာဟု ခေါ်ပါသည်။
ကျွန်တော်က သူငယ်ချင်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ ရောက်သောအခါ ကျောင်းရှိ အိမ်သာများအကြောင်း ပြောပြသည်။ သူက သူ့ရုံးခန်းကို တက်လာရင် ပြီးရောဆိုပြီး အပြစ်တင်သည်။ သူ့ရုံးခန်းတွင်လည်း အိမ်သာ သီးသန့်ရှိသည်။ ကျောင်းအုပ်ဆရာကြီး သီးသန့်သုံးရန် ဘိုထိုင်၊ ကြွေပြားကပ်တွေနှင့်ဖြစ်ပြီး အနံ့ကလည်း မွှေးကြိုင် သင်းပျံ့နေသည်။ ကိုယ့်အတွက် ကိုယ်ကောင်းအောင် လုပ်ထားပြီး ကျောင်းသားတွေ အတွက် ပစ်စလက်ခတ်ထားရက်သော သူငယ်ချင်းကျောင်းအုပ်အပေါ် အတော်လေး အထင်သေးသွားမိသည်။

အိမ်သာပြဿနာကို ကျွန်တော် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကလည်း ထူးဆန်းစွာဖြင့် အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးသည်။ ကျွန်တော်က ထိုစဉ်အချိန်တွင် မာလ်တီမီဒီယာ စာသင်ခန်းများအတွက် လိုအပ်သည့် ကွန်ပျူတာများ လိုက်လံဆင်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများကို အမှန်တကယ် ကွန်ပျူတာ မတတ်သော်လည်း ဌာနဆိုင်ရာ မှတာဝန်ပေးချက်အရ တစ်နေ့ တစ်ညလောက်နှင့် ကွန်ပျူတာ ဖွင့်တတ်၊ ပိတ်တတ်၊ ပြတတ်စေရန် (တစ်နည်းအားဖြင့် လူကြီးမင်း များလာကြည့်လျှင် အပြကောင်းစေရန် ရှေ့ပြေးအညာတပ်တွင် ပါဝင် ခဲ့ရသူဖြစ်သည်)။
တစ်နေ့တွင် မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို ရုံးသို့ဆင့် ခေါ်ပြီး အမှတ် (--) အခြေခံပညာ အလယ်တန်း ကျောင်းသို့ ကွန်ပျူတာများ ယူသွားကာ သွားတပ်ဆင်ပြီး ကလေးများကို သင်ကြားပေးရန် အမိန့်ပေးလာသည်။ ကျွန်တော်က ထိုအချိန်တွင် အထက်တန်းကျောင်းကြီးတစ်ကျောင်းတွင် စာမသင်ရသော ကွန်ပျူတာဆရာ ဘဝဖြင့် ကျင်လည်နေရသည်။ ထိုစဉ်က အလယ်တန်းကျောင်းများကို မာလ်တီမီဒီယာ စာသင်ခန်းများ တပ်ဆင်ပေးရန် အစီအစဉ်မရှိသေးပေ။ မြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင်သာ မာလ်တီမီဒီယာ စာသင်ခန်းများဖွင့်လှစ်ရန် ပြင်ဆင်နေကြသောကြောင့်  အလယ်တန်းကျောင်းတွင် ကွန်ပျူတာတွေ သွားဆင်ပြီး သင်ပေးရ မည်ဆိုသဖြင့် ထူးဆန်းနေသည်။
ကွန်ပျူတာသွားဆင်ပေးရသည် ဆိုသည့် အကြောင်းကို ရှင်းပြချင် ပါသည်။ တစ်မြို့လုံးတွင် စုစုပေါင်းလိုက်မှ Apple Macintosh ကွန်ပျူတာ ၁၀ လုံးလောက်ရှိမည် ထင်ပါသည်။ ထိုကွန်ပျူတာများသည် မာလ်တီမီဒီယာ စာသင်ခန်းများဖွင့်မည့် ကျောင်းတိုင်းကို အလှည့်ကျ သွားရောက် အသုံးတော်ခံရသည်။ ကွန်ပျူတာတတ်သော ကျွန်တော့်မှာလည်း ကွန်ပျူတာတွေ ကားနှင့်တင်သွားပြီး ဇာတ်ဆရာလို ဇာတ်ဝင်တိုက်ပေးနေရသည်ကို သဘောမကျသော်လည်း ဝန်ထမ်း ဖြစ်နေသောကြောင့် ခိုင်းတာ လုပ်နေခဲ့ရသည်။
မာလ်တီမီဒီယာ စာသင်ခန်းဖွင့်မည့် စာရင်းတွင် မပါသေးသည့် အလယ်တန်းကျောင်းတစ်ကျောင်းကို မာလ်တီမီဒီယာပုံစံလုပ်နေ သဖြင့် အံ့အားသင့်ပြီး စုံစမ်းကြည့်လိုက်မှ ထိုင်းနိုင်ငံ ဘုရင့်သမီးတော် သီရိဒုံနှင့် အဖွဲ့ရောက်လာမည်။ ကျောင်းပတ်လည်ရှိ နာမည်ကျော် တန်ခိုးကြီးဘုရားများကို လာဖူးမည်။ ကျောင်းသို့ ဝင်ကြည့်မည်ဖြစ်သဖြင့် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်က ကိုယ့်တာဝန်ကျရာ ကွန်ပျူတာခန်းတွင် ကလေးတွေနှင့် အလုပ်ရှုပ်နေသလို၊ သီရိဒုံလာလျှင် ကွန်ပျူတာ ပရိုဂျက်တာဖြင့် ညွှန်ကြားရေးမှူးချုပ်ကရှင်းပြလျှင် ကွန်ပျူတာမှ PowerPoint  ဖြင့်ပြနိုင်ရန်လည်း တာဝန်ယူထားရသေးသည်။ အခြား စိုက်ပျိုးရေး၊ အိမ်တွင်းလက်မှုလုပ်ငန်း၊ သိပ္ပံခန်း စသည်ဖြင့်လည်း ပြင်ဆင် နေကြ ရသေးသည်။
ကျွန်တော့်သူငယ်ချင်း စိုက်ပျိုးရေးတာဝန်ခံဆရာက စိတ်တွေတိုပြီး အော်ဟစ်နေသံကို ကွန်ပျူတာခန်းမှ အတိုင်းသား ကြားနေရသည်။ ကျောင်းရှေ့စိုက်ခင်းကို မြက်တွေ ဦးစွာရှင်းရသည်။ မြောင်းဘောင်တွေ ဖော်ပြီး မုန်လာ၊ ဆလပ်၊ မုံညင်းပင်တွေကို ဈေးမှ သွားဝယ်ကာ နေချင်းပြီး အပင်ပေါက်စိုက်ပြရသည်။ ဘူးစင်ကိုလည်း လတ်တလော ဆောက်ကာ ဘူးညွန့်၊ ဘူးနွယ်တွေကို စင်ပေါ် တင်ရသည်။ ဘူးသီးကို ဈေးမှသွားဝယ်ပြီး စင်ပေါ် တွင် သွပ်နန်းကြိုးနှင့် လူမမြင်နိုင်အောင်တွဲရသည်။
ဆောင်းဦးပေါက်ဖြစ်သော်လည်း နေရောင်ရှိနေသဖြင့် ယနေ့စိုက်သည့် အပင်တွေက နွမ်းလျလျ ဖြစ်နေသည်။ သူက ထိုအဖြစ်ကို စိတ်တိုနေသည်။ ရေလောင်းစရာမှာလည်း ကန်ကအဝေးကြီး သူကိုယ်တိုင် သွားထမ်းနေရ သဖြင့် အဆင်မပြေ။ နောက်ဆုံး မီးသတ်တပ်ဖွဲ့ထံ အကူအညီတောင်းပြီး မီးသတ်ပိုက်ကြီးဖြင့် စိုက်ခင်းကို ရေဖြန်း နေရသည်။
မနက်ဖြန် မင်းသမီး သီရိဒုံ ရောက်လာတော့မည်။ ထိုအချိန်တွင် ရှေ့ပြေးအနေဖြင့် ဗိုလ်ချုပ်တစ်ဦးနှင့်အဖွဲ့ ရောက်လာကာ ဘာတွေ လုပ်ဆောင်ထားသနည်းဆိုပြီး ကြိုတင်လာကြည့်သည်။ ထိုင်းဘုရင် သမီးတော် ဆိုသည့် အရှိန်အဝါကလည်း ရှိနေသည်။ ပြဿနာတစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေပုံလည်း ရသည်။ ဗိုလ်ချုပ်က ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများကို
