လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်း

ခြင်းလုံးကစားနည်းသည် မြန်မာ့ရိုးရာတစ်ရပ်ဖြစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်းဖြစ်သည်။ ညင်သာသည့် ခြေခတ်ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့် လူကြီး၊ငယ်မရွေး၊ ကျား၊မ မရွေး ကစားနိုင်သည့် ကစားနည်းဖြစ်သည်။ ထိုကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီသဘောလည်း ပါဝင်နေသည်။
ဝိုင်းခြင်းအတွက် အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံးဖြစ်သည်။ ထိုခြင်းလုံး၏ ကြိမ်တွေကြားတွင် ၀ါးလေးတွေကို သိပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲ မန်ကျည်းရွက်နှင့်အတူ ထည့် ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုသို့ စီမံထားလျှင် ၀ိုင်းခြင်းခတ်ရန် အထူး ကောင်းမွန်သည်။ ကော်ခြင်းလုံးများနှင့် အလွန် ကွာခြားလှသည်။


ပေါ်ပေါက်လာပုံ
ခြင်းလုံး စတင်ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်ပြီး ငြင်းခုန်နေဆဲဖြစ်သည်။ အချို့က နှစ်ပေါင်း ၂၅၀၀ ကျော် ကြာခဲ့ပြီ ဟု ဆိုပြီး အေဒီ ၇ ရာစု ရှေးဟောင်း ပျူခေတ်ကပင် ရှိသည်ဟုလည်း ပြောကြပြန်သည်။ အချို့က ၁၉ ရာစု နှောင်းပိုင်းမှ ပုဂံမင်းလက်ထက်မှ စတင်ခဲ့ပြီး မင်းဆွေမင်းမျိုးများ ကြည့်ရန် ဖျော်ဖြေ ခဲ့ကြသည်ဟုလည်း ရှိပြန်သည်။ 
အထောက်အထားတစ်ခုမှာ မြန်မာနိုင်ငံေ၇ှးဟောင်းသုတေသနဌာနမှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ် ၏ ၁၉၂၆-၂၇ အတွင်း နှစ်ပတ်လည် အစီရင်ခံစာ တွင်ဖြစ်သည်။ ထိုစာပိုဒ်တွင် ပြည်မြို့အပိုင်၊ မှော်စာရွာအနီး ၊ ကုလားတန်ကုန်းရွာမလှမ်းမကမ်း ဦးခင်ဘဆိုသူ၏ ယာမြေအောက်ရှိ အုတ်တိုက်မှ ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာများ တူးဖော်ရရှိခဲ့သည်။ ထူးခြားသည်မှာ နှစ်လက်မ မတ်တင်း အချင်းရှိ ငွေခြင်းလုံးလေး ပါရှိခဲ့သည်။ သုတေသနပြုကြည့်ရာ ခရစ်နှစ် ၇ ရာစု ခန့်က ခု သိရသည်။ ထိုခေတ်အရ ပျူခေတ် ဟု ဆိုသည်။ 
တရုတ်စာပေ ဟန်ရာဇ၀င်တွင် ကိုဟန်ရှုဆိုသူရေးထားသည်မှာ ခရစ် ၉၇ နှစ်က အီဂျစ်မှ လာသော ဟန်နှင့် ချစ်ကြည်ရေး အဖွဲ့ဝင်များ တရုတ်ဘုရင်ထံ ခစားရာတွင် တီးမှုတ်ပညာရှင်၊ မျက်လှည့်နှင့် အလုံးပုံစံ အရာကို ကစားပြသူများ ပါသည်ဟု ရေးထားသည်။ ထို ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာ ကစားနိုင်သူဟု ဆိုသည်။ အဖွဲ့လိုက် မဟုတ်သည်က တကြောင်း၊ ခြင်းလုံးခတ်အားကစား ခေတ်ဦးပိုင်းက မြန်မာတွင် တစ်ကိုယ်ရေ အတတ်ပြ ခြင်းလုံး အတင်၊ အညှပ်ကစားပြသည်များ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်းလုံးဖြစ်ပြီး ကစားသူမှာ မြန်မာပြည်ကဖြစ်မည်ဟု ခြင်းသုတေသီတစ်ဦးက မှတ်ချက်ပြုထားသည်။ အထောက်အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့အဖွဲ့သည် တရုတ်ပြည်အသွား မြန်မာမြောက်ဖျားမှ ဖြတ်စဉ် ခရီးတစ်ထောက်နားခိုက် ထိုကစားသူကို ခေါ်ယူသွားခြင်းဖြစ်သည် ဟုဆိုသည်။ ယခုတိုင် အီဂျစ်တွင် ခြင်းလုံးကစားခြင်း မရှိ။ ထို့ကြောင့် မြန်မာပြည်မှ ဟု သုတေသီများက ဆိုကြသည်။
စာရေးဆရာ လှသမိန်က စာပေဗိမာန်မဂ္ဂဇင်း အတွဲ ၁ ၊ အမှတ် ၅ တွင် ကုန်းဘောင်ခေတ်ကဟု ယူဆရေးသားခဲ့သည်။ စာရေးဆရာ တက္ကသိုလ်ချစ်ဆွေကလည်း ကုန်းဘောင်ခေတ် ဟုရေးသားထားသည်။ ညောင်လေးပင်မြို့၊ အောင်သပြေဦးအေးမောင် (ခြင်းတော်သားလက်စွဲ စာအုပ်ရေးသူ) ကတော့ ပုဂံမင်းလက်ထက်က စသည်ဟု ရေးထားသည်။
တဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း ၁၂၀၈ ခုနှစ်တွင် နန်းတက်သော ပုဂံမင်းထံ ဆင်ဆွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံးပုံစံတစ်ခု ဆက်သရာ ပုဂံမင်းသဘောကျပြီး ထိုပုံစံအတိုင်း ကြိမ်ဖြင့်ယက်စေကာ နန်းတွင်းမှူးမတ်တို့၏ သားတော်၊ လူပျိုတော်သားများကို ကစားစေသည်ဟုဆိုသည်။  မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ တွင် သရေခေတ္တရာမြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီးစေတီ ဌာပနာတိုက်ထဲမှ ငွေသားခြင်းလုံးငယ်တစ်လုံး တူးဖော်ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။
၁၇၈၂ တွင် အင်းဝသို့ သာသနာာပြုရန် ရောက်လာသော အီတလီမှ ဗရင်ဂျီဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်းတွင် မြန်မာပြည်တွင် သူနေစဉ် တွေ့ခဲ့ရသော ကစားမှုများမှာ ခုံညင်းထိုးခြင်း၊ ဆင်စွယ်ဖဲချပ် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း၊ ၀ါးကို ပါးအောင်လှီးပြီးယက်သောအလုံးကို ခြေဖြင့် ကစားခြင်း တို့ကို တွေ့ရသည်ဟု ရေးထားသည်။ ၁၈၇၄-၇၅ တွင် မြန်မာသို့ရောက်လာသည့် အင်္ဂလန်မှ ခွဲစိတ်ကု ဆရာဝန်ကြီး စီအေဂေါ်ဒွန် ၏ မြန်မာပြည်သို့ ခရီးထွက်ခြင်း စာအုပ်တွင် ခြင်းလုံးကစားနေသည်ကို တွေ့ရကြောင်းရေးသားခဲ့သည်။  

ခြင်းကြီး ၁၀ မျိုး

မဟာ
မဟာဒူး၊ ဂုမ္ဘာဏ်
ဝိုက်ကြီး
စလွယ်ကြီး
တည့်ဖ၀ါး
တည့်ဖနောင့်
မဟာညွန့်
ညွန့်ဒူး
နဂါးပတ်ဖ၀ါး
နဂါးပတ်ဖနောင့်

ခေတ်ဆန်း ခြင်းပေါက်များမှာ
သမင်လည်ပြန်ဖနောင့်
မြင်းစီးဖနောင့်
လျှပ်ဒူး
မန္တလာခြေဖျား
လေ၀ဲ တို့ဖြစ်ကြသည်။

