လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကော်ဖီချစ်သူတွေအတွက် ကဖင်းဓာတ်အကြောင်း

ညဘက်မှာ အိပ် မပျော်တာမျိုး ဖြစ်လေ့ရှိတယ် ဆိုရင် နေ့လယ် ၁ နာရီ ကျော်ပြီးချိန်မှာ ကဖင်းပါတဲ့ အရည်တွေကို မသောက် သင့်ပါ။ ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအခြေခံတဲ့ ဖျော် ရည်နဲ့ ချောကလက်တွေထဲမှာ ပါဝင်ပါ တယ်။ ကဖင်းဓာတ်ဟာ အသင့်အတင့်စွဲ လမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ကဖင်းကို အလွန်အမင်း သောက်မယ် ဆို ရင် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။

ကဖင်းဓာတ်ဟာ သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် သံဓာတ်ချို့တဲ့မှု မဖြစ်အောင် က ဖင်းပါတဲ့ အရည်ကို ထမင်းစားချိန်တစ်ဝိုက် မသောက်သင့်ပါဘူး။ ကဖင်းဟာ ဗဟိုအာရုံကြော စနစ်ကို လှုံ့ဆော်ပေးတာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို တိုးမြင့်စေပါတယ်။

ကဖင်းဓာတ်များရင် အစာအိမ်ကို မအီမသာဖြစ်စေပြီး ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ် ကို အလွန်အမင်း မှီဝဲတာက ပေါင်မပြည့် ကလေးမွေးနှုန်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားတဲ့ အမျိုးသ မီးတွေအနေနဲ့ တစ်နေ့မှာ ကဖင်းဓာတ် ၂ဝဝ မီလီဂရမ်ထက် ပိုမမှီဝဲသင့်ပါ။

ကဖီးဓာတ်၏ကောင်းကျိုး

လက်ဖက်ရည်နဲ့ ကော်ဖီမှာ ဖလေ ဗိုးနွိုက်ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါ ဝင်နေပါတယ်။ ဖလေဗိုးနွိုက်ဟာ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါ တို့လို နာမကျန်း မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ကဖင်းဓာတ်နဲ့ မတည့်တဲ့ သူတွေအနေနဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ လက် ဖက်စိမ်းလို ကဖင်းမပါတဲ့ လက်ဖက်ရည်တွေကို သောက် သုံးနိုင်ပါတယ်။ အဲဒီအစားအ သောက်ထဲမှာ အင်တီအောက်ဆီးဒင့်ပါ ဝင်မှု များလို့ပါ။

ကော်ဖီ ကို များများ သောက်သင့်လား

တစ်နေ့မှာ ကဖင်းဓာတ်ပါတဲ့ အစား အသောက်တွေကို လေးကြိမ်ထက် ပိုမှီဝဲ ရင် လျှော့ဖို့ သင့်နေပါပြီ။ ညဘက်မှာ အိပ်ပျော်ဖို့ ခက်နေရင် နေ့လယ် ၁ နာရီကျော်ပြီးချိန်မှာ ကဖင်း ဓာတ်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက် ချိန်နဲ့ သွေးတိုးတာ၊ ဆီးမထိန်းနိုင်တာ၊ ပူပင်သောကများတာတို့လို ရောဂါခံစား နေရသူတွေမှာ ကဖင်းဓာတ်မပါတဲ့ အရည်တွေကိုပဲ သောက်သင့်ပါတယ်။

ကဖင်းဓာတ်ကို လျော့ ချနည်း

တစ်နေ့မှာ ကော်ဖီတစ်ခွက်ပုံမှန် သောက်နေကျဖြစ်ရင် တစ်နေ့ ကော်ဖီ ခွက်တစ်ဝက်ပဲ သောက်ပြီး ကဖင်းဓာတ် ကို လျှော့ချသင့်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အရည်အစား သစ် သီးဖျော်ရည်နဲ့ ရေများများသောက်ပါ။ ကဖင်းဓာတ် အစား ဆေးဖက်ဝင် လက်ဖက်ရည်ကို သောက်မယ် ဆိုရင် အင်တီ အောက်ဆီးဒင့် အပိုကို ရရှိစေပါတယ်။

တစ်ပတ်မှာ ကဖင်းဓာတ်ပါတဲ့ အ ရည်ကို ငါးခွက်ထက် ပိုမသောက်ပါနဲ့။

ကဖင်းဓာတ်ကို လျှော့ချပြီးချိန်မှာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်နေချိန်မှာ ရေကို များများ သောက်ပေးပါ။ နှစ်ရက်လောက်ကြာရင် သက်သာသွားပါလိမ်မယ်။

Samsung Galaxy S3 ကမ္ဘာ့အကြမ်းခံဖုန်း ဖြစ်ကြောင်း သက်သေပြသွား

Samsung Galaxy S3 ကို iPhone 5 နဲ့ ယှဉ်ပြီး အကြမ်းခံမှုမှာ လိုက်မမှီဘူး လို့ ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ယခုတော့ ယင်းပြောဆိုချက်ကို ပယ်ဖျက်အောင် Samsung တို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

အပြင်းဆုံး အကြမ်းခံ စမ်းသပ်မှုလို့ခေါ်တဲ့ (Extreme Test) ကို Samsung Galaxy S3 နဲ့ လုပ်ပြသွားပါတယ်။ ပလပ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပေမယ့် ဘယ်လောက်ထိ အကြမ်းခံတယ် ဆိုတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

သာမန် ၁၀၀ ဂရမ်လောက် လူလက်နဲ့ ဖိတဲ့ Buttom ကို ၁၀၀၀ ဂရမ် Pressure နဲ့ အကြိမ် ၂ထောင် ဖိပြပါတယ်။ ပြောင်းဖူးကြိတ်စက်ထဲ ထည့်ပြပါတယ်။ ရေစက်ပေါင်း သန်းနဲ့ချီပြီး Screen ပေါ် ကျစေပါတယ်။ မိုးပေါက်များအောက် ထားပြပါတယ်။ Connection ဘယ်လောက်ခံတယ် ဆိုတာကို ပြသပါတယ်။ ဘယ်လောက် ကွေးဆန့်နိုင်မှု ဒဏ်အား ခံနိုင်တယ် ဆိုတာကို ပြသပါတယ်။ ဖိအား ဘယ်လောက်ပေးပေမယ့် ကွေးမသွားဘဲ သူ့နဂိုအတိုင်း ရှိတယ်ဆိုတာကို ပြသပါတယ်။ အပေါ်ကနေ ပစ်ချပြပါတယ်။ Samsung Galaxy S3 တစ်လုံးတည်းနဲ့တင် မဟုတ်ပဲ အလုံးပေါင်းများစွာနဲ့ သက်သေပြထားတဲ့ Samsung ရဲ့  ဗီဒီယို ကို အံ့သြသွားကြပါတယ်။

ဒါကြောင့် iPhone 5 ကိုကျော်လွန်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် စံချိန် တင်နိုင်ခဲ့ခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာကို အောက်ပါ ဗီဒီယိုနဲ့ သက်သေပြသွားခဲ့ကြောင်း သိရပါတယ်။


Ref: TechSpaceJournal

Lenovo က ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop အမှတ်တံဆိပ် ဖြစ်လာ

တရုတ်ပြည်အခြေဆိုက် Lenovo အီလက်ထရောနစ်ကုမ္မဏီဟာ ယခု ၂၀၁၂ ခုနှစ် နောက်ဆုံးလေးလပတ် မှာ ကမ္ဘာ့ရောင်းအား အကောင်းဆုံး Laptop - အမှတ်တံဆိပ် တစ်ခုဖြစ်လာပြီလို့ သိရပါတယ်။

ယခင်က နံပါတ် ၁ နေရာမှာ အမေရိကန် အခြေဆိုက် HP မှ ရှိနေပြီး နောက် ဆုံးလေးလပတ်အတွင်း ကျော်တက်သွားခြင်း ဖြစ်ပါတယ်။ PC ဈေးကွက် တစ်ခုလုံးကို လွမ်းမိုးဖို့လည်း အလားအလာ ရှိပါတယ်။ လက်ရှိ ကမ္ဘာ့ PC ဈေးကွက် ရဲ့  ၁၅.၇ ရာခိုင်နှုန်းကို Lenovo ကို ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ လေးလပတ်မှာလည်း ကုမ္မဏီအတွက် အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း၁၆၀ ကျော် ရှာဖွေပေးနိုင်ခဲ့ ပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်မှာ Lenovo အော်ပရေးရှင်း စက်ရုံများ ရှိပြီး နိုင်ငံပေါင်း ၁၆၀ ကျော်ကို ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။

၁၉၈၄ ခုနှစ်က ပေကျင်းမြို့ မှာ ကုမ္မဏီစတင် တည်ထောင်ပြီး ၁၉၈၈ ခုနှစ်ရောက်တော့ ဟောင်ကောင်မှာ ရုံးစတည်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊  North Carolina မှာလည်း သုတေသန ရုံးနဲ့ ဓာတ်ခွဲခန်းများ ထားရှိပြီး နည်းပညာသစ်များကို တီထွင်ကြိုးပမ်း လျက် ရှိပါတယ်။

တရုတ်ပြည်မှ ZTE, Huawei တို့ကဲ့သို့ အီလက်ထရောနစ် ကုမ္မဏီကြီ များ အောင်မြင်လာခြင်းနဲ့အတူ Lenovo လည်း အောင်မြင်လာ တာ ကိုတွေ့ရပါတယ်။ လက်ရှိမှာ Huawei က ကမ္ဘာ့ အကြီးဆုံး ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပါတယ်။ Lenovo ကလည်း PC ဈေးကွက်ကို လွမ်းမိုးလာပါတယ်။ တရုတ်ပြည်မရဲ့  အီလက်ထရောနစ် ကုမ္မဏီများဟာ ကမ္ဘာ့ဈေးကွက် ထိပ်တန်းကို ရောက်ရှိရန် အခွင့်အလှမ်းရှိပေမယ့် အရည် အသွေးက အဓိက အလေးထားရမယ့် အပိုင်း ဖြစ်လာပါတယ်။

Lenovo ဟာ PC မှာတင် မကပဲ စမတ်ဖုန်းဈေးကွက်မှာပါ အောင်မြင်လာဖို့ ဆက်လက် အကောင်ထည်ဖော်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း Lenovo စီအီးအို Yang Yuanqing က ပြောကြားခဲ့ပါတယ်။

လက်သန်းချိတ် ကတိပေးခြင်း ဟူသည် (Pinky Swear)

လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။

၁၇ ရာစုကျော်က လက်ချောင်း၊ ခြေချောင်းများကို ရေတွက်ပြီး ဆော့ရတဲ့ ကဗျာ သီချင်းမျိုး ဖြစ်ပြီး Piggy ဆိုတာ လက်တစ်ချောင်းချင်းစီကို ဝက် တစ်ကောင်စီလို့ ရည်ညွန်းသလို ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကလေးများ ဂဏန်းသင်္ချာ ရေတွက်တတ်ဖို့ ဖြစ်ပြီး အင်္ဂလန်မှာ စတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း ရေတွက်ရာကနေ လက် ကလေးတွေ အချင်းချင်း ( ဝက်ကလေးတွေအချင်းချင်း) ကတိအပြန် အလှန် ပေးကြသလို ဆော့ရင်း လက်သန်းချင်း ချိတ်တယ် ဆိုတာ ကတိပေး တဲ့ သဘောအထိ သက်ရောက်လာပါတယ်။ (ဥပမာ- သူငယ်ချင်းရဲ့ ဝက်ကလေး အပြင်သွားတော့ သူငယ်ချင်း ဝကကလေးကို ပြန်လာမယ်လို့ ကတိပေးတဲ့အနေနဲ့ ကလေးအချင်းချင်း လက်သန်းချိတ်ကြတာမျိုး ဖြစ်ပါ တယ်။

Piggy ကို Pinky လို့ပြောင်းခေါ်ပြီး ယင်းဟာ အမေရိကန်-အင်္ဂလိပ်၊ စကော့တလန် အင်္ဂလိပ်မှာ လက်သန်းကို ရည်ညွန်းပါတယ်။ ဒါကြောင့် Pinky swear ( လက်သန်းကြွယ် ကတိ) လို့ ဆိုလိုပါတယ်။ ဂျပန်မှာ ကျတော့ Finger Cut-off လို့ ဘာသာပြန်ယူပါတယ်။ ဆိုလိုရင်းကတော့ ကတိဖျက်ရင် လက်သန်းကို ဖြတ်ရတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကတိ ဖျက်သူဟာ လက်သန်းဖြတ်တဲ့ ယဉ်ကျေးမှုနဲ့ Pinky swear ဟာ တစ်ချိန်က ထင်ရှားခဲ့ဖူး ပါတယ်။ ယနေ့တိုင်လည်း ရာကူဇာ ဂိုဏ်းများမှာ ကလေးတွေ လို လက်သန်းချိတ် ကတိမပေးပေမယ့် ကတိဖျက်တဲ့သူဟာ လက်ချောင်း များ ဖြတ်နေဆဲ ဖြစ်ပါတယ်။

ဒီတော့ Pinky swear ဆိုတာ လက်သန်းနဲ့ ရင်းပြီး ပေးတဲ့ ကတိလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ကတိတစ်ခု ဖျက်တယ်ဆိုတာ လက်သန်း မရှိတော့မှ ဖျက်နိုင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ သို့ပေမယ့် လက်သန်း ရှိရှိ မရှိရှိ Pinky swear လုပ်ထားပြီးရင် ယင်းကတိဟာ ဘယ်တော့မှ မဖျက်ရဘူးလို့ အဓိပ္ပါယ် ရပါတယ်။