“ဒါနဲ့ နေစမ်းပါဦး။ ခင်ဗျားတို့ အိမ်သာကောင်းကောင်း ရှိသလား” ဟုမေးသည်။ ကျောင်းအုပ်ဆရာမကြီးက အဝေးမှ ဆရာအိမ်သာကို လက်ညှိုးထိုးပြသည်။ စစ်ဗိုလ်တစ်ယောက်က သွားကြည့်ပြီး ခေါင်းခါကာ ပြန်လာ သည်။
“မင်းသမီးက မင်္ဂလာဒုံလေဆိပ်ကနေ မိုင် ၅၀ ဝေးတဲ့နေရာကို တောက်လျှောက်လာမှာ။ ဒီရောက်လို့ အိမ်သာ ဝင်ချင်ပါပြီတဲ့ ခင်ဗျားတို့ လေးတိုင်စင်အိမ်သာမှာ မင်းသမီးကို သွားခိုင်းရမှာလား။ ဘယ်မှာလဲ အင်ဂျင်နီယာ ခေါ်စမ်း” ဟုဆိုကာ ခေါင်းချင်းရိုက်ကြတော့သည်။
ရှင်းလင်းဆောင်ဘေးတွင် ၁၀ ပတ်လည် အုတ်စီ၊ သွပ်မိုး၊ ကြွေ ပြားကပ်၊ ဘိုထိုင်အိမ်သာကြီးကို ချက်ချင်း တစ်ညလုံးဆောက်ကြသည်။ အင်္ဂတေတွေ မခြောက်သည်ကိုပင် မီးတွေအပူပေးကြရသည်။ မနက်မိုးလင်းလျှင် အိမ်သာအသင့်ဖြစ်သွားသည်။ အိမ်သာတစ်လုံး ကြေးက ကွန်ပျူတာ ၁၀ လုံးဖိုးလောက် ကုန်သွားသည်။
နောက်တစ်နေ့တွင် မင်းသမီး သီရိဒုံအလာကို ကြိုဆိုကြသည်။  မနက် ၁၀ နာရီခန့်တွင် မင်းသမီးနှင့်အဖွဲ့ ကားသုံးစီးဖြင့် ရောက်လာကြသည်။ ယမန်နေ့က ရှေ့ပြေးအဖွဲ့မှ ဗိုလ်ချုပ်၏ ကြိုတင် မှန်းဆထားချက် အတိုင်း မင်းသမီးသည် ကားပေါ်မှ ဆင်းဆင်းချင်း သူ့အတွင်းရေးမှူးလားမသိ အမျိုးသမီးကို အနား ကပ်ပြောသည်။ ထို အမျိုးသမီးက ကျောင်းအုပ်ဆရာမကြီးကို ဘာသာပြန်မှတစ်ဆင့် ကပ်ပြောသည်။ တွေးထင်ထားကြသည့် အတိုင်း  မင်းသမီးကို အိမ်သာတော်ဆီသို့ ဦးစွာ ခေါ်သွားကြရသည်။ ကျွန်တော်ကတော့ မီးဖြင့် အခြောက်ခံ ထားသည့် ဘိုထိုင်ကြီး မင်းသမီးဝိတ်ဖြင့် ဝုန်းခနဲအသံ မကြားရပါစေနှင့်ဟု ဆုတောင်းနေမိသည်။
မင်းသမီးက ရှင်းလင်းဆောင်တွင် နားနေပြီး ရှင်းပြသည်များကို စကားပြန်မှတစ်ဆင့် နားထောင်သည်။ ပြီးတော့ ကျောင်းကို လှည့်ကြည့်သည်။ မင်းသမီးကျောင်းပေါ်တက်ကြည့်နေစဉ်တွင် မင်းသမီး နှင့်ပါလာသည့် အဖွဲ့ဝင် ထဲမှ သုံးဦးက စိုက်ခင်းဆီသို့သွားသည်။ လူကြီးတွေ မျက်လုံပြူးပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ကြသည်။ တစ်ယောက်က ဘူးစင်သို့သွားပြီး ဘူးသီးကို သေသေချာ ချာကိုင်ကြည့်သည်။ နောက်တစ်ယောက် က စိုက်ခင်းသို့သွားပြီး မုန်လာပင်ကိုနုတ်ကြည့်သည်။ သူတို့အချင်းချင်း ဘာတွေပြောကြသည် မသိ။ သဘော တွေကျပြီး ခေါင်းတွေညိမ့်ကြသည်။ မနက်ကတည်းက ရေတစ်ကြိမ်ဖြန်းပြီး နေအပူဒဏ်ကြောင့် အပင်တွေက ဦးကျိုးနေကြသည်။
ကျွန်တော် အိမ်သာအကြောင်း ပြန်ဆက်ပါမည်။ မကြာမီက ထိုင်းနိုင်ငံမှ ပြန်လာသော မောက္ခပညာရေးအဖွဲ့နှင့် ကျွန်တော် တွေ့ဆုံရသည်။ သူတို့က ထိုင်းနိုင်ငံကျောင်းများတွင် သန့်ရှင်းသော အိမ်သာ စနစ်၊ လမ်းဘေး အများသူငါ အသုံးပြုရသော နေရာများတွင် သန့်ရှင်းသည့် အိမ်သာစနစ်တွေအကြောင်း အားရပါးရ ပြောကြသည်။ ကျွန်တော် တောကျောင်းများတွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်ပါသည်။ အိမ်သာမရှိ၊ ကျင်းပေါ်တွင် ဝါးလုံး နှစ်တန်းပစ်ကာ တုတ်တံဖြင့် အသုံးပြုသောစနစ်၊ ချောက်ထဲ၊ ဝါးတောထဲ ကျင်ကြီး ကျင်ငယ်စွန့်စေသည့်စနစ်များကို ကျွန်တော်တို့ ခေတ်က ပြုပြင်ရန်မည်သို့မျှ မတတ်နိုင်ခဲ့ ပါ။ အိမ်သာဆိုသည်မှာ ဘုန်းကြီးကျောင်းများတွင် ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်း ရသည့် အဆောက် အအုံဟု ခံယူထားပုံရသည်။ အိမ်ထောင်စု ၁၀ လုံးတွင်ပင် အိမ်သာတစ်လုံးမရှိသည့် ခေတ်တွင် ကျွန်တော်တို့ ကျေးရွာ၌ အမှုထမ်းခဲ့ကြရသည်။
နောက်ပိုင်း ယင်လုံအိမ်သာစနစ်၊ ပလပ်စတစ်ခွက်စနစ်များဖြင့် ကျေးရွာများတွင် ထွန်းကားလာရန် ကြံဆောင် ကြသည်ဆိုစေ၊ ရေအမြဲ ပြည့်ကာ ပုပ်ဟောင်နေသော ကျင်းစနစ်ကြောင့် ယခင်ခြင်ကြားကြီးတွေ မရှိသော ရွာများတွင် ထူးဆန်းစွာခြင်ကြားကြီးတွေ ရောက်လာသည်ကိုလည်း ရွာသားတွေပါးစပ်ဖြားတွင် ပြောစမှတ် ဖြစ်ကြရသည်။  အိမ်တိုင်း၊ ကျောင်းတိုင်းတွင် ယင်လုံအိမ်သာများကို အကောင်အထည်ဖော်ကြသည်မှန်စေ၊ ရေလောင်းအိမ်သာစနစ်သည် ရေပေါ များမှသာ အဆင်ပြေနိုင်ပါသည်။ ကျောင်းတွင် သောက်သုံးရန် သောက်ရေတစ်အိုးကိုပင် နာရီဝက်လောက် လျှောက်ရသော ရွာဦး ကျောင်းမှ သွားခပ်နေရသော ရွာကျောင်းရှိ အိမ်သာအဖြေမှာ တုတ် မစင်များဖြင့်ပြည့်ပြီး အိမ်မသာနိုင်မှာကတော့ သေချာသည်။
ရုပ်မြင်သံကြား ပညာပေးအစီအစဉ်မှ “လက်ဆေးပြီးပြီလား”ဆိုသည့် ဇာတ်လမ်းတိုလေးကို ကြိုက်ပါသည်။ သို့သော် လက်ဆေး စရာနေရာမရှိ၊ ရေမရှိ၊ ဆပ်ပြာမရှိသည့် ကျောင်းများ၊ ထိုသို့ လုပ်ဆောင်နိုင်ရန် ပါးစပ်က ပြောပြီး လက်တွေ့မပါသည့် စေတနာများ၊ အိမ်သာကို အလေးထားရကောင်းမှန်း မသိသော ပညာရေးဌာနမှ ပုဂ္ဂိုလ်များဖြင့် စံပြုလောက်သည့် ကျောင်းတစ်ကျောင်းကို ထူထောင် နိုင်မည် မဟုတ်ပါ။ မြန်မာ့ပညာရေးတွင် ဘက်စုံပြုပြင်စရာတွေက များလှ ပါသည်။ အထူးသဖြင့် အိမ်သာကို အလေးထားရကောင်းမှန်း မသိသော၊ အိမ် သာမှထွက်လာလျှင် လက်ဆေးရမည်ကို လူကြီးလာမှ ဟန်ပြလုပ်တတ်သော၊ လက်ဆေးပွဲကို အခမ်းအနား ဖြင့် တစ်ခမ်းတနားလုပ်ပြကာ တီဗွီထဲတွင် အရှက်မရှိ လက်ဆေးပြနေသော လူကြီးများ၊ ကျောင်းအုပ်ကြီးများ ကို ကျောင်းအိမ်သာများတွင် ရေ အလုံအလောက် ရအောင် လုပ်ပေးပြီးမှ လက်ဆေးပြကြပါ ဟု မေတ္တာရပ်ခံချင်ပါသည်။

