လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဖရုသ၀ါစာ - ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း အကြောင်း


ဖရုသ၀ါစာကံမြောက်ဖို့ရန်အတွက် အင်္ဂါ(၃)ချက်ရှိပါတယ်။ အဲဒါတွေကတော့
၁။ ကောပ-စိတ်ဆိုးအမျက်ထွက်ပြီး ပြောဆိုခြင်း။
၂။ ဥပကုဋ္ဌ-တစ်ဘက်သား ဆဲရေးတိုင်းထွာ ခံရခြင်း။
၃။ အက္ကောသန-ကြမ်းတမ်းသောစကား ပြောဆိုခြင်း။

ဖရုသ၀ါစာ မကောင်းသောဝစီကံ ပြုလုပ်တဲ့သူဟာ အောက်ပါအကျိုးတရားများ ခံစားရပါတယ်။

၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်ရခြင်း။
၂။ အများရဲ့ မုန်းတီးခြင်းကို ခံရခြင်း။
၃။ မိမိစိတ် မကြည်လင်မှုဖြစ်ခြင်း။
၎။ သူတစ်ပါး ကဲ့ရဲ့ခံရခြင်း။
၅။ အသံကြမ်းတမ်းပျက်စီးခြင်းတို့ ခံစားရပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

ကလေးဘဝ ပျောက်ဆုံးခဲ့ရသူများ



ဖိုင့်ဇ် အသက် ၄၀ နှင့်၊ ကလေးသတိုးသမီး အသက် ၁၁ နှစ်အရွယ် ဂူလမ်တို့ လက်ထပ်ပွဲကျင်းပစဉ် ရိုက်ကူးထားသည့်ပုံဖြစ်သည်။ သူတို့ လက်ထပ်ပွဲကို အာဖဂန်နစ္စတန်နိုင်ငံ ဒါမာဒါကျေးရွာတွင် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ဂူလန်က သူမကို လာရောက်စေ့စပ်ခြင်းခံရသည့် အတွက် အလွန်ဝမ်းနည်းမိကြောင်း၊ သူမသည် ဆရာမဖြစ်ချင်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီကမှ ပူပူနွေးနွေး သတင်းတစ်ပုဒ်တွင် ယီမင်နိုင်ငံက အသက်ရှစ်နှစ်သမီးလေးသည် သူ့ထက် အသက်ငါးဆကြီးသည့်သူ တစ်ဦးနှင့် လက်ထပ်ထိမ်းမြား ခဲ့ရပြီး ထိုညတွင်ပင် မအင်္ဂါ စုတ်ပြတ်ပေါက်ပြဲကာ သွေးထွက်လွန်ခြင်းဖြင့် ဘဝနိဂုံး ချုပ်သွားခဲ့ရရှာသည်။

ကုလသမဂ္ဂ အစီရင်ခံစာတွင် ယီမင်နိုင်ငံအတွင်း အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်နေရသူပေါင်း နိုင်ငံနေ အမျိုးသမီးထု၏ ၁၄ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးတို့ဘဝ လူမှန်းမသိစ အရွယ်ကတည်းက ဗိုလ်ကျအနိုင်ကျင့် ခံနေရမှုများ ကမ္ဘာတွင်ရှိနေဆဲ ဖြစ်သည်။

ကလေးသူငယ်ဆိုင်ရာ လက်ထပ် ထိမ်းမြားခြင်းကြောင့် ဖြစ်ပေါ်လာစေနိုင်သော ပြဿနာပေါင်းများစွာ ရှိနိုင်ပါသည်။ ကျန်းမာရေးရှုထောင့်က ကြည့်လျှင်လည်း မကောင်း၊ အရွယ်နှင့်မလိုက် ကိုယ်ဝန်ဆောင်ထား ရခြင်းကလည်းမကောင်း။ သက်တူရွယ်တူ ကလေးတွေ ကျောင်းသွားနေချိန်တွင် ကိုယ်ဝန်ကြီး တကားကားနှင့် ရိုးသား အပြစ်ကင်းစင်သော မျက်လုံးဝိုင်းလေး များဖြင့် ကြည့်နေသည့် သနားစရာကလေးငယ် များကို ကိုယ်ချင်းစာကြည့်စေချင်သည်။ ပိုဆိုးသည်က အကြမ်းဖက်ခံရခြင်း၊ ခွဲခြားကာ လူလိုသူလို ဆက်ဆံမှု မခံရခြင်းများ ကြောင့် မိန်းကလေးတို့ဘဝ ပိုပြီးနစ်နာလှသည်။

လမ်းပေါ်တွင် ပြေးလွှားဆော့ကစား နေရမည့်အချိန်တွင် မိဘများကိုယ်တိုင်က လက်ထပ်ရန် အတင်းအဓမ္မ တိုက်တွန်းခြင်း ခံနေရသူပေါင်း များစွာရှိသည်။ အရွယ်မတိုင်ခင် လူကြီးဇာတ်သွင်း ခံလိုက်ရသဖြင့် နားမလည်နိုင်သော လောကတစ်ခုထဲတွင် အိမ်ထောင်သားမွေး ဘဝဖြင့် နစ်မွန်းကုန် ကြရသည်။ သူတို့ဘဝအာမခံချက်ကို မည်သူမျှမပေးခဲ့။ အမျိုးသမီးအဖြစ် မွေးဖွား လာရခြင်းကပင် ကံဆိုးမိုးမှောင် ကျခဲ့ရသလို ဖြစ်နေသည်။

ကွယ်လွန်သွားရှာသည့် ၈ နှစ်သမီးလေးအမည်က ရာဝမ်ဖြစ်သည်။ ဟာရတ် နယ်ရှိ ယီမင်နီမြို့ မြောက်ပိုင်းမှ ဖြစ်သည်။ အသက် ၄၀ အရွယ်သတို့သားသည် ကလေး ငယ်သေဆုံးမှုတွင် တာဝန်ရှိသောသူ ဖြစ်သော်လည်း သူ့ကို လူသတ်မှုဖြင့် အရေးယူခြင်း မရှိသကဲ့ သို့ မည်သည့်ပြစ်မှု နှင့်မျှလည်း အရေးယူခဲ့ခြင်း မရှိပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ယီမင်နိုင်ငံ လူ့အခွင့်အရေးဝန်ကြီး ဖြစ်သူ ဟူးရီးယား မာ့ရှ်ဝါက အလွန်အမင်း ဒေါသထွက်ပြီး "ဒီလောက်ဆိုရင် တော်လောက်ပြီထင်တယ်" ဟု စနစ်ကို ထောက်ပြဝေဖန်သွား ခဲ့သည်။
"ယီမင်မှာ ဒါမျိုးတွေဖြစ်နေတာ ပထမဆုံးလည်း မဟုတ်တော့ဘူး။ နှစ်တိုင်းလိုလို အလားတူ အဖြစ်မျိုးတွေ ဖြစ်နေတာပဲ။ ဒီအလေ့အထကြီး အဆုံးသတ်သင့်ပြီ ထင်တယ်" ဟု ၄င်းက CNN သတင်းဌာန သို့ ပြောကြားသွားသည်။

မာ့ရှ်ဝါက AFP သို့ပြောကြားရာတွင်လည်း သူမအနေဖြင့် ၂၀၀၉ ခုနှစ် ကတည်းက ပါလီမန်သို့ ထိမ်းမြားလက်ထပ်ခွင့်ကို အသက် ၁၈ နှစ်အဖြစ် ပြဋ္ဌာန်းပေးရေး ဥပဒေကြမ်းကို တင်ပြနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပုံကို ပြန်ပြောင်း ပြောပြသည်။ ယခုဖြစ်ပျက်ခဲ့သော ရှစ်နှစ်သမီးလေး သေဆုံးရသည်ဆိုမှု ကိုလည်း အဖွဲ့ဖွဲ့ကာ စစ်ဆေးနိုင်ရန် ကြိုးပမ်းမည်ဟု သူမက ကတိပေးခဲ့သည်။ သူမကမူ အစိုးရအနေဖြင့် သတင်းမထုတ်ပြန်ခင် ကတည်းက ရာဝမ် သေဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

ယီမင်နိုင်ငံတွင် ချမ်းသာသည့်သူ များက ဆင်းရဲသည့်ကလေးများကို တော်ကောက်သလို ခြေတော်တင်နေခြင်း မှာ အစဉ်အလာဓလေ့ တစ်ခုလိုဖြစ်နေသည်။ 
ရာဝမ်သေဆုံးရမှု နှင့်ပတ်သက်ပြီး ဒေသအတွင်းရှိ ရဲများက သူမ၏ဖခင်ကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ဤအဖြစ်ကို မဟုတ်မမှန် လုပ်ကြံပြောခြင်း ဖြစ်ကြောင်း ဝန်ခံခိုင်းသည်။ ထို့အပြင် မိန်းကလေး တစ်ယောက် ခေါ်လာပြီး သူတို့နှစ်ယောက်ကို တွဲကာ ဓာတ်ပုံရိုက်သွားကြသေးသည်။ ရဲတွေက ပွင့်လင်းမြင်သာပြီး အစစ်အမှန်ကို ဖော်ထုတ်ရဲသည့် သတ္တိမရှိကြောင်း ယီမင်နိုင်ငံ ကလေးသူငယ်ဆိုင်ရာ ရှေ့နေ အာမက်အယ်လ်ကွာရပ်ရှ် ကဆိုသည်။
"အစိုးရက ရာဝမ်သက်ရှိထင်ရှား ရှိနေဆဲ ဆိုတာကို သက်သေထူဖို့ ကြိုးစားနေတယ်။ ရာဝမ်ရဲ့ သူငယ်ချင်း အပေါင်းအသင်း တွေကတော့ ရာဝမ်ကို တိတ်တဆိတ်မြေမြှုပ် လိုက်ပြီလို့ ပြောနေတယ်။ အစိုးရက အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ သွားကြည့်ဖို့ ကိုလည်း တားမြစ်ထားတယ်။ ဒါကြောင့် ရာဝမ် ဘယ်လိုဖြစ်နေသလဲ ဆိုတာ အစိုးရကိုယ်တိုင် ပူးပေါင်းပြီး မဖော်ထုတ်ရင်ရနိုင်မှာ မဟုတ်ဘူး" ဟု အာမက်ကဆိုသည်။

