လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဖရုသ၀ါစာ - ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း အကြောင်း


ဖရုသ၀ါစာကံမြောက်ဖို့ရန်အတွက် အင်္ဂါ(၃)ချက်ရှိပါတယ်။ အဲဒါတွေကတော့
၁။ ကောပ-စိတ်ဆိုးအမျက်ထွက်ပြီး ပြောဆိုခြင်း။
၂။ ဥပကုဋ္ဌ-တစ်ဘက်သား ဆဲရေးတိုင်းထွာ ခံရခြင်း။
၃။ အက္ကောသန-ကြမ်းတမ်းသောစကား ပြောဆိုခြင်း။

ဖရုသ၀ါစာ မကောင်းသောဝစီကံ ပြုလုပ်တဲ့သူဟာ အောက်ပါအကျိုးတရားများ ခံစားရပါတယ်။

၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်ရခြင်း။
၂။ အများရဲ့ မုန်းတီးခြင်းကို ခံရခြင်း။
၃။ မိမိစိတ် မကြည်လင်မှုဖြစ်ခြင်း။
၎။ သူတစ်ပါး ကဲ့ရဲ့ခံရခြင်း။
၅။ အသံကြမ်းတမ်းပျက်စီးခြင်းတို့ ခံစားရပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း
Related Posts Plugin for WordPress, Blogger...