မူရင်းဆောင်းပါလင့်  >> Maukkha.org

ကုန်း၊ ရေ နှစ်မျိုးသုံး လေးဘီးဆိုင်ကယ်



၂၀၀၆ ခုနှစ်က Prototype စတင်မိတ်ဆက်ပြီး အမေရိကန်မှာ ယခု စတင်ရောင်းချပြီ ဖြစ် တဲ့ လေးဘီး ဆိုင်ကယ် ဖြစ်ပါတယ်။

ကုန်းပေါ်မောင်း လေးဘီးဆိုင်ကယ်တစ်ဖြစ်လဲ ရေပေါ်မှာလည်း ရေဆိုင်ကယ် အနေနဲ့ မောင်းနှင်ရမယ့် မော်တော်ယာဉ် ဖြစ်ပါတယ်။ ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ တစ်နာရီ ၄၅ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ ၁၀၀ ကီလိုဝပ်အားထုတ်တဲ့ အင်ဂျင် ပါရှိပြီး ရေပေါ်မှာဆိုရင် ၂ နာရီ ကုန်းပေါ်မှာဆိုရင် မိုင်ပေါင်း ၃၇၀ မောင်းနှင်နိုင်အောင် ဆီအလုံအလောက် ပါဝင်ပါတယ်။

နယူးဇီလန်အခြေဆိုက် Gibbs Technologies ကုမ္မဏီက ထုတ်လုပ်ပြီး အမေရိကန်မှာပဲ စတင်ရောင်းချဦးမှာ ဖြစ်ပါတယ်။ ကုန်းပေါ်မှာ ဘီးနဲ့ မောင်းပေမယ့် ရေပေါ်သွားတဲ့အခါ ပန်ကာနဲ့မောင်းမှာ ဖြစ်ပါတယ်။ ဘီးကို ခေါက်ပြီး သိမ်းထားမှာ ဖြစ်ပါတယ်။

ဒီလို အဆင့်မြင့်နည်းပညာနဲ့ လေးဘီးဆိုင်ကယ်ကို Gibbs Quadski လို့ အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀၀၀ (လေးသောင်း) နဲ့ ရောင်းချတယ်လို့ သိရပါတယ်။

International news for Myanmar မှ ပြန်လည် ဖော်ပြပါသည်။

နိုင်ငံတော်သီချင်း ရာဇ၀င်

မြန်မာတို့ နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှအုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်သောနေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းကို ပြန်ရသောနေ့ ဇန်န၀ါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့သည် ၂၀၁၂ တွင် (၆၄)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
ထိုနေ့ ထိုရက်တွင် အလံတော် တိုင်ထိပ်ဆီသို့ ငွားငွားစွင့်စွင့်၊ တလူလူ လွင့်တက်လာသော နိုင်ငံတော်အလံနှင့်အတူ "ကမ္ဘာမကြေ" သီချင်းသံကို အများပြည်သူတို့ ကြည်နူးဆွတ်ပျံ့ စိတ်လှုပ်ရှားဖွယ် ကြားရမှာ ဖြစ်ပါသည်။ "ကမ္ဘာမကြေ" သီချင်းသည် လွတ်လပ်ရေးဂုဏ်ပြုတေးသီချင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်ပေးသည့် အမျိုးသားသီချင်း စသည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကိုဂုဏ်ပြုသော "နိုင်ငံတော်သီချင်း" လည်း ဖြစ်ပါသည်။
"ကမ္ဘာမကြေ" သီချင်းသည် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိသီချင်း ဖြစ်ပါသည်။ သို့ရာတွင် သီချင်းရေးစပ်ခဲ့သူ၊ မွေးဖွားပေးခဲ့သူ၊ မူလပိုင်ရှင် အစစ်အမှန်ကိုတော့ သိသူမရှိသလောက်ဟု ဆိုရမှာ ဖြစ်ပါသည်။ ကမ္ဘာမကြေသီချင်းကို ရေးခဲ့သူမှာ စန္ဒရားဦးစိန်မြမောင် ဖြစ်ပါသည်။ သူယခု ဒီသီချင်းကို ကြားနိုင်ခွင့်မရှိတော့ပါ။ သူကွယ်လွန်သွားသည်မှာ ၄ နှစ်နီးပါး ရှိခဲ့ပါပြီ။

ဦးစိန်မြမောင်သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကာလပေါ်နှင့် ခေတ်ဟောင်းတေး စိစစ်ရေးဘုတ် အဖွဲ့ဝင် ဖြစ်ပါသည်။ သူမကွယ်လွန်မီ အချိန်အထိ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကော်မတီဝင်အဖြစ် တက်ကြွစွာ ပါဝင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ကြည်း၊ ရေ၊ လေ တေးသီချင်းများနှင့် ရုပ်ရှင်ဇာတ်ဝင် တေးသီချင်း များစွာကို ရေးသားခဲ့သူ ဖြစ်ပါသည်။ အထူးသဖြင့် သူရေးစပ်ခဲ့သော သီချင်းများတွင် အဆိုတော် မေလှမြိုင် သီဆိုသော "တောတွင်းဖိတ်ခေါ်သံ" တေးသီချင်းများမှာ အထူးထင်ရှား ရေပန်းစားလှပါသည်။ ဦးစိန်မြမောင်သည် ကဏ္ဍစုံ၊ ထောင့်စုံမှ ရသစုံ ပေါ်လွင်သော တေးသီချင်းပုဒ်ရေ တစ်ထောင်ကျော် ရေးသားသီကုံးခဲ့သူဘွဲ့၊ မော်ကွန်းဝင် (ပထမအဆင့်)နှင့် ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) တို့ကို ရရှိခဲ့သူဖြစ်ပါသည်။
ဦးစိန်မြမောင်နှင့် ကမ္ဘာမကြေသီချင်း ပတ်သက်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက အထူးစိတ်ဝင်စားဖွယ် ရှိလှပါသည်။

နိုင်ငံတိုင်းမှာ နိုင်ငံတော်သီချင်း ဟူသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ရှိသင့်စမြဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်သီချင်းဆိုတာ ရှိရမှာဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကို လွှင့်တင်ရမှာ ဖြစ်သည့်အတွက် ထိုနေ နိုင်ငံတော်အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်းတစ်ပုဒ် လိုအပ်လာပါသည်။ သည်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးအလံတင် အခမ်းအနားမှာသီဆိုဖို့ သီချင်းတစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောဆိုပါသည်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့် ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်းပြန်ကြားခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင်ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံ တာဝန်ပေးအပ်လိုက်ပြန်ပါသည်။

ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန်တို့ကို လိုက်လံ ခေါ်ဆောင်ခဲ့ရပါတော့သည်။ သူတို့အားလုံး စုဝေးရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊ ဆရာဦးစိန်ဝေလျှံနှင့် စောင်းဦးဘသန်းတို့ တစ်ယောက်နှင့်တစ်ယောက် စကားများရန်ဖြစ်ကြရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြား ခဲ့ရပါတော့သည်။ နောက်ထပ် သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရဘဲ ဖြစ်ခဲ့ရပါသည်။ အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်တည်း ရေးနိုင်က ရေးပေးစေလိုကြောင်း ပြောကြား တာဝန် ပေးလိုက်ပါတော့သည်။ နိုင်ငံတော်တာဝန် ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာ တာဝန်ယူ၍ "တရားမျှတ၊ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ "ကမ္ဘာမကြေ" သီချင်းကို ဦးနုအိမ်တွင် တစ်ယောက်တည်း ရေးသား စပ်ဆိုခဲ့ရပါတော့သည်။

ထိုသို့ ရေးသားစပ်ဆိုရာ၌ ၀ိုင်အမ်ဘီဆရာတင်၏ "ဒို့ဗမာ" သီချင်းသံစဉ်စာသားများကို အခြေခံ၍ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ၊ ပထမခြေဆင်းပိုဒ်နှင့် "ကမ္ဘာမကြေ" ဒုတိယသံပြိုင်တို့ကို ရက်ပိုင်းအတွင်း ပြီးစီးအောင် ရေးသားခဲ့ပါသည်။
သီချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီ ဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်း အသေးစိတ် စိစစ်ပြီး သီချင်းကို အတည်ပြုခဲ့ကြပါသည်။
အကဲဖြတ်အဖွဲ့က အတည်ပြုပြီးနောက် ၀န်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့ နှစ်ရပ်စလုံးကပါ ထပ်ဆင့် အတည်ပြုခဲ့ကြပါတော့သည်။ ဤသို့ အဆင့်ဆင့် အတည်ပြုပြီးသော "ကမ္ဘာမကြေ" သီချင်းကို မြန်မာ့အသံမှ ဒါရိုက်တာ ဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော အမေရိကန်တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့ပါသည်။ သီချင်းသီဆိုသူက အဆိုတော် ရွှေညာမောင် ဖြစ်ပါသည်။