Wikimyanmar မှ ဖော်ပြပါသည်။ 

လူတို့ရဲ့ အရိုးကို စေတီတည်ကောင်းသလား


လောကမှာ စေတီတည်ပြီး ကိုးကွယ်သင့်တဲ့ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြာဝတေးမင်းတို့ ဖြစ်ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီတည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချုပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီတည်ပြီး ကိုးကွယ်သင့်တဲ့အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။ 

ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုးစေတီအဖြင့် တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ 

ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီတည်ကြမယ်ဆိုရင် နေရာအနှံ့ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒီလိုသာဆိုရင် လူတွေ ကိုးကွယ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီတည်ထားဖို့ အခွင့်မပေးခဲ့ပါဘူး။ လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။

ဦးကောဝိဒ(မြိတ်) မှ ဖြေကြားပါသည်။ 

သင့်ဦးနှောက် စွမ်းရည် ကောင်းစေနို်င်သည့် နည်းလမ်းများ


မှတ်ဥာဏ် ပိုကောင်းချင်သလားပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကိုပိုပြီးကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

(၁) သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ
အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာ ဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။ Laptop ဒါမှမဟုတ် Tablet တို့၊ I-pad တို့ထဲမှာ စာရိုက်ကာ မှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။
ဘာကြောင့်လဲ
ဘောပင်ကိုစာရွတ်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိ သင်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ စာလုံးတစ်လုံးချင်းကို သေချာအချိန်ယူရေးပါက အဲဒီစာလုံးကိုပိုပြီး မှတ်ရလွယ်ကူပါတယ်။

(၂) လက်ဟန် ခြေဟန်ကိုလည်း သုံးပါ
လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဥပမာအားဖြင့် ကားမောင်းဖို့ လမ်းကြောင်းမှတ်တဲ့အခါ ညာဘက် ကွေ့ရမယ့်နေရာမှာ ညာဘက် ကိုလက်ညှိုးထိုးပြီးမှတ်တဲ့အခါ ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကို ပိုမှတ်မိတတ်ပါတယ်။

(၃) မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ
နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကိုသတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။ စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ တစ်နေ့ကို ဆယ်မိနစ်လောက် စိတ်ပါလက်ပါ စကားပြောဆိုရုံနဲ့ တိုးတက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။
ဘာကြောင့်လဲ
ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဒီအစိတ်အပိုင်းတွေကို များများ အသုံးပြုလေ မှတ်ဥာဏ် ပိုကောင်းလေပါပဲ။

(၄)အပေါင်းအသင်းများလေကောင်းလေ
သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကိုသိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။

(၅) ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ
အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကို သက်သာစေပါတယ်။
ဘာကြောင့်လဲ
ဘလူးဘယ်ရီသီးတွေမှာ ဦးနှောက်ဆဲလ်တွေ ဆက်သွယ်မှု ကောင်းစေနိုင်တဲ့ Anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်ပါ။

(၆) အစေ့အဆန်လည်းစားပေးပါ
ကောင်းမွန်တဲ့ HDL ကိုလက်စထရောများသူတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် HDL ကို လက်စထရောများစေနိုင်တဲ့ အစေ့အဆန်လေးတွေကို များများ စားပေးသင့်ပါတယ်။

(၇) အလုပ်ပြီးစေဖို့ လေချွန်ပါ
အလုပ်လုပ်ရင်း လေချွန်တာဟာ အလုပ်ကိုအနှောင့်အယှက် မဖြစ်စေတဲ့အပြင် အလုပ်တောင် ပိုပြီးစေကြောင်း သိရပါတယ်။ စိတ်ဖိစီးမှု များစေနိုင်တဲ့ အလုပ်ကိုလုပ်ရာမှာ လေလေးတချွန်ချွန်၊ သီချင်းလေး တညည်းညည်းလိုစဉ်းစားစရာမလိုဘဲအလိုလိုလုပ်မိနေတဲ့ အပြုအမူတွေကို လုပ်သူတွေဟာ အလုပ်ထဲမှာပဲ အာရုံအားလုံး စူးစိုက်ထားသူတွေထက် စာရင် အလုပ်ပိုပြီးတာကို တွေ့ရပါတယ်။
ဘာကြောင့်လဲ
အလုပ်တစ်ခုထဲမှာပဲ ဦးနှောက်ကို အားကုန်ထည့်ထားပါက အချက်အလက်တွေ ပိုလျှံ ကျလာနိုင်ပါတယ်။ ဒါပေမဲ့ လေချွန်တာ၊ သီချင်းညည်းတာလိုအာရုံလွှဲတဲ့ အရာနဲ့ တွဲလုပ်ပါက ဦးနှောက်က တစ်ချိန်တည်းမှာပဲ အချက်အလက်တွေကို နည်းနည်းစီ ခွဲမှတ်တာကြောင့် ပိုပြီးအလုပ်ပြီးပါတယ်။

(၈)သစ်ပင်တွေရဲ့ အကူအညီလည်းယူပါ
ပန်းခြံထဲလမ်းထွက်လျှောက်တာ၊ ဓာတ်ပုံထဲရှိ စိမ်းလန်းစိုပြည်နေတဲ့ ရှုခင်းတွေကို ငေးကြည့်တာကလည်း အလုပ်ကိုပိုပြီးစေပါတယ်။ သစ်ပင်၊ ပန်းမန်တွေရဲ့ ပုံတွေက စိတ်ဖိစီးတင်းကျပ်မှု ကို လျော့ကျစေလို့ပါ။

(၉) ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အိပ်ချိန် ၇ နာရီရှိပါစေ
ညဘက်အိပ်ချိန်က အနည်းဆုံး ခုနှစ်နာရီရှိဖို့ လိုပါတယ်။ ဒါမှသာအိပ်ရေးဝပြီး အိပ်မက်မက်စေတဲ့ REM Sleep အဆင့်ကို အပြည့်အဝရမှာပါ။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်တဲ့အခါ ဒီအဆင့်ရောက်တဲ့ သူတွေဟာ အိပ်ရေးမဝကာအိပ်မက် မက်သူတွေထက်စာရင် တီထွင်ဖန်တီးမှု ဥာဏ်နဲ့ မှတ်ဥာဏ် ပိုကောင်းတာကြောင့်ပါ။ ဒီဥာဏ်တွေ ပိုကောင်းမှလည်း ပြဿာနာတွေ ပိုဖြေရှင်းနိုင်မှာပါ။
ဘာကြောင့်လဲ
အချက်အလက်တွေကို ပြန်ပြီး မှတ်မိစေသလို အနာဂတ်မှာလည်း စိတ်ကူး စိတ်သန်း ပိုကောင်းစေနိုင်တာကြောင့်ပါ။

အခြားဦးနှောက်စွမ်းရည် တိုးစေသောအရာများ
-ဆုံးဖြတ်ချက်မြန်စေဖို့ ဟင်းနုနယ်စားပါ
ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥတို့မှာဦးနှောက်ဆီသွေးစီးဆင်းမှု မြန်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါရှိပါတယ်။

-ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။
ကော်ဖီမှာသကြားထည့်သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ ကြိုက်ရင်လည်း ကွတ်ကီးတစ်ခုခုနဲ့ တွဲစားပါ။ ကဖင်းနဲ့ သကြားတွဲပြီး စားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေ​ပါတယ်။

-အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ
ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီး ထွက်ရှိစေပါတယ်။

Ref: အိမ်မက်ရွာ 

အပါယ်ရောက်ကြောင်းအလှူဒါန (၁၀) ပါး


၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )
၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ
၃။ ဣတ္ထိဒါန- မိန်းမအလှူ
၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ
၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ
၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ
၇။ ၀ိသဒါန- အဆိပ်အလှူ
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။

၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။ 
အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတယ်။

၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။

၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၎။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။

ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) 