၂၀၀၉ ခုနှစ်တွင် ယီမင် ပါလီမန်က အမျိုးသမီးများလက်ထပ်ရမည့် အနည်းဆုံး ပျမ်းမျှအသက်မှာ ၁၇ နှစ်ဖြစ်သည်ဟု ဥပဒေကြမ်း တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အစဉ်အလာကို လက်ခံထားသည့် သဘောထားတင်းမာသော ပါလီမန်အမတ် များက ထိုသို့ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ခြင်းက အစ္စလာမ်မစ် ဥပဒေကို ချိုးဖောက်ရာ ရောက်သည် ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။ အစ္စလာမ်မစ် ဥပဒေတွင် အမျိုးသမီးများ၏ လက်ထပ်ရမည့် အနိမ့်ဆုံးအသက်ကို သတ်မှတ်ထားခြင်း မရှိ။ သို့ဖြစ်ရာ ထိုဥပဒေ ကြမ်းကို မည်သူမျှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားတို့ကို ဥပဒေ ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် လှုပ်ရှားတောင်းဆိုနေ ကြသော်လည်း ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော်က ထိုသို့ကန့်သတ်ခြင်းကို အစ္စလာမ်ဥပဒေနှင့်မညီ ဟုဆိုကာ ကန့်ကွက် ခဲ့ကြသည်။
ယီမင်တွင် ထိုဥပဒေကို မပြဋ္ဌာန်း နိုင်ခဲ့ခြင်းကြောင့် ရရှိလာသည့် အကျိုးဆက် တွေကလည်း မကောင်း။

၂၀၀၈ ခုနှစ်တွင် အသက်ရှစ်နှစ် အရွယ် နျူးရွတ်အလီဆိုသူ ကလေးမလေး၏ ရဲဝံ့ပြောင်မြောက်သော ဆောင်ရွက်ချက် ကလည်း ကမ္ဘာကျော်သွားခဲ့ရသည်။ နျူးရွတ် သည် ဆာနားတရားရုံးသို့ ရောက်လာပြီး သူမခင်ပွန်းသည်ဖြစ်သူနှင့် ကွာရှင်းပေးပါ ရန် လာရောက် တောင်းဆိုခဲ့သည်။ အမှုက ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပြီး လူထုရှေ့ တွင် အမှုကိုစစ်ဆေးခဲ့ရသည်။ နောက်ဆုံး နျူးရွတ်ကို ကွာရှင်းခွင့် ပေးလိုက်ခြင်းသည် ယီမင်နိုင်ငံတွင် တရားဝင် အောင်ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းတင်ရမည်သာ ဖြစ်သည်။

နျူးရွတ်၏ အဖြစ်အပျက်ကလည်း ဆန်းကျယ်လှသည်။ သူမ၏ အဖေက သူမ အသက်ထက် သုံးဆခန့်ကြီးသည့် သူတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့သည်။ လက်ထပ် ပြီးသည့်ညတွင် နျူးရွတ်က သူမခင်ပွန်း လောင်းကို တောင်းပန်ခဲ့သည်။ သူမသည် သူနှင့် ဆက်ဆံရန် အဆင်မပြေသေးသဖြင့် အချိန်စောင့်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်ကို ထိုသတို့သားက လက်ခံခဲ့သဖြင့် ကံကောင်း သည်ဟု ဆိုရမည်။

နောက်တစ်နေ့နံနက်တွင် သူမ၏ ယောက္ခမနှင့် ယောင်းမဖြစ်သူတို့ သူတို့ အိပ်ရာကို ရောက်လာပြီး စောင်တွေကို အတင်း ခွာကြည့်ကြသည်။ အိပ်ယာခင်းတွင် သွေးစသွေးန မတွေ့သဖြင့် သူမကိုရိုက်နှက်ကန် ကျောက်ကြတော့သည်။ သူမကလည်း ပြန်ပြီးခုခံကာ ထွက်ပြေးခဲ့သည်။
သူမအိမ်သို့ပြန်ပြီး ပြေးလာစဉ် ဖခင် ဖြစ်သူက မိသားစုဂုဏ်သိက္ခာကို ချိုးဖောက်သည် ဆိုပြီး ဆူပူကြိမ်းမောင်းမှု ပြုရုံမက ယောက္ခမအိမ်ပြန်ပြီး တောင်းပန်ရန်ကိုပါ အတင်းအကျပ် တိုက်တွန်းခဲ့သည်။ မိထွေး ဖြစ်သူကလည်း ယောက်ျားကို ကြောက်ရ သဖြင့် ဝင်ပြီး မပြောဝံ့ပေ။ နောက်ဆုံး သမီးနောက်သို့ လိုက်လာပြီး တက္ကစီခ ပိုက်ဆံ ပေးကာ တရားရုံးသို့ သွားခိုင်းခဲ့သူမှာ မိထွေးကိုယ်တိုင် ဖြစ်သည်။

နျူးရွတ်သည် တရားရုံးသို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာပြီး သူမကို ကွာရှင်းခွင့်ပေးပါရန် ဦးတိုက် လျှောက်ထားတော့သည်။ သူမဘက်က ထင်ရှားသည့် ယီမင် ရှေ့နေတစ်ဦးက လိုက်ပါ ဆောင်ရွက်ပေး ခဲ့သည်။ ထိုသတင်းကလည်း တစ်ကမ္ဘာလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသဖြင့် မျက်နှာဖုံး သတင်းများ ဖြစ်သွားရကာ နျူးရွတ်ကိုလည်း တစ်ကမ္ဘာလုံးက သိသွားကြပြီး သတ္တိခဲ မလေးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးနေ့ ရုံးတော်က ဆုံးဖြတ် ချက်ချမည့်နေ့တွင် ဆာနားတရားရုံးရှေ့ရှိ လူအုပ်ကြီးက သူမကို လက်ခုပ်တီးကာ ဂုဏ်ပြုအားပေး ခဲ့ကြသည်။ သူမကို အမေရိကန်ပြည်ထောင်စု အထိ ဖိတ်ခေါ် ခဲ့ပြီး ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ပေး ခဲ့သည်။

သူမက သူ့ဖခင်အိမ်တွင် ပြန်နေလိုကြောင်း၊ ကျောင်း ဆက်တက်ချင်ကြောင်း ပြောကြားခဲ့သည်။ ပတ်ဝန်းကျင်နှင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ကောင်းစွာ ခံခဲ့ရသည့် သူမ၏ဖခင်မှာလည်း ဦးကျိုးပြီး မနှစ်မြို့သော်လည်း ပြန်လက်ခံလိုက်ရသည်။
နျူးရွတ်က ပြည်သူအားလုံးသို့ သူမ မှတ်စုစာအုပ်လေးထဲတွင် ရေးပေးခဲ့သည့် စာမှာလည်း ကမ္ဘာကျော်သွားခဲ့ရသည်။
"ရှင်တို့ကလေးတွေကို အရွယ်မတိုင်ခင် လက်မထပ်ပေးကြပါနဲ့။ သူတို့ ပညာရေးကို ဖျက်လိုဖျက်ဆီး မလုပ်ကြပါနဲ့။ သူတို့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချ ပေးပြီး ကလေးဘဝကို မဖျက်ဆီးချင်ကြပါနဲ့" ဆိုသည့်စကားလေးမှာ ယီမင်နိုင်ငံသားများ အတွက် သတိထားစရာ ဖြစ်သည်။
ယီမင်တွင် ကလေးသူငယ် ထိမ်းမြား လက်ထပ်ပေးမှုများကာ ဆက်ဖြစ်နေဆဲပင်။ ၂၀၁၀ ပြည့်နှစ်ကလည်း အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် အဘိုးအရွယ် တစ်ဦးနှင့် လက်ထပ်ခဲ့ရာတွင် သုံးရက်အကြာ၌ အမျိုးသမီးအင်္ဂါ စုတ်ပြတ် ပေါက်ပြဲ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရ သေးကြောင်း ကုလသမဂ္ဂက လေးများ ရန်ပုံငွေအဖွဲ့က ဆိုသည်။

ယခုနှစ်နွေရာသီတွင်လည်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သူ နာဒါ အယ်လ် အာဒဲလ်၏ ဗီဒီယိုပြကွက်လေး တစ်ခု You Tube ပေါ်တက်လာသည်။ ထို ဗီဒီယိုထဲတွင် သူမ၏မိဘများကို ပိုက်ဆံ ရှိသူထံမှ ငွေကြေးများကို ယူပြီး သူမကို လက်ထပ်ပေးရန် ကြံနေပါသည်ဆိုသည့် ပြောကြားချက် များသည် တစ်ကမ္ဘာလုံး ပျံ့သွားပြီး သန်းပေါင်းများစွာ ကြည့်ခဲ့ကြသည်။ ယခုနောက်ဆုံး ရာဝမ်၏ အဖြစ်ကလည်း ဥပဒေများဖြင့် ထိန်းချုပ်တားဆီး ပေးခြင်းမပြုလျှင် ယီမင်နိုင်ငံ၏ မပြီးဆုံးနိုင်သေးသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေဦးမည်သာ ဖြစ်သည်။

Maukkha.org မှ ဖော်ပြပါသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူး ထွက်ရှိနှုန်း အများဆုံးဖြစ်


၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာ အများဆုံး နေရာတွင် ရပ်တည်နေသော်လည်း ဂုဏ်ထူးရရှိသူ ဦးရေမှာ ယခင်နှစ်ကထက် လျော့နည်းကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ယခင်နှစ်က ရန်ကုန်တိုင်း ဒေသကြီး၌ ဂုဏ်ထူးရရှိသူ ဦးရေမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၇၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၇၂၉ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ဦးရေ ၁၀၅၄၇ ဦးရှိခဲ့သည်။ ယခုနှစ်၌ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၉၇ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၄၅ ဦးဖြင့် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရသည်။