ဤသို့ဖြင့် "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ၀ါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ...." "ကမ္ဘာမကြေ… မြန်မာပြည်… တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ… ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ… ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ….. တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ" ဟူသော ဤ "ကမ္ဘာမကြေ" သီချင်းသည် မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီယံဂျက်အလံဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံ လွင့်ထူရမည့်အချိန်၌ သီဆိုရမည့် နိုင်ငံတော်သီချင်း ဖြစ်လာပါတော့သည်။
လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင်သည် ဤကမ္ဘာမကြေသီချင်းဖြင့် ၀ဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။
ဦးစိန်မြမောင်က သူမကွယ်လွန်မီ ဤ ကမ္ဘာမကြေသီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသော အထောက်အထားတို့ဖြင့် တင်ပြနိုင်ခဲ့သဖြင့် ယနေ့နိုင်ငံတော်က သူ့အား ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) ချီးမြှင့်ပေးအပ်ခဲ့ပြန်ပါသည်။

မြန်မာနိုင်ငံနှင့် လွတ်လပ်ရေး၊ လွတ်လပ်ရေးနှင့် နိုင်ငံတော်သီချင်း ထဲထဲဝင်ဝင်ရှိနေသော မြန်မာတို့၏ ဇာတိဂုဏ်၊ ဇာတိမာန်၊ မျိုးချစ်စိတ်ဓာတ်တို့သည် ကမ္ဘာတည်သရွေ့ တည်ရှိနေမှာ ဖြစ်ပေသည်။

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၃ နှင့် မြန်မာ့သွေးတို့မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဆု ၂ ဆုရှင် နန်းခင်ဇေယျာနှင့် တွေ့ဆုံမေးမြန်းခြင်း


 ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာဟာ People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ဆွတ်ခူးသွားပါတယ်။

Miss International 2012 သရဖူကိုတော့ အိမ်ရှင် ဂျပန်နိုင်ငံက ရရှိသွားခဲ့ပါတယ်။ Miss International အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အလှမယ် ၆၉ ဦးထဲက ၁၅ ဦးကို ဒိုင်လူကြီးတွေက ဆန်ခါတင် ရွေးချယ် ရာမှာ နန်းခင်ဇေယျာက မပါခဲ့ပေမယ့် သူမအနေနဲ့ စိတ်ဓာတ်မကျသလို ဆု ၂ ခုရရှိထားတဲ့ အတွက်လည်း အရမ်းကို ၀မ်းသာပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒါ ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်တာဖြစ်ပြီး သူမအနေနဲ့ နိုင်ငံတကာကို မြန်မာ့ယဉ်ကျေးမှုလေး ပြခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။ နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲအတွင်း အတွေ့အကြုံတချို့ကို မေးမြန်းထားပါတယ်။




Miss Internet ဆုရသွားတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။

ဆုရသွားတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်။ မြန်မာတနိုင်ငံလုံးက ညီမကို vote (ဆန္ဒမဲ) လုပ်ပေးတယ်။ ဒါကြောင့် ဒီဆုရတာပေါ့နော်။ ဆုရတဲ့အတွက်လည်း တခြားနိုင်ငံတွေက မြန်မာဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုဝတ်စားဆင်ယင်ပုံလဲ ဆိုတာ သိသွားကြတယ်။ နောက် ညီမကိုပြောကြတာ မြန်မာဆိုတာ အခုမှမြင်ဖူးတယ်လို့ ပြောတဲ့လူလည်း ရှိပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမကို အားပေးတဲ့ vote လုပ်ပေးတဲ့အတွက်ပါ။

Miss International ပထမဆုံး ၀င်ပြိုင်တဲ့အပေါ် အတွေ့အကြုံလေးပြောပြပေးပါ။

အတွေ့အကြုံက ဒါဟာ ညီမရဲ့ ပထမဆုံးဝင်ပြိုင်တဲ့ပွဲလည်း ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ပွဲ organization နဲ့ ဒီကပွဲ organization ဒီပွဲကလည်း အရမ်းကြီးတယ်။ Miss International Beauty Pageant 2012 ပြီးရင် Miss World၊ ပြီးရင် Miss Universe ဆိုတော့ တတိယအဆင့်မှာရှိတဲ့ပွဲပေါ့နော်။ အရမ်းကောင်းတဲ့ပွဲပါ။ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ဖို့ ညီမကို စကမ်းလှမ်းတော့ ပထမတော့ ချီတုံချတုံဖြစ်တယ်၊ ပြိုင်ရင်ကောင်းမလား မပြိုင်ရင်ကောင်းမလား ဆိုပြီးတော့လေ။ အဆင့်သင့်လည်းမဖြစ်ဘူး၊ သူတို့ဖိတ်ခေါ်တာကလည်း ၁၀ ရက်၊ ၁၅ ရက် နီးမှဖိတ်ခေါ်တော့ ညီမမှာလည်း ပြင်ဆင်ချိန် အရမ်းနည်းခဲ့တယ်။ ဒီရောက်တော့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကလူတွေက ကိုယ့်ကို အားပေးတော့ အားဆေးတခွက်ဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကိုယ့်ကို ဘယ်လိုအားနည်းချက်ရှိတယ်လို့ ထင်ပါလဲ။

အဓိကက swim suit မှာပေါ့နော်။ swim suit နဲ့ ဓာတ်ပုံလည်း အရိုက် မခံဖူးဘူး။ swim suit နဲ့ လူရှေ့သူရှေ့ မထွက်ဖူးဘူးပေါ့နော်။ swim suit ပထမဆုံး ဓာတ်ပုံရိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံက တုံ့ပြန်လာတဲ့ တုံ့ပြန်မှုက ညီမအတွက် အရမ်းကို ထိတ်လန့်စရာဖြစ်ခဲ့တယ်။ ကိုယ်ပဲ မဟုတ်တာ လုပ်လိုက်မိပြီလားပေါ့။ ဒါပေမယ့် နိုင်ငံကိုယ်စားပြုသွားပြိုင်ရတာလေ။ ညီမတယောက်ပဲ ၀တ်ရတာမဟုတ်ပါဘူး။ နိုင်ငံပေါင်း ၆၉ နိုင်ငံကလူတွေလည်း ၀တ်ရတာဆိုတော့ ညီမလည်း ၀တ်ရတာပေါ့နော်။ ညီမက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူး။ ငါ ဒါဝတ်ရင် မြန်မာနိုင်ငံကလူတွေများ ပြောကြ မလားပေါ့နော်။ အဲလိုမျိုးစိတ်ရှိတယ်။ ဒါကြောင့် swim suit နဲ့ အားမရခဲ့ပါဘူး။

အားသာချက်ကရော။

အားသာချက်က စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့ ၀တ်စုံတွေကို ၀တ်ပြနိုင်ခဲ့တယ်။ မြန်မာဆိုတာ ဘာလဲ၊ မြန်မာ့ဝတ်စားဆင်ယင်မှုတွေနဲ့ မြန်မာနိုင်ငံ ဘယ်မှာရှိလဲ ဆိုတာ စင်မြင့်ပေါ်မှာ ပြခဲ့ရတယ်။ ပွဲပြီးတဲ့အခါမှာ ညီမကို လာနှုတ်ဆက်တဲ့သူတွေနဲ့ သံအမတ်တွေကလည်း မြန်မာနိုင်ငံကို သူတို့သိကြတာက အောင်ဆန်းစုကြည်ကြောင့် သိခဲ့ရတာ။ ဂုဏ်ပြုစကားတွေ လာပြောကြတယ်။ နောက် The Lady ဆိုပြီးတော့ မြန်မာလို့သိတာနဲ့ ရင်တထိတ်ထိတ်နဲ့ အရမ်းကို ဂုဏ်ယူတဲ့ ပုံစံပေါ့နော် အဲလိုတွေ့ခဲ့ရပါတယ်။


နောက်ဆုံး ဆန်ကာတင် ၁၅ ဦးထဲ မပါတော့ ဘယ်လိုခံစားရလဲ။

ဆန်ကာတင် ၁၅ ဦးထဲ မပါပေမယ့် ညီမ စိတ်ဓာတ်မကျခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ညီမက ဆုကို ၂ ဆု ရခဲ့ပါတယ်။ People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ရခဲ့ပါတယ်။ ညီမ အရမ်းကြီးလည်း မမျှော်လင့်ထားဘူး။ ငါ အကောင်းဆုံး လုပ်ပြနိုင်တယ်၊ ငါ အကောင်းဆုံး ကြိုးစားနေတယ်၊ ပရိသတ်ဘက်ကလည်း ညီမကို အရမ်းအားပေးတယ်ပေါ့နော်။ ဘာဆုမှ မရရင်တောင်မှ မြန်မာနိုင်ငံကို အကောင်းဆုံးပြနိုင်ပါလားဆိုတဲ့ စိတ်နဲ့ ညီမ ပြိုင်ခဲ့ပါတယ်။ ဆန်ကာတင် ၁၅ ဦးထဲ မ၀င်လည်း စိတ်မပူပါဘူး။

ဒီပြိုင်ပွဲမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ ၀တ်စားရတဲ့ အပေါ်မှာ အသိုင်းအ၀န်းတွေက ဘယ်လို တုံ့ပြန်မှုတွေ ရှိခဲ့လဲ။