ယနေ့မှာတော့ ယင်း Pinky swear - ကတိကို ကလေးများကြား၊ အရင်းနှီး ဆုံး သူငယ်ချင်းများကြား၊ ချစ်သူများကြား၊ မိဘနဲ့ သားငယ်၊သမီးငယ်များကြား  ပေးတတ်ကြပြီး ကတိပေးတဲ့ အမှတ်အသား တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံး အသုံးပြုလျက် ရှိပါတယ်။

Ref: International News for Myanmar

ဖုန်း ရေထဲ ကျသွားတဲ့အခါ

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ကျတော့လည်း ဆိုင်ပြန်မပို့ရဘဲ အလိုလို ပြန်ကောင်းသွားတယ် ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းရဲ့ ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ရုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်
ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံးဝ ထိခိုက်စေပါတယ်။ နေရဲ့ အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ဘဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။
ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့ ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းတွေက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူ ပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ် ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ မြန်မြန် အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

အောင်ခမ်း (TechSpaceJournal team)

ကင်ဆာရောဂါကို နေ့စဉ်ဝယ်နေကြသူများ

မိမိ အာဟာရဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိ ခန္ဓာကိုယ်ကို လူရာမဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ စားသုံး မှီဝဲနေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာ ရဖြစ်စေသော အစာအာဟာရအဖြစ် အယောင်ဆောင်၍ နေ့စဉ် လွှမ်းမိုးနေ သည်။ နေ့စဉ်ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန်အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူဖြစ်ကြောင်း စားသုံးမှီဝဲသူပင်မသိ။ ဘာသိဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်မြေကြီးစိုးနေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံးမှီဝဲလိုက်ကြသည်။
ထိုအရာကားအခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်းတွေ့ကြရသည်။ မှီဝဲစားသုံးကြရသည်။ မြို့နေ၊ တောနေလူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာစားသုံးမှု အဖြစ် နေရာယူနေကြသည်။ လူမှုရေးလောကဝတ် တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက် ကပင် ခံယူဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်...အစဉ်အလာမလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ်ကြမည် ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာဖြစ်သည်။ ရှေးလူကြီးမင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုးတို့ဘွားများက လက်ခံကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်''ဟူ၍ ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့်''ဓလေ့''အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေ မင်းကို လက်တွဲခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေးအသိ၊ ကျန်းမာရေး ဗဟုသုတကိုလည်း သိအောင်မလုပ်၊ ရှာမှီးခြင်းလည်းမရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသောနိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှုကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည်ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်းမဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစားနေကြ သည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန်စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထားလိုက်ကြသည်။
ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ် နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ် ကုန်သော လူတန်းစား။ နေရာအနှံ့ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာမရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြ သည်။ ''ကွမ်းတံတွေးမထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီသွားကြပြီ။ ကွမ်းတံတွေးများက မြို့၏အင်္ဂါရပ်ကို အကျည်းတန်အရုပ်ဆိုးစေ သည်။ ပတ်ဝန်းကျင်အလှကို ဖျက်ဆီးလိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချ သည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာ ယူလာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယဆေး တစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံကြသူများကို ခံတွင်း၌ ရောဂါတစ်မျိုးကို ဖန်တီးလိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူသုံးစွဲရာမှ လတွေ၊ နှစ်တွေ ကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေးတပ်သား ''ကင်ဆာ'' ရောဂါက ဖိစီးဝင်ရောက် လာသည်။ ကြိုတင်မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည်တပ်လိုက်ပြီ။

ကုစားမရနိုင်သော ရောဂါဆိုးကြီးအဖြစ် ငွေကုန်သော်လည်း အသက်မမီ လိုက် သောအခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ်ပစ္စည်း ဒုက္ခက ပိုလာ သည်။ ကွမ်းတံတွေးကို အရမ်းထွေးပစ်၍မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေးလျက်ရှိ ပါသည်။
ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေးတွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီးငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေး နှင့် ထုံးတို့ဖြင့် စားတတ်ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကို ငြိမ်သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင်ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုးအနေဖြင့် လူကို ကင်ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများဖြစ်စေ သည်။ သွားဖုံးရောင်ရောဂါ၊ မျိုးစုံ လှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှားလိုက်ကြ ပါစို့...။

Ref: Myawady

အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ

(၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) ကုလားပဲ စားပါ

ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ

စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေ အရ မနက်စာမှာ ကြက်ဥ စားပေးတာက တစ်နေ့တာ အတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ

မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ် စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ

အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ

ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ

တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရ ဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ

ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီ သိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ

ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမို ကောင်းစေတယ် လို့ လေ့လာမှု တစ်ခုမှာ တွေ့ရပါတယ်။


Ref: Good Health

နာဆာတွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိ

ကမ္ဘာ့အကြီးဆုံး သုတေသန ဌာန ဖြစ်သည့် နာဆာ (National Aeronautics and Space Administration (NASA) တွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိကြောင်း နာဆာဂြိုလ်တု မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ အဖိုးတန်တွင်းထွက် သိုက်ကြောများကို ရှာဖွေပေးနေသူ ဘူမိဗေဒ ပါမောက္ခ (အညိမ်းစား) ဦးစိုးသိန်းက the voice weekly သို့ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှုး ဦးသန့် လက်ထက်မှ စတင်၍ မြန်မာပညာရှင် အမြောက်အများသည် မိမိတို့ သင်ယူတက်မြောက်ထားသော ပညာရပ်များမှာ မြန်မာနိုင်ငံတွင် အသုံးချရန် မကိုက်ညီသဖြင့် ပြည်ပသို့ထွက်ခွါခဲ့ကြပြီး အာကာသသိပံ္ပ ပညာ အပါအဝင် နျူကလီးယား နည်းပညာများ တက်မြောက်ထားသော မြန်မာ ပညာရှင်များအနေဖြင့် နာဆာတွင် အလုပ် လုပ်ကိုင်လျှက် ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် ပညာရှင်များ ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ အမိနိုင်ငံ တိုးတက်ရေးအတွက် ပြန်လာရန် မေလ၁၁ ရက်နေ့က ဒုတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်ခဲ့သည်။

"ပြန်လာဖို့မှာ အဓိက က နိုင်ငံချစ်စိတ်ပါပဲ" ဟု ပြည်ပရောက် မြန်မာ စီးပွါးရေးပညာရှင် ဦးဘိုဘိုကျော်ညိမ်းက သုံးသပ် ပြောကြားသည်။

"ဒီမှာ ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး" ဟု လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေနေအရ အဆိုပါ ပညာရှင်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးကြောင်း ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ၎င်း၏ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသည်။

NASA တွင် အာကာသသိပံ္ပပညာ လေ့လာမှု သာမက ဆေးပညာ၊ ဇီဝဗေဒ၊ သိပံပညာနှင့် ဆိုင်သော ပညာရေးတိုးတက်မှုများ၊ ကမ္ဘာ့မိုးလေဝသ၊ ဘူမိဗေဒ၊ နျူကလီးယား စွမ်းအင် သုတေသနက အစ လေ့လာ လုပ်ကိုင်ကြကြောင်း၊ ယင်းအပြင် အခြားအခြားသော အစိုးရ သုတေသနများ ဖြစ်သည့် National Institute of Health N/H၊ အမျိုးသား ပင်လယ်ပြင်နှင့် မိုးလေဝသဗေဒ အဖွဲ့စသည့် အစိုးရအဖွဲ့ ပေါင်းစုံအပြင် ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးများ ဖြစ်သော Boeing၊ Rockwell Internatoinal တို့နှင့်လည်းကောင်း၊ ကမ္ဘာ့နာမည်ကြီး ဆေးရုံကြီးများဖြစ်သည့် Cleueland Clinic, Mayo Clinic တို့နှင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အများအပြားကို ထောက်ပံ့ကြေး ပေးလျှက် သုတေသန လုပ်ငန်း များစွာကို လုပ်ကိုင်နေကြောင်း နာဆာတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသော မြန်မာလူမျိုး အာကာသသိပံ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောကြားသည်။ နာဆာတွင် သိပံပညာရှင်ပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အိန္ဒိယ ပညာရှင် ၃၂ ရာခိုင်နှုန်းခန့် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း ယင်းသုတေသန ဌာန၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

Internet

ကမ္ဘာ့အကြီးဆုံးကား


ကမ္ဘာ့အကြီးဆုံးကားလို့ မှတ်တမ်းအတင်ခံထားရတဲ့ ကားကတော့ General Motor မှ ထုတ်လုပ်တဲ့ Terex 33-19 Titan လို့အမည်ရတဲ့ ထရတ်ကား ပဲ ဖြစ်ပါတယ်။

Terex ထရတ်ကားအမျိုးအစားများကို ၁၉၇၃ ခုနှစ်က စတင်ထုတ် လုပ်ပြီး ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ လမ်းတံတားဖောက် လုပ်ရေးတို့မှာ အသုံးပြုဖို့ ရည်ရွယ်ပြီး GM က ကနေဒါနိုင်ငံမှ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။ Utra class အမျိုးအစားဖြင့်ပြီး သူ့ရဲ့ Dimension ကတော့ အမြင့် ၂၂ ပေ ၇ လက်မ၊ အကျယ် ၂၅ပေ ၇လက်မ၊ အလျား ၆၆ ပေ ၉ လက်မ ရှိပါတယ်။ အင်ဂျင်က လျှပ်စစ်ဓာတ်အား AC သုံးအင်ဂျင်ဖြစ်ပြီး၊ ဒီဇယ်အင်ဂျင်လည်း ပါရှိပါသေးတယ်။

စလင်ဒါ ၁၆လုံးနဲ့ top speed တစ်နာရီ ၂၉.၈ မိုင်အထိမောင်းနှင်နိုင် ပါတယ်။ သို့ပေမယ့် သူ့ရဲ့ အရွယ်အစားကြောင့်မို့ လမ်းမကြီးတွေပေါ် မှာ မောင်းနှင်ခွင့်မရှိပါဘူး။ လုပ်ငန်းသုံး ကားသက်သက်သာ ဖြစ်ပါတယ်။ အလေးချိန် ၅၀၉၅၀၀ ပေါင်ရှိပြီး ကုန်တန် ၄၀၀ သယ်ဆောင်နိုင်စွမ်းရှိ ပါတယ်။ ၂၀၀၉ခုနှစ်က ထုတ်လုပ်ထားတဲ့Terex 33-19 Titan ဟာ စမ်းသပ် ထုတ်လုပ်ခြင်းသာဖြစ်ပြီး လုပ်ငန်းခွင်အသုံးမချပဲ ကနေဒါနိုင်ငံ က ပြတိုက်တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားများ ကြည့်ရှုလို့ရအောင် ပြသထား ပါတယ်။

သူ့ရဲ့ ကာလပေါက်ဈေးဟာ ယနေ့ငွေကြေးတန်ဖိုးနဲ့ တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်းတန်ဖိုး ရှိတယ်လို့ သိရပါတယ်။

International News for Myanmar

ခဝဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်
ခဝဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် အမြန် လျော့ကျလိုသူတွေ အတွက် သင့်တော်တဲ့ အစားအစာပါ။ ခဝဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ကာ ကယ်လိုရီများတဲ့ တခြား အစာတွေကို လျှော့စားဖြစ်စေပါတယ်။

(၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။
ခဝဲသီးအရည်ကို အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ် သုံးကြပါတယ်။ ခဝဲသီးကို အရည်ညှစ်ပြီးသန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီး သောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

(၄) သွေးသန့်စေပါတယ်။
ခဝဲသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အစွမ်းရှိတာကြောင့် အရက်ကြောင့် အဆိပ်ဖြစ်မှုကနေ အသည်းကို ကာကွယ်ပေးပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။
ခဝဲသီးမှာ အင်ဆူလင်နဲ့ တူတဲ့ ပက်တိုက်တွေဖြစ်တဲ့ alkaloids နဲ့ charantin တို့ ပါဝင်တာကြောင့် အင်ဆူလင် အဆင့်ကို ပြောင်းလဲစေတာမျိုး မရှိဘဲ သွေးတွင်း သကြားဓာတ်နဲ့ ဆီးထဲက သကြားဓာတ်ကို လျော့ ကျစေပါတယ်။

(၆) အစာအိမ်အတွက် ကောင်းပါတယ်။
ခဝဲသီးမှာပါတဲ့ Cellulose တွေက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လိပ်ခေါင်း ကုသရေးမှာ ပါဝင်ကူညီပေးနေပါတယ်။

(၇) အသားအရေကို ကျန်းမာလှပစေပါတယ်။
ခဝဲသီးကိုအခြောက်ခံထားပြီး ရေမြှုပ်အဖြစ်အသုံးပြုကာ ရေချိုးတဲ့အခါ ကြေးချွတ်ပစ္စည်းအနေနဲ့ ပွတ်တိုက်ပေးပါ။ ခဝဲသီးခြောက် ရေမြှုပ်ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ကွာကျစေတာကြောင့် အသားအရေကို ချောမွေ့စေပြီး နူးညံ့ တောက်ပြောင်စေပါတယ်။ အရေပြားကို ကျန်းမာအောင်နဲ့ ပိုမို ဝင်းပလာအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။ ခဝဲသီးရဲ့သွေးသန့်စင်စေတဲ့ အာနိသင်ကြောင့် ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ကင်းစေကာ ခန္ဓာကိုယ် အနံ့ဆိုးတွေ ကင်းစေပါတယ်။ ခဝဲသီးရေမြှုပ်ကို စနစ်တကျ သန့်စင်မှု မလုပ်ရင် မှိုတွေ ပေါက်နိုင်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်မှာ ကပ်ကျန်နေတဲ့ ဆပ်ပြာနဲ့ ရေတွေကို သန့်စင်သွားအောင် ခါချပြီး လေသလပ် ခံကာ ခြောက်အောင် ထားရပါမယ်။

