လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်လှူဒါန်း


ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့လစာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန်ပါတယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။

ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံး နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု လည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လ ၁ ရက်နေ့က စပြီး Jose ဟာ သမ္မတရာထူးနဲ့ တာဝန်စထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ယခင်က သူဟာ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့  ဝန်ကြီး ဖြစ်ပါတယ်။ သူ့ဇနီကတေ့ အမတ်လောင်း တစ်ဦး ဖြစ်လည်း ခင်ပွန်း သမ္မတလိုပဲ လှူဒါန်းနေသူ ဖြစ်ပါတယ်။ Jose ပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံး အရာကတော့ Volkswagen ကားငယ်လေး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉၄၅ ပဲ တန်ဖိုး ရှိပါတယ်။

အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Joseဟာ ဆင်းရဲသားနဲ့ အခြေခံလူတန်းစား များအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး ၁၉၇၀ နောင်းပိုင်းကာလကလည်း စစ်အစိုးရကို ဆန့်ကျင်ရာမှာ ဦးဆောင်ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဥရုဂွေး နိုင်ငံရဲ့  နိုင်ငံရေးလောကမှာ နာမည်ကောင်းထွက်ပြီး လူအများလေးစားခံရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ သူ့လက်ထက်မှာလည်း တောင်အမေရိကရဲ့ အကောင်းဆုံး ဘောလုံးအားကစားအသင်း ထွက်ပေါ်လာပြီး အားကစား ကဏ္ဍလည်း မြင့်တင်ခဲ့ပါတယ်။

ရတဲ့ လခဟာ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့စာရင် အစပေါင်းများစွာ နည်းနေသည့်တိုင် အခုလို ၉၀ ရာခိုင်နှုန်းလည်း လှူဒါန်းတဲ့ အတွက် သူ့ကို လေးစားစရာ ခေါင်းဆောင်တစ်ဦး အဖြစ် လက်ခံ ထားကြပါတယ်။

ZinYawNews

Gentleman (Thailand Version)

PSY - Gentleman ကို ဟာသလိုက်လုပ်ထားတဲ့ ထိုင်းဗားရှင်း ဖြစ်ပါတယ်...


အသုံးတွင်ကျယ်နေသော ဝါကျပျက်များ (၁)

ပုဒ်ထားပြောင်းပြန်ဝါကျ

မြန်မာဝါကျဖွဲ့ရာ၌ ဝါကျတစ်ခုကို တိုရာမှ ရှည်သွားအောင် လုပ်နိုင်သော နည်းနှစ်နည်း ရှိကြောင်း၊ အဆာသွတ်နည်းနှင့် တွဲဆက်နည်းတို့ဖြစ်ကြောင်း တင်ပြဖူးပါသည်။

ပုဒ်တစ်ခုကို အထူးပြုများဖြင့် အဆာသွတ်ရာတွင် ပြောင်းပြန်အဆာသွတ်သည့် ဝါကျပျက်များ တွင်ကျယ်နေသည်မှာ တော်တော်ကြာပြီဖြစ်ပါသည်။ သတင်းစာ၊ ဂျာနယ်များတွင် အဆာသွတ်ပုံ ပြောင်းပြန် ဖြစ်နေသော ထိုဝါကျများကို မကြခဏတွေ့နေရပါသည်။ ဘယ်လိုပြောင်းပြန် ဖြစ်တာပါလဲ။

မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာကိုကြည့်လျှင် ပုဒ်တစ်ခုကို အထူးပြုရန်အတွက် အထူးပြုပုဒ် များဖြင့် တွဲစပ်သောအခါ အထူးပြုပုဒ်များကို အထူးပြုခံပုဒ်၏ ရှေ့ကထား၍ အထူးပြုကြောင်း တွေ့ရပါသည်။ 'စာအုပ်' ဆိုသော ပုဒ်ကို အထူးပြုမည်ဆိုပါက 'အနီရောင်စာအုပ်'၊ 'ဆရာ့စာအုပ်'၊ မနေ့ကဝယ် လာသော အနီရောင်စာအုပ်' စသည်ဖြင့် အထူးပြုပုဒ်များကို 'စာအုပ်' ၏ရှေ့က ထားရသည် မဟုတ်ပါ လား။ 'မနေ့က ဝယ်လာသော အနီရောင်စာအုပ်'၊ 'ဆရာမနေ့ကဝယ်လာသော အနီရောင်စာအုပ်' ဟသည်ဖြင့်လည်း အထူးပြုပုဒ်တစ်ခုထက် ပိုနိုင်ပါသည်။ ထို့အတူ 'ငွေစင်ရော်စာအုပ်တိုက် မန်နေဂျာ ဦးသိန်း'၊ သာသနာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး ဒေါ်မြမြ' စသည်ဖြင့် 'ဦးသိန်း'၊ 'ဒေါ်မြမြ' တို့၏ ဝိသေသများကို ရှေ့ကဖော်ပြ၍ အထူးပြုရပါသည်။ ဤသို့ဖြင့် 'အထူးပြုပုဒ် (အရေအ တွက်တစ်ခု သို့မဟုတ် အများ) + အထူးပြုခံ ပုဒ်' ဟူသော ပုံစံဖြင့် ရေးသားခြင်းသည် မြန်မာဘာသာ စကား၏ ဖွဲ့ထုံးအမှန်ဖြစ်ပါသည်။

ထို့ကြောင့် 'သာသနာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြသည် ဗုဒ္ဓစာပေကျမ်းစာ များကို ရိုက်နှိပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်' ဟူသော အရေးအသားသည် မြန်မာဝါကျဖွဲ့ထုံး မှန်ကန်သော အရေးအသား ဖြစ်ပါသည်။ သို့သော်…………

'ဒေါ်မြမြ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာနသည် ဗုဒ္ဓစာပေကျမ်းစာများ ရိုက်နှိပ် ရေး အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်' ဟူသော အရေးအသားမျိုး ယနေ့တွင် ကျယ်နေပါသည်။ ဤဝါကျကို မြန်မာဝါကျဖွဲ့ထုံးစနစ်အတိုင်း အဓိပ္ပာယ်ကောက်မည်ဆို လျှင် အစည်းအဝေးတက်ရောက်သူမှာ 'သာသနာရေးဦးစီးဌာန' ဆိုသော ဌာနကြီးက ဖြစ်နေပါသည်။ 'ဒေါ်မြမြ' ဆိုသော လူပုဂ္ဂိုလ်မဟုတ်ပါ။