လူတွေကတော့ အကောင်းမြင်တဲ့သူ ရှိသလို၊ အဆိုးမြင်တဲ့ သူတွေလည်း ရှိတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီစကားကို သွားပြောရင် တခြားနိုင်ငံက မြန်မာနိုင်ငံကို ရှုံ့ချကြလိမ့်မယ်၊ အဲလိုမျိုး ဘာဖြစ်လို့လဲ ဘာညာပေါ့ အခန်းဖော်ကိုတောင် ပြောဖြစ်သေးတယ်၊ ငါတို့နိုင်ငံမှာ swim suit မ၀တ်ဖူးဆိုတော့ သူတို့တောင် အံ့ဩနေကြတယ်။

လာမယ့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေကို ညီမအနေနဲ့ ဘယ်လို အကြံပေးတိုက်တွန်းချင်လဲ။

ဒီဟာက ပထမဦးဆုံး လှမ်းခဲ့တဲ့ခြေလှမ်းပေါ့နော်။ ညီမမှာလည်း အားနည်းချက်တွေ အရမ်းကို ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအားနည်းချက်ရှိခဲ့တာကို စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နောက်ဆုံးအထိကို ကြိုစားယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ပြိုင်ပါ၊ မြန်မာဆိုတာ ကမ္ဘာက သိနေပါပြီလို့ ပြောချင်ပါတယ်။

ညီမအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။

အရမ်းကို ပျော်ပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အင်တာနက်တွေ နှေးနေတဲ့အချိန်မှာ ညီမကို vote (ဆန္ဒမဲ) ပေးတဲ့သူတွေ အရမ်းကြီးကို များတဲ့အတွက် တခြားနိုင်ငံတွေလို အင်တာနက် ကွန်နက်ရှင်မြန်တဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ကျမတို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေလည်း သိတယ် ဆိုတဲ့အတွက် ညီမ ၀မ်းသာပီတိ ဖြစ်မိပါတယ်။

From DVB News

Congratulation Miss Myanmar !



ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံက အိမ်ရှင်ပြုလုပ်ကာ နောက်ဆုံး ကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ..။ ဒီပွဲမှာ မြန်မာကိုယ်စားပြု နန်းခင်ဇေယျာဟာ Miss International 2012 ဆုနဲ့ လွဲချော်ခဲ့ပေမယ့်လည်း Miss Internet ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဒီဆုမတိုင်ခင် မနေ့ကလည်း Miss Myanmar ဟာ Missosology's People Choice Award ဆုကို ဆွတ်ခူးခဲ့ပြီးဖြစ်ပါတယ်။ အစောပိုင်းက ဒီ People Choice Award မှာ ထိုင်းမယ်နဲ့ မွန်ဂိုလီယာမယ်တို့က မြန်မာမယ်အရှေ့မှ Like အများဆုံးဖြင့် ဦးဆောင်နေခဲ့သော်လည်း ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုးများ၏ တခဲနက် စည်းစည်းလုံးလုံး အားပေးမှုတွေကြောင့် ထိပ်ဆုံးမှဦးဆောင်ကာ People Choice ဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးအဆင့် Miss International ပြိုင်ပွဲမှာတော့ နန်းခင်ဇေယျာဟာ အကောင်းဆုံးကြိုးစားပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ဆန်ကာတင် ၁၅ ဦးအတွင်းတော့ မပါဝင်ခဲ့ပါဘူး။
ဆန်ကာတင် ၁၅ ဦးကတော့ - 
(1) Miss Colombia
(2) Miss Brazil
(3) Miss Japan
(4) Miss Sri Lanka
(5) Miss Finland
(6) Miss Namibia
(7) Miss Venezuela
(8) Miss United Kingkom
(9) Miss USA
(10) Miss Dominican Republic
(11) Miss Philippiines
(12) Miss Paraguay
(13) Miss Mexico
(14) Miss India
(15) Miss Hati
တို့ပဲ ဖြစ်ကြပါတယ်။

ထို့နောက် ဆန်ကာတင်နောက်ဆုံး ၅ ဦးကို ဆက်လက်ရွေးချယ်ခဲ့ရာ Miss International ဆုကိုတော့ အိမ်ရှင် ဂျပန်မယ်မှ ရရှိခဲ့ပါတယ်။ နောက်ဆုံး ၅ ဦးကတော့ - 
Miss International 2012: Miss JAPAN
1st runner-up: Finland
2nd runner-up: Sri Lanka
3rd runner-up: Dominican Republic
4th runner-up: Paraguay
တို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် အွန်လိုင်းကနေ ကြည့်ရှု၊ အားပေးသူ အများဆုံး Miss Internet ဆုကိုတော့ Miss Myanmar ဟာ view vote ပေါင်း စံချိန်တင် သန်း ၂၀ ကျော်နဲ့ ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အဲ့လိုပဲ အခြားဆုတွေကို ဆွတ်ခူးခဲ့ကြသူ ၅ ဦးကတော့ - 
Miss Internet = Myanmar
Miss JOICEF = Miss Haiti
Miss Photogenic = Miss Japan
Miss National costume = Miss Honduras
Miss Talent = Miss Russia
Miss Friendship = Miss Mauritius
တို့ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်နိုင်ငံတွေက အဆင့်ဆင့် စိစစ်ရွေးချယ်ထားတဲ့ Pro တွေကြားထဲမှာ Miss Myanmar နန်းခင်ဇေယျာဟာ ပြင်ဆင်ချိန်အနည်းဆုံးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆန်ကာတင် ၁၅ ယောက်ထဲ မပါခဲ့ပေမယ့် (နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ်၊ လေ့ကျင့်ချိန်နည်းနည်းနဲ့ ) People's Choice ရယ်၊ Miss Internet ရယ် ဆုနှစ်ဆု ဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် Congratulation Nang Khin Zay Yar !
တနည်းအားဖြင့် ပြောရရင် အင်တာနက်အစုတ်ဆုံး နိုင်ငံသားတွေရဲ့ Miss Myanmar အတွက် စည်းလုံးမှုအောင်ပွဲ၊ ကျွန်တော်တို့မြန်မာတွေမှာ မတူညီတဲ့ တွေးခေါ်ထင်မြင်မှုတွေ၊ အယူအဆတွေရှိကြပေမယ့် နန်းခင်ဇေယျာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ပေါင်းစည်းစေခဲ့တာမို့ ဂုဏ်ယူစွာနဲ့ ကျေးဇူးကမ္ဘာပါ နန်းခင်ဇေယျာ.....

အောက်ကတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကိုတော့ myanmarcelebrity ကနေ ယူသုံးလိုက်ပါတယ်...။



 ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်စဉ်

တင့်တယ်လှပတဲ့ ညနေခင်းဝတ်စုံ

Miss Internet ဆု လက်ခံရရှိစဉ်





ခုနစ်စဉ်အလွဲ (၁) - အလွဲများ၏ နိဒါန်း (စင်ကာပူရောက် မြန်မာများရဲ့ ဖန်တီးမှု)





Director - လီယိုနယ်လ်(Leonel)
Art Director - ဖြိုးမင်း
Producers - လီယိုနယ်လ်, ကိုပြည့်
Writers - လီယိုနယ်လ်, ဖြိုးမင်း, ကိုပြည့်, ဇင်ကိုလတ်, မေ့ပါနိုင်
Technical Advisor - မိုးဇက်
Director of Photography - ကိုပြည့်, သီဟလင်း
Camera personel - လောဝ်, ကောင်းစံ, တင်ဝင်းလှိုင်
Sound and Lighting - ကောင်းစံ, ရဲသီဟ
Still Photography - မြင့်ထွန်းလင်း (You&Me Photography and Bridal Dress Rental)
Editor - ဇေဦးသာ
Graphic Designers - ဇေဦးသာ, ဇင်ကိုလတ်
Logo Design - ဆုရည်ထိုက်, အင်ကြင်းသန့်
Record and Documentation - ဝင့်ဝါမောင်
Promo & Publicity - လီယိုနယ်လ်, သီဟခက်နောင်, Patrick, မြင့်ထွန်းနိုင်

အပိုင်း ၂ ကို အောက်ကလင့် လေးမှာ ထပ်မံ ကြည့်ရှုနိုင်ပါတယ်ဗျာ...။

ခုနစ်စဉ်အလွဲ (၂) - ကျောင်းဝန်းထဲက အလွဲစာမျက်နှ



သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက် များ

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါ
ပဲမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ 
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ
အဆီ ဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်း ပမာဏကို မြှင့်တင်ပေး တယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ 

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက် 
ငရုတ်သီးစားပါ
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ 
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ % အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ 
ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