မင်းကိုနိုင် ၏ "နောက်ကြည့်မှန်"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ လုံးချင်းဝတ္ထုဖြစ်တဲ့ "နောက်ကြည့်မှန်" ကို ဒါရိုက်တာ ၀င်းထွန်းထွန်းမှ ၀ယ်ယူခဲ့ပါတယ်...။ ရုပ်ရှင်ရိုက်ကူးမယ့်သူရှိရင်လည်း ခွင့်ပြုမယ်လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းက ပြောခဲ့ပါတယ်..။ ငွေကြေး ဘယ်လောက်နဲ့ ၀ယ်ယူခဲ့သလဲ ဆိုတာတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး..။ အဲလို ၀ယ်ယူခဲ့ရာမှာ ဈေးနှုန်းမသိခဲ့ကြပေမယ့် လက်ရှိ ရုပ်ရှင်၊ ဗီဒီယိုလောကမှာ ၀ယ်တဲ့ဈေးတွေထက် ပိုပြီးမြင့်တယ် ဆိုပြီးတော့ သတင်းထွက်နေပါတယ်..။ 
ဒီတော့ အဲ့ဒီ "နောက်ကြည့်မှန်" ၀တ္တုကို ဖတ်ချင် ဒေါင်းချင်သူများအတွက် အွန်လိုင်းပေါ် တင်ပေးလိုက်ပါတယ်ဗျာ...။ နိုင်ငံရေး လုပ်တာတော့ မဟုတ်ဘူးနော်.. ဖတ်ချင်တဲ့သူတွေအတွက် တင်ပေးတာပါ.. :)

ဖတ်ချင်၊ ဒေါင်းချင်သူတွေအတွက် >> ဒီလင့် လေးကို သွားလိုက်ပါ။


ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ၁၀ ခု

၁။ တိုင်ပေ ၁၀၁ မျှော်စင်
တရုတ်-တိုင်ပေ - ၁၆၆၇ ပေ - ၁၀၁ ထပ်


၂။ ပီထရိုနပ်မျှော်စင်-၁
ကွာလာလမ်ပူ-မလေးရှား - ၁၄၈၃ ပေ - ၈၈ ထပ်

၃။ ပီထရိုနပ်မျှော်စင်-၂
ကွာလာလမ်ပူ-မလေးရှား - ၁၄၈၃ ပေ - ၈၈ ထပ်


၎။ ဆီးယားမျှော်စင်-၁
ချီကာဂို-အမေရိကန် - ၁၄၅၁ ပေ - ၁၁၀ ထပ်


၅။ ကျင်းမော်အဆောက်အအုံ
ရှန်ဟိုင်း-တရုတ် - ၁၃၈၁ ပေ - ၈၈ ထပ်


၆။ တူးအင်တာနေရှယ်နယ်စင်တာ
ဟောင်ကောင်-တရုတ် - ၁၃၆၂ ပေ - ၈၈ ထပ်


၇။ စကိုင်းစင်ထရယ်ပလာဇာ
ဂွမ်ဇူး-တရုတ် - ၁၂၈၃ ပေ - ၈၀ ထပ်


၈။ ဆွန်ဟင်းရင်ပြင်
ရှန်ကျန်း-တရုတ် - ၁၂၆၀ ပေ - ၆၉ ထပ်


၉။ အင်ပါယာစတိတ်
နယူးယောက်-အမေရိကန် - ၁၂၅၀ ပေ - ၁၀၂ ထပ်


၁၀။ စင်ထရယ်ပလာဇာ
ဟောင်ကောင်-တရုတ် - ၁၂၂၇ ပေ - ၇၈ ထပ်


ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် သေဆုံးမှုသည် ဆေးလိပ်ကြောင့်နှင့် ဆတူလာ

ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်းကြောင့် သေဆုံးမှုနှုန်းသည် ဆေးလိပ် သောက်သုံးမှုကြောင့် သေဆုံးမှုနှုန်းနှင့် ဆတူဖြစ်လာနေကြောင်း လေ့လာမှု တစ်ခုက ဖော်ပြသည်။
လန်ဒန်အိုလံပစ် မကျင်းပမီ အချိန်ကိုက် ထွက်ပေါ်လာသည့် Lancet ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု၌ ကမ္ဘာပေါ်ရှိ သေဆုံးသူ ၁၀ ဦးတွင် တစ်ဦးမှာ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးမှုနှုန်း၊ အ၀လွန်ခြင်းကြောင့် သေဆုံးမှုနှုန်းတို့နှင့် ဆတူဖြစ်ကြောင်း ဖော်ပြထားသည်။
လေ့လာမှုများအရ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အ၀လွန်ရောဂါ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်ပွားပြီး သေဆုံးမှုနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း သုံးသပ်ခဲ့သည်။
ကိုယ်လက်လှုပ်ရှားမှုများခြင်း၏ ကောင်းကျိုးကို ဖော်ပြကြသော်လည်း ကိုယ်လက်လှုပ်ရှားမှုနည်းလျှင် ဖြစ်လာနိုင်သည့် ပြဿနာများကိုမူ ဖော်ပြသတိပေးမှု နည်းသေးကြောင်း ကမ္ဘာတစ်ဝန်းမှ သုတေသန ပညာရှင်များ၏ လေ့လာမှုငါးခုက ဖော်ပြသည်။
လေ့လာမှုတစ်ခုတွင် အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံမှာ ကိုယ်လက်လှုပ်ရှားမှု နည်းသောကြောင့် ရောဂါဘယများ ဖြစ်ပွားနိုင်ခြေမြင့်မားသည့် အန္တရာယ်ကြုံနေရကြောင်း ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် နိုင်ငံဒေသပေါ်လိုက်ပြီး ကိုယ်လက်လှုပ်ရှားမှု အနည်းအများ ကွာ ဟချက်ရှိနေပြီး နိုင်ငံအများစုတွင် အမျိုးသမီးများမှာ ကိုယ်လက်လှုပ်ရှားမှု ပိုနည်းသည်ဟု ယေဘုယျပြောနိုင်ကြောင်း သုံးသပ်ခဲ့သည်။
အရွယ်ရောက်ပြီးသူများသည် တစ်ပတ်လျှင် ပျမ်းမျှ နှစ်နာရီခွဲခန့် အပေါ့စား လေ့ကျင့်ခန်းများဖြစ်သည့် လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ပန်းစိုက်ရေလောင်းခြင်းကဲ့သို့သော ကိစ္စများကို လုပ်သင့်သည်ဟု သုံးသပ်ထားသည်။
လူအများ ကိုယ်လက်လှုပ်ရှားမှု လုပ်စေရေး စေ့ဆော်မှုများပြုလုပ်ရန် လိုအပ်သလို ကိုယ်လက်လှုပ်ရှားလုပ်နိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်လည်း လိုကြောင်း သုံးသပ်ထားသည်။

Ref: Eleven

နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် (အမေးအဖြေများ) အပိုင်း- ၂

ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ...
စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Ven.Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ။
စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖေါ်ပြဖူးပါတယ်။
အပိုင်း ၁ ကို ရှေ့မှာ တင်ထားပြီး ဖြစ်ပါတယ်...။