''ဂုဏ်ထူးထွက်ရှိမှု ရာခိုင်နှုန်းတွေကတော့ ခုမှတွက်နေတုန်း ရှိပါသေးတယ်။ အသေးစိတ်တော့ အတိအကျတော့ မရနိုင်သေးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူး အများဆုံး ထွက်ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ် ကထက်တော့ မတိုးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဂုဏ်ထူးရရှိမှုကတော့ မနှစ်ကထက် လျော့ပါတယ်'' ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူးထွက်ရှိမှု အများဆုံးအဖြစ် ရန်ကုန်တိုင်း ဒေသ ကြီးမှာ ပထမနေရာတွင် ရပ်တည်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ တတိယ အများဆုံး နေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ မွန်ပြည်နယ်မှာ ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အောင်ချက် အကောင်းဆုံး ပြည်နယ်အဖြစ် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။ ကချင်ပြည်နယ်မှာ ၄၃ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄၁ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် တတိယ အဆင့်တွင် ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ ၃၃ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမ အဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။

Eleven

ဆေးမသောက်ပဲ သွေးတိုးကျနိုင်တဲ့ နည်းလမ်း ၁၀ မျိုး


(၁) ၀ိတ်ချပါ၊ ဗိုက်မရွှဲပါစေနဲ့  

သွေးပေါင်တက်ခြင်းဟာ ၀ိတ်တက်တာနဲ့ တွဲနေတတ်ပါတယ်။ ၁၀ ပေါင်ချတာနဲ့တင် သွေးပေါင်က စပြီး ကျတာပါ။ လွယ်လွယ်ပြောရရင် ၀ိတ်ကျလေ သွေးပေါင်ကျလေပါပဲ။ ဆေးသောက်နေရရင်လည်း ၀ိတ်ကျရင်ဆေးလျှော့လို့ ရနိုင်ပါတယ်။ ၀ိတ်ချရုံတင်မကဘူး ဗိုက်မရွှဲဖို့လည်း အရေးကြီးပါတယ်။ မြန်မာလူမျိုးတွေ အပါအ၀င် အာရှတိုက်သားတွေမှာ ယောက်က်ျားတွေက ခါး ၃၆ လက်မ၊ အမျိုးသမီးတွေက ခါး ၃၂ လက်မထက်များရင် သွေးပေါင်တက်နိုင်ပါတယ်။

(၂) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ တစ်ပါတ်ကို ၄-၅ ရက်လုပ်ရင်ကို သွေးပေါင်ချိန် ၄ မီလီမီတာ ကနေ ၉ မီလီမီတာအထိကျနိုင်ပါတယ်။ သိပ်မကြာခင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာတင် ထိရောက်မှုကို တွေ့နိုင်ပါတယ်။ တကယ်လို့ သွေးတက်တာကအစပဲရှိပြီး အထက်သွေးပေါင်ချိန်က ၁၂၀-၁၃၉၊ အောက်သွေးက ၈၀-၈၉ ဆိုရင်လေ့ကျင့်ခဏ်းလုပ်ရင် သွေးမတက်တော့ဘူး။သွေးတိုးရှိုပြီးသား ဆိုရင်လည်း အန္တရယ်ရှိအောင်သွေးမတက်တော့ ဘူးပေါ့။ တစ်ခါတစ်လေ စနေ၊တနင်္ဂနွေမှ လေ့ကျင့်ခဏ်းလုပ်တာထက် တစ်နေ့ခြားလောက်ပုံမှန်လုပ် တာက ပိုကောင်းပါတယ်။

(၃)ကျန်းမာတဲ့အစားသောက်တွေစားပါ  

အသီးအရွက်တွေ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေစာသုံးပြီး ကိုလက်စတီရောတွေ လျော့ချရုံနဲ့တင် သွေးပေါင် ၁၄ မီလီမီတာအထိကျနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ပါတဲ့ အစားအသောက်တွေစားပါ။ ပိုတက်စီယမ်ဓာတ်က ဆိုဒီယမ်ဆားဓာတ်ကိုလျော့စြေ ပီး သွေးပေါင်ကို ကျစေပါတယ်။ ပိုတက်စီယမ်များတဲ့ အစာတွေကတာ့ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊၊  အာလူး၊ မက်မွန်သီး၊ ဒိန်ချဉ်၊ ဆော်လ်မွန်ပါး၊ ထောပတ်သီး၊ မှို၊ ငှက်ပျောသီးတွေ ဖြစ်ပါတယ်။ အချိုကဲတဲ့ အစာတွေကိုလည်းလျှော့ပါ။ ဈေးဝယ်တဲ့အခါလည်း ကျန်းမာတဲ့ အစားအသောက်တွေကိုပဲဝယ်ပါ။

(၄)ဆားဓာတ်ကို လျှော့ပါ

ဆားနည်းနည်းလေးလျှော့တာနဲ့တ င် သွေးပေါင်က ၂ မီလီမီတာကနေ ၈ မီလီမီတာလောက်အထိ ကျနိုင်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်က လက်ဘက်စားဇွန်းတစ်ဇွန်းပဲ ရှိပါတယ်။ ဒါတောင် တခြားဆားကဲတဲ့ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေမပါပါဘူး။ အိမ်ရှင်မတွေက သုံးတဲ့ဆားပမာဏနဲ့ အိမ်သားဦးရေကို တွက်ကြည့်ရင် သိနိုင်ပါတယ်။ အငံကြိုက်သူတွေအနေနဲ့ တဖြည်းဖြည်းလျှော့တာ၊ စားတဲ့ပမာဏလျှော့တာတွေ လုပ်နိုင်ပါတယ်။

(၅) အရက်ကိုများများမသောက်ပါနဲ့

အမျိုးသား တွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့၊ အမျိုးသမီးတွေက ၁၄ ယူနစ်ထက်ပိုပြီး မသောက်ပါနဲ့။ အရက်များများသောက်ရင် သွေးကျဆေးတွေရဲ့  အာနိသင်လည်း နည်းနိုင်ပါတယ်။

(၆)ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်ပါ

ကွမ်းယာနဲ့ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က ကိုယ်ထဲရောက်ပြီးရင် သွေးပေါင်ကို ၁၀ မီလီမီတာနဲ့အထက် တစ်နာရီလောက်တက်စေပါတယ်။ တစ်နေကုန်သာ ဆိုရင်တော့ သွေးပေါင်ချိန်က တောက်လျှောက်တက်နေမှာပေါ့။ ကိုယ်တိုက် ဆေးလိမ်မသောက်ရင်တောင် ဆေးလိပ်ခိုးတွေရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကို ရှောင်ပါ။

(ရ) ကော်ဖီလျှော့သောက်ဖို့လိုရင်လျှော့ပါ 

တချို့လူတွေက ကော်ဖီသောက်ပြီးရင် သွေးပေါင်တက်တတ်ပါတယ်။ကော်ဖီသောက်ပြီး နာရီဝက်နေရင် သွေးပေါင်တိုင်းပြီး သွေးပေါင်ချိန်တက်မတက် သိနိုင်ပါတယ်။

(၈)စိတ်သောကတွေလျှော့ပါ 

သောကတွေက သွေးပေါင်ချိန်ကို တက်စေပါတယ်။ တရားမှတ်ခြင်းက သောကတွေကိုနည်းစေပြီး သွေးပေါင်ချိန်တက်တာကို ထိန်းနိုင်ပါတယ်။ အပြောလွယ်သလောက် လုပ်ဖြစ်ဖို့ခက်ပါတယ်။

(၉ )သွေးပေါင်ချိန်ပုံမှန်ပြီး  ဆရာဝန်နဲ့ မှန်မှန်ပြပါ  

သွေးတိုးရှိရင် သွေးပေါင်ချိန်မှန်မှန်ချိန်ပြီး ဆရာဝန်နဲ့ပုံမှန်ပြသင့်ပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်က တက်တယ်ဆိုရင် တခြားဆေးစစ်မှုတွေလိုအပ်နိုင်ပါတယ်။

(၁၀)မိသားစုနဲ့မိတ်ဆွေတွေကို  တိုင်ပင်ပါ 

မိသားစုနဲ့ မိတ်ဆွေတွေက ကိုယ့်အတွက် အကောင်းဆုံးအကြံဥာဏ်တွေကို ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်လုပ်နိုင်ဖို့ကလည်း အဖော်ကောင်းလိုအပ်ပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်း

အသားအရေအတွက် ကောင်းသော အသီးများနှင့် ဆေးဘက်ဝင် အပင်များ


စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ဗီတာမင် A နဲ့  ပိုတက်စီယမ် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ချေထား တဲ့ ငှက်ပျောသီး ပျော့ဖတ်များက အရေပြားကို နူးညံ့စေပါတယ်။ ဒါကြောင့် မျက်နှာသန့် ရှင်း ကြည်လင်စေတဲ့
(Face masks) အဖြစ် သုံးရာမှာ ကောင်းမွန်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

ကြက်သွန်မိတ်နဲ့ တူတဲ့ ဟင်းခတ်ပင် (Chive)

ယင်းအပင်မှာ ကန့် ဓါတ်နဲ့  သံဓါတ် မြင့်မားစွာ ပါဝင်တဲ့အတွက် ယင်းအပင်ကို ညှစ်လို့ ရတဲ့ အရည်က အလွန် ကောင်းတဲ့ အသားအရေ ပြည့်ဖြိုးဆေး (Skin Tonic)နှင့် ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ အရေပြားပေါ် တို့ ပြီး အသုံးပြုနိုင်ပါတယ်။

လေးညှင်းပွင့် (Cloves)

လေးညှင်းဆီမှာက ပိုးမွှားများကို သတ်နိုင်တဲ့ အရည်အချင်း ရှိတာကြောင့် သွားတိုက်ဆေး တွေမှာ တန်ဖိုးရှိ ပါဝင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။၎င်းကို ပလုတ်ကျင်းဆေးရည်နှင့် အခြား ခံတွင်း ကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆေးများ ဖော်စပ်ရာမှာ အသုံးပြုပါတယ်။

အုန်းသီး

အုန်းသီးအခြားပစ္စည်းများနဲ့  ရောစပ်ပြီး သုံးမယ် ဆိုရင် အုန်းသီးက ဆံပင် သန်စွမ်းစေတဲ့ ဆံပင် ပြုပြင်ဆေးအဖြစ် အသုံးဝင်ပါတယ်။ အုန်းသီးကို အရေပြား စွတ်စိုစေတဲ့ ပစ္စည်း (Moisturizers) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ပင်လယ်ရေမှော်