Ref: Myawady

သြစတြီးယားနိုင်ငံသားရဲ့ အမြင့်ဆုံးခုန်ချမှု ကမ္ဘာ့စံချိန်သစ်


သြစတြီးယားနိုင်ငံသား Skydiver တစ်ဦးဖြစ်သူ ဖီလစ် ဘမ်ဂါနာ (Felix Baumgartner) သည် စံချိန်သစ်တင်နိုင်ရန်အတွက် ကမ္ဘာမြေပြင်အထက် ၃၉ ကီလိုမီတာကျော် (၂၄မိုင်ကျော်) အမြင့်မှ ခုန်ချပြသမှုကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ပြနိုင်ခဲ့သည်။ သူသည် မြေပြင်မှ အမြင့်ပေ ၁၂၈၀၉၇ ပေမှ အလွတ်ခုန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ၏ စွန့်စားမှုသည် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စသည့် စံချိန်များ တင်နိုင်ခဲ့သည်။ သို့သော် ကျလာသည့်အရှိန်မှာ မျှော်လင့်သည်ထက်ပိုမိုမြန်ဆန်ခြင်း၊ သတ်မှတ်ထားသည့် မြေပြင်အထက် ပေ ၅၀၀၀ မရောက်ခင် လေထီးစောဖွင့်ခဲ့ခြင်း တို့ကြောင့် အချိန်အကြာဆုံးစံချိန်တစ်ခုကိုမူ လက်လွှတ်ခဲ့ရသည်။ ဖီလစ်ဘမ်ဂါနာသည် ခုန်ချရာတွင် တစ်နာရီ ၇၀၆ မိုင်နှုန်းထိ ရောက်ခဲ့သဖြင့် အသံအမြန်နှုန်းထက် ကျော်လွန်ခဲ့သည်။ အလွတ်ခုန်ချိန် ၉ မိနစ် ၃ စက္ကန့်ကြာပြီး လေထီးဖြင့်ဆင်းချိန်မှာ ၄ မိနစ် ၄၄ စက္ကန့်ကြာခဲ့သည်။



စတင်ထွက်ခွာရာတွင် အမေရိကန်၊ နယူးမက္ကဆီကို ပြည်နယ်ရှိ ကန္တာရအတွင်းမှ အထူးမိုးပျံပူဖောင်းဖြင့် တက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်မှ ကူညီပေးသော သူ၏ အဖွဲ့ဝင်များတွင် လက်ရှိအလွတ်ခုန်စံချိန်ရှင် အမေရိကန် အငြိမ်းစားလေတပ်ဗိုလ်ချုပ်ကြီး ဂျိုးကစ်တင်ဂါ ပါဝင်ခဲ့သည်။ ၎င်းမှာ ၁၉၆၀ ပြည့်နှစ်က အမြင့်ပေ ၁၀၂၈၀၀ မှ ခုန်ချပြီး စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။ ယခု ဖီလစ်ကို ရေဒီယိုမှတဆင့် ကြီးကြပ် လမ်းညွှန်နိုင်ပေးခဲ့သည်။ 



သူသည် ဟီလီယမ်ဓာတ်ငွေ့ သန်း ၃၀ ထည့်ထားသည့် မိုးပျံပူဖောင်းဖြင့် ဆွဲသော ၁.၃ တန်ခန့်လေးသည့် အခန်းငယ်ဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။ အောက်သို့ ပြန်လည် ခုန်ချရာတွင် အမြန်နှုန်းနှင့် ဖိအားများကြောင့် သိစိတ်ပျောက်ကာ သတိမေ့သွားနိုင်ခြေရှိသော်လည်း ထိုအခက်အခဲမှ ကျော်လွှားနိုင်ခဲ့သည်။ အနှုတ် ၉၀ ဒီဂရီခန့်ရှိ အပူချိန်ကိုလည်း အထူးပြုလုပ်ထားသည့် အာကာသယာဉ်မှူးဝတ်စုံဖြင့် အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့သည်။ 
ဖီလစ်ဘမ်ဂါနာသည် ပြီးခဲ့သော အောက်တိုဘာ ၉ ရက်နေ့ကတည်းက စံချိန်တင်ရန်ကြိုးပမ်းခဲ့သော်လည်း ရာသီဥတုကြောင့် ပျက်ခဲ့ခြင်း ဖြစ်သည်။


ဖီလစ်ဘမ်ဂါနာသည် သြစတြီးယားနိုင်ငံ၊ ဆဲလ်ဘတ်မြို့ တွင်  ၁၉၆၉ ခုနှစ်၊ ဧပြီ ၂၀ တွင် မွေးဖွားခဲ့သူဖြစ်သည်။ သူသည် ၁၉၉၉ ခုနှစ်က လေထီးဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပါမြို့ရှိ ပီထရိုနက်စ် တာဝါပေါ်မှလည်း ခုန်ချခဲ့ဖူးသူဖြစ်သည်။ ၂၀၀၃ ၊ ဇူလိုင် ၃၁ ရက်တွင် အင်္ဂလိပ်ရေလက်ကြားကို အထူးပြုလုပ်ထားသော carbon fiber wing ကိုသုံးကာ ဖြတ်သန်းခဲ့သော ပထမဆုံး လူသားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အနိမ့်ဆုံး ခုန်ချမှုစံချိန် အဖြစ်လည်း ၉၅ ပေ အမြင့်ရှိ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ Cristo Redentor ရုပ်တု လက်ပေါ်မှလည်း  ခုန်ချကာ စံချိန်တင်ခဲ့ပြန်သည်။
၂၀၀၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ Millau Viaduct တံတားပေါ်မှလည်း ပထမဆုံးခုန်ချသူ ဖြစ်ခဲ့သည်။ ၂၀၀၇၊ ဒီဇင်ဘာ ၁၂ ရက်တွင်မူ ထိုင်ဝမ်ရှိ ကမ္ဘာ့အမြင့်ဆုံး Taipei 101 အဆောက်အဦး ပေါ်မှ ပထမဆုံးခုန်ချသူအဖြစ်လည်း ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ဖူးသူ ဖြစ်သည်။
ယခုနောက်ဆုံး သူတင်ခဲ့သော အမြင့်ပေ ၁၂၈၀၀၀ ကျော်ရှိ ကောင်းကင်အာကာသထဲမှ ကမ္ဘာ့အမြင့်ဆုံး ခုန်ချမှု စံချိန်မှာမူ လူသားများအတွက်ရော၊ သူကိုယ်တိုင်အတွက်ပါ အထူးခြားဆုံးနှင့် ဂုဏ်ယူဖွယ်အကောင်းဆုံး ဖြစ်နေတော့မှာ မလွဲပင်ဖြစ်သည်။



မြင့်လေလေ သေနိုင်ခြေနည်းလေ (ကြောင်များ)

သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ၂ ထပ်မှ ၆ ထပ် ကျပြီးသေဆုံးတဲ့ ကြောင်အရေအတွက်က ၆ ထပ်မှ ၃၂ ထပ်ကြား အမြင့်ကနေ ကျတဲ့ ကြောင်တွေထက် သေဆုံးမှု ပိုမိုများပြားကြောင်း လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

၃၂ ထပ်အမြင့်မှ ကျတဲ့ ကြောင်ဟာဆိုရင် သူကျချင်တဲ့ ကိုယ်ဟန်အနေ အထားကို ပြင်ဆင်လို့ ရပါတယ်။ ခြေလေးထောက်ထောက် ကျမယ့် ကိုယ်ဟန် ဟာ သူ့အတွက် အသက်သာဆုံး၊ အထိခိုက်အနည်းဆုံး ကိုယ်ဟန် ဖြစ်ပါတယ်။ ပြီးတော့ အမြင့်ကနေ ကျမယ်ဆိုရင် သူ့ရဲ့ ဝမ်းဗိုက် ဘက်အခြမ်းကို လေထီးလို ဖြန့်ကားတတ်ပါတယ်။ ကြောင်ရဲ့ အသားအရေဟာလည်း ပျော့ပြောင်းတဲ့အတွက် လေအဟုန်မှာ အလွယ်တကူ ပြန့်ကား နိုင်ပါတယ်။ ဒါကြောင့် လေရဲ့ ပွတ်တိုက်မှုအားနဲ့ ကျဆင်းတဲ့ အရှိန်ကို တားဆီးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျတဲ့ Speed ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ပြီး Impact လျော့ချပေးထားပါ တယ်။ ရလဒ်ကိုတော့ အောက်ကိုကျတဲ့အခါ အရှိန်သိပ်မများဘဲ ပျော့ပြောင်း တဲ့ ကိုယ်ဟန်လှုပ်ရှားမှုကြောင့် အနာသက်သာပါတယ်။

အကယ်၍ ၂ ထပ်ကနေ ၆ ထပ်အကြားအမြင့်မှာ ကျရင်တော့ လိုချင်တဲ့ ကိုယ်ဟန်ကို ပြင်ဆင်ဖို့ အချိန်မရပါဘူး။ ဒါကြောင့်လည်း အထိနာရခြင်း ဖြစ်ပါတယ်။

အမေရိကန် မှာ လေ့လာတဲ့ စစ်တမ်းအရလည်း အထပ်မြင့်ကနေ ကျပြီး သေတဲ့ ကြောင်အရေအတွက်ထက် အထပ်နိမ့်ကနေ ကျပြီး သေတဲ့ ကြောင် အရေအတွက်က ပိုမိုများပြားနေတာကို တွေ့ရှိခဲ့ပါတယ်။

International News for Myanmar မှ ကူးယူဖေါ်ပြပါသည်။

Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း



နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအနေဖြင့် Miss International 2012 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် နန်းခင်ဇေယျာ က ၀င်ရောက်ယှဉ်ပြိုင်နေကြောင်း သိရပါသည်။