(၈) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
ခဝဲသီးဖျော်ရည် တစ်ဖန်ခွက်ကို တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီး နံနက်စောစောမှာ သောက်ပေးရင် ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းစေပြီး တခြားရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။

Ref: Good Health

လ ကို အမေရိကန်တွေရဲ့ ၅၁ ခုမြောက်ပြည်နယ် အဖြစ် တောင်းဆို

လ (Moon) ကို အမေရိကန်တို့ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရန် ယခုနှစ်အတွင်း တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုသူကတော့ အမေရိကန် လွတ်တော်အမတ် တစ်ဦး ဖြစ်တဲ့ Newt Gingrich ဖြစ်ပြီး အိမ်ဖြူတော်အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ တင်ပြချက်အရ လကမ္ဘာမှာ အမေရိကန်နိုင်ငံသား လူဦးရေ ၁၃၀၀၀ နေထိုင်ပြီဆိုရင် အမေရိကန်ရဲ့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်နိုင်ပြီး ပြည်နယ်တစ်ခု ဖြစ်လာမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ ရဲ့တင်ပြချက်ဟာ အမေရိကန် အထက်လွတ်တော်အမတ်များ လက်ခံဖွယ်ရာ ဖြစ် လာပြီး ဆွေးနွေးတိုင်ပင်မှုပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်။

သို့ပေမယ့် အမေရိကန် Northwest Ordinance ဥပဒေပြဌာန်းရေး အဖွဲ့ မှ ပြန်လည်ကြေညာချက်အရ လူဦးရေ ၆သောင်း ရှိမှ ပိုင်နက်ပြည်နယ် တစ်ခုအဖြစ် ကြေညာနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ လ ကို Terra nullius (မည်သူမှ မပိုင်သောနယ်မြေ) အဖြစ် သတ်မှတ်ထားပါတယ်။ သို့ပေမယ့် လက်ရှိ Newt Gingrich တင်ပြချက်အရ လကမ္ဘာဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာမယ်ဆိုရင် သူ့ထက် ငါအပြိုင် ပိုင်ဆိုင်ဖို့ ကြိုးစားမယ့် နိုင်ငံကြီးပေါင်းမြောက်များစွာ ရှိလာမှာ ဖြစ်ပါတယ်။

ဝိတ် လျှော့ချနည်းလမ်း အမှားများ

ရိုးစင်းတဲ့ ကိုယ်အလေးချိန် လျှော့ချ နည်းတွေဟာ နည်းလမ်းမမှန်ရင် လက်ရှိ ကိုယ်အလေးချိန်ကိုတောင်မှ ပိုများလာ နိုင်ပါတယ်။

(၁) ရက်တို အစာလျှော့ချနည်းသုံးခြင်း

ကိုယ်အလေးချိန် လျှော့ကျချင်လွန်းတဲ့ စိတ်ကြောင့် ရက်တို အစာလျှော့ချနည်းကို သုံးကောင်းသုံးမိနိုင်ပါတယ်။ နေ့တိုင်း အသီးအရွက် စွပ်ပြုတ်ပဲ သောက်ပြီးတော့ လျှော့ချတဲ့နည်းဟာ ကိုယ်အလေးချိန် ကိုတော့ လျော့ကျနိုင်ပါတယ်။
ဒါပေမယ့် အဲဒီ အစာလျှော့ချတဲ့ရက် ပြီးဆုံးသွားလို့ ပုံမှန်အတိုင်း အစာပြန်စားတဲ့အခါ ခန္ဓာကိုယ်ဟာ အရင်ကထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုနှေးသွားတဲ့အတွက် ကိုယ်အလေးချိန် မြန်မြန် တက်လာ နိုင်ပါတယ်။

(၂) နံနက်စာမစားဘဲ နေခြင်း

နံနက်စာ မစားဘဲနေတာဟာ ကယ်လိုရီဖြတ်တောက်နိုင်တဲ့ ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် နံနက်စာ မစားဘဲနေလိုက်ရင် တစ်နေ့လုံးဆာလောင်မှုကို ပိုမိုခံစားရပြီး နေ့လည်စာကို အလွန်အကျွံ စားမိသွားစေနိုင်ပါတယ်။
အသားဓာတ်နဲ့ အမျှင်ဓာတ်များပြားစွာ ပါဝင်တဲ့ နံနက်စာကို စားပေးတာဟာ တစ်နေ့တာလုံးမှာ ဖြစ်ပေါ်တတ်တဲ့ ဆာလောင်မှုကို လျှော့ချပေးနိုင်ပါတယ်။ နံနက်စာ စားလေ့ ရှိသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး ထားနိုင်ကြောင်း လေ့လာမှုတွေက သက်သေပြထားပြီးသားပါ။

(၃) ရေနည်းနည်းပဲ သောက်ခြင်း

ရေဟာ ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ရေဓာတ်ခန်းခြောက်နေရင် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု နှေးသွားပြီး ကိုယ်အလေးချိန် လျော့ကျဖို့ရာ နှေးကွေး သွားတတ်ပါတယ်။
ဒါကြောင့် သုတေသနတွေအရ တစ်နေ့မှာ ရေရှစ်ဖန်ခွက်နဲ့ အထက် သောက်တဲ့ အရွယ် ရောက်သူတွေဟာ ရေသောက်နည်းသူတွေထက် ကယ်လိုရီလောင်ကျွမ်းမှု ပိုများကြောင်း သိရပါတယ်။ အစာစားတိုင်းနဲ့ သရေစာစားတိုင်း ရေသောက်ပေးပါ။

(၄) သရေစာ မစားဘဲနေခြင်း

နေ့စဉ် အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏစားပြီး သရေစာကို အနည်းငယ် စားပေးတာဟာ ဆာလောင်မှုကို ပိုမိုထိန်းချုပ်နိုင်ပြီး ကိုယ်အလေးချိန် လျှော့ကျ စေပါတယ်။ သရေစာစားတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာ ကြောင့်ပါ။ သရေစာစားတဲ့အခါ ပရိုတင်းဓာတ်ပေါကြွယ်ဝတဲ့ အခွံမာသီးတွေကိုသာ စားသင့်ပါတယ်။

(၅) နို့နှင့် နို့ထွက်ပစ္စည်း ရှောင်ခြင်း

နွားနို့၊ ဒိန်ခဲနဲ့ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်တာဟာ ကိုယ်အလေးချိန် လျှော့ချသူတွေအတွက် မလုပ်သင့်တဲ့ အပြုအမူပါ။ နို့နဲ့နို့ထွက်ပစ္စည်းကနေ ကယ်လ်စီယမ် အလုံအလောက် ရရှိတဲ့အခါ အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းတွေ မှီဝဲတဲ့အခါ အဆီမပါတဲ့ ဒါမှမဟုတ် အဆီပါဝင်မှု နည်းတဲ့အစားကို ရွေးချယ် စားသုံးပါ။

(၆) နေ့တိုင်း ပေါင်ချိန်ခြင်း

နေ့စဉ်နေ့တိုင်း ပေါင်ချိန်တာဟာ ဘာအကျိုးကျေးဇူးမှ မရတဲ့အပြင် ကိုယ်အလေးချိန် မကျတဲ့ အတွက်လည်း စိတ်ဓာတ်ကျသွားနိုင်ပါတယ်။ သင့်ရဲ့ရည်ရွယ်ချက်က တစ်ပတ်မှာ ကိုယ်အလေးချိန် တစ်ပေါင်ကျဖို့ဆိုရင် တစ်ပတ်ကြာ ကိုယ်အလေးချိန်လျှော့ချပြီးမှ ပေါင်ချိန်ကြည့်ပါ။

(၇) အားကစား မလုပ်ခြင်း

ကိုယ်အလေးချိန် လျှော့ကျဖို့ရာမှာ အစားအသောက်ထိန်းခြင်းနဲ့ အားကစားပြုလုပ်ခြင်း ဆိုတဲ့ အခြေခံဘဝနေထိုင်မှု ပုံစံနှစ်ရပ် လိုအပ်ပါတယ်။ အားကစား မလုပ်ဘူးဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ကျဖို့ရာအတွက် အစားအသောက်ပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
အစားအသောက်တစ်ခုတည်းနဲ့ ကိုယ်အလေးချိန်လျှော့ချတာက ကျန်းမာရေးအတွက် ကောင်းတဲ့ ဝိတ်လျှော့နည်းတော့ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုကို စိတ်ပါလက်ပါ ပြုလုပ်ပြီး အစားအသောက်ကို ထိန်းကာ ဝိတ်လျှော့တာဟာ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို သွယ်လျကြည့်ကောင်းစေပါတယ်။

သဘာဝရဲ့အားအင် မှ ပြန်လည်ဖော်ပြပါသည်။

လှေကားအစား ချောစီးပိုက်တပ်ထားတဲ့ တက္ကသိုလ်


ကမ္ဘာပေါ်မှာ ပထမဆုံး တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက  University of Munich အမည်ရ တက္ကသိုလ်ဖြစ်ပြီး သုံးထပ်ရှိတဲ့ အဆောက်အအုံတွင်း မှာ တပ်ဆင်ထားပါတယ်။

ချောစီးပိုက်ခေါင်း တစ်ခုတည်းရယ်လို့တော့ မဟုတ်ပါဘူး။ အပေါ်တက်ဖို့ အတွက် အဆင်ပြေတဲ့ လှေကား များ တော့ တပ်ဆင်ထားပါတယ်။ အပေါ်ဆုံး လေးလွှာ ကနေသာ ချောစီး ဆင်းရလို့ ရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ချောစီးလို့ရတဲ့ လှေကား ရှိတဲ့ တက္ကသိုလ် ဆိုလို့ ယင်း တက္ကသိုလ် တစ်ခုပဲ ရှိပါတယ်။

Munich တက္ကသိုလ်ဆိုတာလည်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်ထဲမှာ ထိပ်တန်း ပါဝင်ပြီး နှစ်စဉ် ပညာရှင်များ မွေးထုတ်ပေးနေတဲ့ ကျောင်း ဖြစ် တယ်လို့ သိရပါတယ်။

ပညာတတ်အမျိုးသမီးများ အရက်ပိုသောက်

၁၉၇၀ လောက်ကတည်းက လန်ဒန်မှာ စစ်တမ်းကောက်ပြီး လေ့ လာတွေ့ရှိထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးများက သာမန် အမျိုးသမီးများထက် အရက်ပိုမို သောက်သုံးကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

တက္ကသိုလ်တက်ပြီး ပညာတတ်မြောက်တဲ့ အမျိုးသမီးများဟာ ဘွဲ့မရတဲ့ အမျိုးသများထက် ၂ ဆ လောက် အရက်ပိုသောက်နိုင်ကြပါတယ်။ ထိုနည်းတူ စွာ စာသင်ခန်းမှာ အဆင့်ကောင်းပြီး စာပိုတော်တဲ့ အမျိုးသမီး များဟာ အဆင့်နည်းတဲ့ စာညံ့တဲ့ မိန်းကလေးများထက် အရွယ်ရောက် ရင် ၁.၇ ဆလောက် အရက် ပိုမို သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်က ယခုလို ဖြစ်ပါတယ်။

ပညာတတ်အမျိုးသမီးများဟာ လုပ်ငန်းခွင်ကို ထိုးဖောက်နိုင်ပြီး အမျိုးသား များနဲ့ တန်းတူ ပြောဆိုဆက်ဆံရပါတယ်။ ဒီလို အတူ ပူးပေါင်း လုပ်ကိုင်ရာ မှာ လုပ်ကိုင်နိုင်စွမ်းရည် တန်းတူညီမျှ ရှိပြီး အမျိုးသားများနဲ့ ယှဉ်ဘောင် တန်း လုပ်ကိုင်နိုင်ကြောင်း စိတ်က အလိုအလျောက် အသိပေး တိုက်တွန်းနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအမျိုးသမီးများဟာ အမျိုးသားများကဲ့သို့ အရက်၊ ဘီယာများ ကို သောက်သုံးတယ်လို့ သိရပါတယ်။

International News for Myanmar

အင်တာနက်လိပ်စာတွင် ထည့်သော မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့


အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း) နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခုမှာ မလိုအပ်ဘဲ တီထွင်သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။

ဒီအတွက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက World Wide Web တီထွင်သူ Tim Berners-Lee ကိုယ်တိုင် တောင်းပန်စကား ဆိုခဲ့ပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်း နှစ်ခုဟာ မလိုအပ်ဘဲ အချိန်ပိုကြာစေတဲ့ အရာ တစ်ခု လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် စစချင်း တီထွင်တုန်းက သူ့ရဲ့ အင်ဂျင်နေယာ ကွန်ရက်ငယ်လေးသာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ နောက်တော့ အခြား နယ်ပယ်များအထိ ကျယ်ပြန့်လာပြီး ကမ္ဘာသုံး အင်တာနက်ရယ်လို့ ဖြစ်လာပါတယ်။ သို့ပေမယ့် မျဉ်းစောင်း နှစ်ခုကို ဖျက်ဖို့အတွက် Tim Berners-Lee အတွက် နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။