ထိုထက်ဆိုးတာ ရှိသေးသည်။ 'ဓားပြမှုကျူးလွန်သော ခွေးညို၊ အဘဦးပေတိုးကို အလုပ်နှင့် ထောင် ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်' ဆိုသော အရေးအသားမျိုးကို လည်း သတင်းစာ၊ ဂျာနယ်များတွင် တွေ့နေရပါသည်။ တရားခံအကြောင်းကို သတင်းတွင် တစ်ကြိမ်မ က ရေးရသောအခါတွင်လည်း 'ခွေးညို၊ အဘဦးပေတိုးက ဝန်ခံသဖြင့်' ဆိုတာမျိုးတွေ ပါသေးသည်။ ဤဝါကျကို ဖတ်လိုက်သည်နှင့် 'ဓားပြတိုက်သူက ခွေးညို၊ ထောင်ကျသူက ဦးပေတိုး' ဟူ၍ အဓိပ္ပာယ် နားလည်မည် ဖြစ်ပါသည်။ မြန်မာဝါကျ ဖွဲ့ထုံးအမှန်အတိုင်းရေးလျှင် 'ဦးပေတိုး၏သား ခိုးမှုကျူးလွန် သော ခွေးညို' ဟူ၍ ရေးရပါမည်။ သို့မဟုတ် 'ဦးပေတိုး၏ သားခွေးညိုသည် ဓားပြမှုကျူးလွန်ကြောင်း ထင်ရှားသဖြင့်' ဟူ၍ ရေးရပါသည်။ ဤဝါကျများကို 'ပြောင်းပြန်အဆာသွတ်ဝါကျ' သို့မဟုတ် 'ပုဒ်ထားပြောင်းပြန်ဝါကျ' ဟု ခေါ်နိုင်ပါသည်။

ဘာကြောင့်၊ ထိုပြောင်းပြန်အသုံးကျဝါကျ တွင်ကျယ်လာပါသလဲ။ အင်္ဂလိပ်ဝါကျဖွဲ့နည်းကို လိုက်၍ ရေးသောကြောင့် ဖြစ်နိုင်ပါသည်။ အင်္ဂလိပ်လိုရေးလျှင် 'Khwe Nyo, Son of U Pe Toe' ဟု ရေးရ ပါလိမ့်မည်။ နောက်ဖြစ်နိုင်ခြေတစ်ခုက ရုံးစာများမှာ ရေးသည့်ပုံစံမျိုး 'ခွေးညို (အဘ ဦးပေတိုး)' ဟု ဖခင်အမှန်ကို ကွင်းဖြင့်ရေးရာမှ ကွင်းပြုတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။

ရုံးစာများမှာ ကာယကံရှင်ကို သေချာကွဲပြားစေရန် ဖခင်နာမည်ကို နောက်က ကွင်းဖြင့်ထည့်သည်ကို ဘာမပြောလိုပါ။ ပုံစံဖြည့်ရာတွင် ကာယကံရှင် နာမည် ဖြည့်လျှင် ဤပုံစံအတိုင်း ဖြည့်လေ့ ရှိပါသည်။ မြန်မာဝါကျအဖြစ်ရေးလျှင်တော့ ဤသို့ ပုဒ်ထားပြောင်းပြန်ပုံစံဖြင့် မရေးသင့်ပါ။ 'ဦးပေတိုး၏သား ခွေးညို' ဟုရေးမှ ဖွဲ့ထုံးမှန်ပါလိမ့်မည်။

နောက်ဆုံးပြောရစေတော့ 'ခွေးညို (အဘဦးပေတိုး) ကိုပြစ်မှုထင်ရှားသဖြင့်' ဟူ၍ ဖခင်နာမည်ကို နောက်က ကွင်းစကွင်းပိတ်ဖြင့် ရေးလျှင်ပင် လက်ခံနိုင်ပါသေးသည်။ ယခုတွေ့နေရသည်မှာ ကွင်းစကွင်းပိတ်မပါပဲ 'ခွေးညိုအဘ ဦးပေတိုးကို' ဟူသော ပုံစံမျိုး ဖြစ်နေပါသည်။

ပုဂ္ဂိုလ်တစ်ယောက်တည်း အမည်၊ ရာထူး၊ လုပ်ငန်းဌာနတို့ကို ဖော်ပြရာတွင်လည်း ရှေ့တွင် ဖော်ပြ သကဲ့သို့ 'ဒေါ်မြမြ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန' ဟူသော ရေးပုံမျိုးကို ရုံးစာ များတွင် လိပ်စာတပ်ရာ၌ ရေးလျှင်သင့်လျော်ပါသည်။ လိပ်စာတပ်လျှင်လည်း ဤပုံစံအတိုင်း လိပ်စာ တပ်ခြင်းကို လက်ခံနိုင်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးလျှင်လည်း ဤပုံစံအတိုင်းပင် အမည်၊ ရာထူး၊ ဌာနဟူသော ပုံစံဖြင့်ရေးရပါသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း လည်း သိနိုင်သည်အတွက် ကောင်းပါသည်။ သို့သော် ဤသို့ ရုံးစာများ၊ လိပ်စာများရေးခြင်းမှာ ဝါကျ ဖွဲ့ ခြင်း မဟုတ်ပါ။ မြန်မာဝါကျထဲတွင် ဤပုံစံအတိုင်းထည့်ပြီး 'ဒေါ်မြမြ လက်ထောက်ညွှန်ကြားရေး မှူး၊ သာသနာရေးဦးစီးဌာနသည်' ဟု ရေးလျှင်တော့ အဆာသွတ်ပုံ၊ ပုဒ်ထားပြောင်းပြန်ကြီး ဖြစ်နေ ပါလိမ့်မည်။

အခမ်းအနားတွင် "အလှူငွေများကို ဦးထွန်းထွန်း၊ ဥက္ကဋ္ဌ၊ ကုဋေကုဋာကုမ္ပဏီက ပေးအပ်ပေးပါရန်နှင့် ဦးကျော်ကျော်၊ ညွှန်ကြားရေးမှူး၊ မီးသတ်ဦးစီးဌာနက လက်ခံပေးပါရန် ဖိတ်ကြားအပ်ပါတယ် ခင်ဗျား" ဟူသော ကြေညာပုံမျိုးကို ကြားရတတ်ပါသည်။ အလှူငွေပေးအပ်သူနှင့် လက်ခံသူတို့မှာ ဦးထွန်းထွန်း နှင့် ဦးကျော်ကျော်တို့ မဟုတ်တော့ဘဲ ကုဋေကုဋာကုမ္ပဏီနှင့် မီးသတ်ဦးစီးဌာနတို့ ဖြစ်သွားသည်ကို သတိထားမိကြဟန်မတူပါ။ 'ကုဋေကုဋာ ကုမ္ပဏီ ဥက္ကဋ္ဌဦးထွန်းထွန်း'၊ 'မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်ကျော်' ဟု ကြေညာမှသာ လိုသောအဓိပ္ပာယ်ရမည် ဖြစ်ပါသည်။