ယင်းပစ္စည်းထဲမှာ ဗီတာမင်ဓါတ်များနှင့် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် မျက်နှာဖုံး များ (Face masks) ပြုလုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အရေပြား ပြသနာများ အတွက် ကုသတဲ့ ဆေးပစ္စည်း များမှာ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ အခြောက် ဒါမှမဟုတ် အမှုန့် ကို သုံးစွဲနိုင်ပါတယ်။

ဖရဲသီး

ဗီတာမင် B နဲ့  C မြင့်မားစွာ ပါဝင်တဲ့အတွက် ဖရဲသီးရဲ့ အသားက မျက်နှာကို အေးမြစေတဲ့ အိမ်လုပ် မျက်နှာဖုံး များနဲ့  အသားအရေအား ပြည့်ဖြိုး လင်းလက်စေတဲ့ ဆေးများ ဖော်စပ် ရာမှာ အသုံးပြုပါတယ်။

တရုတ်နံနံ (Parsley)

တရုတ်နံနံ ပါဝင်တဲ့ လက်ဖက်ရည်ကြမ်းက အလွန်တရာ ကောင်းမွန်တဲ့  ပလုတ်ကျင်း ဆေး ရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားအရေ မတွန့် စေတဲ့  လိမ်းဆေး (Lotion) တွေမှာလည်း တရုတ်နံနံက အလွန်ကောင်း ပါတယ်။ ၄င်းကို ပျော့ဖတ် ဖြစ်အောင် လုပ်ပြီး အသားအရေ ပြည့်ဖြိုးဆေးရည်၊ အသားအရေ ကြည်လင် ချောမွတ်စေတဲ့ လိမ်းဆေးများ (Toner) နဲ့  ချေး ချွတ်ဆေးတွေထဲမှာ ပေါင်းစပ်ပေးထားတယ်။

အာလူး

အာလူးချေပြီး အေးခဲထားတဲ့ အာလူးနှစ်က ခြောက်သွေ့ တဲ့ အသားအရေအတွက် အသားအရေ စိုနေ အောင် လုပ်ရာမှာ အထူး အစွမ်းထက်တယ်။ မျက်နှာဖုံး ပြုလုပ်ရာမှာလည်း ကောင်းမွန်ပါ တယ်။ ရောင်နေတဲ့ မျက်ခွံပေါ်များနှင့် နေလောင်ဒဏ်ကို သက်သာစေရာမှာလည်း အသုံးဝင် ပါတယ်

နှမ်းဆီ

နှမ်းဆီအနေနဲ့  အရေပြား ပြည့်ဖြိုး ကျန်းမာစေတဲ့ ဆေးအမျိုးမျိုးမှာ အသုံးပြုပါတယ်။ နှန်းဆီ က အရမ်းကျဲပြီး ပေါ့ပါး သွက်လက်တဲ့အတွက် အကောင်းစား ချောဆီ ဂုဏ်သတ္တိ မျိုးရှိပြီး နှိပ် နယ်ရာမှာ ခံဆီ အဖြစ် အသုံးပြုပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးတွေက အသားအရေကို ကြည်လင် ချောမွေ့ စေရာမှာပါတယ်။ ချေးချွတ် စေရာမှာ သဘာဝ ကော့စမက်တစ် တစ်မျိုးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး တွေမှာ သွားကို ဖြူစေတဲ့ အက်ဆစ် တစ်မျိုး ပါဝင်ပါတယ်။

သဘာဝရဲ့အားအင် မှ ပြန်လည်ကူးယူဖော်ပြပါသည်။

Samsung တို့ ဘက်ထရီအား အကုန်မမြန်ပါ


တော်တော်များများက ပြောကြပါတယ်။ Samsung ရဲ့  ဘက်ထရီ သက်တမ်း ဟာ အခြားသော စမတ်ဖုန်းများနဲ့ စာရင် အကုန်မြန်တယ်လို့ ဆိုကြပြီး အမှန်တော့ ယင်းအချက်က မှားယွင်းပါတယ်။ 

Samsung မှာ Feature တစ်ခုပါပါတယ်။ Control Center မှာပါ။ ဘက်ထရီ အကုန် သက်သာအောင်လုပ်ရမယ့် နည်းလမ်း ကတော့ -

၁။ Menu ခလုပ်ကို ကြာကြာ ဖိနှိပ်ပါ။ 

၃။ ပေါ်လာသော Screen မှ စက်ဝိုင်းပုံသဏ္ဍန်ပြထားတဲ့ ဘယ်ထောင့်က icon ကိုနှိပ်ပါ 

၎။ ပြီးရင် အပေါ်က icon bar ကနေ RAM ဆိုတာကို ရွေးချယ် ရပါမယ်။

၅။ RAM အောက်ပါ Clear Memory ကို နှိပ်လိုက်ပါ။ 

ဒါဆိုရင် Background ကနေ ဘက်ထရီစားနေတဲ့ Application များကို အလို အလျောက် ပိတ်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ကွယ်က မပိတ်ရသေးတဲ့ Application တွေအင်မတန် များတာ ကြောင့် ဘက်ထရီစား အတော်များနေခြင်းပါ။ 

Samsung က Officially suggest လုပ်တာကတော့ Third Party Battery Saver များ သုံးတာထက် Samsung က ပေးတဲ့ Feature တွေပဲ သုံးဖို့ ဆိုထားပါတယ်။ အဓိကကတော့ နောက်ကွယ်မှာ Run နေတဲ့ (Multitasking) Application များကို ပိတ်ပေးဖို့လိုပါတယ်။ ဂိမ်းဆော့ပြီး Back ခလုပ်နဲ့ထွက်ထားတာမျိုး အရမ်းများလာတဲ့အခါ App အတော် များများ ပွင့်နေပြီး ဖုန်းဘက်ထရီအစားများနေခြင်း ဖြစ်ပါတယ်။ 

ဒီလိုဆိုရင် ဖုန်းဘက်ထရီ သိသိသာသာ တာရှည်ခံတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ 

အောင်ခမ်း
TechSpaceJournal

ဦးနှောက်၏ ထူးဆန်းသော အချက်များ


- ဦးနှောက်သည် နာကျင်မှုကို မခံစားရပေ။ အခြားနေရာမျိုးစုံ နာကျင်မှုများအား ဦးနှောက်ထံ သတင်းပေးပို့ ခြင်းဖြင့် အဆုံးသတ်သော်လည်း ဦးနှောက်ကိုယ်တိုင် နာကျင်မှုကို ခံစား သိရှိရခြင်း မရှိပေ။

- ဦးနှောက်သည် ခန္ဓာကိုယ်အလေးချိန်၏ နှစ်ရာခိုင်နှုန်းသာ ရှိသော်လည်း ခန္ဓာကိုယ်အောက်စီဂျင်နှင့် ကယ်လို ရီသုံးစွဲမှု စုစုပေါင်း၏ နှစ်ဆယ်ရာနှုန်းကို ရယူလျက်ရှိသည်။

- ဦးနှောက်သည် ပြင်ပလေနှင့် ထိတွေ့မှသာ အစိုင်အခဲသဏ္ဌာန် မြင်ရလေ့ရှိပြီး ဦးခေါင်းခွံ အတွင်း လုံလုံခြုံခြုံ ရှိနေသည့် ဦးနှောက်မှာ အရည်များဖြင့် (၈၀) ရာခိုင်နှုန်း ဖွဲ့စည်း ထားသော နူးညံ့သည့် အစိုင်အခဲ တစ်ခုဖြစ်သည်။

- ခန္ဓာကိုယ်သည် နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက် အနားယူသော်လည်း ဦးနှောက်သည် အိပ်စက် အနားယူချိန် ရောက်မှ အလုပ်ပို လုပ်လေ့ရှိသည်။

- ဦးနှောက်နဗ်ကြောများသည် လျှပ်စီးကြောင်း များဖြင့် သတင်းပေးပို့ တတ်ကြပြီး ခန္ဓာကိုယ် ပြင်ပတွင် ဦးနှောက်ကို ရှင်သန်စေရန် အထောက်အပံ့ ပေးရမည်ဆိုပါက လျှပ်စစ် စွမ်းအား (၁၀) ဝပ် ခန့်လိုမည်ဖြစ်သည်။

- ဆယ်ကျော်သက် အရွယ်၌ ခန္ဓာ ကိုယ်ဖွံ့ဖြိုးမှု တစ်ရှိန်ထိုးမြန်ဆန် သကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုလည်း ရုတ်ချည်း ပြောင်းလဲတတ်သည် ဖြစ်ရာ ဆယ်ကျော်သက်များအား စွန့် စားလိုစိတ်၊ တဇွတ်ထိုးစိတ်များဖြစ် ပေါ် ခံစား ရစေသည်။

- မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှ တို့ကို တစ်ခုမကျန် ဦးနှောက်က သိုမှီးထားနိုင်သော်လည်း မှတ်ဥာဏ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်စွမ်း (recall) ကို မူတည်၍ သတိကောင်း ခြင်း၊သတိမေ့ခြင်းတို့ဖြစ်ပေါ်လာ ရသည်။

- ဦးနှောက်၏ အစိတ်အပိုင်း တစ်ခု နှင့် တစ်ခု မြန်နှုန်း မတူပါ။ သတင်းအချက်အလက် သယ်ယူသည့် နေရာချင်းလည်း မတူပါ။ ထို့ကြောင့် အချို့ ကိစ္စများကို သတိရ လွယ်ပြီး အချို့ ကို သတိရစေရန် အချိန် အတော်ယူရ လေ့ရှိသည်။

Maukkha.org

မြန်မာနိုင်ငံတွင် ကလေး နှစ်သန်းခွဲခန့် အရပ် ပုနေ


မြန်မာနိုင်ငံတွင် ကလေး နှစ်သန်း ခွဲခန့်သည် အရပ်ပု နေကြပြီး အနာဂတ်တွင် ယင်းကဲ့သို့ ပုသောသူများ များနေ ပါက ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေ ကျဆင်း နိုင်ကြောင်း ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က သတိပေးပြော ကြားလိုက်သည်။ အရပ်ပုခြင်းသည် အာဟာရ ချို့တဲ့ မှုကြောင့် သော်လည်းကောင်း၊ အစား အစာများ စားသုံး နေသော်လည်း အာဟာရ ရရှိရန် အထောက် အပံ့ မဖြစ်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပွား ရခြင်း ဖြစ်ကာ အရပ်ပုသူ များသည် သာမန် ကလေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု ကွာခြားခြင်းမှာလည်း အဓိက အချက် ဖြစ်ကြောင်း သိရသည်။