အားလုံး အသုံးပြုနေပြီဆိုတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတော့ ပါဘူး။ ဒါကြောင့် ယနေ့တိုင် အင်တာနက်မှာ ဝဘ်ဆိုဒ်လိပ်စာများ ရှာဖွေ မယ်ဆိုရင် https:// အစရှိသဖြင့် မျဉ်းစောင်း နှစ်ခုကို ထည့်ထည့် ပေးနေ ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Storage လိမ်လည်မှုဖြင့် Microsoft Surface တရားစွဲခံရ


Microsoft မှ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဖြန့်ချီတဲ့ Surface - ကျောက်သင်ပုန်း ကွန်ပျူတာကို အမေရိကန်မှ အသုံးပြုသူ တစ်ဦးက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့တရားစွဲဆိုချက်အရကတော့ Surface ဟာ ဖော်ပြပါ သိုလှောင်နိုင်စွမ်း Storage မရှိဘဲ လိမ်လည်ရောင်းချတယ်လို့ ဆိုပါတယ်။ သူဝယ်လိုက်တာ 32GB Surface - Windows 8 Tablet ဖြစ်ပါတယ်။ သို့ပေမယ့် ပြန်လည် စစ်ဆေးကြည့်လိုက်တဲ့အခါ တကယ် သိမ်းဆည်းနိုင်တဲ့ 16GB ပဲ ရှိပါတယ်။ ဒါကြောင့် ဒီအတွက် မကျေပ်မနပ် ဖြစ်ပြီး Microsoft ကို တရားစွဲလိုက် တာ ဖြစ်ပါတယ်။ Microsoft ဘက်မှလည်း ပြန်လည် ငြင်းဆန်ချက် ထုတ်ပြ ထားပါတယ်။

"အသုံးပြုတဲ့ Operating Sytem, ကြိုတင် Install လုပ်ထားတဲ့ Application တွေနဲ့ ပြန်လည် တွက်ကြည့်လိုက်ရင် 15 GB လောက်တော့ အလိုအလျောက် ကုန်မယ်ဆိုတာ သူသိထားသင့်တယ်။ ဒီအတွက် လည်း နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက ကြိုတင် ကြေညာ ထားပြီး သား ဖြစ်ပါတယ်။ သူတရားစွဲတဲ့နေ့က နိုဝင်ဘာလ ၇ ရက်ဖြစ်ပါတယ်။ ဒီတော့ ဒီစွဲဆိုမှုအတွက် ကျွန်တော်တို့မှာ အထောက်အထား အစုံအလင် ရှိပါတယ်။ ဝဘ်ဆိုဒ်မှာလည်း တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်" လို့ Microsoft မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။

Microsoft ရဲ့ ပြောဆိုချက်အရ 64GB ဝယ်ယူရင် 45GB သာ ရရှိမှာ ဖြစ်ပြီး 32GB ဝယ်ယူသူကတော့ 16GB ပဲရရှိမှာ ဖြစ်ပါတယ်။ ဒါကို စတင်ကြော်ငြာ တုန်းက သိစေအောင် လုပ်ထားတယ်လို့ ဆိုပေမယ့် အမှန်တော့ သိသူ နည်းနေပါတယ်။ အချို့ ဆို သိကိုမသိပါဘူး။ ဒါကြောင့် 32GB Surface တစ်လုံး ဝယ်ရင် 32GB အပြည့်မရရင်တောင်မှ 31 လောက်တော့ ရမယ်လို့ တွက်ချက်ထားသူ များပါတယ်။ အခုတော့ Surface အသုံးပြုသူများ အနေနဲ့ တရားလိုဘက် လိုက်ရမလား Microsoft ဘက် လိုက်ရမလား ဇဝေဇဝါ ဖြစ်နေပါတယ်။

ယင်း တရားစွဲဆိုချက်ကြောင့် Microsoft Surface ရောင်းအား ကျဆင်းနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

ဟင်းနုနယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

ဟင်းနုနယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။  လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ်ဆိုတာကို ရေးသားလိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေးစေပါတယ်။ ဒါ့အပြင် ဟင်းနုနယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျစေပါတယ်။

(၄) အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးတာတို့ကို သက်သာစေပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဟင်းနုနယ်ရွက်ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီးပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

(၆) အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနယ်ရွက်ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင်နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ်ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာစေပါတယ်။

(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်းစေပါတယ်။

(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြောတစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြောစနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။

သဘာဝရဲ့အားအင်မှ ပြန်လည်ဖော်ပြပါသည်။

အနာဂတ်အတွက် ခရီးသွား လေယာဉ်


ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ နှစ် အတွင်း တကယ် တည်ဆောက်လာတော့မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီသည် ရာနဲ့ချီတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ ပါရှိပါတယ်။ လေယာဉ်ကွင်း မလိုအပ်တော့ပါဘူး။ ကုန်းမှာလည်းဆင်းသက်လို့ ရသလို ရေပေါ်လည်း ဆင်းသက်လို့ ရပါတယ်။ ရည်ရွယ်ချက် ကတော့ ကုန်းမြေရှားပါးပြီး ပင်လယ်ရေ မြင့်တက်မယ့် အနာဂတ်မှာ အသုံးပြု နိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ဆိပ်ကမ်းတွေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆီစားသက်သာမှု ဖြစ်ပါတယ်။ ယနေ့ခေတ် ဆီစား သက်သာပါတယ်ဆိုတဲ့ နည်းပညာ အဆင့်မြင့် လေယာဉ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမို ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာ ပေါင်းစပ်ပေးမယ့် Hybrid အင်ဂျင်ပါဝင်လာလို့ ဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ယခင်တုန်းကလို ပုံသေ ထိုင်နေဖို့မလိုပါဘူး။ အတွင်းမှာ ခန်းမတွေပါ ပါရှိပြီး မင်္ဂလာဆောင် ခမ်းမလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ခန်းမ မထည့်ရင် ယင်းအစား ရုပ်ရှင်ရုံ ထည့်မယ် လို့ ဆိုပါတယ်။ လေယာဉ်ရဲ့ Stability သဘောအရ အခန်းလွတ်တဲ့ ခုံနဲ့ ကျကျ နန ထိုင်လို့ရတဲ့ ခန်းမကြီးတွေကိုပဲ ဒီဇိုင်နာတို့က Recommend ပေးထား ပါတယ်။

အသံထွက် ဆူညံမှု မရှိပဲ လေပေါ်ပဲ သွားသွား၊ ရေပေါ်ပဲ သွားသွား ဇင်ယော် တစ်ကောင်လို လှလှလေး ပျံဝဲစေမယ်လို့ Shabtai Hirshber က အမွမ်းတင် ပြောဆို ထားပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက် ကိုက လေယာဉ်ဆီရှားပါးတဲ့ ခေတ်မှာ လေးစီး ပျံသန်းနေတာထက် ယင်း ရေလေပျံ အနာဂတ် လေယာဉ် တစ်စီးသာ ပျံသန်းစေဖို့ ဖြစ်ပါတယ်။ တကယ် တည်ဆောက်တဲ့ အခါဖော်ပြ ပါ နည်းပညာနဲ့ အပြင်အဆင်အားလုံး ပါရှိဖို့အတွက် လေယာဉ်ထုတ်လုပ် ရေး ကုမ္မဏီအချို့နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တီထွင်မှု အကောင်းဆုံး ကုမ္မဏီအဖြစ် Apple က နံပါတ် ၁ တွင်ရှိနေဆဲ

သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တီထွင်မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းကောက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Booz မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ အကြောင်းအရင်းမှာ လက်ရှိ သူတို့ ပြုလုပ်ထားတဲ့ Project Glass ( Smart Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို့ ဆိုပါတယ်။

နံပါတ် ၃ မှာတော့ M3 အမည်ရ နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ သူရဲ့ အဓိက ထုတ်ကုန်က ဆော့ဖ်ဝဲရော၊ ဟာ့ဒ်ဝဲရော ပါရှိပြီး အမေရိကန် အခြေဆိုက် ကုမ္မဏီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်ဝန်းက မီးပွိုင့်တော်တော်များများဟာ သူတို့ ထုတ်ကုန် ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲ၊ Application များစွာလည်း ထုတ်လုပ်ထားပါတယ်။

နံပါတ် ၄ နေရာမှာကတော့ Samsung ဖြစ်ပါတယ်။ Apple နဲ့ ကြားမှာ နှစ် ခု တောင် ကွာသွားပါတယ်။   OLED displays နဲ့ NFC နည်းပညာ တို့ကြောင့် နံပါတ် ၄ အထိ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

Microsoft က နံပါတ် ၅ မှာတော့ မရှိခဲ့ပါဘူး။ နံပါတ် ၆မှာသာ တည်ရှိပါ တယ်။ Lumia စမတ်ဖုန်းသစ်၊ Surface Tablet, Windows 8 အစရှိသဖြင့် ယခုနှစ်အတွင်း အကောင်းဆုံး ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပေမယ့် နံပါတ် ၆ နေရာမှာ ရှိခဲ့တာကို Microsoft user တို့ မကျေပ်နပ်ခဲ့ပါဘူး။

စတိဗ်ဂျော့ မရှိတော့ပေမယ့် နံပါတ် ၁ နေရာမှာ ဆက်လက် တည်ရှိအောင် ထိန်းထားပေးနိုင်တဲ့ Tim Cook ကို Apple Fan တို့လေးစားခဲ့ ပါတယ်။ နောက်နှစ်တွေမှာလည်း Apple ကပဲ နံပါတ် ၁ Innovative ကုမ္မဏီတစ်ခု ဖြစ်လာဖို့ မျော်လင့်ထားတယ်လို့ သိရပါတယ်။

Ref: TechSpace Journal

အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား



၁၈၀၄ ကနေ ၁၈၀၅ ခုနှစ်အထိ ပြင်သစ် အင်ပါယာ အာဏာရှင် ဖြစ်ခဲ့တဲ့ နပိုလီယံကို လူတိုင်း သိပါတယ်။ သူရဲ့ သူမတူတဲ့ စစ်ရေး ပညာရပ်များ ကြောင့် ကမ္ဘာက ယနေ့တိုင် လေးစားရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

နပိုလီယံ နေဝင်ခဲ့ပေမယ့် သူ့ရဲ့ အောင်မြင်မှုနဲ့ အငွေ့ အသက်တွေဟာ ယနေ့တိုင် ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် သူ့ရဲ့အသုံး အဆောင်အားလုံးကိုလည်း တန်ဖိုးထား လေးစားမြတ်နိုးကြပါတယ်။ ယင်းထဲမှာ သူ့ရဲ့ ဓားတစ်လက် ပါဝင်ပါတယ်။ နပိုလီယံဓားလို့ လူသိများပြီး ပြင်သစ်နိုင်ငံရဲ့ ရှေးဟောင်းအမွေ အနှစ်လို့ သတ်မှတ်ထားပါတယ်။

သို့ပေမယ့် လေလံဈေးထဲမှာ ဘီလျံနာ တစ်ဦးကို ရောင်းချလိုက်ပြီး ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် နွေရာသီကာလက ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၄ သန်းနဲ့ လေလံဈေးတင်ပြီး ဘီလျံနာ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး လေလံတင် ဓားစာရင်းထဲမှာ ထိပ်တန်း ပါဝင်တဲ့ ဓားတစ်လက် ဖြစ်ပါတယ်။

တိုက်ပွဲတိုင်းမှာ နပိုလီယံဟာ ပစ္စတို တစ်လက်နဲ့ ဓားတစ်လက် အမြဲဆောင်ယူ တိုက်ခိုက်ပြီး ယခု ဓားကတော့ သူအမြဲဆောင်တဲ့ ဓား ဖြစ်တယ်လို့ သိရပါတယ်။
Ref: International News for Myanmar

ဘ၀အာမခံချက် ရှိနိုင်သော ဘွဲ့များ

ဆရာဝန် (ဆေးနဲ့သွား)
ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူရတာ ခက်ခဲသလို၊ ဘွဲ့ရရင်လည်း အောင်မြင်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ ကတော့ ဘ၀အာမခံချက် အရှိဆုံးဘွဲ့တစ်ခု အနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါတယ်။ လူဆိုတာက အိုခြင်း နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ ခေတ်အဆက်ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။ ဗြိတိန်ငွေ ပေါင်စတာလင်နဲ့ တွက်မယ်ဆိုရင် ပေါင် ၄၀၀၀၀ လောက် တစ်နှစ်ကိုဝင်ငွေရှိတယ်။ ဒါက အောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေရဲ့ ဝင်ငွေပါ။ ဆရာဝန်ပေါက်စတွေတောင် တစ်နှစ်ကို ပေါင် ၂၂၀၀၀ လောက် ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ပေါက်ဈေးနဲ့ တွက်ရင် တစ်ဒေါ်လာကို ၁ ဒသမ ၆၁ ပေါင်နဲ့ ညီတယ်ဆိုတော့ တစ်နှစ်ကို ဆရာဝန်တစ် ယောက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၃၅၄၂၀ လောက်ရတယ်ဆိုတဲ့သဘောပါ။ မြန်မာငွေနဲ့ တွက်ရင်တော့ တစ်နှစ် သိန်း ၃၀၀ ကျော်ပေါ့။ ငွေရပေါက်ကောင်းပေမယ့် သင်တန်းရက်ရှာကြာ၊ သင်ယူရတာခက်ခဲ၊ အောင်မြင်ဖို့လည်း ခက်တာကြောင့် ဒီအလုပ်ကို စဉ်စားကြတယ် လို့ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်ဝင်တန်း နဲ့ အမှတ်ကိုဖြတ်ချပြီးမှ ဆရာဝန်ဖြစ်နိုင်တာဆိုတော့ ဂုဏ်ထူးများမှ စိတ်ချရတဲ့သဘော ရှိနေပါတယ်။