မေး - ဒါပေမယ့် တစ်ခါတရံမှာ သတ်ဖြတ်တာဟာ ကောင်းတာ သေချာပါတယ်။ ဥပမာ - ရောဂါ ပျံ့နှံ့စေတဲ့ ပိုးကိုသတ်တာ သင့်ကို သတ်မည့်လူကို သတ်တာမျိုးပေါ့။
ဖြေ - သင့်အတွက်တော့ ကောင်းမှာပေါ့။ အဲဟို အသတ်ခံရတဲ့ ပိုးမွှား၊ အသတ်ခံရတဲ့လူမှာ ဘယ်လိုနေမလဲ။ သင် အသက်ရှင်နေချင်သလို သူတို့လဲ အသက်ရှင်နေချင်တာပေါ့။ သင်ရောဂါဖြန့်ပိုးကို သတ်ဖို့ ဆုံးဖြတ်တဲ့ အခါမှာ ကိုယ့်ကို စိုးရိမ်ကြောင့်ကြမှု (ကောင်းတာ)နှင့် ပြောင်းပြန်သဘော (မကောင်းတာ) ရောနှောနေတယ်။ အဲဒီ သတ်ဖြတ်မှုက သင့်ကို ကောင်းကျိုး (ကောင်းမှု) ရစေပြီး၊ ဟိုပိုးမွှားကို ဆိုးကျိုး (မကောင်းမှု) ရစေတာ ထင်ရှားပါတယ်။ *ဒီတော့ ရံဖန်ရံခါမှာ သတ်ဖြတ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပေတဲ့ ဘယ်တော့မှ ကောင်းမှုတော့ မဖြစ်နိုင်ပါဘူး။*
************************************************************
မေး - သင်တို့ ဗုဒ္ဓဘာသာတွေဟာ ပုရွက်ဆိတ်တွေ၊ ကြမ်းပိုးတွေနှင့် ပတ်သက်လို့ စိုးရိမ်ကြောင့်ကြ လွန်းပါတယ်။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေဟာ ခွဲခြားမှု မရှိဘဲ အားလုံးကို လွှမ်းခြုံမိတဲ့ သနားကြင်နာ ကရုဏာတရား တိုးပွါးဖို့ ကြိုးစားနေကြပါတယ်။ သူတို့ဟာ ကမ္ဘာလောကကြီးကို သတ္တ၀ါတိုင်း သူ့နေရာနှင့်သူ၊ သူ့လုပ်ငန်းဆောင်တာနှင့်သူ အသီးသီး စုပေါင်း ဖွဲ့စည်းထားတဲ့ အပေါင်းအဖွဲ့ကြီး တစ်ခုအဖြစ် မြင်ကြပါတယ်။ *ကျွန်ုပ်တို့ဟာ သဘာဝတရားရဲ့ သိမ်မွေ့တဲ့ ချိန်ညီမှုကို ဖျက်ဆီးမပြစ်မီ ကျွန်ုပ်တို့ သတိထားသင့်တယ်လို့ ယုံကြည်ကြပါတယ်။ *သဘာဝတရားကို အပြည့်အ၀ လက်ဝါးကြီးအုပ် သုံးစားခြင်း၊ လျော့သွားတာကို ပြန်ဖြည့်မပေးဘဲ သဘာဝတရားရဲ့ နောက်ဆုံး အစက် အပေါက်ကလေး တစ်ခုကိုတောင်မှ မရမက ဖြစ်ညှစ်ယူခြင်း၊ သဘာဝတရားကို အနိုင်ယူခြင်း၊ လွှမ်းမိုးခြင်းများ အပေါ်မှာ အလေးပေးထားတဲ့ အဲဒီ ယဉ်ကျေးမှုကိုပဲ ကြည့်ပါဦး။ *အခုသဘာဝက တော်လှန် တိုက်ခိုက်နေပါပြီ။ လေဟာ အဆိပ် သင့်နေပါပြီ။ မြစ်ရေတွေညစ်ညမ်းပြီး ခန်းခြောက်ကုန်ကြပြီ။ လှပတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်း မြောက်များစွာဟာ မျိုးသုဉ်းကုန်ကြပါပြီ။ တောင်တွေပေါ်မှာ သစ်ပင် ကင်းမဲ့ပြီး တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ။ ရေတိုက်စားကုန်ကြပြီ။ ရာသီဥတုတောင်မှ ပြောင်းလဲ နေပါပြီ။ လူတွေဟာ ကြိတ်ချေဖို့၊ ဖျက်ဆီးဖို့၊ သတ်ဖြတ်ဖို့၊ စိတ်စောနေမှုကလေး နည်းနည်း လျှော့ပေးလိုက်ရင်ပဲ အခုပြောခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ကျွန်ုပ်တို့ အားလုံးဟာ သဘာဝရဲ့ အသက်ကို လေးစားမှု နည်းနည်းလေးပဲဖြစ်ဖြစ် ပိုတိုးလာအောင် ကြိုးစားသင့်ကြပါတယ်။ ဒါဟာ သတ္တ၀ါရဲ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုတဲ့ ပထမ သိက္ခာပုဒ်က ပြောပြနေတဲ့အချက်ပါပဲ။*
**************************************************
မေး - ဒါပေတဲ့ မုသာဝါဒနဲ့ ပတ်သက်တာ ကျတော့ ဘယ်လိုလဲ။ မုသား မပြောဘဲ နေလို့ဖြစ်ပါ့မလား။
ဖြေ - လူ့အသိုင်းအ၀န်းထဲမှာ ဖြစ်စေ၊ စီးပွါးရေး လောကထဲမှာ ဖြစ်စေ မုသားမပါဘဲ နေထိုင်လုပ်ကိုင်ဖို့အမှန်တကယ် မဖြစ်ဘူးဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အကျင့်ပျက်မှုမျိုးကို ပြောင်းလဲ ပစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ပိုပြီး တော်တည့်မှန်ကန်ဖို့၊ ပိုပြီး ရိုးသားဖြောင့်မတ်ဖို့ ကြိုးစားရင်း ပြဿနာနဲ့ ပတ်သက်လို့ လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ သန္နဋ္ဌာန်ချထားတဲ့ လူမျိုးပါ။
**************************************************
မေး - ကောင်းပြီ။ ဒါဖြင့် အရက်နှင့် ပတ်သက်လို့ ဘယ်လိုလဲ။ နည်းနည်းပါးပါးလေး သောက်တာကတော့ မထိခိုက်တာ သေချာပါတယ်။
ဖြေ - လူတွေဟာ အရက်ကို အရသာခံဖို့ မသောက်ကြပါဘူး။ သူတို့ တစ်ယောက်တည်း သောက်တဲ့အခါ စိတ်ပြေလက်ပျောက် သောက်ကြတာပါ။ လူမှုရေး အနေနဲ့ သောက်တဲ့အခါ အများနှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ သောက်ကြတာပါ။ သို့သော်လဲ အရက်ကို နည်းနည်းလေးပင် သောက်ဦးတော့ စိတ်ဓါတ် ပျက်စီးပြီး သတိလက်လွက် ဖြစ်စေပါတယ်။ အများကြီး သောက်ရင်တော့ ပျက်စီးတော့တာပါပဲ။
**************************************************
မေး - ဒါပေတဲ့ နည်းနည်းပါးပါးသောက်တာဟာ သီလ မကျိုးဘူး မဟုတ်လား။ နည်းနည်းလေးပဲဟာ။
ဖြေ - ဟုတ်ပါတယ်။ နည်းနည်းလေးပါပဲ။ ဒါပေတဲ့ နည်းနည်းတောင်မှ မစောင့်ထိန်းနိုင်ရင် သင့် ဆုံးဖြတ်ချက်ဟာ မခိုင်မာဘူးပေါ့။ မဟုတ်ဘူးလား။
**************************************************
မေး - ငါးပါးသီလဟာ အပြုသဘော မဟုတ်ပါဘူး။ ငါးပါးသီလက သင့်ကို မလုပ်ဖို့ပဲ ပြောတယ်။ လုပ်ဖို့ကျတော့ မပြောဘူး။
ဖြေ - ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်မျှပါပဲ။ ကျင့်ဝတ်အားလုံး မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို မှတ်သားထားပြီးတော့ အဲဒါတွေကို မလုပ်မိအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်ကျင့်တရားကို စ ရပါတယ်။ ဥပမာ - စကားပြောတယ် ဆိုကြပါစို့။ မုသားပြောမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် စ သင့်ကြောင်း မြတ်စွာဘုရား မိန့်တော်မူပါတယ်။ အဲဒီလို ရှောင်ကြဉ်ပြီးတော့ မှန်တဲ့စကား နူးညံ့သိမ်မွေ့တဲ့စကား၊ ယဉ်ကျေးဖွယ်ရာစကား၊ အချိန်ကာလနှင့် ကိုက်ညီတဲ့စကားကို ပြောရပါမယ်။ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်းမိန့်တော်မူပါတယ်..... မမှန်သော စကားကို ရှောင်ကြဉ်သူသည် မှန်သောစကား၊ အားကိုးထိုက်သောစကား၊ ယုံကြည်ထိုက်သော စကား၊ မှီခို အားထားထိုက်သော စကားကိုပြောသူဖြစ်သည်။ သူသည် လောကကို မလိမ်ညာ မလှည့်စားပေ။ ဂုံးချောစကား ရှောင်ကြဉ်သူသည် လူအများကြားတွင် စိတ်ဝမ်း ကွဲပြားစေဖို့ရာ ဤနေရာ၌ ကြားသောစကားကို ထိုနေရာ၌ မပြောကြားပေ။ထိုနေရာ၌ ကြားသော စကားကို ဤနေရာ၌မပြောကြားပေ။ သူသည် စိတ်ဝမ်းကွဲပြား နေသူများကို အစေ့အစပ်စကား ပြောကြား လေ့ရှိ၏။ ခင်မင်နေသူများကို ပိုမိုချစ်ခင်အောင် အားပေးစကား ပြောကြားတတ်၏။ ညီညွတ်မှုသည် သူ၏ ပျော်ရွှင်မှု၊ ညီညွတ်မှုသည် သူ၏ ၀မ်းမြောက်မှု၊ ညီညွတ်မှုသည် သူ၏ ချစ်ခင်မှုဖြစ်သည်။ ဤသည်မှာ သူစကားပြောရာတွင် ပါဝင်သော စိတ်ထား စေတနာဖြစ်သည်။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ရှောင်ကြဉ်သူသည် အပြစ်ကင်းသော စကား၊ နား ၀င်သာသော စကား၊ နှစ်သက်ဖွယ်သော စကား၊ စိတ်နှလုံးသို့ သက်ဝင်သော စကား၊ ယဉ်ကျေးသော စကား၊ အများနှစ်သက် သဘောကျသော စကားကို ပြောဆိုတတ်၏ ။ အကျိုးမရ အနှစ်သာရ မရှိသော စကားကို ရှောင်ကြဉ်သူသည် အချိန်ကာလနှင့် ကိုက်ညီသော စကား၊ မှန်သောစကား၊ အကျိုးရှိသော စကား၊ တရားနှင့် စပ်သော စကား၊ ကျင့်ဝတ်နှင့် စပ်သော စကားကို ပြောဆိုတတ်၏။ သူသည် စိတ်နှလုံး၌ သိုမှီထားထိုက်သော စကား၊ အချိန်ကာလနှင့် လျော်သောစကား၊ သင့်လျော် လျောက်ပတ်သော စကား၊ အဓိပ္ပါယ်ပြည့်ဝသောစကား၊ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုတတ်၏။
**************************************************
မေး - ထာဝရဘုရား သို့မဟုတ် တန်ခိုးရှင်ဘုရားများရဲ့ တန်ခိုးကို အားကိုးအားထားမှသာလျှင် လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ တချို့ ပြောကြပါတယ်။ (အဲဒါ ဘယ်လို အဘောရပါသလဲ။)
ဖြေ - ဒါကတော့ လုံးဝ မှားပါတယ်။ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဘယ်ဘာသာမှ မကိုးကွယ်သူတွေ သန်းချီရှိကြပါတယ်။ သူတို့ဟာ တစ်ခါတလေမှသာ မဟုတ်ဘဲ အမြဲတစေ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး တစ်ယောက်ကို ယုံကြည်နေကြတဲ့ လူများအကြားမှာ တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်မျိုးလိုပါပဲ။ သင်ဟာ ရိုးသားစွာ ကြိုးစားရင် သင့်ရဲ့ အပြုအမူတွေကို စင်ကြယ်အောင် လုပ်နိုင်ပါတယ်။ လုံးဝ အပြည့်အစုံ မစင်ကြယ်နိုင်တောင်မှ ပိုပြီး စင်ကြယ်အောင် ကြိုးစား လုပ်ဆောင်နိုင်တာကတော့ သေချာပါတယ်။
**************************************************
မေး - ဗုဒ္ဓဘာသာဝင်တွေဟာ သက်သတ်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
ဖြေ - အဲဒီလိုဖြစ်ဖို့ မလိုအပ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ သက်သတ်လွတ်သမားမဟုတ်ပါဘူး။ သူ့ရဲ့ တပည့်များကိုလဲ သက်သတ်လွတ်စားဖို့ မမိန့်ကြားပါဘူး။ ဒီခေတ်မှာတောင်မှ သက်သတ်လွတ်သမား မဟုတ်ဘဲ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါပဲ။
**************************************************
မေး - ဒါပေမယ့် သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။
ဖြေ - မှန်ပါတယ်။ တစ်စိတ် တစ်ဒေသအားဖြင့် သွယ်ဝိုက်ပြီးတာဝန်ရှိပါတယ်။ သို့သော်လဲ သင် ဟင်းသီး ဟင်းရွက် စားတဲ့အခါလဲ အတူတူပါပဲ။ လယ်ယာဦးကြီးက ဟင်းသီးဟင်းရွက်တွေ ပိုးပေါက်မပါဘဲ သင့် ထမင်းစားပွဲပေါ် ရောက်အောင် အဆိပ်တွေ ဖျန်းပေးရပါတယ်။ ပြီးတော့ သင့် သားရေခါးပတ်အတွက်၊ လက်ဆွဲအိတ်အတွက်၊ သင်သုံးတဲ့ ဆပ်ပြာချက်ဖို့ အမဲဆီ၊ ပြီးတော့ တခြား တိရစ္ဆာန် သားရေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ၊ ဒါတွေအတွက် တိရစ္ဆာန်တွေကို သတ်ရပါတယ်။ တခြား သတ္တ၀ါ သေတဲ့အတွက် တစ်နည်းနည်းနဲ့ သွယ်ဝိုက်ပြီး တာဝန် မရှိအောင် အသက်ရှင်နေဖို့ မဖြစ်နိုင်ပါဘူး။ *ဒါဟာ ဒုက္ခသစ္စာရဲ့ ပုံစံ တစ်ခုပါပဲ။ *သူလို ကိုယ်လို သာမာန် အသက်ရှင်နေတာဟာ ဆင်းရဲပါတယ်။ ကျေနပ်ဖွယ် မရှိပါဘူး။* သင် ပါဏာတိပါတ သိက္ခာပုဒ် ဆောက်တည်တဲ့ အခါမှာ သတ္တ၀ါရဲ့ အသက်ကို သတ်ခြင်းအတွက် တိုက်ရိုက် တာဝန် မရှိအောင် ကြိုးစား ရှောင်ကြဉ်ရပါတယ်။
***************************************************
မေး - *မဟာယာန *ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။
ဖြေ - အဲဒါ မမှန်ပါဘူး။ တရုတ် မဟာယာန ဗုဒ္ဓဘာသာက သက်သတ်လွတ်စားဖို့ အလွန်အလေးထားပေမဲ့ တိဘက်နှင့် ဂျပန်မှာရှိတဲ့ ဗုဒ္ဓဘာသာတွေ ကတော့ အမျိုးသား အမျိုးသမီးရော ဘုန်းကြီးတွေပါ အသားစားတဲ့ အလေ့ ရှိပါတယ်။
**************************************************
မေး - သို့သော်လဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ သက်သတ်လွတ်သမားပဲ ဖြစ်သင့်တယ်လို့ ကျွန်ုပ်ထင်နေတုန်းပဲ။
ဖြေ - လူတစ်ယောက်ဟာ သက်သတ်လွတ် ၀ါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး တကိုယ်ကောင်းဆန်မယ်၊ မရိုးဖြောင့်ဘူး၊ ယုတ်ညံ့ နိမ့်ကျမယ်ဆိုရင် နောက်တစ်ယောက်က သက်သတ်လွတ်သမားတော့ မဟုတ်ဘူး၊ ကိုယ်ချင်စာတရားရှိတယ်၊ ရက်ရောတယ်၊ သနားကြင်နာတတ်တယ်ဆိုရင် ဒီလူ နှစ်ယောက်ထဲက ဘယ်သူဟာ ပိုတော်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်မလဲ။
မေးသူ - ရိုးဖြောင့်ပြီး သနား ကြင်နာတတ်တဲ့လူက ပိုတော်ပါတယ်။
ဖြေသူ - ဘာကြောင့်ပါလဲ။
မေးသူ - ဒီလို ပုဂ္ဂိုလ်က စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း ထင်ရှားလို့ပါ။
ဖြေသူ - အတိအကျ မှန်ပါတယ်။ အသား မစားတဲ့ လူက စိတ်ထား မဖြူစင်ဘဲ ရှိတတ်သလို အသားစားတဲ့လူက စိတ်နှလုံး ဖြူစင်နေတာလဲ ရှိနိုင်ပါတယ်။ *ဗုဒ္ဓတရားတော်မှာ အရေးကြီးတာက စိတ်နှလုံးရဲ့ အရည်အချင်းပါ။ *အစားအစာမှာပါတဲ့ အရာမဟုတ်ပါဘူး။ *များစွာသောဗုဒ္ဓဘာသာဝင်တွေဟာ အသားမစားဖို့ကျတော့ သိပ်ဂရုစိုက်ကြတယ်။ တစ်ကိုယ်ကောင်း ဆန်တာ၊ မရိုးဖြောင့်တာ၊ ရက်စက်တာ၊ မနာလို ၀န်တိုတာတွေကိုတော့ ကြောင့်ကြခံပြီး မစဉ်းစားကြဘူး။ လုပ်ဖို့ လွယ်ကူတဲ့ အစားအစာ ပြောင်းလဲတာကိုတော့ လုပ်ကြတယ်။ လုပ်ဖို့ ခက်တဲ့ စိတ်ထား ပြောင်းဖို့ကျတော့ မလုပ်ကြဘူး။ * *ဒါကြောင့် သက်သတ်လွတ်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာမှာ အရေး အကြီးဆုံးက စိတ်ထား ဖြူစင်ဖို့ပဲဆိုတာ မှတ်ထားပါ။*