Miss International 2012 ပြိုင်ပွဲကို ဂျပန်နိုင်ငံ အိုကီနာဝါမြို့ တွင် ပြုလုပ်နေခြင်းဖြစ်ကာ ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင် ၆၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကို အောက်တိုဘာလ ၂၁ ရက်နေ့တွင်ပြုလုပ် မည်ဖြစ်သည်။ ပြိုင်ပွဲစည်းမျဉ်းများ အရ အမှတ်ပေးရွေးချယ်ရာတွင် ရေကူးဝတ်စုံ ၀တ်ဆင်မှုအတွက် ၄၅ မှတ်၊ ညနေခင်းဝတ်စုံ ၀တ်ဆင်မှုအတွက် ၄၅ မှတ်နှင့် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရာတွင် ပြုလုပ်မည့် အမေးအဖြေ ကဏ္ဍအတွက် ၁၀ မှတ် သတ်မှတ် ထားပါသည်။

ပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲများ၏ ပုံစံအတိုင်း အသားအရည် ကောင်းမွန်ပြေပြစ်မှု၊ ကိုယ်ခန္ဓာ အချိုးအစား အရိုးအဆစ်ကျန်းမာ သန်စွမ်းမှုစသည်တို့ ဆုံးဖြတ်စစ်ဆေးသည့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်စေ မှု၊ ကြိုက်နှစ်သက်ရာဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသည့် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်စေမှု၊ ပြိုင်ပွဲဝင်၏ အထွေထွေဗဟုသုတ ကျွမ်းကျင်မှုကို စစ်ဆေးသည့်မေးခွန်းများ မေးမြန်းမှု စသည်တို့ဖြင့် အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ပါသည်။

ရေကူးဝတ်စုံ(သို့မဟုတ်) Two Pieces ၀တ်စားဆင်ယင်မှုသည် နိုင်ငံတကာ အဆင့်ပြိုင်ပွဲများနှင့် လျော်ညီစွာမဖြစ်မနေ ၀တ်စားဆင်ယင်ရသည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ရှမ်းပအို့ဝ်လူမျိုး နန်းခင်ဇေယျာသည် အင်္ဂလိပ်နှင့် ဂျာမန်ဧည့်လမ်းညွှန် အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး မတ်လအတွင်း က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ပြုလုပ်ခဲ့သော အလှမယ် ပြိုင်ပွဲတွင် Miss Myanmar International ဆုကို ရရှိခဲ့သည်။ ထိုဆုရရှိခဲ့ပြီးနောက် ထိုင်း၊ ကမ္ဘောဒီး ယား၊ လာအို အစရှိသော နိုင်ငံများ သို့ Miss Myanmar International အနေဖြင့် သွားရောက်ခဲ့ပြီး Miss International 2012 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

Miss International 2012 ပြိုင်ပွဲအတွက် အလွတ်သဘောအနေ ဖြင့် ပြိုင်ပွဲဝင် အလှမယ်များအား အင်တာနက်မှ တစ်ဆင့် ဆန္ဒမဲပေး ရွေးချယ်သည့် အစီအစဉ်တစ်ခုကို ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် www.pageantology.net ၀က်ဘ်ဆိုက်မှ လုပ်ဆောင်ခဲ့ရာ  အောက်တိုဘာလ ၆ ရက်နေ့အထိ ကနဦးရလဒ်များအရ နန်းခင်ဇေယျာက မဲရလဒ် အများဆုံး ရရှိနေခဲ့ကြောင်း သိရသည်။

ထိုမဲအရေအတွက်သည် လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook ၌ နန်းခင်ဇေယျာအား Miss International 2012 ပြိုင်ပွဲ People's Choice Award အတွက် ဆန္ဒမဲပေး ကြရန် အင်တာနက်သုံးစွဲသူ မြန်မာများအကြား သတင်းလက်ဆင့်ကမ်းမှုများ ရှိခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ www. pageantology.net  ၀က်ဘ်ဆိုက်၏ ဆန္ဒမဲ ကောက်ခံမှုတွင် နန်းခင်ဇေယျာက မဲအများဆုံးဖြင့် ဦးဆောင်ခဲ့ပြီး ဂွာတီမာလာနိုင်ငံမှ အလှမယ်က မဲအရေအတွက်  ဒုတိယနေရာတွင် ရှိနေခဲ့သည်။

သို့သော် အဆိုပါ မဲအရေအတွက်များသည် Miss International 2012 ပြိုင်ပွဲမှ ပေးအပ်မည့် ဆုများ နှင့် အကျုံးမ၀င်ကြောင်း သိရသည်။ Miss International 2012 ပြိုင်ပွဲ၌ ပေးအပ်မည့် တရားဝင်ဆုတစ်ဆု ဖြစ်သော  Miss Internet ဆုအတွက်  အင်တာနက်မှတစ်ဆင့် ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၈ ရက်နေ့ တွင် စတင်မည်ဖြစ်ပြီး ဆန္ဒမဲပေးရမည့်ကာလမှာ အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၉ရက် နေ့အထိဖြစ်ကြောင်း နန်းခင်ဇေယျာက သူ၏ Facebook စာမျက်နှာမှ တစ်ဆင့် အောက်တိုဘာလ ၆ ရက် နေ့က ပြောကြားခဲ့သည်။ Miss Internet ဆုအတွက် ဆန္ဒမဲပေးမှုကို Miss International ၀က်ဘ်ဆိုက် (www.miss-international.org/) ၏ Flickr  စာမျက်နှာမှတစ်ဆင့် မဲပေးရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်မှ၂၇ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး Culture Exchange Program? Communication Workshop ? Ladies Workshop စသည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ် ပါသည်။

Miss International ပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယား၌ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှစတင်ကာ ဂျပန်နှင့် တရုတ်နိုင်ငံများတွင် ပြောင်းလဲကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ်က Miss International ပြိုင်ပွဲသို့ တစ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။

ယခင်နှစ်က ပြုလုပ်ခဲ့သော Miss International ပြိုင်ပွဲ၌ အီကွေဒေါအလှ Maria Fernanda Cornejo က ဆုရရှိခဲ့ပါသည်။  ပြိုင်ပွဲသမိုင်းစဉ်တစ်လျှောက်၌ ဗင်နီဇွဲလားနိုင်ငံမှ ဆုအများဆုံး ရရှိထားပြီး (၆)ကြိမ်ရရှိထားသည်။ ဒုတိယ အများဆုံးရရှိသည့်နိုင်ငံမှာ ဖိလစ်ပိုင် နိုင်ငံဖြစ်ပြီး (၄)ကြိမ် ရရှိထားကာ ၂၀၀၅ ခုနှစ်က နောက်ဆုံးရရှိခဲ့သည်။

Miss International ဆုရရှိသူသည် ငြိမ်းချမ်းရေး သံတမန် အနေဖြင့် လှုပ်ရှားဆောင် ရွက်ခွင့်များရရှိမည် ဖြစ်သည်။

Profile
အမည်ရင်း                  နန်းခင်ဇေယျာ
မိဘအမည်                 ဦးအောင်မြတ်-ဒေါ်ဖြူဖြူခိုင်
ပညာအရည်အချင်း       BA(LLB)
မွေးသက္ကရာဇ်              ၄-၃-၁၉၈၈
ရရှိပြီးသည့်ဆုများ         Miss Myanmar International

တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း
ဂျပန်နိုင်ငံ အိုကီ နာဝါမှာ ကျင်းပမယ့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေများကို တွေ့ဆုံ မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊
ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။

မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။
ဖြေ - ၂ဝ၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကျင်းပတဲ့ Miss Myanmar International 2012 ပြိုင်ပွဲမှာ Miss Myanmar International Crown ဆုရရှိခဲ့ ပါတယ်။ အဲဒါနဲ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ကနေတစ်ဆင့် ဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲဝင်ဖို့ ဖြစ်ခဲ့တာပါ။

မေး - ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ဘာတွေလုပ်ထား ပါသလဲ။
ဖြေ - ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။

မေး - ပြိုင်ပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ပြိုင်မလဲ။
ဖြေ - ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံနဲ့ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။

မေး - ပြိုင်ပွဲဝင်ဖို့ ဘယ်သူတွေ ပါသေးလဲ။ ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲအခြေ အနေလေး ပြောပြပေးပါဦး။
ဖြေ - ကျွန်မ တစ်ယောက်တည်း သွားရမှာပါ။ ဂျပန်မှာ တစ်လလောက် Camp ဝင်ရဦးမယ်။ Camp ထဲ ဘယ်သူမှ ဝင်ခွင့် မရလို့ တစ်ယောက်တည်း သွားမှာပါ။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅ဝ ကျော်က ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံကတော့ ကျွန်မ တစ်ဦး တည်းပဲပေါ့။

မေး - ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။
ဖြေ - ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။

