လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Storage လိမ်လည်မှုဖြင့် Microsoft Surface တရားစွဲခံရ


Microsoft မှ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဖြန့်ချီတဲ့ Surface - ကျောက်သင်ပုန်း ကွန်ပျူတာကို အမေရိကန်မှ အသုံးပြုသူ တစ်ဦးက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့တရားစွဲဆိုချက်အရကတော့ Surface ဟာ ဖော်ပြပါ သိုလှောင်နိုင်စွမ်း Storage မရှိဘဲ လိမ်လည်ရောင်းချတယ်လို့ ဆိုပါတယ်။ သူဝယ်လိုက်တာ 32GB Surface - Windows 8 Tablet ဖြစ်ပါတယ်။ သို့ပေမယ့် ပြန်လည် စစ်ဆေးကြည့်လိုက်တဲ့အခါ တကယ် သိမ်းဆည်းနိုင်တဲ့ 16GB ပဲ ရှိပါတယ်။ ဒါကြောင့် ဒီအတွက် မကျေပ်မနပ် ဖြစ်ပြီး Microsoft ကို တရားစွဲလိုက် တာ ဖြစ်ပါတယ်။ Microsoft ဘက်မှလည်း ပြန်လည် ငြင်းဆန်ချက် ထုတ်ပြ ထားပါတယ်။

"အသုံးပြုတဲ့ Operating Sytem, ကြိုတင် Install လုပ်ထားတဲ့ Application တွေနဲ့ ပြန်လည် တွက်ကြည့်လိုက်ရင် 15 GB လောက်တော့ အလိုအလျောက် ကုန်မယ်ဆိုတာ သူသိထားသင့်တယ်။ ဒီအတွက် လည်း နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက ကြိုတင် ကြေညာ ထားပြီး သား ဖြစ်ပါတယ်။ သူတရားစွဲတဲ့နေ့က နိုဝင်ဘာလ ၇ ရက်ဖြစ်ပါတယ်။ ဒီတော့ ဒီစွဲဆိုမှုအတွက် ကျွန်တော်တို့မှာ အထောက်အထား အစုံအလင် ရှိပါတယ်။ ဝဘ်ဆိုဒ်မှာလည်း တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်" လို့ Microsoft မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။

Microsoft ရဲ့ ပြောဆိုချက်အရ 64GB ဝယ်ယူရင် 45GB သာ ရရှိမှာ ဖြစ်ပြီး 32GB ဝယ်ယူသူကတော့ 16GB ပဲရရှိမှာ ဖြစ်ပါတယ်။ ဒါကို စတင်ကြော်ငြာ တုန်းက သိစေအောင် လုပ်ထားတယ်လို့ ဆိုပေမယ့် အမှန်တော့ သိသူ နည်းနေပါတယ်။ အချို့ ဆို သိကိုမသိပါဘူး။ ဒါကြောင့် 32GB Surface တစ်လုံး ဝယ်ရင် 32GB အပြည့်မရရင်တောင်မှ 31 လောက်တော့ ရမယ်လို့ တွက်ချက်ထားသူ များပါတယ်။ အခုတော့ Surface အသုံးပြုသူများ အနေနဲ့ တရားလိုဘက် လိုက်ရမလား Microsoft ဘက် လိုက်ရမလား ဇဝေဇဝါ ဖြစ်နေပါတယ်။

ယင်း တရားစွဲဆိုချက်ကြောင့် Microsoft Surface ရောင်းအား ကျဆင်းနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

No comments:

Related Posts Plugin for WordPress, Blogger...