အပိုင်း ၁ အား ပြန်လည် ဖတ်ရှုရန် >>> ဒီလင့်လေးကို နှိပ်လိုက်ပါ။

နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် (အမေးအဖြေများ) အပိုင်း- ၁

ဒါလေးတွေက FB မှာ ရှယ်ထားတာလေးကို အားလုံး ဗဟုသုတရအောင် ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်လဲ သူများ မေးလာရင် သိထားအောင်၊ ဖြေတတ်အောင်လို့ပါ...။

ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ...
စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Ven.Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ။
စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖေါ်ပြဖူးပါတယ်။
=======================================================================
မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
 “ဗုဒ္ဓ“ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကိုဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။
ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါးနေပါတယ်။
************************************************
မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosopy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosopy" ဆိုတာ “ပညာကိုချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကားနှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosopy) သာ ဖြစ်ပါတယ်။
************************************************
မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဒနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်*၂၉နှစ် *ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ* (ဥရုဝေလတော) မှာ ခြောက်နှစ်* ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။ *(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)* ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူပါတယ်။
************************************************
မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာအကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
************************************************
မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။* ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။*
************************************************
မေး - ဗုဒ္ဓဟာ ထာဝရဘုရား God လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရား လို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
************************************************
မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရားကို (a God) ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော် ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော် ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင် ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကိုသတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
************************************************
မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ *ဗုဒ္ဓရုပ်တုတော်**က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ *ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မမှန်ပါဘူး။
************************************************
မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ *တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။* ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့်မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။} ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး။
************************************************
မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့အတွက် {နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေဘဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
************************************************
မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။ ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျှောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
************************************************
မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက Cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန် ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
************************************************
မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ သိပ္ပံ ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။ *ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။* ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ *ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။* လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။ *တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ *ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။ *စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။* ဒီ ဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။ ရှင်တော်မြတ်ဘုရား ဆုံးမပုံက -.........
*ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။*
*အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။*
*သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်။*
*မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်။*
*တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်။*
*စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။*
*ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။*
*မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။*
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီး သိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
*နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။ နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။
************************************************
မေး - တခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား၊ နတ်ဘုရားများရဲ့ပညတ်တော်တွေ ထဲမှ ရကြပါတယ်။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်လိုလုပ်ပြီး အမှားအမှန်ကို သိကြပါသလဲ။
ဖြေ - လောဘ၊ ဒေါသ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်ုပ်တို့ကို နိဗ္ဗာန်မှ ဝေးစေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများဟာ မကောင်းမှုတွေ ဖြစ်ပါတယ် (အမှားတွေပါ)။ ပေးကမ်း လှူဒါန်းခြင်း၊ မေတ္တာထားခြင်းနှင့် အသိပညာတို့ အပေါ်မှာ အခြေခံပြီး ကျွန်ုပ်တို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ်(အမှန်တွေပါ)။ ထာဝရဘုရားကို ဗဟိုထားတဲ့ ဘာသာတရားများမှာ အမှားအမှန်သိဖို့ လိုအပ်တာ အားလုံးကတော့ ထာဝရဘုရား ပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ။ *လူသားကို ဗဟိုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရားများမှာ အမှားအမှန် သိဖို့ကတော့ မိမိကိုယ်ကို နက်နက်နဲနဲ သိရှိမှု၊ နားလည် သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်အောင် လုပ်ရပါတယ်။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံတဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ်။* ဒါကြောင့် အမှားအမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ်။ အဲဒါတွေကတော့
(၁)ရည်ရွယ်ချက်၊
(၂)အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှုနှင့်
(၃)သူတပါးအပေါ်မှာ အကျိုး သက်ရောက်မှုများပါပဲ။
ဒါန၊ မေတ္တာ၊ ပညာတို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင်၊ ပြီးတော့ မိမိကိုယ်ကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင်၊ ပြီးတော့ သူတစ်ပါးကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင် အဲဒီ အလုပ်တွေဟာ ကောင်းမှုကုသိုလ်တွေ၊ ကောင်းတဲ့ ကိုယ်ကျင့် တရားတွေပါပဲ။ တကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေးမဲ့လဲ ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့် ရည်ရွယ်ချက်က မကောင်းပေမဲ့လဲ ကိုယ့်အလုပ်က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တဲ့ အလုပ်က ကိုယ့်ကို အကျိုးရစေပေမဲ့ သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ အကောင်းနှင့် အတော်အသင့်ကောင်းတာ ရောနေပါတယ်။ ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေဘူး ဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး။ ရည်ရွယ်ချက် ကောင်းလို့ အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အ၀ ကောင်းတဲ့ အလုပ်ပါ။
************************************************
မေး - ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား။
ဖြေ - ရှိပါတယ်။ * ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ။
*ပထမ သိက္ခာပုဒ်က ...သတ္တ၀ါကို ထိခိုက် နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဒုတိယက... ခိုးမှုမှ ရှောင်ကြဉ်ခြင်း၊ တတိယက... ကာမဂုဏ်ကိစ္စတွေမှာ ဖေါက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စတုတ္ထက...လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပဉ္စမက..... မူယစ်စေတတ်တဲ့ အရက်သေစာနှင့် မူးယစ်ဆေးဝါးမှန်သမျှမှ ရှောင်ကြဉ်ခြင်းများပါပဲ။

HIV ကာကွယ်ဆေးအား အသုံးပြုရန် အတည်ပြုလိုက်




အမေရိကန် ဆေးဝါးနှင့်အစားအစာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) သည် HIV ကာကွယ်ဆေးအား အသုံးပြုခွင့် အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဆေးကို အမေရိကန်မှ ဆေးဝါးထုတ်လုပ်ရေး၊ သုတေသီ-ကုမ္မဏီတစ်ခုဖြစ်သည့် Gilead Sciences မှ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ပြီး နှစ်ကာလအတော်ကြာ ကြိုးပမ်းပြီးမှ ယခုလ ဇူလိုင် ၁၆ ရက်နေ့တွင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းဆေးကို Truvada လို့အမည်ပေးထားပြီး HIV-1 ရောဂါပိုးမကူး ဆက်နိုင်ရန် ကူးဆက်ရန်အလားအလာ ရှိသူများ ကြိုတင် သုံးစွဲရမည့် ဆေးဖြစ်ကြောင်း သိရသည်။ HIV ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိသူများ အတွက် သောက်သုံးရမည် ဆေး ဖြစ်ပြီး HIV ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးကြောင်း သိရသည်။ HIV ပိုး Negative အဆင့်ရှိသူများ အသုံးပြုရန်လည်း ခွင့်ပြုထားသည်။

ယင်းသို့ Truvada ဆေးဝါးထုတ်လုပ်လိုက်ခြင်းကြောင့် လူများအသိမှား ဝင်ကာ လိင်ဆက်ဆံမှုများတွင် HIV ကာကွယ်ရန် သတိပေးထားသော နည်းလမ်းများအား မေ့ပျောက်ထားကြမည်ကို FDA မှ စိုးရိမ်လျက်ရှိသည်။