သတင်းစာထဲတွင် 'လေးဘာသာဂုဏ်ထူးရှင် မောင်ညွန့်သိန်း၊ အဘဦးလှဟန် ဆုယူနေစဉ်' ဟု ဓာတ်ပုံအောက်မှာ စာတန်းထိုးထားသည့်အတွက် ဓာတ်ပုံသာမပါလျှင် သားကိုယ်စား အဖေက ဆုယူနေသလို အဓိပ္ပာယ် သက်ရောက်နေပါသည်။ အမှန်မှာ ကာယကံရှင် မောင်ညွန့်သိန်းကိုယ်တိုင် ဆုယူနေခြင်းဖြစ်ပါသည်။ 'အဘ ဦးလှဟန်' ဝင်ရှုပ်နေသည့်အတွက် ထင်ယောင်ထင်မှား ဖြစ်ရခြင်း ဖြစ်ပါသည်။ 'ဦးလှဟန်၏ သားလေးဘာသာဂုဏ်ထူးရှင် မောင်ညွန့်သိန်း ဆုယူနေစဉ်' ဟု ဖြောင့် ဖြောင့်တန်းတန်းမရေးဘဲ ယခုလို ပြောင်းပြန်ရေးခြင်းမှာ မသင့်လျော်ပါ။

တစ်ခုတင်ပြချင်ပါသေးသည်။ မြန်မာဝါကျဖွဲ့နည်းများကို သဒ္ဒါကျမ်းအမျိုးမျိုးတွင် တွေ့နိုင်ပါသည်။ ဆရာကြီး ဦးဖေမောင်တင် ပြုစုသော မြန်မာသဒ္ဒါကျမ်း၊ မြန်မာဝါကျ ဖွဲ့ထုံးကျမ်းတို့မှသည် ယနေ့ မြန်မာစာအဖွဲ့က ပြုစုထားသော ကျောင်းသုံးမြန်မာသဒ္ဒါများအထိ ဘယ်သဒ္ဒါစာအုပ်တွင်မှ ယခုဖော်ပြ ခဲ့သော ပုဒ်ထားပြောင်းပြန် ဝါကျဖွဲ့နည်းကို ဖော်ပြမထားပါ။ ဖော်ပြစရာလည်း မလိုပါ။ ဝါကျဖွဲ့ပုံအမှား ကြီး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

မြန်မာဝါကျ ဖွဲ့ထုံးနှင့် သွေဖည်နေသော ပုဒ်ထားပြောင်းပြန် ဝါကျပျက်များကို မဖွဲ့သင့်ကြတော့ပါ။

 ပေါ်ပြူလာ စာပေအနုပညာဂျာနယ်
 အတွဲ ၁၇၊ အမှတ် ၁၅၊ (၂၃-၄-၂၀၁၃)၊

iPad ရှိရုံနှင့် Apple မောင်းသော ကားစီးနိုင်ပြီ


Concept အနေနဲ့ပဲ ရှိပါသေးတယ်။ သို့ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ Apple က ထွက်ရှိလာမယ့် ပစ္စည်းဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။

iPad တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ပုံမှာပြထားတဲ့ i Drive အမည်ရ စတီယာရင်လည်း လိုပါသေးတယ်။

သာမန် စီးနေကျ ကားပေါ်က ပါတဲ့ စတီယာရင်ကို ဖြုတ် ပုံမှုာ ပြထားတဲ့ i Drive စတီယာရင်ကို တပ်၊ ခေါ်မိုးမှာ ၃၆၀ ဒီဂရီကြည့် i Drive တွဲဆက် ကင်မရာတပ်၊ ဘေးမှာ Sensor နှစ်ခုတပ် ဒီလောက်ဆိုရင် လုံလောက်ပြီလို့ Apple က အာမခံထားပါတယ်။

Google လူမဲ့ကားမှာတုန်းက သုံးလိုက်တဲ့ ပစ္စည်းတွေ မနည်းပါဘူး။ Apple ကျတာ့ စတီယာရင်နဲ့ Gadget သုံးလေးခု ပေါင်းစပ်ရုံနဲ့တင် အဆင်ပြေသွားပါတယ်။ iPad မှာ iDrive application ထည့်ပြီး လိုအပ်သလို Monitoring လုပ်ပေးရုံပါပဲ။

သူက Apple ရဲ့ Map ကိုပဲ သုံးပါမယ်။ အင်တာနက်လိုင်းကောင်းကောင်း လိုအပ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ အသုံးပြုလို့ မရသေးတာ သေချာနေပါပြီ။ သူက လိုင်းမပျက်နိုင်၊ မကျနိုင်တဲ့ အင်တာနက်နဲ့မှ ကောင်းကောင်း အလုပ်လုပ်တာလေ။ မောင်းနေရင်း တန်းလန်း ရုတ်တရက် လိုင်းကျသွားပါတယ်ဆိုရင် ကားက ချောက်ထဲထိုးရင်ထိုးဆင်းသွား မှာ။ ဘယ်သူမှ မကယ်နိုင် ပါဘူး။

အင်တာနက် စက္ကန့်ပိုင်းလောက်တောင် မကျနိုင်တဲ့ အမေရိကန်နဲ့ အခြားသော နိုင်ငံတွေမှာတော့ အသုံးပြုလို့ ကြိမ်းသေ အဆင်ပြေမှာပါ။ ရုတ်တရက် လိုင်းကျရင်တောင် Offline မြေပုံနဲ့ အချိန်ပိုင်း emergency မောင်းလို့ ရအောင် သူကြိုးစားပေးပါတယ်။ အမြဲတမ်းကြီး Offline တော့ ဘယ်အဆင်ပြေမလဲလေ။

အသုံးပြုလို့ရမယ့်ကားကတော့ ကွန်ပြူတာဘောက်စ် သုံး ကားတွေနဲ့ မှ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ယခု မြန်မာပြည်နောက်ပိုင်း ရောက် တဲ့ ကားတွေနဲ့ဆို ကီးကိုက်မှာပါ။ စတီယာရင်ဝီးကို ဝပ်ရှော့မှာ သွားလို့ အဖြုတ်အတပ်လုပ်လိုက်ရုံပါပဲ။