ဗိသုကာ
ဗိသုကာတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေဟာ စတာလင်ပေါင် ၃၉၇၅၁ ရှိတယ်လို့ဆိုပါတယ်။ ဗိသုကာတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး ၇ နှစ်လောက် ပညာသင်ရတယ်။ BArch သို့မဟုတ် DipArch ဘွဲ့ရမှ မဟုတ်ရင် ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါတောင် အရည်အချင်းက စကားပြောပါ တယ်။ ကျော်ကြားရင် ကျော်ကြားသလောက် ဘ၀အတွက် အာမခံချက် ရှိတာကြောင့်လည်း ရင်းနှီးသူတွေ ဒုနဲ့ဒေးရှိတယ်လို့ သိရပါတယ်။

အင်ဂျင်နီယာ
အင်ဂျင်နီယာဆိုတဲ့နေရာမှာ လိုင်းစုံကိုပြောတာပါ။ တစ်နှစ်ပျမ်းမျှလစာ စတာလင်ပေါင် ၃၉၅၂၈ လောက်ရတယ်။ မြို့ပြ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး အားလုံးပါတယ်။  နာနိုခေတ်ဖြစ်လာတော့ နာနိုနည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေလည်း ရေပန်းစားတယ်။ ဟိုက်ဒြို အီလက်ထရောနစ်ဆည် တည်ဆောက်ရေး စနစ်တွေကလည်း မြို့ပြအင်ဂျင်နီယာတွေအတွက် စိန်ခေါ်စရာဖြစ်လာတယ်။ နေ့စဉ်ဘ၀မှာလည်း မြက်ခင်းကို ပြုပြင်ထိန်းသိမ်းတဲ့နေရာကအစ အဝတ်လျှော်စက်ပြုပြင်တဲ့အဆုံး အင်ဂျင်နီယာတွေ၊ စက်မှုလက်မှု ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးဖြစ်နေတာကြောင့်  အင်ဂျင်နီယာအလုပ်လည်း လူကြိုက်အများ ဆုံးဖြစ်လာရပါတယ်။ ကွန်ပျူတာလောကမှာဆိုရင်လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာဆိုသူတွေက အရေးအပါဆုံး ဖြစ်နေပါသေးတယ်။

ဓာတုဗေဒနှင့် စွမ်းအင်အင်ဂျင်နီယာ
အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့တွေကတော့ ထိပ်ဆုံးမှာ လူကြိုက်အများဆုံး ဘွဲ့တွေဖြစ် နေပါသေးတယ်။ လက်ရှိ အမေရိကန်မှာလည်း သိပ္ပံနဲ့ နည်းပညာ ကော်မတီက ဒီပညာရပ်တွေကိုပဲ အဓိကဦးစားပေး သင်ကြားပေးရန်နဲ့ ဒီဘာသာရပ် ဘွဲ့ရတွေကို နေရာပေးရန်ဆိုတဲ့ စီမံချက်တွေကို ရေးဆွဲပြီး အကောင်အထည်ဖော်နေကြတယ်။ သူတို့ အလေးထားပုံကတော့ “အလျှင် အမြန်၊ ချက်ချင်း” အဆင့်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဓာတုအင်ဂျင် နီယာဆိုတာက စွမ်းအင်နဲ့လောင်စာ အရေးပါနေတဲ့ခေတ်မှာ အလုပ်မရှားပါဘူး။ တစ်နှစ်ကို ပေါင်စတာလင် ၃၈၅၃၈ လောက်ရတယ် ဆိုတာကြည့်ရင် အရေးပါပုံကို သိနိုင်ပါတယ်။

တောင်အာရှ ဘာသာရပ်လေ့လာခြင်း
ကမ္ဘာ့ဘာသာရပ်တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တောင်အာရှဒေသ များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာရန်ဆိုတာ ပိုပြီးအရေးပါလာတယ်။ ဒါကြောင့် တောင်အာရှ ဘာသာစကားတွေကို ကျွမ်းကျင်စွာတတ် မြောက်သူတွေ အလုပ်မ ရှားဖြစ်လာတယ်။  ဘာသာဗေဒဆိုင်ရာ သဘော၊ တည်ဆောက်ပုံ၊ သဒ္ဒါအသုံး အနှုန်း လေ့လာခြင်းတွေအပြင် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာတတ်ကျွမ်းသူတွေ နေရာရလာကြပါ တယ်။ အရှေ့တောင်အာရှ ကျွမ်းကျင်သူဆိုတဲ့ ရာထူးတွေကို ပိုင်ဆိုင် ထားသူတွေ တစ်နှစ်ကို လစာ စတာလင် ပေါင် ၃၈၅၁၆ လောက်ရတာတွေ့ရပါတယ်။

ဓာတ်သတ္တု နည်းပညာကျွမ်းကျင်
ဓာတ်သတ္တုနဲ့ သဘာဝ ဓာတ်ငွေ့တူး ဖော်ရေးကို အထူးပြုယူထားသူတွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်ဟာ ကျောင်းပြီးတာနဲ့ အလုပ်ရ တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေမှာ အကြံပေးနိုင်သူတွေ သို့မဟုတ် ကျွမ်းကျင်ပညာရှင် တွေဖြစ်လာရင် တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက်ရတယ်လို့သိရတယ်။ ဒီလောကမှာ အမြင့်ဆုံးလစာ ကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်ဆိုရင် တစ်နှစ်လစာ စတာလင်ပေါင် ၄၂၃၀၅ လောက်ရရှိတယ်လို့ဆိုပါတယ်။

ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဆိုတာက လုပ်သား အင်အားစီမံခွဲဝေနိုင်မှု၊  အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေး လုပ်ငန်းတွေမှာ ကျွမ်းကျင် သူတွေ ဖြစ်ရပါလိမ့်မယ်။ သူ့သက်ဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ဆိုင်ရာ ဘွဲ့တွေ ရရှိထားဖို့လိုပါတယ်။ ကျွမ်းကျင်စီမံခန့်ခွဲသူတွေဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။

 မြို့ပြအင်ဂျင်နီယာ
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ကျွမ်းကျင်တွေဟာ အထူးသဖြင့် STEM (science, technology, engineering, maths) လို့ သူတို့နိုင်ငံတွေမှာ အမွှမ်းတင်ထားတဲ့ ဘာသာရပ်တွေမှာ ဘွဲ့ရ ထားသူတွေဟာ ရွှေမရှား၊ ငွေမရှားဖြစ်နိုင်ပါတယ်။ မြို့ပြအင်ဂျင်နီယာတွေကို မြို့ကြီးပြကြီးတွေမှာ အလွန်လို အပ်နေပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၉၀၄ လောက်ရကြပါတယ်။

လုပ်ငန်း အကောင် အထည်ဖော်ရေး ကျွမ်းကျင်ပညာရှင်
သူတို့ဆီမှာတော့ operational research လို့ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် အဆုံးအဖြတ် ပေးနိုင်သူများလို့ လန်ကက်စတာတက္ကသိုလ် စီမံခန့်ခွဲရေး ကျောင်းကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။ စီးပွားရေး ဆိုင်ရာ ဘွဲ့တစ်ခုခုကို ရရှိထားပြီး  လုပ်ငန်းနယ်ပယ်၊ ဈေးကွက်စတာတွေကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိပြီး လုပ်ငန်းအပေါ် များစွာအထောက်အကူပြုနိုင်သူတွေလို့ သတ်မှတ်ထားခြင်းခံရပါတယ်။  တစ်နှစ်ကို ပေါင်စတာလင် ၃၆၅၄၀ လောက်ရပါတယ်။

ဂျပန်ဘာသာကျွမ်းကျင်သူ
ဂျပန်ဘာသာဟာ နိုင်ငံခြားဘာသာ လေ့လာသူတွေစာရင်းမှာ ထိပ်တန်း ၁၀ ဘာသာစာရင်းဝင်ဖြစ်လာပါပြီ။ ဂျပန် ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ အနုပညာကို လေ့လာသူတွေ များလာတဲ့အလျောက် ဂျပန် ဘာသာကို သင်ကြားပေးနိုင်သူတွေ တစ်နှစ်လစာ စတာလင်ပေါင် ၃၆၄၃၇ လောက်ရနိုင်ကြောင်း သိရပါတယ်။ ဘွဲ့ရ တဲ့အချိန်ကနေ အသက် ၆၅ နှစ်လောက်အထိ ဂျပန်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတွေကို သင်ကြားပေးတဲ့ ဆရာအဖြစ် ရပ်တည်နိုင်တာကြောင့် ဝင်ငွေကောင်းပြီး ဘ၀အတွက်ပါ အာမခံချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဂျပန်မှာတော့ ဥပဒေဘွဲ့ရတွေဟာ အမှတ်စဉ် ၃၇ လောက်ချိတ်ပါတယ်။ ဘွဲ့ရ ပြီးရင် အလုပ်အများဆုံးရနိုင်တဲ့ ဘွဲ့ကလည်း ရှေ့နေအလုပ်ဖြစ်နေပါတယ်။ ၄၆ ရာခိုင်နှုန်းလောက်ရတယ်လို့ဆိုပါတယ်။

မှတ်ချက်
အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။

အံ့ဖွယ်ပန်းချီကားများ

ခဲတံ တစ်ချောင်းတည်းနှင့် ဆွဲထားသော အံ့မခန်း ပန်းချီကား



ခဲတံ တစ်ချောင်းတည်းနဲ့ ယခု မြင်နေရတဲ့ ကြောင်ပုံကို Paul Lung အမည်ရ ပန်းချီဆရာက ရေးဆွဲထားတာ ဖြစ်ပါတယ်။

သူဆွဲလိုက်တဲ့ ပန်းချီတိုင်းဟာ ဓာတ်ပုံနဲ့ ထင်ရောင်ထင် မှား ဖြစ်လောက်အောင် လက်စွမ်းထက်သူ ဖြစ်ပါတယ်။ ယခု ကြောင်ပုံကိုလည်း တစ်ထိုင်တည်း ဆွဲထားတာ မဟုတ်ပါဘူး။ တစ်ရက်ကို နာရီအနည်းငယ်စီ အချိန်ကုန်ခံပြီး စုစုပေါင်း နာရီပေါင်း ၆၀ ကြာအောင် ဆွဲရတဲ့ ကြောင်ပုံ ဖြစ်ပါတယ်။

ဒီမှာ ပိုထူးခြားတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အချိန်ကြာကြာယူပြီး ဆွဲထားတဲ့ ယခု ကြောင်ပုံမှာ ခဲဖျက်လုံးဝ မသုံးထားဘူးလို့ သိရပါတယ်။ 
ဘောလ်ပင်နှင့် ဆွဲသော အံ့မခန်း ပန်းချီကား 

ဒီပန်းချီကားကို ဆွဲဖို့အတွက် ရောင်စုံ ဘောလ်ပင် ၆ ချောင်းပဲ အသုံးပြု သွားပါတယ်။ ၈ လက်မx ၉ လက်မ အရွယ် ပန်းချီကားဖြစ်ပြီး ရွှေရောင် သန်းတဲ့ ဆံပင်ကိုတောင် ဘောလ်ပင်နဲ့ပဲ ဆွဲတာ ဖြစ်ပါတယ်။

ပန်းချီဆရာကတော့ ပေါ်တူဂီနိုင်ငံမှ ရှေ့ နေ့ တစ်ဦးဖြစ်သူ Samuel Silva ဖြစ်ပါတယ်။ ပန်းချီဆွဲရာမှာ ဝါသနာ ပါပြီး Illusion အတတ်ပညာ ကို ကောင်းကောင်း ပိုင်နိုင်သူ ဖြစ်ပါတယ်။ အရောင် တောက်နေပြီး ဓာတ်ပုံလို့တောင် ထင်ရတဲ့ Silva ရဲ့  အသက်ဝင်နေသော ပန်းချီကားကို Master Piece အဖြစ် လက်ခံခဲ့ကြပါတယ်။

Ref: International News for Myanmar

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်

ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။

၂။ လက်ဆစ်ချိုးခြင်းဟာ အဆစ်ရောင်ရမ်းနာ ဖြစ်စေနိုင်တယ်

လက်အဆစ်ချိုးခြင်းဟာ စိတ်အနှာက်အယှက်ဖြစ်စေရုံမျှမက လက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ရမ်းနာ (arthritis) ကိုတော့ မဖြစ်စေနိုင်ပါဘူး။ လေ့လာချက်တွေအရ လက်ဆစ်ချိုးလေ့ရှိသူတွေဟာ မရှိသူတွေထက်စာရင် အဆစ်ရောင်ရမ်းနာ ပိုဖြစ်တာကိုမတွေ့ရပါဘူး။ ဒါပေမဲ့ လက်ဆစ်ချိုးခြင်းဟာ လက်တွေကို ရောင်စေနိုင်သလို လက်ရဲ့ ဆုပ်ကိုင်မှုအားကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၃။ မျိုချမိတဲ့ပီကေ အစာကျေဖို့ ခုနစ်နှစ်တောင်ကြာတယ်
ဒါဟာလည်း ယုံတမ်းစကား သက်သက်ပါပဲ။ ပီကေကို ယောင်ပြီးမျိုချမိတဲ့အခါ အဲဒီပီကေကို အစာချေဖျက်ဖို့ ခုနစ်နှစ်မကြာပါဘူး။ သေးငယ်တဲ့ အရာတစ်ခုစာ သင့် အစာခြေလမ်းကြောင်းတစ်လျှေက် တရွေ့ရွ့နဲ့ ပုံမှန်သွားနေမှာပါ။