''မြန်မာမှာ ကလေး နှစ်သန်း ခွဲလောက် အရပ်ပု နေကြတယ်။ ပုတာက ပညာရေး ကို ထိတယ်။ ကျန်းမာရေး ကိုထိတယ်။ နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှုကို ထိတယ်။ ဘာလို့လဲ ဆိုတော့ ပုတဲ့ ကလေး တွေရဲ့ ဦးနှောက်ဆဲလ်တွေက ပုံမှန် မဟုတ်ဘူး။ သာမန် ကလေးတွေရဲ့ ဦးနှောက်မှာဆိုရင် ဆဲလ်တွေက ဖြာထွက်နေတယ်။ အရပ်ပုတဲ့ ကလေးတွေက အခက်အလက်တွေ အဲလောက် မဖြာဘူး။ သူ့ရဲ့ပါဖော မန့်စ်က ကျသွားတယ်။ ဒါကြောင့် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ် မှာ ပုတဲ့ သူများရင် အဲဒီ ကလေးတွေ ရဲ့ဝင်ငွေက ကျကို ကျသွားမယ်။ ဒါကြောင့် အာဟာရ ချို့တဲ့တယ် ဆိုတာက တိုက်ရိုက် ကလေးသေ တာ မဟုတ်ဘူး။ သူ့ရဲ့သွယ်ဝိုက် ရရှိတဲ့ ဆိုးကျိုး တွေက အများကြီး ရှိတယ်''ဟု ဒေါက်တာ ကျော်ဝင်း စိန်က ပြော သည်။

နောက်ဆုံး အကြိမ် MICS  ကတရားဝင် ထုတ်ပြန် ထားသည့် ပြည်နယ်တိုင်း အလိုက် အာဟာရ ချို့တဲ့မှု နှုန်းထားများအရ ပိန်သော ကလေး များမှာ မြန်မာပြည် အလယ်ပိုင်းနှင့် ချင်းပြည်နယ်တွင် များပြီး ပုသော ကလေး များမှာ ချင်းနှင့် ရခိုင်တွင် များကြောင်း၊ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့သော ကလေး များမှာ ရခိုင်၊ မကွေး၊ အပူပိုင်း ဒေသများ၊ ဧရာဝတီနှင့် ရှမ်းမြောက်ဒေသ များတွင် များကြောင်း သိရသည်။ ''အဲဒီ အနေ အထား သုံးခု လုံးခြုံပြီး တော့မှ ကြည့်ပြီး ဘယ်ဒေသသည် ဘယ်အကြောင်းရင်း ကြောင့်ဖြစ်မလဲ ဆိုတာကို စဉ်းစား ရတယ်။ ပြီးတော့ ဘယ်လို စီမံကိန်း တွေချမှတ် ဆောင်ရွက် မလဲ ဆိုတာကိုလဲ ကြည့်ရတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက် တာ တင်လင်းက ပြောသည်။

ထို့ပြင် MICS  ၂၀၁၀-၂၀ ၁၁ အရ ကလေးများ ပုခြင်းသည် ၂၀၁ဝတွင် ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ ကလေးများ ပိန်ပြီး လတ်တလော အာဟာရ ချို့တဲ့ခြင်းသည် ၂၀၁၀-  ၂၀၁၁ တွင်  ၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိရသည်။ ''ငါးနှစ်အောက် ကလေး သုံးဦးမှာ တစ်ဦးသို့ မဟုတ် နှစ်ဦးက ပုနေတယ်။ အဲဒီရဲ့ အကျိုး သက်ရောက်မှုက တော်တော်ကြီး တယ်။ နောက်လာမယ့် အနှစ် သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ဘာဖြစ်လာ မလဲဆို တာ လုံးဝကို ပြောလို့ရတယ်။ ပညာရှင်တွေဝိုင်းပြီး တွက်ချက် ထားတာ ရှိတယ်။ နံပါတ်တစ် အချက် ပညာ ရေးကို သွားထိတယ်။ အဲဒီမှာ ပုတဲ့ နှုန်းက ၁၀ ရာခိုင်နှုန်း တက်သွားပြီ ဆိုရင် ပညာ ရေးမှာ Final Grade ကိုရောက်တဲ့ ကျောင်း သားက ရှစ်ရာခိုင်နှန်း ကျသွားတယ်။ ကျောင်းတက် နိုင်တဲ့ ကလေးတွေက ရှစ်ရာခိုင်နှုန်း ကျသွားတယ်'' ဟု ယူနီဆက်ဖ် မြန်မာမှ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း အဆင့်၏ Final Grade ကို ၅၄ ရာခိုင်နှုန်းသာ ရောက်ရှိ သောကြောင့် မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး များ၏ တစ်ဝက်ခန့်သာ ကျောင်းတက် နိုင်သေးကြောင်း၊ ပုသည့်နှုန်း ကိုဆယ် ရာခိုင်နှုန်း ချနိုင်ပြီ ဆိုပါက ကျောင်း တက်နှုန်းမှာ ၇၅ရာခိုင်နှုန်း တက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပုခြင်းသည် ကျန်းမာရေး တွင်လဲ ဆိုးကျိုးများ ဖြစ်ပွား နိုင်ပြီး ၁၅ ရာခိုင်နှုန်းသော ငါးနှစ်အောက် ကလေး သေနှုန်းသည် ပုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''ကလေးက ပိန်တယ်၊ လတ်တလော အာဟာရလဲ ချို့တဲ့မယ် ဆိုရင် သူ့ရဲ့ သေနှုန်းက သာမာန် ကလေးထက် ကိုးဆ ပိုမြင့်မယ်။ မြန်မာမှာ တစ်နှစ်ကို ပျှမ်းမျှ ကလေး ကိုးသိန်းလောက်ေ မွးနေတယ်။ အသက် သုံးနှစ် မတိုင်မီ ကလေးသုံး သောင်း ခုနစ်ထောင် လောက်ကို သေသွားတယ်။ တစ်ကယ်လို့ အာ ဟာရ မြှင့်တင်တဲ့ နေရာမှာ ၉၉ ရာ ခိုင်နှုန်း လွှမ်းခြုံမှု ရရင် တစ်နှစ်တစ် နှစ်မှာ ကလေး တစ်သောင်း လောက်ကို ကောင်းကောင်း ကယ်နိုင်မယ်'' အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် က ဆက်လက်ပြော ကြားသည်။ ထို့ပြင် အရပ် ပုခြင်းသည် ကုန်ထုတ် စွမ်းအား စုနှင့် ဆက်နွယ်လျက် ရှိပြီး အရပ် ပုပါက အရွယ် ရောက်လာသည့်အ ခါတွင် ကုန်ထုတ်လုပ်မှုမှာ သာမာန် ကလေး ထက် ၂၂ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ထိကျ သွား နိုင်ကြောင်း ပညာရှင်များက တွက်ချက် ထားကြသည်။

Yangon Media Group

အင်ဒိုကျောင်းသူများ အပျိုစင်ဟုတ် မဟုတ် စမ်းသပ်မည့်အပေါ် ဒေါသထွက်


ဆယ်ကျော်သက်ကျောင်းသူတွေ အထက်တန်းကျောင်းတက်ဖို့ အပျိုစင် စစ်မစစ် ဆေးစစ်မှုတွေ ပြုလုပ်ရမယ်လို့ အဆိုတင်သွင်းခဲ့တဲ့ အင်ဒိုနီးရှားမြို့တစ်မြို့က ပညာရေးမှူးကို အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

အထက်တန်းကျောင်းသူ ခြောက်ဦးပြည့်တန်ဆာမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် သည်အစီအစဉ်ကို အကြံပြုတင်ပြခဲ့တဲ့ ပညာရေးမှူး မိုဟာမက်ရာဆစ်ကို တက်ကြွလှုပ်ရှားသူတွေက အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ဆွယ်နေတာလို့ စွပ်စွဲလိုက်ပါတယ်။

'ဒီအဆိုပြုချက်ကို လက်ခံခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်မှာ ဆောင်ရွက်ဖြစ်မယ်လို့ စူမတြားကျွန်းရှိ ပရာဘူမူလီမြို့ရဲ့ ပညာရေးမှူး ရာဆစ်က ပြောပါတယ်။

'၂၀၁၄ ရ/သုံးမှန်းခြေစာရင်းမှာ ဒီအစီအစဉ်ပါလာအောင် ကျွန်တော်တို့ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ မြို့တော်ဝန်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုဖို့ လိုနေသေးတယ်' လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဆိုပါစမ်းသပ်မှုတွေ ပြုလုပ်မှာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာကိစ္စတွေ ဖြစ်လာနိုင်တယ်လို့လည်း ရာဆစ်က ဝန်ခံပါတယ်။

သူ့ရဲ့တင်ပြချက်ကြောင့် ရုတ်တရက် ဒေါသအကြီးအကျယ် ထွက်ခဲ့ကြရပြီး ပညာရေးဝန်ကြီးမိုဟာမက် နျူကလည်း 'မင်းအနေနဲ့ မင်းရဲ့ကလေးတွေကို အမှောင့်ပယောဂ ကင်းချင်တယ်ဆိုရင် တခြားနည်း တွေ အများကြီးရှိတယ်၊ ဒါကတော့စဉ်းစားဉာဏ်ကို မရှိဘူး' လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အပျိုစင်ဟုတ်မဟုတ် စစ်ဆေးမယ့်နည်းဟာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုပုံစံတစ်မျိုးဖြစ် ကြောင်းနဲ့ ဒါဟာအမျိုးသမီးတွေကို သိက္ခာချတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ကြောင်း အမျိုး သမီးများ အကြမ်းဖက်ခံရမှုဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ မတ်ရူချခ်ျကပြောပါတယ်။

ဒေသခံ အာဏာပိုင်တွေက ဒါကိုမထောက်ခံကြပါဘူးလို့ ဒုတိယမြို့တော်ဝန် ဖီကရီက ပြောကြားခဲ့တာ ကြောင့် သည်အဆိုပြုချက်က အတည်မပြုဖြစ်ဖို့ များနေပါတယ်။