ဈေးနှုန်းက ဒေါ်လာ ၆၀၀ တဲ့လေ။ နောက်နေ သလား အောက်မေ့ ရတယ်။ လူတိုင်း လူမဲ့ ကားပိုင်နိုင်အောင် လုပ်ပေး သလား အောင့်မေ့ရတယ်။ Apple ရဲ့ i Drive ကိုအရေအတွက် အကန့်အသတ်နဲ့ နိုင်ငံ အကန့်အသတ်နဲ့ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး iPhone 5



ဈေးနှုန်း - ဒေါ်လာ ၁၀ သန်း
ကိုယ်ထည် - ၂၄ ကာရက် ရွှေ ၁၃၅ ဂရမ် နှင့် စိန်အလုံး ၆၀၀
Home Button - ၂၆ ကာရက် စိန်နက်

ဤဖုန်းရဲ့ ကိုယ်ထည်ဟာ iPhone 5 ရဲ့ မူရင်းကိုယ်ထည်ကို ရွှေစိမ်ထားတာ မဟုတ်ပါဘူး။ ရွှေသားစစ်စစ်နဲ့ ဖန်တီး ပြုလုပ်ထားတဲ့ ကိုယ်ထည်ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကို ရွှေသားစစ်စစ်သုံးပြီး လက်ချည်းသက်သက်နဲ့ အသေးစိတ် ထုဆစ်ဖန်တီးမှုအတွက် စုစုပေါင်း အချိန် ၉ ပတ် ကြာပါတယ်။

သုံးထားတဲ့တာကတော့ ၂၄ ကာရက် ရွှေသားစစ်စစ် ၁၃၅ ဂရမ် အလေးချိန် ရှိပါတယ်။

ကိုယ်ထည်ရဲ့ ပတ်ပတ်လည်မှာ စိန်အလုံးပေါင်း ၆၀၀ နဲ့ အနားကွပ်ပေးထားပါတယ်။

အပြစ်အနာအဆာ လုံးဝကင်းစင်တဲ့ အဆင့်မြင့် တန်ဖိုးကြီး ၂၆ ကာရက် အလေးချိန်ရှိတဲ့ စိန်နက်တစ်လုံးကိုလည်း Home Button အဖြစ် တပ်ဆင်ပေးထားပါတယ်။ လင်းလက်တောက်ပနေတဲ့ စိန်တုံးကြီးကို အဝေးကနေတောင် လှမ်းမြင်နိုင်ပါတယ်။ ဒီစိန်နက်ကြီးကိုမှ စိန် ၅၃ လုံး ကွပ်ထားပေးပြန်ပါတယ်။

ဒီ iPhone 5 ကို အထက်ဖော်ပြပါ စိန်နက်ကြီး၏ မူရင်းပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ တောင်းဆိုမှုဖြင့် တန်ဖိုးကြီး အသုံးအဆောင်များ တီထွင်ဖန်တီးပေးသည့် Stuart Hughes ကုမ္ပဏီမှ ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

ယမကာနဲ့ တွေ့သွားတဲ့ ဖုန်းကို ဘယ်လို ကာကွယ်မလဲ

Alcohol ပါတဲ့ အရည်တွေဟာ ဖုန်းကို ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ အရက် ဘီယာ ခပ်များများသာ ဖုန်းထဲကို ရောက်သွားမယ်ဆိုရင် သင့်ဖုန်းဟာ ရှော့ဖြစ်ပြီး ပျက်စီးသွားနိုင်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာ ရှိတဲ့ Circuit တွေမှာ ရှိတဲ့ PVA/Silicon glue တွေဟာ အရက်နဲ့တွေ့ရင် အလုပ်မလုပ်နိုင်အောင် ပျက်စီးသွားနိုင်ပါတယ်။ အကယ်လို့များ မတော်တစ သင့်ဖုန်းဟာ ယမကာတွေနဲ့ စိုမိသွားတယ်၊ အရက်ဘီယာ ခွက်တွေထဲများ ကျသွားမိတယ် ဆိုရင်တော့

01. ချက်ခြင်း အပြင်ကို ထုတ်လိုက်ပါ။ ပြန်ဆယ်ယူလိုက်ပါ။

02. ရေစိုသွားတဲ့ ဖုန်းတစ်လုံးကို Recover ပြန်လုပ်တဲ့နည်းလမ်းတွေ အတိုင်း ဖုန်းပိတ်၊ battery ဖြုတ်, SIM card နဲ့ memory card တွေကို ဖြုတ်ပါ။ သင့်ဖုန်းက Unibody ဖြစ်မယ်ဆိုရင်တော့ သိပ်ဖြုတ်စရာ မရှိလောက်ပါဘူး။ ထို့အတူ အရည်ဝင်နိုင်သမျှ နေရာတွေကလည်း နည်းပါးပါတယ်။

03. Cotton ပါဝင်တဲ့ အ၀တ်စနဲ့ ပတ်ထားပါ။ Alcohol ကို စုတ်သွားပါလိမ့်မယ်။ Tissue paper, blotting paper, cotton pads နဲ့ အခြားအလားတူ ပစ္စည်းတွေကို သုံးပြီး အရည်ကဲ့သို့သော အရာတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ Display Scree ကိုတော့ အတင်း ဖိပြီး မသုတ်ပါနဲ့ Alcohol ဟာ အပူကို ထုတ်ပေးနိုင်တဲ့အတွက် အကယ်လို့များ ကြမ်းတမ်းစွာ ပွတ်မယ်ဆိုရင် သင့်ရဲ့ touch screen ရဲ့ အလုပ် လုပ်ဆောင်နိုင်မှုကို ဖျက်စီးပစ်နိုင်ပါတယ်။

04. Battery, SIM card နဲ့ memory card တွေကို ခြောက်သွားအောင် သတိထားပြီးသုတ်ပါ။ အရမ်းအားထည့်ပြီး မသုတ်ပါနဲ့။ Battery နဲ့ Phone ပြန်တပ်မဲ့ Connector ကိုလည်း ခြောက်သွေ့အောင် Cotton စနဲ့ သုတ်ပါ။

05. ခြောက်အောင် သုတ်ပြီးသွားပြီဆိုရင်တော့ လေအေးနဲ့အခြောက်ခံပါ။Alcohol ဟာ ရေထပ် ပိုပြီးမြန်မြန် ခြောက်သွားနိုင်ပါတယ်။ လေပူ၊ နေရောင်၊ Dryer တွေကို မသုံးပါနဲ့။