၎။ မျက်နှာမသစ်ခြင်းနဲ့ အစာတချို့ စားသုံးခြင်းဟာ ဝက်ခြံပေါက်စေနိုင်ပါတယ်

သင်ဘာစားသလဲ၊ မျက်နှာကို ဘယ်လောက်ကြာမှ တစ်ခါ သစ်သလဲဆိုတာနဲ့ မျက်နှာပေါ်မှာ အဖုအပိမ့်နဲ့ ဝက်ခြံတွေပေါက်တာ ဆိုင်တယ်လို့ အများစုက ထင်ထားကြပါတယ်။ တကယ်တော့ ဝက်ခြံဟာ ဟော်မုန်းထွက်ရှိမှုနဲ့ အဆီဂလင်းတွေပေါ် ဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ထွက်ရှိတာပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှာ ဒီဖြစ်စဉ်ဟာ မြင့်တတ်တဲ့အတွက် ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေမှာ ဝက်ခြံတွေ အထွက်များတာဖြစ်ပါတယ်။ စားတဲ့အစာနဲ့ ဝက်ခြံထွက်ရှိမှု ဘာမှသိပ်မဆိုင်ဘူးဆိုပေမဲ့ တချို့ အစာတွေကြောင့် သင့်မှာ ဝက်ခြံထွက်တယ်လို့ ယူဆပါက အဲဒီအစာတွေကို ရှောင်ရှားခြင်းဖြင့် အန္တရာယ်မရှိနိုင်တဲ့အတွက် ရှောင်လိုကရှောင်နိုင်ပါတယ်။ မျက်နှာအသစ်နည်းခြင်းကြောင့် ဝက်ခြံထွက်ရှိတာ မဟုတ်တဲ့ အပြင် မျက်နှာ မကြာခဏသစ်လွန်းနေရင်တောင် ဝက်ခြံပိုထွက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါ ပြောင်ရှင်းသွားကာ မျက်နှာပေါ်ရှိ သဘာဝအဆီတွေကို အစားထိုးဖို့အတွက် ခန္ဓာကိုယ်မှ အဆီပိုထုတ်ရတဲ့အတွက် ဖြစ်ပါတယ်။

၅။ နှာချေလိုက်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်တယ်

နောက်ထပ် ကြားဖူးနားဝရှိတာကတော့ နှာချေလိုက်တဲ့အခါ နှလုံးအခုန် တစ်ချက်ရပ်သွားတယ် ဆိုတာပါဘဲ။ ဒါလည်းအဓိပ္ပါယ်မရှိပါဘူး။ နှာချေလိုက်တဲ့အခါ ရင်ခေါင်းထဲဖြစ်ပေါ်လာတဲ့ ဖိအားဟာ အသက်ရှုသွင်းစဉ် မြင့်တတ်သွားကာ အသက်ရှုထုတ်စဉ် လျော့နည်းသွားတဲ့အတွက် နှလုံးခုန်နှုန်း အနည်းငယ် ပြောင်းသွားပေမဲ့ လုံးဝနှလုံးခုန် ရပ်သွားတာတော့ မဟုတ်ပါဘူး။

၆။ ကြို့ထိုးတာ ပျောက်အောင်ကုသနိုင်တယ်

ဘာကြောင့် ကြို့ထိုးသလဲဆိုတာ ဘယ်သူမှ သေချာမသိပေမဲ့ တချို့ အစားအသောက်နဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ဝမ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေဟာ အလိုလိုနေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်ပါတယ်။ လူအများစုဟာ ကြို့ထိုးပျောက်အောင် နှာခေါင်းပိတ်ကာ ရေမော့သောက်ခြင်း၊ ကြောက်လန့်အောင် ခြောက်လန့်ခြင်းစတဲ့ နှစ်သက်ရာနည်းလမ်းတွေကို အသုံးပြုတတ်ကြပေမဲ့ တကယ်တမ်းကျတော့ ကြို့ထိုးခြင်းကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ နာရီနဲ့ ချိန်ပြီးကြာတဲ့ ကာလရှည်ကြို့ထိုးခြင်းအတွက် ဆေးတွေရှိပေမဲ့ အကျိုးအာနိသင်စွမ်း မစွမ်းငြင်းခုံနေကြဆဲပါပဲ။ ပုံမှန်ကြို့ထိုးခြင်းဟာ လုံးဝအန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် အလိုလို ပျောက်သွားတတ်ပါတယ်။

၇။ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိ

ဒီစကား ဘယ်ကနေပေါ်လာမှန်းမသိပေမဲ့ ကျွန်တော်တို့လူသားတွေဟာ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို အသုံးပြုလေ့ရှိပါတယ်။ လေ့လာချက်အရ အိပ်ပျော်နေစဉ်မှာတောင် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေတာ တွေ့ရပါတယ်။

၈။ မနက်စာမစားလို့ရတယ် မဟုတ်ပါဘူး။

မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာပါ။ လေ့လာချက်တွေအရ မနက်ပိုင်းမှာ အစာတစ်ခုခုစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပြီး မနက်စာမစားပါက နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာမစားခြင်းဖြင့် ဇိဝရုပ်ဖြစ်ပျက်မှုနှုန်းကိုလည်း နှေးကွေးစေကာ သရေစာတွေ စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ ဗိုက်ကိုကြည့်ပြီး ရင်သွေးလေးရဲ့ လိင်အမျိုးအစားခန့်မှန်းနိုင်

ကိုယ်ဝန်ဗိုက်ပေါ်ကို ဖောင်းပြီးချွန်ထွက်နေရင် မွေးလာမယ့်ရင်သွေးလေးက သားသားလေး၊ ဝမ်းဗိုက်ကလုံးနေရင် မီးမီးလေးလို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်အနေအထားကို ကြည့်ပြီး မွေးလာမယ့်ရင်သွေးလေးကို ခန့်မှန်းလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ပုံစံနဲ့ ရင်သွေးရဲ့ လိင်အမျိုးအစား ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ Ultrasound ရိုက်ကြည့်မှသာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။
Ref: Good Health

နံပိန်ခါးကိုင်း တို့တိုင်းပြည်

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ထုတ် Myanmar Independent ဂျာနယ်တွင် ဖော်ပြပြီးဖြစ်သော ဆောင်းပါး ဖြစ်ပါသည်။

ကျွန်တော်သည် စာသမားဖြစ်သဖြင့် အားကစားလုံးဝ ဝါသနာ မပါကြောင်း ဦးစွာပြောချင်ပါသည်။ အိပ်ချိန် နည်းနည်း၊ စာဖတ်ချိန် များများနှင့် ဘဝကို အခြေချ ထားမိသဖြင့် အားကစားလုပ်ရန်လည်း အခြေအနေ မပေးပါ။ သို့သော် တက္ကသိုလ်ကျောင်းသား ဘဝတွင် မေဂျာစိတ်ဓာတ်၊ အဆောင်စိတ်ဓာတ်များဖြင့် အားကစားပွဲများ ကိုတော့ လိုက်လံ အားပေးခဲ့ပါသည်။

ကျွန်တော်တို့ တက္ကသိုလ်တက်ချိန်က RC ဟုခေါ်သည့် ခန်းမအတွင်း ဘော်လီဘော  လေ့ကျင့်နေကြသည့် ကျောင်းသား များ၏ ဘောလုံး ရိုက်သံက တအုံးအုံးထကာ နှလုံး တုန်ဖွယ် ကောင်းလှသည်။ သူတို့ အရပ် အမောင်း၊ ခွန်အားဗလတွေလည်း သန်မာကြသည်။ ထိုခေတ်ကကျောင်းသား ဆိုသည်မှာ ဆိုရှယ်နှင့် အားကစားတွင် ယနေ့ခေတ် ကျောင်းသားတွေထက် သာသည်။ မြို့နယ်၊ တိုင်း၊ ပြည်နယ်၊ ကျောင်းသား လက်ရွေးစင် အဆင့်များမှသည် မြန်မာ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်တွေ ဖြစ်သွားကြသည်။ ထိုခေတ်က လက်ရွေးစင်ဖြစ်ရန် ပြိုင်ပွဲတွေ ရှိသည်။ လေ့ကျင့်ရန် အားကစားကွင်းတွေရှိသည်။ စာလည်းမပိ။ ကျောင်းမှ အိမ်ပြန်ရောက်လျှင် သို့မဟုတ် ကျောင်းလွှတ်လျှင် အိမ်မပြန်ဘဲ ဘောလုံးကွင်းထဲ၊ ဘော်လီဘောကွင်းထဲ တန်းဆင်းကာ လေ့ကျင့် ကစားကြသည်။ ထို့ကြောင့်လည်း သန်မာ ထွားကြိုင်း သည့် ကျောင်းသားတွေနှင့် မြန်မာ့ အားကစား မြင့်မား ခဲ့ဖူးပါသည်။

မကြာမီ ကျောင်းသား အားကစားပွဲတွေ ကျင်းပတော့မည် ဖြစ်သဖြင့် ကျောင်းသားတွေကို လေ့ကျင့်ပေးနေသော အားကစားရုံ တစ်ရုံသို့ ရောက်သွား မိပါသည်။ ကျွန်တော့် ဆရာတစ်ဦးသည် ယနေ့တိုင် အားကစားပွဲများ ကျင်းပရေးကို ဝါသနာထုံသဖြင့် ရာသီချိန်ရောက်လျှင် အားကစားကွင်းသို့ ရောက်နေ တတ်သည်။ ယခင်က အားကစားတွေ လေ့ကျင့်လျှင် ကိုယ့်ကျောင်း ဘောလုံးကွင်း၊ ဘတ်စ်ကက်ဘော ကွင်းတွေနှင့် ကျောင်းသား တွေ မျက်နှာ မငယ်ကြပေ။ ယခုခေတ်တွင်မှ ဘောလုံးကွင်းတွင် ကျောင်းတိုးချဲ့ဆောက်ကြသည်။ ဘတ်စ်ကက်ဘောကွင်းကို ကျောင်းသား စုဝေးကွင်း လုပ်ပြီး အလယ်တွင် ကျောက်တိုင်တွေ စိုက်ကာ မြန်မာ့ပညာရေးကို ကျောက်သား အက္ခရာတင်ပြီး စိတ်ကူးယဉ်ကြည့်ကြသည်။ စိတ်ကူးပေါက်ရောက် ကောက်လုပ်တတ်သည့် ပညာရေးလောက သားတွေကြောင့် ကစားကွင်းတွေပျောက်ကာ ကစားကွင်း မရှိသော ကျောင်းတို့၏ တိုင်းပြည် ဘဝရောက်ခဲ့ရသည်။

ကျောင်းသားများ ယခုအခါ အားကစားလေ့ကျင့်လျှင် ပြည်သူ့အားကစားကွင်း သာရှိတော့သည်။ ကျွန်တော့် ဆရာက ဘော်လီဘောရုံတွင် ရှိနေသည် ဆိုသောကြောင့် မိုးလုံလေလုံရုံ ဘက်သို့ ထွက်ခဲ့သည်။ ဟုတ်မှ ဟုတ်ပါ့မလားဟု စိတ်ထဲတွင် ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ် ငြိမ်သက်နေသောကြောင့် ဖြစ်သည်။ ရုံအတွင်း ဝင်လိုက်မှ နှစ်သင်းဘော်လီဘော ကစားနေသည်ကို တွေ့လိုက် ရသည်။ ပင့်ထောင်အား မပါ၊ ခုတ်ရိုက်အားမရှိ၊ ဘောလုံးကို တစ်ဘက်သို့ မရောက် ရောက်အောင် လက်ဖျံတွေနှင့် တွန်းပို့နေသလို ဖြစ်သည်။ အားပေးမည့်သူ လည်းမရှိ။ တစ်ချိန်က ဆူညံစွာအော်ဟစ်နေသည့် ကျောင်းများမှ အားပေးသော ကျောင်းသား လည်းမရှိ။ စုံစမ်းကြည့်သောအခါ ကျောင်းတွေမှ ကျောင်းအုပ်တွေက မလွှတ်ကြောင်း၊ ရန်ဖြစ်မည် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ အတန်းကြီးတွေ ကလည်း စာမေးပွဲနီးသောကြောင့် မလာချင်ကြကြောင်းသိ လိုက်ရ သဖြင့် အတော်လေး စိတ်မကောင်းဖြစ်မိသည်။ ဘော်လီဘောကွင်းတွင်း အုန်းဒိုင်းကြဲနေသော ဘောလုံး ခုတ်သံ၊ ရိုက်သံ၊ အားပေးသံတွေ တစ်ချိန်က အမှန်တကယ် ရှိခဲ့ခြင်းသည် အိပ်မက်ပမာဖြစ်ခဲ့ရသည်။

သွားကျဉ်ခြင်းအကြောင်းရင်းနဲ့ ကုသမှု

သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့ အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။ သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
ဒါပေမဲ့ ခံစားရတဲ့ စက္ကန့်အနည်းငယ်အတွင်း မှာတော့ အလွန်ပြင်းပြင်းထန်ထန်ကို ခံစား ရပါတယ်။ သွားကျဉ်တာကို ခံစားနေရရင် ဘဝဟာ စိတ်မချမ်းမြေ့စရာဖြစ်နေတတ် ပါတယ်။
 