ဒါပေမဲ့မြို့ထဲမှာ အများအမြင် မတင့်တယ်အောင်လုပ်နေကြတဲ့လူတွေကို တားမြစ်ဖို့ ဘာသာရေးနဲ့ စာရိတ္တဆိုင်ရာ သင်ကြားမှု အစီအစဉ်တွေကို စီစဉ်နေတယ်လို့ ၎င်းကပြောပါတယ်။

'ကောင်လေးတွေနဲ့ ကောင်မလေးတွေဟာ လူငယ်ကောင်မှာ လက်ပွန်းတတီးပြုမူနေထိုင်ကြဖို့ မရှက် တော့ဘူး၊ သူတို့ရဲ့အကျင့်စာရိတ္တတွေက ပျက်ကုန်ပြီ' လို့သူက ဆက်ပြောပါတယ်။

၂၀၁၀ မှာတုန်းကလည်း စူမကြား၊ ဂျန်ဘိုင်ပြည်နယ်မှ ဥပဒေပြုအမတ်တွေက ဆယ်ကျော်သက် ကျောင်းသူတွေ အထက်တန်းကျောင်းတက်ဖို့ အပျိုစင်ဟုတ်မဟုတ်စစ်ဖို့ အဆိုပြုခဲ့ဖူးပေမဲ့ ဗဟိုအစိုးရ က လက်မခံတာကြောင့် ပျက်သွားခဲ့ပါတယ်။

ကုမုဒြာဂျာနယ်
အတွဲ(၃)၊ အမှတ်(၂၁)၊ သြဂုတ် ၂၇၊ ၂၀၁၃

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ

အသားအ ရေ ဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှု များလာကြောင်း Ama-ra International Company Limited မှ သိရသည်။

မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အသားညိုသူများပြားကြသည့် အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင်မှုအသစ် အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင်မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။

ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်းအသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကို အသုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။

''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိသိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုးကြတယ်။ အထူးသဖြင့် သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အဓိက အသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။

အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေ ကျန်းမာကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။

''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကို ကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာခြင်းဖြစ်ကြောင်း သိရသည်။

''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။
ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေးတယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေးသွားခြင်းမျိုးမဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိသာသာကို ဖြူစင်တဲ့ အသားအရည်ကို ရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင်က ဆက်လက်ပြောသည်။

ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏ အကျိုးသက်ရောက်မှုသည် ဒုတိယ အကြိမ်မထိုးမီ လေးငါးရက်ခန့်တွင် အကျိုးသက်ရောက်မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။

ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသော ဆဲလ်များကိုပြောင်း လဲပေးလိုက်ခြင်းဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေ ရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များ ပျက်စီးသွားစေနိုင်ကြောင်း သိရသည်။

အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူများသည် နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှု များကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

အွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ Magic Cup



လတ်တလောနိုင်ငံတကာအွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ ကော်ဖီခွက် အမျိုးစားပါ။ အပူချိန်အလိုက် အရောင်အမျိုးမျိုးပြောင်းလည်းပေးနိုင်မှာဖြစ်တဲ့ အတွက် မှော်ဆန်တဲ့ Magic Cup လို့ဆိုရမှာပါ။

ခွက်ဒီဇိုင်းကပုံစံတူထုတ်လုပ်ထားပေမယ့် ခွက်ပေါ်မှာရှိတဲ့ အသွင်အပြင်ဒီဇိုင်း အမျိုးစားပေါ် မှုတည်ပြီး ဈေးနှုန်းကအမျိုးမျိုးကွာဟပါတယ်။မိမိ ကြိုက်နှစ်သက်တဲ့ အသွင်ပြင်ဒီဇိုင်းတွေကို မှာယူလို့ရမှာဖြစ်သလို ယခုမိတ်ဆက်ပေးမယ့်ခွက်ကတော့ Mug လို့အမည်ရတဲ့ခွက်လေးပါ။

အကြောင်းကတော့ အဆိုပါခွက်ထဲကို ကော်ဖီဖြစ်ဖြစ်၊ရေနွေးဖြစ်ဖြစ် အပူရှိန် ရှိမယ့်ရေကို ထည့်လိုက်မယ်ဆိုပါက ပုံမှာမြင်တွေ့ရတဲ့အတိုင်း အဆင့်ဆင့် ပြောင်းလဲကာ Mug လို့ခေါ်တဲ့ ရှုံ့မဲ့ရာကနေ ပြုံးပျော်တဲ့ အနေထားကို ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

သာမန်ခွက်ထက်ထူးခြားတဲ့ ကော်ဖီခွက်မျိုးကိုကြိုက်နှစ်သက်သူတွေ အတွက်အဆင်ပြေစေမှာဖြစ်သလို လာရောက်လည်ပတ်တဲ့သူတွေကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ဧည့်ခံလို့ အဆင်ပြေမယ့် ခွက်အမျိုးစားဖြစ်ပါတယ်။

ဒီဇိုင်းအမျိုးစားလိုက်ဈေးနှုန်းကွာဟမှုရှိပြီး ယခုဖော်ပြထားတဲ့ Mug Cup ကတော့ မူရင်းပေါက်ဈေး ၂၅ ဒေါ်လာကျသင့်မှာဖြစ်ပေမယ့် အွန်လိုင်းစတိုး မှာတော့ လျှော့ဈေး ၆ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ တော့ သိရပါတယ်။

ပြည်တွင်းမှာလည်း အွန်လိုင်းစတိုးနဲ့ချိတ်ဆက်မှာယူလို့ရတဲ့ ဝန်ဆောင်မှုမျိုးတွေရှိသလို အဆိုပါခွက်မျိုးကို ဝန်ဆောင်မှုကနေမှာယူမယ်ဆိုရင် မှုရင်းဈေးနှုန်းထက် အနည်းငယ်ကွာဟမယ်လို့ ခန့်မှန်းမိပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

ဘယ်နိုင်ငံမှာ မွေးတဲ့ကလေး ကံအကောင်းဆုံး ဖြစ်မလဲ

၁၉၈၈ ခုနှစ်၌ မည်သည့်နိုင်ငံတွင် မွေးဖွားလျှင် ကလေး၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မည်ကို စစ်တမ်း ကောက်ခဲ့ဖူးသည်။ ထိုစဉ်က အမေရိကန်သည် အကောင်းဆုံးနိုင်ငံများ စာရင်း၏ ထိပ်ဆုံးတွင် ရသွားသည်။ ၂ဝ၁၃ ခုနှစ်တွင် မည်သည့်နိုင်ငံ၌ မွေးဖွားသော ကလေးသည် တောက်ပြောင်သော အနာဂတ်ပိုင်ရှင် ဖြစ်မည်နည်းဟု ဟောကိန်းထုတ်ရန် အီကောနောမစ်မဂ္ဂဇင်းက ပညာရှင်များဖြင့် စစ်တမ်း ကောက်ယူ ဆန်းစစ်ခဲ့သည်။ ကောက်ယူ ရရှိခဲ့သော အချက်အလက်များအနက် ဘဝအရည်အသွေးညွှန်းကိန်း Quality of Life Index ကို တွက်ချက်ရာတွင် နေထိုင် နေရသော ဘဝအပေါ် မည်မျှ ကျေနပ်ပျော်ရွှင်မှု ရှိသည်ဆိုသော အချက်အပေါ်အခြေတည် ထားခြင်းဖြစ်သည်။ ဘဝအရည်အသွေး ညွှန်းကိန်းကို တွက်ချက်ရာတွင်လူများ၏ ပြောဆိုချက်သာမက ယင်းတို့ လက်တွေ့ဘဝကိုပါ ထည့်သွင်း တွက်ချက်သည်။

ငွေကြေးပြည့်စုံခြင်းသည် အေးချမ်းတည်ငြိမ်သော ဘဝအတွက် များစွာအထောက်အကူဖြစ်စေသည် မှန်သော်လည်း ရာဇဝတ်မှု ထူပြောခြင်း၊ အစိုးရဌာနများကို ယုံကြည် ကိုးစားနိုင်မှု အတိုင်းအတာ၊ မိသားစု ကျန်းမာရေးတို့သည်လည်း ဘဝပျော်ရွှင် ချမ်းမြေ့စေရန် အရေးပါသော အချက်များဖြစ်သည်။ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသော အချို့အချက်များသည် ပုံသေရှိနေသော အချက်များ (ဥပမာ- ပထဝီအနေအထား)၊ အချိန်အတန်ကြာမှ ပြောင်းလဲသော အချက်များ (ဥပမာ- လူဦးရေ၊ လူမှုရေးနှင့် ယဉ်ကျေးမှု အကျင့် စရိုက်)တို့ကိုလည်း ထည့်သွင်း စဉ်းစားထားသည်။ အချို့အချက်များသည် အစိုးရ၏ မူဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ်တွင် တည်မှီနေ သည်။ လက်ရှိ အချက်အလက်များကို ကောက်ယူရာတွင် လွယ်ကူသော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မှန်းဆတွက် ချက်ရသည်မှာ အခက်ခဲဆုံး ဖြစ်သည်။

ဘဝအရည်အသွေး ကောင်းမွန်စေသော အချက်များသည် ပြောင်းလဲမှု ရှိသော်လည်း ဖြည်းဖြည်းချင်းသာ ပြောင်းလဲလေ့ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် မွေးဖွားမည့် ကလေးသည် ၂ဝ၃ဝ တွင် လူလားမြောက်ပြီး ကောလိပ်တက်မည့်အရွယ်၊ လုပ်ငန်းခွင်ဝင်လိုက ဝင်နိုင်သည့် အ ရွယ်သို့ ရောက်ရှိမည်ဖြစ်သည်။ ထိုအချိန်တွင်မွေးဖွားရာ တိုင်းပြည်၏ အခြေအနေမည်သို့ရှိမည်ကိုလည်း ခန့်မှန်းတွက်ချက်ထား သည်။ ထုံထိုင်းနေသော ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့် ကမ္ဘာအဝန်း ကုန်ထုတ်လုပ်မှု ကျဆင်းနေသော်လည်း လူတစ်ဦးချင်း ဝင်ငွေမှာ စံချိန်တင်ရသည့် အနေအထားမျိုး ဖြစ်သည်။ လူ့ပျမ်းမျှသက်တမ်းမှာလည်း ဆက်လက်မြင့်တက်လာနေသည်။ နိုင်ငံရေး လွတ်လပ်မှု အသိစိတ်ဓာတ် ကမ္ဘာတစ်လွှား ပျံ့နှံ့လာနေသည်။ အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတွင် ဒီမိုကရေစီရေး နိုး ကြားမှု ပြင်းထန်လာသည်။

ယူရိုငွေသုံးဒေသတွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် လုံခြုံရေး အားနည်းခြင်းတို့သည် ဘဝအရည်အသွေးကို ထိခိုက်စေသည်။ ယင်းသို့သော အခြေအနေများ ကြားတွင် ၂ဝ၁၃ ခုနှစ်အတွင်း မွေးဖွားလာမည့် ကလေးများအနက် မည်သည့်နိုင်ငံတွင် မွေးဖွားသည့် ကလေးသည် ကံအကောင်းဆုံး ဖြစ်မည်ကို အီကော်နောမစ်မဂ္ဂဇင်းက စစ်တမ်း ထုတ်ကြည့်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် မွေးဖွားသော ကလေးသည် ကံအကောင်းဆုံးဖြစ်မည်ဟု အဖြေထွက်လာသည်။ ဒုတိယ ကံအကောင်းဆုံးကလေးမှာ သြစတေးလျားတွင် မွေးဖွားသောကလေး ဖြစ် မည်ဟု ဟောကိန်း ထုတ်ထားသည်။

ထို့နောက် အစဉ်လိုက်အတိုင်း နိုင်ငံများမှာ သြစတေးလျား၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ စင်ကာပူ၊ နယူးဇီလန်၊ နယ်သာလန်၊ ကနေ ဒါ၊ ဟောင်ကောင်နှင့် ဖင်လန်တို့ ဖြစ်ကြသည်။ အောက်ဆုံးအဆင့် ဆယ်နိုင်ငံတွင် အဇာဘိုင်ဂျန် (၇ဝ)၊ အင်ဒိုနီးရှား (၇၁)၊ ရုရှား (၇၂)၊ ဆီးရီးယား(၇၃) ၊ ကာဇာစ တန် (၇၄)၊ ပါကစ္စတန် (၇၅)၊ အင်ဂိုလာ (၇၆)၊ ဘင်္ဂလားဒေ့ရှ် (၇၇)၊ ယူကရိန်း (၇၈)၊ ကင်ညာ (၇၉)၊ နိုင်ဂျီးရီးယား (၈ဝ) တို့ဖြစ်ကြသည်။ ထိပ်ဆုံး စာရင်းဝင် ဆယ်နိုင်ငံမှာ နိုင်ငံငယ်လေးများဖြစ်ကြသည်။ ယင်းတို့အနက် ငါးနိုင်ငံ မှာ ဥရောပတိုက်မှ ဖြစ်ပြီး ထိုငါးနိုင်ငံအနက် နယ်သာလန် တစ်နိုင်ငံသာလျှင် ယူရိုငွေသုံး ဒေသမှဖြစ်သည်။ ဥရောပ၏ စီးပွားရေး အင်အားရှင် နှစ်ဦးဖြစ်သည့် ဂျာမဏီ၊ (၁၆) ပြင် သစ် (၂၆) နှင့် ဗြိတိန် (၂၇) တို့သည် အဆင့်မကောင်းလှ။ စစ်ပြီးခေတ် မျိုးဆက်က ချန်ထားရစ်သော ကြွေးမြီများကို ၂ဝ၁၃ တွင် မွေးဖွားသော အမေရိကန် ကလေးများက ပေးဆပ်ရလိမ့်မည်။

အမေရိကန်သည် ဘဝအရည်အသွေး ညွှန်းကိန်းတွင် ဂျာမဏီနှင့် အတူတူအဆင့် ၁၆ တွင်ရှိသည်။ စာရင်းကောက်ယူခဲ့သော နိုင်ငံ ၈ဝ တွင်နိုင်ဂျီးရီးယားသည် နောက်ဆုံးအဆင့်တွင်ရှိသည်။ ၂ဝ၁၃ ခုနှစ်တွင် နိုင်ဂျီးရီးယားတွင်မွေးဖွားသောကလေးသည် ကံအဆိုး ဆုံး ဖြစ်ပေလိမ့်မည်။ စာရင်းထိပ်ဆုံးတွင် ရှိသည့်နိုင်ငံများ၏ ထူးခြားချက်မှာ အလွန်အမင်း တည်ငြိမ်ခြင်း၊ ပျင်းရိဖွယ်ရာ ငြိမ်သက်နေ ခြင်းတို့ အပြင် နေထိုင်သောလူမျိုးများအတွင်း ယဉ်ကျေးမှု ကွဲပြားခြင်းကြောင့်ဖြစ်ရသော ပဋိပက္ခမရှိခြင်းတို့ဖြစ်သည်။ အီတလီနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း သုံးဆယ်ကြာမျှ မငြိမ်မသက်ဖြစ်ခြင်း၊ လူသတ်မှုနှင့်အကြမ်းဖက်မှုတို့ထူပြောစေ ကာမူ ထိုကာလ အတွင်း မိုက်ကယ် အင်ဂျလို၊ လီယိုနာဒိုဒါဗင်ချီကဲ့သို့ အနုပညာ အကျော်အမော်များ မွေးထုတ်နိုင်ခဲ့သည်။ ဥာဏ်သစ်လောင်းခေတ်ကို ပေါ်ထွန်းစေနိုင်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် နှစ်ပေါင်း ငါးရာကျော် ငြိမ်းချမ်း တည်ငြိမ်စွာ နေနိုင်ခဲ့သော်လည်း အနုပညာ ထူးချွန်သူဟူ၍ မယ်မယ်ရရ မရှိခဲ့။ ထို့ကြောင့် တည်ငြိမ်လွန်းမက တည်ငြိမ်ခြင်းသည် လိုလားဖွယ် အခြေအနေဖြစ်ပါ၏လောဟု အမေးထုတ်စရာ ဖြစ်ရသည်။

မောက္ခပညာရေး ဆိုက်မှ ပြန်လည်ကူးယူဖော်ပြပါသည်...။

လူသားအကျိုးပြု မတော်တဆတွေ့ရှိမှုများ

လူးဝစ် ပက်စ်ချာဆိုသူက “အခွင့်အရေးဆိုတာ ပြင်ဆင်ထားမှရတယ်” လို့ဆိုဖူးတယ်။ ဒါကြောင့် မတော်တဆ တွေ့ရှိတယ်လို့ ပြောပေမယ့် နောက်ကွယ်မှာ စိုက်ထုတ်ထားရတဲ့ အင်အားတွေ၊ ရင်းနှီးမှုတွေ အများကြီး ရှိနေတတ်ပါတယ်။ သိပ္ပံပညာရှင်တွေ မတော်တဆတွေ့ရှိတယ်ဆိုတာလည်း လုပ်ဆောင်နေရင်းက တိုက်ဆိုင်ပြီးတွေ့တာတွေရှိပေမယ့် အဲဒီတိုက်ဆိုင်မှုတွေဟာ ပြင်ဆင်ထားလို့ရတဲ့ အခွင့်အရေးမျိုးသာ ဖြစ်ပါတယ်။

1.       Penicillin
ပင်နီဆီလင်လို့ခေါ်တဲ့ဆေးကြောင့် အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့တာ သိကြပါလိမ့်မယ်။ ၂၀ ရာစု တီထွင်မှုတွေထဲမှာ အထင်ရှားဆုံးနဲ့ အဓိကအကျဆုံးဖြစ်လို့ ထိပ်ဆုံးကတင်ထားရတာဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်လောက်က ဆေးပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဖလီးမင်းဆိုသူက အလုပ်တွေကို တစ်ရက်လောက် ထားပစ်ခဲ့ပြီး ခရီးထွက်သွားပါတယ်။ လုပ်ငန်းခွင်ကို ပြန်လာချိန်မှာ သူလုပ်ဆောင်ထားခဲ့တဲ့ စမ်းသပ်ချက် တွေမှာ မှိုတွေတက်နေတာတွေ့လိုက်ရတယ်။ ဘက်တီးရီးယားပိုးတွေကတစ်ဆင့် အသက်ကယ်ဆေးကို ထုတ်ယူနိုင်ခဲ့တယ်။ ပင်နီဆီလင်လို့ခေါ်တဲ့ အဲဒီဆေးကြောင့် အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ပြီး သူလည်း ကမ္ဘာကျော်သွားခဲ့ရတယ်။

2.       Peacemaker
မတော်တဆတွေ့ရှိမှုမှာ ပါမောက္ခတစ်ဦးရဲ့တွေ့ရှိချက်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဆေးလောကမှာ အသက်ကယ်နိုင်တဲ့ ပစ္စည်းတစ်ခုကို တီထွင်နိုင်ခဲ့သူဖြစ်လို့ပါ။ တီထွင်ခဲ့သူက အမေရိကန် အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ ဝီလ်ဆင် ဂရိတ်ဘက်ခ်ျ ဖြစ်ပါတယ်။ သူပထမဦးဆုံး တီထွင်ခဲ့တာက နှလုံးခုံသံကို နားထောင်ဖို့ပစ္စည်းဖြစ်ပါတယ်။ သူတီထွင်တဲ့ resistor လေးက 1-megaohm ရှိပြီးတော့ ဆားကစ်ပြား ကလည်း 1.8 milliseconds လောက်သေးအောင်ထုတ်နိုင်ခဲ့တယ်။ စထွင်တုန်းက နှလုံးခုံသံကို နားထောင်ဖို့ ဖြစ်ပေမယ့် သူ့စက်လေးနဲ့ ဘက်ထရီကို နှလုံးထဲထည့်ပြီး နှလုံးခုန်ဖို့ အားပေးတဲ့ စက်ပြောင်းလဲလိုက်နိုင်တာ ကတော့ မတော်တဆတွေ့ရှိမှုလို့ ဆိုပေမယ့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။