06. ၁နာရီ လောက် ထားပြီးသွားရင်တော့ Alcohol တွေ ဖုန်းအတွင်း အပြင်မှာ မကျန်နိုင်လောက်တော့ ပါဘူး။ အ၀တ်ခြောက် အသန့်နဲ့ ထပ်မံ စင်ကြယ်အောင် သုတ်ပြီးပြီဆိုရင်တော့ ဖြုတ်ထားတဲ့ Memory, Battery, Simcard တွေကို ပြန်လည် တပ်ဆင်နိုင်ပါပြီ။ တစ်ခုသေချာစေချင် တာကတော့ အပေါက်တွေမှာ အရည် မကျန်အောင် စစ်စေချင်ပါတယ်။ Earphone Jet, USB Port, Power Plug နဲ့ Button တွေမှာ စိုမနေအောင် သေချာစစ်စေးပါ။

07. အားလုံးချောချော မောမောနဲ့ အတွင်းပိုင်းလည်း ဘာမှမထိ ခိုက်ဘူး ဆိုရင်တော့ အရက်သောက်ထားတဲ့ သင့်ဖုန်းကို အကောင်း ပကတိ အတိုင်း ပြန်ရနိုင်ပါတယ်။

08. တကယ်လို့များ ၃၊ ၄ကြိမ် Power ပြန်ဖွင့်လို့ ပြန်မတက်နိုင် (ခေါင်းမထောင်နိုင်) တော့ဘူး ဆိုရင်တော့ Service ဆိုင်ကို ပို့ပြီး ပြန်ပြင်ခိုင်းဖို့ လို အပ်မှာ ဖြစ်ပါတယ်။

Good Luck with your Drank Phone...

THA: TSJ Tech Team
Copyright @ TechView - All Rights Reserved

စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက်

From Facebook.

ကျနော်လက်ရှိ နေထိုင်နေတဲ့ စင်ကာပူနိုင်ငံ ဆိုတာ ၁၉၆၅ခုနှစ်မှာ မလေးရှားနိုင်ငံကနေ ခွဲထွက်ခဲ့တဲ့ ကျွန်းနိုင်ငံပိစိလေးပေါ့။ ဒါပေမယ့် သူက First World Country လို့ခေါ်တဲ့ အလွန်အမင်း ချမ်းသာတဲ့ ကမ္ဘာ့ပထမတန်းစား နိုင်ငံထဲမှာပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိမှာပါ။ ဒါပေမယ့် လူတိုင်းလိုလို မသိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ဗဟုသုတ အလို့ငှာ အပျင်းပြေစေကြောင်း အလို့ငှာ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

၁. စင်ကာပူနိုင်ငံဟာ ကျွန်းမကြီး ၁ ခု၊ ကျွန်းငယ်လေးပေါင်း ၆၃ ခု ပါဝင်တဲ့ နိုင်ငံငယ်လေးပါ။

၂. မိုနာကို နိုင်ငံလေးပြီးရင် စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူနေ အထူထပ်ဆုံး နိုင်ငံပါတဲ့။ နိုင်ငံကကျဉ်း လူနေတာကများတော့ ဟုတ်တာပေါ့။ မြန်မာတွေကလည်း ဒီအထဲမှာ အားဖြည့်ထားတယ်။

၃. စင်ကာပူနိုင်ငံရဲ့ ရုံးသုံးစာနဲ့ စကားဟာ အင်္ဂလိပ်စာနဲ့ စကား ဖြစ်ပေမယ့် "Majulah Singapura" ဆိုတဲ့ စင်ကာပူနိုင်ငံတော် သီချင်းကတော့ 'မလေး' လို စပ်ဆိုထားပါတယ်။ သီချင်းခေါင်းစဉ် နာမည်ကတော့ "Onward Singapore" ပါတဲ့။ ဒီသီချင်းကို သီဆိုတဲ့အခါ 'မလေး' လိုပဲ သီဆိုရမယ်လို့ ဥပဒေနဲ့ကို သတ်မှတ်ထားပါတယ်။

၎. "The Merlion" လို့ခေါ်တဲ့ ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်း အရုပ်ဟာ စင်ကာပူနိုင်ငံ သင်္ကေတအရုပ်ဖြစ်ပြီး၊ ခြင်္သေ့အရုပ်က စင်ကာပူကို စတင်တွေ့ရှိခဲ့တဲ့ မင်းသားလေးက ဒီကျွန်းမှာ ခြင်္သေ့နဲ့တူတဲ့ သတ္တ၀ါတွေ တွေ့ရှိခဲ့တာကို အစွဲပြုပုံဖော်ပြီးတော့၊ ငါး ကိုတာ့ စင်ကာပူနိုင်ငံ စဦးကာလဟာ တံငါရွာလေး ဖြစ်ခဲ့တာကို အစွဲပြုပြီး ပေါင်းစပ်ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ စင်ကာပူက အပန်းဖြေ စခန်း 'ဆန်တိုစာ' (Sentosa) ကို သွားရောက်လည်ပတ်ရင်တော့ ဒီပုံပြင်လေးကို ကြည့်ရမှာပါ။

၅. စင်ကာပူနိုင်ငံမှာ အဆောက်အဦးတွေ အားလုံး မီတာ ၂၈၀ ထက် ပိုမြင့်ပြီးတည်ဆောက်လို့ မရပါဘူးတဲ့။ အခုလက်ရှိ အဲလောက်မြင့်အောင် ဆောက်ထားတဲ့ အဆောက်အဦး သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ OUB Center, UOB Plaza နဲ့ Republic Plaza တို့ပဲ ဖြစ်ပါတယ်။

၆. စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံးနေရာဟာ Bukit Timah လို့ ခေါ်တဲ့ တောင်ကုန်းလေးတစ်ခု ဖြစ်ပြီး အမြင့်ပေ ၁၆၄မီတာသာ မြင့်ပါတယ်။

၇. Suntec City လို့ ခေါ်တဲ့ တာဝါ အဆောက်အဦး ငါးခုဟာ စင်ကာပူကို လာဘ်လာဘ ရွှင်စေကြောင်း ယတြာကောင်းချေလို့ ဖုန်းရွှေ ပညာနဲ့ လက်ဖ၀ါး ပုံစံ ဆောက်လို့ထားပါတယ်။ တာဝါ ငါးခုကို လက်ချောင်းငါချောင်း သဏ္ဍန် အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားပြီး အလယ်မှတော့ လက်ဖ၀ါး သဏ္ဍန် ရေပန်းကြီး တစ်ခု ပြုလုပ်ထားပါတယ်။ အဲဒီ ရေပန်း တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၆သန်း ကုန်ကျခံကာ ၁၉၉၇ခုနှစ်မှာ တည်ဆောက်ထားပါတဲ့။