ဘာကြောင့်သွားကျဉ်တာလဲ

သင့်သွားတွေမှာ ဘာမှထူးထူးခြားခြား ထိခိုက်မှုဖြစ်တာ မမြင်ရဘဲနဲ့ ရုတ်တရက် ကျဉ် သွားတတ်တာ ဒါမှမဟုတ် စူးစူးရှရှ နာကျင်တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ သွား တွေမှာ နူးညံ့တဲ့ ဆင်စွယ်နှစ်လွှာနဲ့ အာရုံကြောတွေကို အပေါ်ယံက မာကျောတဲ့ ကြွေသွားလွှာနဲ့ အုပ်ထားပါတယ်။
ဒီကြွေသွားလွှာဟာ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း ဒါမှမဟုတ် အလွန်ပူတဲ့ ဒါမှ မဟုတ် အလွန်အေးတဲ့ အစာကို ကိုက်ဝါးခြင်းစတဲ့ အကြောင်းတွေကြောင့် ပွန်းပဲ့ ထိခိုက် နိုင်ပါတယ်။ တစ်ခါတစ်ရံ သွားကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ အက်ရာလေး ကနေတော် အပူနဲ့အအေးတွေဟာ အာရုံကြောဆီကို ဖြတ်သန်းရောက်ရှိသွားပြီး စူးစူးရှရှ နာကျင်မှုကို ခံစားရစေပါတယ်။

ကုသမှု

သွားကျဉ်တာက ပြင်းထန်ရင်တော့ အကြောထုတ်ကုသမှုကို လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ မပြင်းထန်တဲ့ ပြဿနာအတွက်တော့ အောက်ပါအကြံပြုချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ အစာကို တစ်ကိုက်လေး ကိုက်ဝါးဖို့တောင် ကြောက်လန့်နေရင် အောက်ပါအိမ်တွင်းကုသမှု နည်းလမ်းတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
သွားကျဉ်တာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (Desensitizing toothpaste) တွေကိုသာ အမြဲသုံးပါ။ ဒီသွားတိုက်ဆေးတွေက သွားမှာဖြစ်နေတဲ့ ဆက်ကြောင်းလေးတွေကို ဖြည့်ပေးပြီး အာရုံခံစားမှုကို ထိထိရောက်ရောက် လျော့နည်း စေပါတယ်။
ညအိပ်ရာမဝင်ခင် သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းထိပ်မှာ တင်ပြီး သွား ကျဉ် နေတဲ့ နေရာမှာ ဖြန့်ပြီး သုတ်လိမ်းပေးပါ။ ပြီးရင် သွားတိုက်ဆေးကို ရေနဲ့ ပလုတ် ကျင်းမပစ်ဘဲ ဒီအတိုင်းသာထွေးထုတ်ပါ။ သွားကျင်တာ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်ကြာအောင် လုပ်ပါ။
 
သွားချေးလွှာတွေရှိရင် သွားကျဉ်တာကို ပိုဆိုးစေပါတယ်။ သွားချေးလွှာက သွားကို ထိခိုက်စေမယ့် အက်စစ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်း ဆုံး နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွားချေးလွှာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးပြီးတော့လည်း သွားတွေကို သန့်စင်ပေးပါ။
 
သွားကျဉ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အလွန်ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာကြောင့်ပါ။ ဒါမှမဟုတ်ရင်လည်း ကြမ်းတမ်းတဲ့ သွားတိုက်တံ အမျှင်တွေနဲ့ သွားတိုက်တာကြောင့် သွားရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံ (Soft) ကိုသာ အမြဲသုံးပြီး ညင်ညင်သာသာ သွားတိုက်ပေးပါ။
 
ကွမ်းစားခြင်းက သွားဖုံးတွေကို ယုတ်လျော့ပျက်စီးစေပြီး သွားကျဉ်တာကို ဖြစ်စေနိုင်တဲ့ အတွက် ကွမ်းမစားပါနဲ့။
 
အလွန်ပူတဲ့ ဒါမှမဟုတ် အလွန်အေးတဲ့ အစာတွေကို မစားပါနဲ့။ ပူတဲ့အစာနဲ့ အေးတဲ့ အစာ တွေဟာ သွားတွေကို ပြန့်ကားလာတာနဲ့ ကျုံ့တာတွေ   ဖြစ်စေပြီး အက်ရာသေး သေးလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သွားကျဉ်လာနိုင်ပါတယ်။
 
ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးတွေကို မသုံးပါနဲ့။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေနဲ့ သွားချေးကျောက်တွေကို ထိန်းချုပ်ပေးတဲ့ သွားတိုက်ဆေးတွေမှာ ဒီလိုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။
 
အက်စစ်ပါတဲ့ အစာတွေကို ရှောင်ပါ။ အချိုရည်တွေကို မကြာခဏသောက်ခြင်းက သွားကျဉ်စေနိုင်ပါတယ်။
 
သွားတိုက်တဲ့အခါ သွားကို ဒေါင်လိုက်ရွှေ့လျားမှုနဲ့ တိုက်တာ ပိုကောင်းတယ်။ စက်ဝိုင်းပုံလှည့်ပတ်ပြီး တိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘေးတိုက်ဆွဲပြီး မတိုက်ပါနဲ့။ ကြွေသွားလွှာကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ယုတ်လျော့စေ နိုင်တာကြောင့်ပါ။