“ဆေးက ရောဂါပျောက်ဆေးမဟုတ်ပါဘူး။ ရောဂါကာကွယ်ဆေးဖြစ်ပါတယ်။ Treament ထက်၊ Prevention ဆန်တဲ့ ဆေးမျိုးဖြစ်ပါတယ်။ ရာနှုန်းပြည့် ကာကွယ်ပေးမယ်လို့လည်း အာမ မခံထားပါဘူး။ ဒါကို လူတိုင်းသိရှိ နားလည် ထားဖို့လိုအပ်ပါတယ်။ ဒီဆေးဝါးဟာ ရာခိုင်နှုန်းပြည့် အာမခံနိုင် တယ်လို့တော့မဟုတ်ပါဘူး။ ဆေးယဉ်သွားတာမျိုးဖြစ်နိုင်တဲ့အတွက် HIV ကြိုတင်ကာကွယ်တဲ့ နည်းလမ်းအားလုံးကို ယခင်အတိုင်း သိထားဖို့လိုအပ်ပါတယ်။” ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Truvada တွင် tenofovir -300 mg, emtricitabine - 200 mg ဆီပါဝင်ပြီး တစ်နေ့တစ်လုံးဖြင့် နှစ်ရှည် စွဲသောက်ရမည့် ဆေးဖြစ်သည်။ ဆေးဝါးကို HIV ကူးဆက်ရန် အလားအလာ ရှိသူ (ဥပမာ- HIV ပိုးရှိသူများနှင့် လိင်ဆက်ဆံမိသူ) များအတွက် အသုံးပြုရန်ဆေးဖြစ်ပြီး HIV ရောဂါပိုး နံပါတ် ၂ အဆင့် . Positive အဆင့် ရှိသူများ သောက်သုံးရန်မဟုတ်ကြောင်း သိရသည်။ အကယ်၍ သောက်သုံးပါက ကြီးမားသော တန်ပြန် ရောဂါဝေဒနာများ ခံစားရနိုင်ကြောင်း သိရသည်။ ထို့ပြင် ဘာမှမဖြစ်ပဲ ကြိုင်ကာကွယ်ရန် (PreP) အတွက်လည်း သောက်သုံး ရမည့် ဆေးမဟုတ်ဟု ဆိုထားသည်။

အကယ်၍ HIV ရှိသူနှင့် Positive လက္ခဏာရှိသူများနှင့် ကြိုတင်ကာကွယ် ရန် (PreP) အတွက် သောက်သုံးပါ - သွေးတွင် လက်တစ် အက်ဆစ်ဖြစ်ပေါ် လာခြင်း၊ အားနည်းလာခြင်း၊ ကြွက်သားများ နာကျင်လာခြင်း၊ ခေါင်းကိုက် လာခြင်း၊ စသည်ဖြင့် ရောဂါဝေဒနာများခံစားရနိုင်သည်။ နဂိုရှိရင်း ခုခံအား ထက် ပိုမိုကျဆင်းသွားနိုင်သည်။ (http://www.truvada.com/ppi.pdf) တွင် ဘေးထွက်ဆိုးကျိုးများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ အသဲရောင် အသားဝါဘီပိုးရှိသူများလည်း မသောက်သုံးသင့်ကြောင်း ရည်ညွန်းထား သည်။

ယင်း Truvada သည် ဈေးကြီး ဆေးတစ်မျိုးဖြစ်ပြီး အမေရိကန်တွင် တစ်နှစ်တာမှီဝဲရန် Truvada ကို ဒေါ်လာ ၁၄၀၀၀ ကုန်ကျပေးဝယ်ရ မည်ဖြစ်သော်လည်း အကန့်အသတ်၊စည်းမျဉ်းစည်းကမ်း များဖြင့် ရောင်း ချပေးသွားမည်ဟု သိရသည်။ သို့သော် HIV ရောဂါဝေဒနာခံစားနေရသော အာဖရိကနိုင်ငံများသို့ အခမဲ့ လှူဒါန်းမည် ဖြစ်သည်။ သို့သော် ဆေးဝါး၏ ကုန်ကျစရိတ်များပြားမှုကြောင့် လူနှင့် ဆေးဝါးအရေအတွက် မညီ မျှ နိုင်သေးကြောင်း သိရသည်။

အသေးစိတ်အား အောက်ပါ Truvad တရားဝင်ဝဘ်ဆိုဒ်တွင် ဝင်ရောက်ဖတ် ရှုနိုင်ပါသည်။

http://www.truvada.com/

Ref: International news for Myanmar

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

လူတစ်ယောက်ဟာ အကြောင်း အားလျော်စွာ ဗုဒ္ဓဘာသာ မဖြစ်ပေမယ့် သူ့အဖို့ကောင်းတာလေးတွေ လုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာ ကျင်လည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်း မပါရှိပါဘူး။ ဒါပေမယ့် ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာ မဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။
ယနေ့ခေတ်မှာလဲ စူနာမီ အစရှိတဲ့ ဘေးဒါဏ်ခံခဲ့ကြရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီ ပေးနေကြပါတယ်။ ဟိုးတလောက ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြား ဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါး ယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။ (၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။ (၃) စိတ်ကိုဖြူစင်အောင် ထား ကြ။ ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။

ဆရာတော်ဦးကောဝိဒ(မြတ်) မှ ဖြေကြားထားခြင်း ဖြစ်ပါသည်။

အကြွေးကိုလှူရင် ကုသိုလ်ရ၊ မရ

အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလား ???

အကြွေးနဲ့ပတ်သက်ပြီး အကြွေးပေးထားတဲ့သူ နှစ်မျိုးရှိတယ်။

(၁) အကြွေးယူထားတဲ့သူက ပြန်မဆပ်နိုင်ဘူးဆိုပါစို့၊ အဲဒီအချိန်မှာ အကြွေးပေးထားသူက “ချေးထားတဲ့အကြွေးတွေကို သူ ပြန်မဆပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကြွေးမဆပ်နိုင်တာကို တွေးပြီး သူစိတ်ဆင်းရဲနေလိမ့်မယ်၊ မတော်လို့သေသွားမယ်ဆိုရင် စိတ်ထားဖြောင့်မှာလဲမဟုတ်ဘူး။ သူဒုက္ခ ရောက်လိမ့်မယ်၊ မဖြစ်ဘူး၊ ဒီအကြွေးကို ငါမယူတော့ဘူး၊ ဒါမှသူစိတ်ချမ်းသာမှာ” လို့နှလုံးသွင်းပြီး၊ “ ယူထားတဲ့အကျွေးတွေကို ပြန်မဆပ်ပါနဲ့တော့” လို့ဆိုကာ အကြွေးယူသူအား အပြီး လှူလိုက်တာပါ။ ဒါဟာ လူသားချင်းစာနာတဲ့ သဘော သက်ဝင်နေတယ်၊ မေတ္တာ၊ ကရုဏာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့လဲ ပြည့်စုံနေတယ်။ ဒါကြောင့် အကြွေးမရမှန်းသိပေမယ့် ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်တဲ့အတွက် အကြွေးပေးလှူသူမှာ ကုသိုလ်ရပါတယ်။


(၂) ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်” ဆိုပြီး လှူလိုက်ပါတယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမယ့်အခြေအနေရှိရင် လှူမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။
ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက်ကျတော့ ကုသိုလ်လုံးဝ မရနိုင်ပါ...။