ယခုပြိုင်ပွဲတွင် ထူးခြားသည့် ဆုတခုမှာ Miss Internet ဆုဖြစ်ပြီး အဆိုပါဆုအတွက် အွင်လိုင်းပေါ်တွင် မိမိကြိုက်နှစ်သက်သော သူကို ရွေးချယ် မဲပေးရမည်ဖြစ်ပြီး မဲအများဆုံးရသည့် အလှမယ်မှာ ၎င်းဆုကို ရရှိမည်ဟုသိရသည်။



 


 




From - Internet

အပျိုစင်ညကို ရောင်းပြီး လူမှုရေးအတွက် လှူမည့် ပညာရေးဘွဲ့ ကျောင်းသူ

ဘရာဇီးနိုင်ငံမှ ပညာရေးဘွဲ့ ကျောင်းသူတစ်ဦးသည် ဆင်းရဲချို့တဲ့နေကြသည့် မိသားစုများ နေထိုင်နိုင်ရန် အိမ်များ ဆောက်လုပ်ပေးမည့် ပရဟိတ ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမ၏ အပျိုစင်ညကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချလျက် ရှိနေသည်။ 

အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီက ယခု ဈေးပြိုင် လေလံခေါ်ဈေး ဒေါ်လာ ၁၅၅၀၀အထိ ရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေ အားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှ သူမနေထိုင်ရာ ဆန်တာကာ တာရီနာ ပြည်နယ်တွင် အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းမှ တာဝန်ယူ လှူဒါန်း ဆောက်လုပ်မည့် ဆင်းရဲသူ ဆင်းရဲသားများအတွက် (တန်ဖိုးနည်း) ခေတ်မီအိမ်ရာ စီမံကိန်းအတွက် လှူဒါန်းပေးအပ်မှာဖြစ်သည်။

သူမဟာ ကြေးစားပြည့်တန်ဆာ တစ်ယောက်ဖြစ်သည် ဟူသော စွပ်စွဲချက်များအား ငြင်းဆန်ယင်း သူမအနေဖြင့် အချစ်စစ်အချစ်မှန်အား ယုံကြည်လျက် ရှိနေဆဲ ဖြစ်ကြောင်း သို့သော်လည်း ယခုအခွင့်အလမ်း လုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာ ကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင် ဆောင်ရွက်ခွင့်အဖြစ် မှတ်ယူပါကြောင်း ပြောကြားခဲ့ပါတယ်။
သို့ သော်လည်း ပညာရေးဘွဲ့ (ကာယပညာရေး) ပညာရပ်ဆိုင်ရာ ကျောင်းသူလေးဟာ သူမရဲ့ အာဝါဟ လုပ်ပြီးလှူမယ့် အာဝါဟ အလှူပွဲအတွက် သြစတေးလျ ရုပ်သံ ရိုက်ကူးရေး အဖွဲ့ရဲ့  အပျိုစင် လိုချင်ပါတယ်။" အမည်ရှိ မှတ်တမ်းတင်ရုပ်သံ အစီအစဉ်အား လက်ခံ ရိုက်ကူးပေးမှာမို့  အငြင်းပွားဖွယ်ရာတွေတော့ ဖြစ်စေခဲ့သည်။

"ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန် ကိစ္စတစ်ခုလို့ မြင်မိပါတယ်။ ဒီမှတ်တမ်း ရုပ်ရှင်ရိုက်တဲ့အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်။

"မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့အပြင် အပိုဆုကြေးလည်း ရမှာဖြစ်ပါတယ်။ ဘ၀မှာ တစ်ကြိမ်တစ်ခါပဲ (အခကြေးငွေ ယူပြီး ဈေးအမြင့်ဆုံး ပေးတဲ့ အမျိုးသားနှင့် အတူ အိပ်စက် ပျော်ပါးခြင်း) ပြုလုပ်တာမို့ ပြည့်တန်ဆာ တစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပါဘူး။"

"ဓါတ်ပုံကောင်းလေး တစ်ပုံ ရိုက်ခဲ့ဖူးလိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင် သလိုပါပဲ။" လို့ သူမက ရှင်းပြခဲ့သည်။

"လေလံပွဲဆိုတာလည်း စီးပွားရေးသဘောဆန်ဆန် လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကို ကိုးကွယ် ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ဦးပါ။

ဒါပေမယ့် ဒီအတွက်ကြောင့်လည်း ကျွန်မအနေနှင့် အပြောင်းလဲကြီး ပြောင်းလဲရပါလိမ့်မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကို ပြောကြားခဲ့သည်။

အီတလီမျိုးနွယ်ဖြစ်သည့် ကာတာရီနာက ထိုရုပ်သံ အစီအစဉ်အား လွန်ခဲ့သည့် ၂ နှစ်ခန့်က သောမတ်စ်ဝီလီယံ ရိုက်ကူး ထုတ်လုပ်ရေး ကုမ္ပဏီမှ အပျိုစင် တစ်ဦးအား ရိုက်ကူးရန် ရှာဖွေနေစဉ် သိရှိခဲ့ပြီး ပါဝင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ဒါရိုက်တာ Justin siseley အနေဖြင့် သူမ၏ ပထမဦးဆုံးအကြိမ် ချစ်တင်း မနှောခင်နှင့် ချစ်တင်း နှောပြီးနောက် သူမရဲ့  စိတ်ခံစားမှုများအား မှတ်တမ်းတင် ရိုက်ကူးမှာဖြစ်သည်။

လူပျိုအစစ်ဖြစ်ပြီ အချစ်ရေးတွင် အတွေ့အကြုံ မရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒားကိုလည်း ရိုက်ကူး မှတ်တမ်းတင်ရန် ရွေးချယ်ထားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် အဆုံးသတ်မည့် ထိုဈေးပြိုင်လေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့် ရရှိမည်ဖြစ်ပါသည်။

လေလံပွဲတွင် ဈေးအမြင့်ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း မနှီးနှောမှီ ကာလသားရောဂါ ရှိ-မရှိ ဆေးစစ်မှာဖြစ်သည်။ ပြည့်တန်ဆာ ဥပဒေအား ရှောင်ရှား ကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေယာဉ် တစ်စင်းပေါ်တွင် ဝေဟင်အချစ်ပွဲကို ဆင်နွှဲမည်ဟု သိရသည်။

လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပြီး ကာတာရီနာကတော့ သူမ အနေဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး ယခင်က အတွေ့အကြုံ လုံးဝ မရှိခဲ့တာ သေချာကြောင်း စစ်ဆေးသက်သေပြဖို့ အသင့်ပြင်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က စမ်းချောင်းငယ်ကို ရှာဖွေတွေ့ရှိ


အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က တသွင်သွင်စီးဆင်းခဲ့သော စမ်းချောင်းငယ်တစ်ခုကို အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် Curiosity ကရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်ကြေညာသည်။
တစ်ချိန်က အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိခဲ့ကြောင်း ယခင်ကတည်းက အထောက်အထားများတွေ့ရှိခဲ့ဖူး သော်လည်း ယခုကဲ့သို့ စမ်းချောင်းအောက်ခြေလမ်းကြောင်း ကျန်ရှိခဲ့မှုကို တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
တွေ့ရှိခဲ့သော ကျောက်သား ဆန်မြေပြင်မှာ တစ်ဦးတစ်ယောက်က ဖောက်ထားသော လျောက်လမ်းငယ်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတွင် ရှေးခေတ်က စမ်းချောင်းကြမ်းပြင် ဖြစ်ကြောင်း နာဆာမှ ပညာရှင် ဂျွန်ဂရော့ဇင်းဂါးက ထုတ်ပြန်ခဲ့သည်။ယင်းကျောက်သားဆန်သော စမ်းချောင်းနေရာဟောင်းကို Hottah (ကနေဒါရှိကန်ကြီး၏ အမည်) ပေးခဲ့ပြီး အခြားတွေ့ရှိရသည့် စမ်းချောင်းဟောင်းတစ်ခုကို Link ဟုအမည်ပေးခဲ့သည်။
တွေ့ရှိခဲ့သည့် စမ်းချောင်းဟောင်းများ၏ ပုံသဏ္ဌာန်ကြောင့် ရေစီးမှုအမြန်နှုန်းနဲ့ စမ်းချောင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ခဲ့ကြောင်း နာဆာက ထုတ်ပြန်ခဲ့သည်။
''ဒီပုံသဏ္ဌာန်ကပြောနိုင်တာက ဘယ်လိုစီးဆင်းတယ် ဆိုတာကိုပါပဲ။ လေတိုက်ခတ်မှုနဲ့ စီးဆင်းတာမဟုတ်နိုင်ပါဘူး''ဟု စူးစမ်းယာဉ်၏ သိပ္ပံဆိုင်ရာ ပူးတွဲစုံစမ်းရေးမှူး ရေဗက္ကာဝီလျံက ပြောကြားခဲ့သည်။
တစ်စက္ကန့်လျှင် သုံးပေအကွာဝေး အထိသာစီးဆင်းပြီး စမ်းချောင်း၏ အနက်မှာ ခြေကျင်းဝတ်မှခါးအထိ အချိန်ကာလကိုလိုက်၍ ပြောင်းလဲဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။

Ref: Eleven
Related Posts Plugin for WordPress, Blogger...