သဘာဝရဲ့အားအင် မှ ပြန်လည်ဖော်ပြပါသည်။

Ph.D ဘွဲ့က ကျောင်းအုပ်လုပ်ဖို့လား

မောက္ခပညာရေးဆိုက်က ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ဒီအကြောင်းကို အစကတည်းက ပြောချင်နေတာ။ ဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတဲ့ စနစ်အောက်မှာဆိုတော့ရေငုံနှုတ်ပိတ် ခပ်မဆိတ် တိတ်တိတ်နဲ့ပဲ အချိန်တွေကုန်ခဲ့ရတာ။ အဲဒီ အကျိုးဆက်ကြောင့်ပဲ မြန်မာ့ပညာရေးဇောက်ထိုးမိုးမျှော်နဲ့ အောက်ဆုံးအဆင့်မကဘဲ အနုတ်သံသရာ လည်နေခဲ့ရတယ်။ ဇီးဖြူသီးကို စကောထဲ ထည့်မွှေသလို ပညာရေးစနစ်တစ်ခုလုံးကို လှန်လိုလှန်၊ မှောက်လိုမှောက်၊ ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြင်လိုက်၊ ဖျက်လိုက်နဲ့ အပြောင်းအလဲ တွေက ဖဲကစားသလိုမျိုး။
Ph.D ဘွဲ့ရထားတဲ့ အသက် ၃ဝ ဝန်းကျင် လူမမယ်လေးတွေကို အထက်တန်းကျောင်းအုပ် တိုက်ရိုက် ခန့်ထားလိုက်တယ်ဆိုတော့ အားလုံးအံ့အား သင့်ခဲ့ရတယ်။ Ph.D ဘွဲ့နဲ့ကျောင်းအုပ်ရာထူးဆိုတာက ဘယ်လိုမှ စပ်ဟပ်လို့မရပါဘူး။ ပြဒါးတစ်လမ်း သံတစ်လမ်း၊ အမြင်မတော်ဆင်တော်နဲ့ ခလောက်၊ သီလရှင်ကို ပန်းပန်ပေးသလို၊ ဘုန်းကြီးကို ခေါင်းဖီးသလို နီးစပ်မှုလုံးဝမရှိပါဘူး။ စီစဉ်တတ်တဲ့ ပညာ ရှင်တွေကိုလည်း အံ့သြမိပါရဲ့။ ဒီလိုအလွဲလွဲ အချော်ချော်နဲ့ ပညာရေးစနစ်ကြီးကို မောင်းနှင်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ တိတိကျကျပြောရရင် မ.ဆ.လ ခေတ်တည်းက စလာခဲ့တာ။
စောစောကပြောခဲ့တဲ့ "အားလုံး" အံ့အားသင့်ခဲ့ရတယ်ဆိုတာ ပညာရေးဝန်ထမ်းဆရာ/မ တွေနဲ့အငြိမ်း စား ဆရာ/မတွေကို ရည်ညွှန်းတာပါ။ ဒီကိစ္စ ရာနှုန်းပြည့်လွဲသွားပြီဆိုတာကို အတွေ့အကြုံရင့်ကျက် တဲ့ဆရာ/မတွေသာ သိနိုင်ပါလိမ့်မယ်။ Ph.D ဘွဲ့ရသူကို အထက်တန်းကျောင်းအုပ် တိုက်ရိုက်ခန့် လိုက်တယ်ဆိုတာ အနာတခြား ဆေးတခြား ဖြစ်နေတယ်။ ပညာရေးဌာနရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ ပါ မောက္ခ (သို့) ပါချုပ်ဘဝက ကူးပြောင်းသွား တယ်ဆိုရင် သူ့မှာ အခြေခံပညာက အထက်တန်းကျောင်း အုပ်တစ်ယောက်ရဲ့ လုပ်ငန်းအတွေ့အကြုံအားနည်းနိုင်ပါတယ်။ ပါချုပ်တစ်ယောက်က တက္ကသိုလ် တစ်ခုကို ကိုင်တွယ်အုပ်ချုပ်ရတာနဲ့ အထက်တန်းကျောင်းအုပ်တစ်ယောက်က တာဝန်ယူဆောင်ရွက် ရတဲ့အပိုင်းမှာ အများကြီးကွာပါတယ်။ တက္ကသိုလ်မှာ ပါချုပ်ကို ကူညီပံ့ပိုးနေတဲ့ မော်ကွန်းထိန်းနဲ့ ကျောင်းသားရေးရာဌာနရှိတယ်။ ဒီဌာနက စာမေးပွဲအပါအဝင် ကိစ္စအဝဝကို ဆောင်ရွက်ပေးနေတယ်။ မော်ကွန်းထိန်းက သီးခြားတာဝန်ယူဆောင်ရွက်တာတွေလည်း ရှိပါတယ်။
အထက်တန်းကျောင်းအုပ်တစ်ယောက်အနေနဲ့ ကျောင်းသားကိစ္စ၊ ဆရာ/မများကိစ္စ၊ သင်ကြားရေး၊ အုပ်ချုပ်ရေး၊ ကျောင်းစည်းကမ်း၊ ဆရာ/မများစည်းကမ်း၊ ငွေရေးကြေးရေးကိစ္စအားလုံးကို တစ်ဦး တည်း တာဝန်အပြည့်အဝယူထားရတယ်။ ရုံးမှာရှိတဲ့ စာရေးတစ်ယောက်စ၊ နှစ်ယောက်စ ကလည်း ဘောင်ကျဉ်းကျဉ်းလေးထဲက စာရင်းဇယားလောက်ပဲ လုပ်ပေးနိုင်တာ။
ဒါကြောင့် အထက်တန်းကျောင်းအုပ်တစ်ယောက်ဖြစ်ဖို့အတွက် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံ ရင့်ကျက်ဖို့လိုပါတယ်။ သင်ကြားရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေး အတွေ့အကြုံ ရင့်ကျက်ရပါမယ်။ အုပ်ချုပ်ရေးဆိုတဲ့နေရာမှာ ကျောင်းသားရော ဆရာ/မများအတွက်ပါ အကျုံးဝင်တယ်။ အထက်တန်း ကျောင်းတွေမှာ အထက်တန်းကျောင်းသားတွေသာမက အလယ်တန်းအဆင့်ကျောင်းသားငယ်လေး များလည်းပါဝင်တယ်။ အချို့ကျောင်းတွေဆိုရင် မူလတန်းအရွယ်နုနုနယ်နယ်ကလေးငယ်များလည်း ရှိနေပါတယ်။ ဒီလိုအရွယ်ကလေးငယ်တွေကို ကိုင်တွယ်တဲ့နေရာမှာ သိမ်မွေ့နူးညံ့ဖို့လိုတယ်။ အတွေ့ အကြုံနဲ့ နည်းပရိယာယ် ကြွယ်ဝဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသားတွေကို ကိုင်တွယ်ပုံနဲ့တခြားစီပါ။ အထက်တန်းကျောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျောင်းသားအချင်းချင်း ပြဿနာတွေက သိမ်မွေ့ လှပါတယ်။ တစ်ခါတစ်ရံမိဘတွေ ပါဝင်လာကြတဲ့အခါမှာ ပိုပြီးလေးနက်ရှုပ်ထွေးလာတတ်တယ်။
နောက်ထပ်အရေးကြီးတာကစာမေးပွဲကိစ္စ၊ ဒါကအရမ်းအရေးကြီးတယ်။ ကျောင်းသားတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားနိုင်သလို ကျောင်းအုပ်ဆရာကြီးတစ်ယောက် အလုပ်ပြုတ်သွားနိုင်တယ်။ ဒီကိစ္စ အတွက် အရေးယူခံရတဲ့ ကျောင်းအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီလို Ph.D ဘွဲ့ရသူတွေကို ကျောင်းအုပ်ဆရာ/မကြီးတွေအဖြစ် တိုက်ရိုက်ခန့်စဉ်က စကြားလိုက်ရပါသေးတယ်။ ရန်ကုန်က ကျောင်းတစ်ကျောင်းကို Ph.D ဘွဲ့ရကျောင်းအုပ်ဆရာကြီးတစ်ယောက် ရောက်လာတယ်။ ဒါနဲ့စာမေး ပွဲရာသီကျတော့ အဲဒီ Ph.D ကျောင်းအုပ်ကြီးက ၁ဝ တန်းစာမေးပွဲကို မကိုင်တွယ်တတ်ဘူး။ ၁ဝ တန်း စာမေးပွဲတာဝန်ယူစစ်ဆေးရတာ တော်ရုံတန်ရုံအတွေ့အကြုံနဲ့မရဘူး။ မေးခွန်းထုတ်ယူရတာ၊ အဖြေ လွှာစစ်ဆေးလက်ခံတာ၊ အဖြေလွှာတွေကို တိတိကျကျချိတ်ပိတ်ပြီးပေးရတာတွေ တာဝန်ကြီးတယ်။ သေးသေးမွှားမွှားလေးကအစ အမှားမခံဘူး။ အဲဒီတော့ တခြားဝါရင့်တဲ့ ဆရာကြီးတစ်ယောက်လာပြီး တာဝန်ယူရတယ်။ တခြားကျောင်းတွေမှာလည်း ဒီအတိုင်းပဲ Ph.D ကျောင်းအုပ်ကြီးတွေဟာဘယ်က စကိုင်ရမှန်းမသိလို့ အဲဒီကျောင်းက ဝါရင့်အထက်တန်းပြလက်ထောက်ဆရာတွေ ဦးဆောင်လုပ်ရတာ။ ကျောင်းအုပ်ကြီးကတော့ လက်မှတ်ထိုးရုံပေါ့။
ဒါနဲ့ပတ်သက်ပြီး မှတ်မိပါသေးတယ်။ တစ်နေ့ ….။ စာရေးနေတုန်း ဖုန်းဝင်လာတယ်။ ဆရာကျွန်တော် ကို မှတ်မိသေးလားတဲ့။ သူ့နာမည်ပြောရင်း သူ ကျွန်တော့်တပည့်ဖြစ်ခဲ့တဲ့ နောက်ကြောင်းတွေပြန် ပြောပြတယ်။ ဖုန်းနံပါတ်ရလို့ ဆက်တဲ့အကြောင်း ရှင်းပြတယ်။ ကျွန်တော်လည်း သတိပြန်ရပြီး သူ့ကို မှတ်မိသွားတယ်။ သူကလည်း …. ဆရာ ကျွန်တော့်ကို မှတ်မိနေသေးတာ အရမ်းဝမ်းသာတယ်တဲ့။ ခု Ph.D ဘွဲ့တောင်ရထားပြီတဲ့။ ကျွန်တော်လည်း သူ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောလိုက်သည်။ အခု ဘာတွေလုပ်နေလဲမေးတော့ …. သူ့အဖြေက "ကျွန်တော်အထက်တန်းကျောင်းအုပ် ဖြစ်နေပြီ" တဲ့။ ကျွန်တော်ဖြင့် အံ့သြမဆုံးဖြစ်ရတယ်။ ပညာရေးနယ်ပယ်အကြောင်းကို ထဲထဲဝင်ဝင်သိထားတာ ကိုး။
ဒါနဲ့ …. အဆင်ပြေရဲ့လားမေးတော့ …… သူသိပ်မအဆင်မပြေဘူး။ ကျောင်းကောင်းရသွားတဲ့ သူငယ် ချင်းတွေက ကားတောင်စီးနေပြီတဲ့။ ကျွန်တော်မေးတာက တာဝန်ပိုင်း၊ သူဖြေလိုက်တာကိုတော့ ရှင်း ပြစရာမလိုတော့ပါဘူး။
အထက်တန်းကျောင်းအုပ်ဆရာကြီး တစ်ယောက်ဖြစ်ဖို့ ငှက်ပျောသီးအခွံနွှာစားသလို လွယ်လွယ်ကူ ကူနဲ့ ဖြစ်စေသတည်းလုပ်လို့ မရပါဘူး။ ပထမဆုံးအနေနဲ့ အထက်တန်းပြဆရာ အတွေ့အကြုံရှိဖို့လို ပါတယ်။ သာမာန်အားဖြင့်ဆိုရင် လုပ်သက် ၇ နှစ်ခန့်ရှိရပါမယ်။ အဲဒီအချိန်တွေမှာသင်ကြားရေး၊ ကျောင်းသားနဲ့ ထိတွေ့ဆက်ဆံရေး၊ ကျောင်းစည်းကမ်း၊ စာမေးပွဲ၊ ကျောင်းသားမိဘနဲ့ ဆက်ဆံရေး ဆိုတဲ့ အတွေ့အကြုံတွေကို ဘဝနဲ့ရင်းပြီး ယူရတယ်။ ဒါတွေကို စာဖတ်ပြီး သင်ယူလို့မရဘူး။ အဲဒီ နောက်မှ အလယ်တန်းကျောင်းအုပ်အဖြစ် ခန့်ထားခြင်းခံရအောင်ကြိုးစားရတယ်။ ဒါတောင်လူတိုင်းရ တာမဟုတ်ဘူး။ အခါအခွင့်သင့်ပြီး ကံစပ်မှရတာ။ အလယ်တန်းကျောင်းအုပ်ဖြစ်ပြီး မြို့စွန်၊ ဒါမှမဟုတ် နယ်ဝေးမှာ အနစ်နာခံပြီး တာဝန်ထမ်းဆောင်ကြရတယ်။ လက်ထောက်မြို့နယ်ပညာရေးမှူးဆိုရင် လည်း အလယ်တန်းကျောင်းအုပ်ဖြစ်အောင် ကြိုးစားသေးတယ်။ အလယ်တန်းကျောင်းအုပ်ဘဝနဲ့ နှစ် အတော်ကြာအောင်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုမျိုးစုံကို တာဝန်ယူရတယ်။
အဲဒီလိုအတွေ့အကြုံ၊ အရည်အချင်းတွေရှိလာပြီဆိုတော့မှ အထက်တန်းကျောင်းအုပ်ရာထူးအတွက် ကြိုးစားရတယ်။ ဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်သက် (အမှတ်) ပြည့်မီဖို့ လိုတယ်။ ဒါလဲလွယ်တဲ့ ကိစ္စမဟုတ်ဘူး။ ကံကောင်းမှ အထက်တန်းကျောင်းအုပ်ဖြစ်တာ။ အဲဒီအချိန် မှာ အသက်အရွယ်ကလည်း ၅ဝ ဝန်းကျင်ဖြစ်နေပြီ။ တချို့ဆိုရင် အသက် ၆ဝ ပြည့်ခါနီးမှ အထက် တန်းကျောင်းအုပ်ဖြစ်တယ်။ ဒီအရွယ်၊ ဒီလုပ်သက်၊ ဒီအတွေ့အကြုံတွေရှိမှ အထက်တန်းကျောင်းတစ် ကျောင်းကို နိုင်နိုင်နင်းနင်းကိုင်တွယ်အုပ်ချုပ်နိုင်စွမ်းရှိမှာပေါ့။ ဒီနေ့ Ph.D ဘွဲ့ရကျောင်းအုပ်ဆရာကြီး တွေမှာ အဲဒီအရည်အချင်းတွေရှိရဲ့လား။ စီစဉ်ညွှန်ကြားတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ဖြေကြည့်ပါ။
အထက်တန်းကျောင်းတွေမှာ Ph.D ကျောင်းအုပ်တွေ အဆင်မပြေဖြစ်နေတာ ခဏခဏကြားနေရ တယ်။ အရွယ်က ငယ်၊ အတွေ့အကြုံကမရှိ၊ လက်ထောက်ဆရာ/မကြီးတွေက မိဘအရွယ်လောက်ရှိ နေ။ ကဲ ….. စဉ်းစားသာကြည့်။ ဘယ်လိုအုပ်ချုပ်မလဲ။ ဟိုဆရာ/မကြီးတွေက အစစပိုသိ၊ ပိုတတ်နေ လေတော့ လုပ်ငန်းမှာ အဆင်မပြေမှုတွေ ကြုံရပြန်တယ်။ ကျောင်းအုပ်ကြီးက ရင်ခွင်ပိုက်ဘုရင်လိုဖြစ် နေပြီ။ ကျောင်းသားထိန်းသိမ်းတဲ့နေရာမှာလည်းမပါးနပ်ဘူး။ ကျောင်းသားတွေကို တန်းစီပြီး ပါးရိုက် တယ်ဆိုတာတွေတောင် ကြားနေရတယ်။
အမှန်က Ph.D ဘွဲ့ဟာ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ လုံးဝမဆိုင်ပါဘူး။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့်သင်ကြားရေးတာဝန်ကိုသာ ပေးရပါမယ်။ ခုဟာကနေရာအထားအသို လွဲနေတာ။ ဒါကလည်း Ph.D ဘွဲ့ရသူတွေရဲ့ အမှားလုံးဝမဟုတ်ဘူး။ စီမံခန့်ခွဲသူ၊ ညွှန်ကြားသူတွေရဲ့ ညံ့ဖျင်းမှုတစ်ခုပါ။ သူတို့ကိုတက္ကသိုလ်မှာ ထိုက်တန်တဲ့ သင်ကြားရေးတာဝန်သာပေးလိုက်မယ်ဆိုရင် ပညာရေးအတွက် အထောက်အကူဖြစ်မှာ သေချာပါတယ်။ ဥပမာအားဖြင့် နည်းပြရာထူး ပေးမယ့်အ စား လက်ထောက်ကထိက ရာထူးတိုက်ရိုက်ပေးလို့ရတယ်။ လိုအပ်မယ်ဆိုရင် ကထိကရာထူးအထိ တစ်ခါတည်းပေးနိုင်ပါတယ်။ မဆီမဆိုင်ကျောင်းအုပ်ရာထူးကိုတောင် တိုက်ရိုက်ပေးနိုင်သေးတာ။ တကယ်သက်ဆိုင်တဲ့ ရာထူးဘာလို့မပေးနိုင်ရမှာလဲ။ ဒါမှလည်း သူတို့ရဲ့ အရည်အသွေးတွေကို ထိုက် ထိုက်တန်တန် ပြသလို့ရမှာပါ။
တစ်ချိန်တုန်းက M.A နဲ့ M.Sc ဘွဲ့ရသူတွေကို S.A.T ရာထူးတိုက်ရိုက်ပေးတာ ရှိခဲ့ဖူးတယ်။ သိပ် ကောင်းတဲ့ အစီအစဉ်ပါ။ သူတို့တတ်ထားတဲ့ပညာတွေဟာ အထက်တန်းကျောင်းသားတွေရဲ့ ဘဝကို ထိထိရောက်ရောက်ပြောင်းလဲပေးနိုင်ပါတယ်။ သူတို့အတွက်လည်း လမ်းကြောင်းတစ်ခုဖွင့်ပေးသင့် တယ်။ လိုအပ်မယ်ဆိုရင် သင်တန်းပေးပေါ့။ ပညာရေးဘွဲ့တစ်ခုစီစဉ်ပေးလို့ရပါတယ်။ ပျက်အစဉ် ပြင် ခဏဆိုတဲ့ စကားရှိပါတယ်။ အချိန်နောက်မကျသေးပါဘူး။ လမ်းလွဲပေါ်ရောက်နေတဲ့ Ph.D ဘွဲ့ရ ပညာရှင်အထက်တန်းကျောင်းအုပ်တွေကို သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ရှိသင့်တဲ့ရာထူးနှင့် သင် ကြားရေးတာဝန်များ ပြောင်းလဲပေးအပ်သင့်ပါကြောင်း ……။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။
 
သဘာဝရဲ့အားအင် မှ ပြန်လည်ဖော်ပြပါသည်။

အင်တာနက်ဆိုတာ ပိတ်ဆို့တားဆီးရန်မဟုတ်


World Wide Web (WWW) ကို စတင်တီထွင်ခဲ့ သူ ဗြိတိသျှတီထွင်ပညာရှင် တင်မ် ဘာနာလီးသည် အစိုးရများအနေဖြင့် အင်တာနက် ပိတ်ဆို့တားဆီးမှုများကို လုပ် ပိုင်ခွင့်မရှိကြောင်း ဖွင့်ဟပြောကြားလိုက် သည်။
ဘာနာလီးက အင်တာနက်ကို ပိတ်ဆို့ ခြင်းသည် အစိုးရများအနေဖြင့် မိမိတို့အုပ်ချုပ်ရေးတွင် အားနည်းချက်ကို ပြနေကြောင်း၊ ဒစ်ဂျစ်တယ်အချက်အလက်စီးဆင်းမှုကို အုပ်ချုပ်သူများ ပိတ်ဆို့တားဆီးခွင့်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သူက အင်တာနက်ဆိုသည်မှာ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ကင်းလွတ်စေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံအချင်းချင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်သွယ်ပိုင်ခွင့် ရှိကြောင်း၊ ထိုဆက်သွယ်ပိုင်ခွင့်ကို ပိတ်ဆို့ တားဆီးရန်မလိုအပ်ကြောင်း၊ ချုပ်ကိုင်ခြင်းသည် နိုင်ငံတကာကိုလည်း မလေးစားရာရောက်ကြောင်း၊ ထိုသို့ ပိတ်ဆို့တားဆီးမှုများကို တန်ပြန်တိုက်ခိုက်ရန် လိုအပ်ကြောင်း လန်ဒန်တွင် ပြောကြားခဲ့သည်။
ပိတ်ဆို့တားဆီးမှုအနည်းဆုံးနိုင်ငံများ အဖြစ် ဆွီဒင်၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် ဖင်လန်နိုင်ငံများကို အစဉ်လိုက်သတ်မှတ်ထားကြောင်း၊ ယီမင်နိုင်ငံသည် အောက်ဆုံးတွင်ရှိကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...