၈. စင်ကာပူနိုင်ငံတွင်းမှာ ပီကေ (Chewing Gum) ကို စားသုံးခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်းပြုလျှင် ကြိမ်ဒဏ်၊ ထောင်ဒဏ် စသည်ဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ခံရနိုင်သည်။

၉. ကမ္ဘာပေါ်မှာ မီလျံနာ သူဌေးအများဆုံး နိုင်ငံကို ပြပါဆိုရင် စင်ကာပူနိုင်ငံကိုပဲ ပြရမှာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်က စားရင်းဇယားများအရ စင်ကာပူနိုင်ငံသား အယောက် ၁၀၀မှာ ၁၇ယောက်ဟာ မီလျံနာ သူဌေးများ ဖြစ်ပါတယ်။

၁၀. စင်ကာပူမှာ အရောင်းကောင်းဆုံး စာအုပ်ကတော့ သရဲ ဇတ်လမ်းစာအုပ် ဖြစ်ပြီးတော့ Russell Lee လို့ အမည်ဝှက်နဲ့ ရေးခဲ့တဲ့ စာရေးဆရာရဲ့ "True Singapore Ghost Stories" (စင်ကာပူ၏ သရဲ ဖြစ်ရပ်မှန် ဇတ်လမ်းများ) ဆိုတဲ့ စာအုပ်ကတော့ အတွဲ ၁၁တွဲထိ ထွက်ခဲ့ပြီး အုပ်ရေ ၁သန်းနီးပါး ရောင်းချခဲ့ရပါတယ်။

Myanmar News Update

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program

အဆီကျဟင်းရည် ချက်နည်း

ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်… ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်…. အနံအသက် အတော်သက်သာသည်ကို တွေ့ရပါသည်..)

အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက် များကို နူးနပ်သည်အထိ ချက်ပါ။

အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည် ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။

(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါ လိမ့်မည်။ ပေါ့ပါး ကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။

ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့် ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက် သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။

အထူးရှောင်ကြဉ်ရန်

ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့် အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာ စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန် ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။

Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။

ပထမနေ့

သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်… စိတ်လည်း တိုတတ်ပါတယ်… )

ဒုတိယနေ့

ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်… ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ…… အဆင်ပြေပါလိမ့်မယ်. …. သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ… ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲ ၀ယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ… . )

တတိယနေ့

ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။

စတုတ္ထနေ့

ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် …. ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်… သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)

ပဉ္စမနေ့

အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး …. ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်…. ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်…… )

ဆဌမနေ့

အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ … ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်…. ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်…)

သတ္တမနေ့

ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။

(သစ်သီးရည်က ရှာရခက်တာကြောင့် …. သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)

(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ

(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်…. ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်… နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်…. အဆင်ပြေမှာပါ…. အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ…. အောင်မြင်ကြပါစေဗျာ…. )

(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်)
မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညို

ZinYawNews

SIM Card အကြောင်း သိကောင်းစရာ



SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။

လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1= Normal Network

H2= Better Network , Means Strong

H3= More Better Network , Means Stronger

H4= Normal, Better, More Better Is Nothing In Front OF This Sim

များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။

SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Tech & Security NewsRef: google+

ZinYawNews

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ



အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။ 

အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။ 

အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။ 

ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။ 

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်စုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖက်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

TechSpaceJournal

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား


ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ “ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ “ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ”လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

*****
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံ ပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။

“ဒါ မင့်အဖြေလား”

“ဟုတ်ပါတယ် ဆရာ”

“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။

မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယ ဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင် စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ် ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့် သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ် ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့ အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း..

အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။ ကျောင်းသား ဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား”

“ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”

“ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား”

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

“ဟေ့ကောင် ဖြေလေကွာ”

ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

“သူဖြေတာ မှားပါတယ်”

“ဟုတ်ပြီ၊ နောက်တစ်ယောက်”

“မှား.. အဲ.. မှားပါတယ်”

“နောက်တစ်ယောက်”

“မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

“မှားပါတယ်”

အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသား အားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။

မောင်သစ်ဆင်း

Maukkha.org

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည်


(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။

(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊
ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ" စသည်မျိုး။
(၆) မန္တာန် - ဥုံ= အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊
ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှု။

ပရိတ်ကြီး(၁၁) သုတ်-သမ္ဗုဒ္ဓေဂါထာ၊ ဒိဝါ တပတိ စသော ဂါထာတို့သည် ဥုံ ၊ သြောင်း စသည် မပါသောကြောင့် သံသယ ရှင်းရှင်း ရွတ်ဖတ်သရဇ္ဈာယ် ကောင်း၏။ အထူးအဆန်း အသစ်အဆန်း အနေဖြင့် အများသူငါ မရဖူး မကြားဖူးသော ဂါထာများကိုသာ ရွတ်ရန် စိတ်ဝင်စားကြသော သူများ သတိမူကြပါကုန်။
ဂါထာ ရှေ့၌ဖြစ်စေ ၊နောက်၌ဖြစ်စေ ဥုံ - သြောင်း စသည် တွေ့မြင်ပါက ဘုရားဟော ဂါထာ စစ်စစ် မဟုတ်ဟူ၍ မှတ်ပါ။

အင်းကန်းခြင်း ၇-ပါး
အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့်ရှင်း ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။

အင်းကျိုးခြင်း ၇-ပါး
အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီ လေချွန်ခြင်း၊
(၃) လူးလဲလှယ်၍ စီစဉ်ခြင်း၊
(၄) စီရင်မပြီးဆုံးခင် ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမတားမီ အတွင်းမျဉ်းများကိုတားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။


အင်းချသူ အင်္ဂါ ၈-ပါး
ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည် ဟူ၏၊

(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ် ပညာရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မတွေးတောရခြင်း။

အင်းပေါက်ခြင်း ၇ ပါး
ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိ တတ်ဟူ၏၊

(၁) အင်းဘောင်ချင်းမထိစပ်ခြင်း၊
(၂) အင်းဘောင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချ မမှန်ခြင်း၊
(၄) အင်းဘောင်နှင့် အင်းဆံ ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့် မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချ မညီခြင်း။

ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။

မှတ်ချက်။ ။ ယုံကြည် အားကိုး၍ မဟုတ်ပါ၊ စာဖတ်ပရိသတ်များအတွက် ဗဟုဿုတ သက်သက်ဖြစ်စေရန် ရည်ရွယ်တင်ပြပါသည်။

Ref: Myawady News

ငွေထုတ်စက်အသုံးပြုက သတိပြုရန်



မြန်မာပြည်မှာ မဖြစ်သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေမှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြု လုပ်တယ်လို့ သိရပါတယ်။ 

တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက်နံပါတ်များကို မှတ်သား သွား ပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။ သို့ပေမယ့် အမည်တူ၊ လျှို့ ဝှက်ကုဒ်နံပါတ်အတူ ထားတတ်တဲ့သူများအတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ်အကောင့်မှငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။ 

မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါအနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံ ရဖို့ ပိုလွယ်ကူသွားပါတယ်။ ဒီတော့ ငွေအမြောက်အများထည့်ထားသူ များ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင်လေ့လာနိုင်ရင် အကောင်းဆုံး ပါပဲ။

မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာနိုင်သေးပါဘူး။ မြန်မာပြည်က စက် အတော်များများမှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိ ရှိထားတာ အကောင်းဆုံးမို့ မျှဝေပေးလိုက် ရပါတယ်။ 

TechSpaceJournal

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြားရန်



ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက်အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -

ငွေစက္ကူ အစစ်

(က)စက္ကူ အမျိုး အစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး၊ အထူ အပါး ညီညာမှု ရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်ခြင်း၊

( ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂) လုံး၊ ဂဏန်း (၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂) မျိုး ရိုက်နှိပ် ထားပြီး ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပ စွာ တွေ့မြင် ရခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာ ပါရှိခြင်း၊ အလင်းရောင် တွင် ထောင်ကြည့် က မြင်ရပြီး၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် မမြင်ရခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူ တွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅ဝဝဝk စာတန်း အား အတည့်/ ပြောင်းပြန် ရိုက်နှိပ် ထားခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါ အရောင်များ တွေ့ရ ခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်း များကြွ နေပြီး ကြည်လင် တောက်ပ ပြတ်သားမှု ရှိခြင်း၊

ငွေစက္ကူ အတု

( က) စက္ကူ အမျိုး အစားမှာ သာမန် စက္ကူတွင် ရိုက်နှိပ် ထား၍ ပြောင်ချောနေပြီး၊ စက္ကူသား ပွကာ ကျစ်လျစ် သိပ်သည်းမှု မရှိခြင်း၊ အထူ အပါး ညီညာမှု မရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် မပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂)လုံး၊ ဂဏန်း(၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂)မျိုး ရိုက်နှိပ် ထားသော်လည်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပမှု မရှိခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော် ပုံရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာ မှာ အလင်း ရောင်တွင် ထောင်ကြည့် က ပေါ် လွင် ပြတ်သားမှု မရှိခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့် သွင်း ထားခြင်း မရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅ဝဝဝk စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ် ထားပြီး သပ်ရပ်မှု မရှိခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ သာမန် ပုံနှိပ် ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင် ပြတ်သားမှု မရှိဘဲ အရောင် မှိန် နေခြင်း၊

စသည်တို့ဖြစ်ကြောင်းသိရှိရသည်။

မြ၀တီ

ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ

ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်း လည်း ကောင်းကင်မှာ မပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။

ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။

ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ် မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်း ခိုင်မာဖို့လည်း လိုအပ်၏ ။

ဈာန်အင်္ဂါငါးပါး ရှိသော ပထမဈာန်။
ဈာန်အင်္ဂါလေးပါး ရှိသော ဒုတိယဈာန်။
ဈာန်အင်္ဂါသုံးပါး ရှိသော တတိယဈာန်။
ဈာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထဈာန်။
ဈာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမဈာန်။ ဟု ငါးပါးရှိသည်။

' မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ ' ဟူသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖွင့်အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာသုံးပါးတွင်း တစ်ပါးပါးကို ပွားများလျှင် ပထမဈာန်မှ စတုတ္ထဈာန်အထိ ရနိုင်သည်ဟု သိရ၏ ။ ဈာန်၏အဓိပ္ပါယ်မှာ 'ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေခြင်း' ဟု ဖြစ်သည်။

သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာဝနာသည် ဈာန်တရားကို အမြန်ဆုံးရ၏ ။ စာတွေ့၊ လက်တွေ့နှစ်ခုလုံးပြပါအံ့။ မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဉ္ဇာနီသုတ်အဖွင့်၌ ဓနဉ္ဇာနီပုဏ္ဏားကြီးသည် သေခါနီး ကာလတွင် အရှင်သာရိပုတ္တရာကိုပင့်ပြီး တရားနား၏ ။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်း ကို ဟောကြားပေးတော်မူ၏ ။

တရားနားရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမဈာန်ကို ရ၏ ။ ထိုပထမဈာန်နှင့် သေသောကြောင့် ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ရ၏ ။ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ' မဂ်ဖိုလ်ရနိုင်သူကို ဈာန်ရကြောင်းတရားကိုသာ ဟောရမည်လော' ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို ဟောခိုင်းတော်မူ၏ ။

အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏ ။ ထို့ကြောင့် ဗြဟ္မာပြည်ရောက်မှ ဓနဉ္ဇာနီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏ ။ ထိုအခါမှနောက် အရှင်သာရိပုတ္တရာသည် တရားဟောသည့်အခါတိုင်း သစ္စာလေးပါး ဝိပဿနာတရားကို ထည့်သွင်းဟောကြားတော့သည်။

ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာ အချိန်တွင်းမှာပင် ဈာန်ရသွားသည် ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ ဈာန်ရဖို့အတွက်လောက်ကာ မခဲယဉ်းဟု သိနိုင်၏ ။
ဈာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေပြအံ့။

မေတ္တာဘာဝနာကို ဈာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏။ ပြီးလျှင် မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။ ဤကား ဝိသုဒ္ဓိမဂ် အဠကထာလာ အတိုင်းဖြစ်၏ ။ ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတစ်ပုဒ်ကာ -

"မိမိကိုယ်က၊ အဦးစ၍
ပိယမဇ္စု၊ ဝေရီကျအောင်
တစ်စတစ်စ၊ သုံးဝပုဂ္ဂိုလ်
ကိုယ်နှင့်အတူ၊ အမျှမူ၍ "

ပွားများမှု့အားကောင်းလာသည်နှင့် ပထမဈာန်ကို ရရှိ၏ ။ ပထမဈာန်ရပုံကာ-မိမိမေတ္တာပို့လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏ ။ ဤသည်ကို'ပထမဈာန်၏ ပထမအင်္ဂါဖြစ်သော ဝိတက်' ဟုခေါ်၏ ။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏ ။ ဤသည်ကို ' ဝိစာရ ' ဟုခေါ်၏ ။