ဆရာတော် ဦးကောဝိဒ(မြိတ်) မှ ပြန်လည်ဖော်ပြပါသည်။

လည်ပတ်ချင်စရာ ရဲတိုက်များ

International news for Myanmar မှ ပြန်လည်ဝေမျှပါသည်။

Prague Castle, Cezch

New Swan Castle, Germany


The Lion Castle, Germany

The Pena National Palace, Portugal

Mont Saint-Michel and its abbey, France

Predjamski Castle, Slovenia

Matsumoto Castle, Japan

The Potala Palace, China

Bran Castle(a.k.a Dracula's Castle), Romania

Malbork Castle, Germany

ကမ္ဘာ့အကျယ်ဆုံးနှင့် အကျဉ်းဆုံး နိုင်ငံများ

အကျယ်ဆုံးနိုင်ငံများ
  1. ရုရှား                                    -                စတုရန်းကီလိုမီတာ  16 995 800
  2. တရုတ်                                 -                                               9 326 410
  3. အမေရိကန်                          -                                               9 161 923
  4. ကနေဒါ                                -                                               9 093 507
  5. ဘရာဇီးလ်                            -                                               8 456 510
  6. ၾသစေတးလ်                        -                                                7 617 930
  7. အိန္ဒိယ                                 -                                               2 973 190
  8. အာဂျင်တီးနား                      -                                               2 736 690
  9. ကာဇက်စတန်                      -                                               2 669 800
  10. အယ်လ်ဂျီးရီးယား                 -                                               2 381 740

အကျဉ်းဆုံးနိုင်ငံများ
  1. ဗာထီကန်စီးတီး                    -                 စတုရန်းကီလိုမီတာ  0.17
  2. မိုနာကို                                 -                                                 2
  3. နော်ရူး                                  -                                               21
  4. တူဗာလူး                               -                                               26
  5. ဆန်မာရီနို                            -                                                61
  6. လက်ချင်စတိန်း                    -                                              160
  7. မာရှယ်ကျွန်းစု                      -                                              181
  8. စိန့်ကစ်နှင့် နီဗစ်                   -                                              261
  9. မော်လ်ဒိုက်                          -                                              300
  10. မော်လ်တာ                           -                                             316

အင်ဒိုနီးရှား ပုထိုးတော်ကြီး ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်





အင်ဒိုနီးရှားနိုင်ငံမှ ဘောရော ဗုဒ္ဓေါပုထိုးတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အိန္ဒိယအရာ ရှိတစ်ဦးက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဂျာဗားကျွန်းအလယ်ပိုင်း မာဂယ်လန်မြို့ရှိ ပုထိုးတော်ကြီးကို ဇွန်လ ၂၇ ရက်နေ့တွင် ဂင်းနစ် ကမ္ဘာ့စံချိန်စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။

ဂင်းနစ်ကမ္ဘာ့စံချိန် ၀က်ဘ်ဆိုက်တွင်လည်းအေဒီ ၇၅၀ မှ ၈၄၂ ခုနှစ်ကြားက တည်ထားကိုးကွယ်ခဲ့သော ဘောရောဗုဒ္ဓေါသည် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီးဖြစ်ကြောင်း ဖော်ပြလိုက်ပြီဖြစ်သည်။
၆၀၀၀၀ ကုဗမီတာရှိသော ကျောက်သားတို့ဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော် ၃၄ ဒသမ ၅ မီတာရှိကာ အောက်ခံမှာ ၁၂၃ မီတာရှိကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၁၉၉၁ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သော ဘောရောဗုဒ္ဓေါမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား လာရောက်လည်ပတ်ရာ နေရာတစ်ခုအဖြစ် တည်ရှိနေသလို နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာ ၀င်များ လာရောက်ဖူးမြော်ရာနေရာလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား နှစ်သိန်းခွဲခန့် လာရောက်လည်ပတ်ခဲ့ကြသည်။

ဘောရောဗုဒ္ဓေါပုထိုးတော်ကြီးကို ၉ ရာစု သေလိန္ဒြာမင်းဆက် လက်ထက် မဟာယာနဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစဉ် တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ဂုပ္တဗိသုကာလက်ရာများ လွှမ်းမိုးမှုရှိခြင်းကြောင့် ဂျာဗားကျွန်းတွင် အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးမှုရှိခဲ့သည်ဟု ဆို နိုင်သော်လည်း ဒေသရိုးရာဟန်များ ရောယှက်နေခြင်းကြောင့် အင်ဒိုနီးရှား လက်ရာစစ်စစ် ဖြစ်နေစေသည်။ ၁၄ ရာစုတွင် ဂျာဗား၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တိမ်ကောသွားချိန်တွင် တောတွင်း၌ တိမ်မြုပ်နေခဲ့ပြီး  ဂျာဗားကျွန်းကို အင်္ဂလိပ်တို့ အုပ်စိုးသည့်ခေတ်အရောက် ၁၈၁၄ ခုနှစ်တွင်မှ ဘုရင်ခံသောမတ်စတန်းဖို့ဒ် ရက်ဖယ်လ်က ဒေသခံတို့၏ ပြောစကားမှတစ်ဆင့် သိရှိကာ ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။  ယင်းနောက်ပိုင်းကာလတွင်မှ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အတွင်း အင်ဒိုနီးရှားအစိုးရနှင့် ယူနက်စကိုတို့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။

Ref: Eleven

တော်တော်ရီရပါတယ်... (ဟာသသီချင်းလေးပါ)

ဒါလေးကတော့ မနေ့ကမှ Youtube ကနေတဆင့် FB ပေါ်ကမြန်မာတွေ အချင်းချင်းကြား ပျံ့နှံ့နေတဲ့ ဟာသ သီချင်းလေးဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေ ဖြတ်ထိုးဥာဏ်၊ ဟာသဥာဏ်ကောင်းပုံများ ကိုရီးယားသီချင်းတောင် သေချာနားထောင်ပြီး  မြန်မာစာတမ်းကို လိုက်ဖက်ညီအောင် ဟာသအဖြစ် ဖန်တီးထားပုံကတော့ မချီးကျူးပဲကို မနေနိုင်လောက်အောင်ပါပဲ...။ ကြည့်ပြီးသူတွေလဲ ရှိမှာပါ... ဘာပဲဖြစ်ဖြစ် ဟာသသဘောလေးပေါ့...။



မူရင်း Youtube Link

ဗိုလ်၊ ကျား၊ သေနတ် ကစားတိုင်းနိုင်တဲ့ စက်ရုပ်

မြန်မာကလေးများကစားသော ဗိုလ်၊ ကျား၊ သေနတ်နှင့်ပုံစံတူသည့် ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး (rock-paper-scissors) ကစားနည်းတွင် ပွဲတိုင်းအနိုင်ကစားနိုင်သော စက်ရုပ်တစ်မျိုးကို ဂျပန်နိုင်ငံ အီရှီကာဝါအိုကူ ဓာတ်ခွဲခန်းမှ ပညာရှင်များက ဖန်တီးခဲ့ကြောင်း သိရသည်။
ယင်းကစားနည်းတွင် ကျွမ်းကျင်သည်ဆိုသူများမှာ တစ်ဖက်လူလုပ်မည့် ပုံစံကို ယခင်လုပ်ခဲ့သည့် ပုံစံများအပေါ် အခြေခံပြီး ခန့်မှန်းမှုအားကောင်းကြသူများသာ ဖြစ်သည်။ ယခုစက်ရုပ်မှာမူ ယင်းသို့ ခန့်မှန်း တွက်ချက်မှု စနစ်များ သုံးထားခြင်းမဟုတ်ဘဲ မြန်နှုန်းမြင့် ကင်မရာဖြင့် တစ်ဖက်လူ လက်လှုပ်သည်ကို အလျင်အမြန် မှတ်တမ်းတင်ပြီးမှ တုံ့ပြန်ခြင်းဖြစ်သည်။ သို့ရာတွင် အလွန်လျင်မြန်ခြင်းကြောင့် တစ်ဖက်လူမှာ သူလုပ်ပြီးမှ စက်ရုပ်ကလိုက်လုပ်သည်ဟု ထင်မည်မဟုတ်ဘဲ ပြိုင်တူလုပ်သည်ဟုသာ မြင်နိုင်မည်ဖြစ်သည်။ ယင်းသို့ ကစားနေကြပုံကို ဗီဒီယိုရိုက်ကူးပြီး အနှေးပြကွက်ဖြင့် ပြန်ကြည့်သောအခါတွင်မှ စက်ရုပ်လက်သည် အနည်းငယ်နောက်ကျနေပြီး လူလုပ်ပြီးမှ ပြန်လုပ်ခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

Ref: Eleven
Related Posts Plugin for WordPress, Blogger...