မေတ္တာပွားနေချိန်တွင် ဘာနဲ့မှမတူအောင် အလွန်နှစ်သက်၏ ။ ဤသည်ကို ပီတိ ဟုခေါ်၏။ မေတ္တာ ပွားနေချိန်တွင် အလွန်းချမ်းသာ၏ ။ ဤသည်ကို သုခ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် စိတ်သည်မေတ္တာခံယူသူအပေါ်၌ တည်ကြည်နေ၏ ။ ဤသည်ကို 'ဧကဂ္ဂတာ' ဟုခေါ်၏ ။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမဓိ ဟုလည်း ခေါ်ကြ၏ ။

ဆိုအပ်ခဲ့ပြီးသော ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမဈာန်ရသည်ဟု ခေါ်သည်။ ထိုပထမဈာန်ရရုံမျှဖြင့် မြေလျှိုးမိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ မလုပ်နိုင်ပေ။ ထိုပထမဈာန်မှ ပဉ္စမဈာန်အထိရောက်အောင် အစဉ်တိုင်း အစုန်ပွားများနိုင်၏ ။ တစ်ဖန် ပဉ္စမဈာန်မှ ပထမဈာန် ထိရောက်အောင် အဆန်လည်း ပွားများနိုင်၏ ။

ထိုကဲ့သို့ ဈာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ အဘိညာဉ်ကိုရ၏ ။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏ ။

ဤစကားရပ်တို့ကို ထောက်၍ ဈာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ် အထိ ရမှသာ ကောင်းကင် ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည် ။

အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)

အရွယ်မတိုင်မီ ဆံပင်ဖြူနေပြီလား

အရွယ်မတိုင်မီဆံပင်ဖြူနေပြီလား

ဘယ်အရွယ်ကို အရွယ်မတိုင်မီ ဆံပင်ဖြူတယ်လို့ ခေါ်ကြမလဲ။ ဆံပင် ဖြူရတဲ့အကြောင်းက အရောင်ခြယ် ထုတ်ပေးတဲ့ဆဲလ်တွေ အလုပ်မလုပ် တော့လို့ပါ။ လူဖြူတွေမှာ အသက် ၃၀ မှာ ဆံပင်စဖြူပြီး အာရှသားတွေ ကတော့ ၃၀နောက်ပိုင်းမှာ ဖြူလေ့ ရှိပြီး အာဖရို-အမေရိကန်တွေမှာ ၄၀ နောက်ပိုင်းမှာ ဖြူလေ့ရှိပါတယ်။
တကယ်လို့ လူဖြူတွေမှာ အသက် ၂၀မတိုင်မီနဲ့ အာဖရို-အမေရိကန် တွေမှာ ၃၀မတိုင်မီ ဆံပင်ဖြူရင် အရွယ်မတိုင်မီ ဆံပင်ဖြူတယ်လို့ သတ်မှတ်လို့ရပါတယ်။ အလိုလိုဆံ ပင်ဖြူလာခြင်းက အချို့ရှားပါးတဲ့ ရောဂါက လွဲလို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဗီတာမင် B12 နည်းခြင်းနဲ့ သိုင်းရွိုက်ရောဂါအချို့မှာ အရွယ်မ တိုင်မီ ဆံပင်ဖြူလေ့ရှိပါတယ်။ အချို့ လေ့လာမှုတွေမှာတော့ အရွယ်မတိုင် မီ ဆံပင်ဖြူခြင်းက အရိုးပါးရောဂါနဲ့ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။ ဆံပင်ဖြူတာကို ဘယ်လိုကွယ်ဝှက်ကြ မလဲ။ နည်းကတော့ အမျိုးမျိုးပါပဲ။
(၁) ခဏတာခံ အရောင်ဆိုးခြင်း -ယင်းက ရက်သတ္တပတ် အနည်းငယ် ခန့်ခံပြီး ယခုမှစတင်ဖြူသူတွေ အတွက် သင့်လျော်ပါတယ်။

(၂) ဟိုင်းလိုက်ဆိုးခြင်း - ဟိုင်းလိုက်ဆိုး ခြင်းကလည်း သင့်ရဲ့ဆံပင်ဖြူခြင်းကို အာရုံလွှဲပေးနိုင်ပါတယ်။

(၃) တာရှည်ခံအရောင်ဆိုးခြင်း - တကယ်လို့ခေါင်းရဲ့ ၄၅ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း လောက် ဖြူနေရင် တော့ တာရှည်ခံ အရောင် ဆိုးသင့်ပါ တယ်။

(၄) ဆံပင်အလှပြင်ပစ္စည်းများသုံးခြင်း - တကယ်လို့သင်က ဆေးလည်း မဆိုး ချင်ဘူး။ ဆံပင်ဖြူတာ ကိုလည်း ဖုံး ကွယ်ထားချင်ရင်တော့ အရောင်တင် စပေရေးတွေကို သုံးနိုင်ပါတယ်။

ဆံပင်ဖြူနဲ့စတိုင်ကျအောင် ဘယ်လို နေကြမလဲ။

(၁) ဆံပင်တိုတိုစတိုင်ကျကျ ညှပ်လိုက်ပါ။(သို့မဟုတ်)

(၂) ဆံပင်ဆိုးသောပညာရှင်များနှင့် တိုင်ပင်၍ ဟိုင်းလိုက်ကို ဝေ့ဗ်ခလေး များဖော်၍ ဆိုးပြီး တိုနာသုံးပါ။

(၃) ဆံပင်ကို ဂရုစိုက်ပါ။ အပြာရောင် ရှန်ပူများကို သုံးပါ။ ယင်းတို့က ဆံပင် ဆက်လက်ဖြူမသွားစေရန် ထိန်းပေး နိုင်ပါတယ်။ ကွန်ဒီရှစ်နာ တစ်လတစ် ကြိမ်သုံးပါ။ ဆံပင်ကို ရေဓာတ်မခန်း ခြောက်စေရန် ဂရုစိုက်ပါ။

(၄) ဆံပင်ဖြောင့်စေမယ့်စက်များကို သုံးပြီး ဆံပင်ကို ပိုတောက်ပြောင်၊ ချောမွတ်တယ်လို့ထင်ရအောင် ပြင် ထားပါ။ အကြောင်းကတော့ ဆံပင်ဖြူ တွေက ကောက်ကွေးမွဲခြောက်လွယ် လို့ပါပဲ။ ဘ၀မှာ ပျော်ပျော်နေပါ။ အလှအပဆိုတာ ဆံပင်အရောင်ဖြူ တာမဖြူတာနဲ့ မသတ်မှတ်ထားပါဘူး။

သဘာဝရဲ့အားအင်
Related Posts Plugin for WordPress, Blogger...