3.       Mauve
အသက် ၁၈ နှစ်သား ဆေးဝါးပညာရှင် ဝီလျှံ ပါကင်ဆိုသူဟာ ပထမထွင်တုန်းက ငှက်ဖျားဆေးပါ။ နောက်တွေ့ရှိသွားတာက ကင်ဆာပျောက်တဲ့ဆေးဖြစ်လို့ လိုင်းပြောင်းသွားရပါတယ်။ ၁၈၅၆ ခုနှစ်မှာ ကွီနိုင်ဆေးအတုတစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။ ငှက်ဖျားဆေးကို တီထွင်နေစဉ်ရင်း မမျှော်လင့်ပဲ ဆိုးဆေးအရောင်တစ်မျိုးကိုသွားတွေ့လိုက်ပါတယ်။ လှပတဲ့ ပန်းခရမ်းရောင် ဆေးက ကင်ဆာရောဂါကို ကုသပျောက်ကင်းစေနိုင်ပါတယ်။ သူက ပန်းခရမ်းရောင်ဆိုးဆေးကို ဂျာမန်ပိုးမွှားပညာရှင် ပေါလ် အားလစ်ခ်ျနဲ့ ပူးပေါင်းတီထွင်ရင်း ကင်ဆာပျောက်ဆေးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

4.       Radioactivity
ရေဒီယိုသတ္တိကြွမှုကို ပထမဆုံးတွေ့ရှိခဲ့သူဟာ ရူပဗေဒပညာရှင် ဟင်နရီ ဘက်ကာရယ်ဖြစ်ပါတယ်။ သူလည်း မမျှော်လင့်ပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၈၉၆ ခုနှစ်လောက်တုန်းက ဘက်ကာရယ်ဟာ မီးချောင်းလို လင်းလက်တဲ့ သဘာဝအလင်းနဲ့ ဓာတ်မှန်ကထွက်လာတဲ့ အလင်းတန်းတွေကို စိတ်ဝင်စားပြီး စူးစိုက်လေ့လာ ခဲ့တယ်။ သူက အလင်းတန်းတွေကို နေရောင်ထဲမှာ စမ်းသပ်ကြည့်ချင်လို့ နေရောင်ကိုစောင့်ပေမယ့် ဆောင်းတွင်းဆိုတော့ နေကထွက်မလာဘူး။ သူ့ပစ္စည်းတွေကို အပြင်မှာထုတ်ထားပြီး အခန်းထဲပြန် အလုပ်လုပ်နေတယ်။ အပြင်ကိုပြန်ထွက်လာတော့ သူစားပွဲအံဆွဲထဲမှာ ထည့်ထားတဲ့ ယူရေနီယမ် ကျောက်တုံးလေးဟာ စားပွဲပေါ်က ဖလင်ပလိပ်ပြားမှာပုံရိပ်လာထင်နေတာ တွေ့လိုက်ရတယ်။ နေရောင်မရှိ လည်း ပုံရိပ်ကိုဖမ်းနိုင်တဲ့ ရေဒီယိုသတ္တိကြွမှုကြောင့် ဒီလိုရိုက်ကူးနိုင်တယ်ဆိုတာကို သိရှိလိုက်ပါတယ်။

5.       Plastic
၁၉၀၇ ခုနှစ်လောက်တုန်းက ပရိဘောဂတွေမှာ သုတ်တဲ့ အရောင်တင်ဆီကို အီလက်ထရောနစ်ပစ္စည်းတွေမှာ လျှပ်စီးမှုကာကွယ်ဖို့ သုတ်လေ့ရှိတယ်။ ဒီအရောင်တစ်ဆီတွေကို ချိပ်ပိုးကောင်တစ်မျိုးကထုတ်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေက တင်သွင်းရတာကြောင့် ကုန်ကျစရိတ်ပိုများခဲ့တယ်။ ဓာတုဗေဒပညာရှင် ဟန်းဒရစ် ဘေကယ်လန်းဆိုသူဟာ အဲဒီ အရောင်တင်ဆီအတုကို ထုတ်နိုင်ရင် အကျိုးများမယ်ဆိုတာ သိခဲ့တယ်။ သူတီထွင်တဲ့ အရောင်တင်ဆီက အမြဲတန်းအပူပေး ထားမှရတယ်။ အေးသွားရင် ခဲသွားတာကြောင့် သုတ်လို့မရဘူး။ သူ့တီထွင်မှုဟာ ချိပ်ဆေးဖြစ်မသွားဘဲ ဓာတ်ပြားတွေ ထုတ်လုပ်ရာမှာ အကျိုးရှိသွားတယ်။ ယနေ့ခေတ်စားနေတဲ့ ပလပ်စတစ်ဆိုတာလည်း ဓာတ်ပြားထုတ်တဲ့ (Bakelite) ကနေ ထပ်ဆင့်တီထွင်ထားတာဖြစ်ပါတယ်။

6.       Vulcanized Rubber
ချားလ်စ် ဂွတ်ရီးယားဆိုသူဟာ ပျော်ရွှင်စွာ စံစားနိုင်မယ့်အရေးကို နှစ်ပေါင်းများစွာ စောင့်စားလာခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ သူက အပူဒဏ်နဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်မယ့် ရာဘာတစ်မျိုးကို ဆယ်နှစ်လောက်တီထွင်နေခဲ့ပါတယ်။ သူလိုချင်တဲ့ရာဘာမျိုးကို စိတ်တိုင်းကျ မရခဲ့ပါဘူး။ တစ်နေ့တော့ သူတီထွင်နေတဲ့ ရာဘာတွေက မတော်တဆ ဆာလ်ဖာနဲ့ ခဲတွေရောကျိုထားတဲ့ အိုးထဲကို ကျသွားတယ်။ ရာဘာရယ်၊ ဆာလ်ဖာရယ်၊ ခဲတွေရယ်ပေါင်းစပ်ပြီး မီးကျွမ်းသလိုဖြစ်ကာ အတုံးကြီးဖြစ်သွားတယ်။ ဂွတ်ရီးယားက အဲဒီမီးကျွမ်းတုံးကြီးကို ကောက်ယူလိုက်ပြီး စမ်းသပ်ကြည့်တော့ သူလိုချင်တဲ့ ရာဘာမျိုးဖြစ်နေတာ အံ့သြစွာတွေ့လိုက်ရတယ်။ အဲဒီဒြပ်ပေါင်းရာဘာနဲ့ သူက တာယာ၊ ဘိနပ်စတာတွေထုတ်ပြီး သူဌေးဖြစ်သွားတယ်။

7.       Teflon
လူတွေက အိုဇုန်းလွှာပျက်စီးတာကို စိုးရွံ့နေကြတယ်။ အိုဇုန်းလွှာပေါက်အောင်လုပ်တာ ကလိုရိုဖလော်ရိုကာဗွန် (CFC) တွေကြောင့်ဖြစ်ပါတယ်။ ၁၉၃၀ ဝန်းကျင်လောက်က သိပ္ပံနည်းစနစ်တွေနဲ့ ထွင်ထားတဲ့ ရေခဲသေတ္တာတွေကြောင့် အိုဇုန်းလွှာ ပျက်စီးလာရတယ်လို့ သတိထားလာမိတယ်။ ဒူးပွန့်ကုမ္ပဏီက လူငယ်ဓာတုဗေဒပညာရှင် ရွိုင်း ပလန့်ကက်ဟာ CFC အသစ် ကို တီထွင်နေပါတယ်။ သူက အိုဇုန်းလွှာပျက်စီးမှုနည်းစေမယ့် TFE ကိုတီထွင်ချင်တယ်။ ဟိုက်ဒြိုကလိုရစ် အက်စစ်တစ်မျိုး ကို တီထွင်နိုင်ရင် အေးခဲမှုအသစ်ကိုရနိုင်မယ်လို့ သူယူဆထားတယ်။ TEF ဆိုတာက တက်ထရာဖလောရိုသိုင်လင်း ဓာတ်ငွေ့ကိုပြောတာပါ။ တီထွင်စမ်းသပ်တုန်းက ဓာတ်ငွေ့ဆိုပေမယ့် အဲဒါတွေကို သတ္တုမှာထည့်ထားလိုက်ရင် အပူပေးပေးပေမယ့် အခြားပစ္စည်းတွေ သတ္တုမှာ ကပ်မနေစေတာတွေ့ရတယ်။ ဒါကြောင့် အိုးမကပ်တဲ့ သံဒယ်ပြားတွေ ပေါ်လာတယ်။ သံတွေပေါ်မှာ PTFE ဓာတုဒြပ်ပေါင်းကို သုတ်ထားလိုက်ရင် အိုးမကပ်စေနိုင်ဘူးဆိုတဲ့အချက်ဟာ ယနေ့အိမ်ရှင်မတွေကို အများကြီး အထောက်အကူဖြစ်စေပါတယ်။

8.       Coke
အစားအစာနဲ့ပတ်သက်တဲ့ မတော်တဆတွေ့ရှိချက်တွေများပါတယ်။ ဥပမာ ဂျော့ ခရမ်ဆိုသူက အာလူးကျော်ကိုတီထွင်ပြီး ယနေ့အထိ တစ်ကမ္ဘာလုံး စားသုံးနေကြတယ်။ ရေခဲချောင်းကို ဖရန့် အက်ပါဆင်ဆိုသူက အပြင်မှာ တစ်ညလုံးပစ်ထားခဲ့ပြီး အေးခဲသွားတဲ့ နို့ခွက်ကနေ မတော်တဆတွေ့ရှိခဲ့တာဖြစ်တယ်။ ရေခဲမုန့်ကို ခွက်ချွန်လေးတွေနဲ့ထည့်ရောင်းတာကို ၁၉၀၄ ခုနှစ် စိန့်လူးဝစ်ပွဲတော်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကုတ် (Coke) လို့ခေါ်တဲ့ အချိုရည်လောက် အောင်မြင်မှုတွေ ဘယ်သူမှ မရခဲ့ပါဘူး။ အတ္တလန္တာမြို့က ဆေးဆရာ ဂျွန် ပမ်ဘာတန်ဆိုသူဟာ ခေါင်းကိုက်ပျောက်ဆေးဖော်ရောင်းဖို့ကြံဆနေ ပါတယ်။ သူက ဆေးအမျိုးပေါင်းများစွာကို စပ်ပြီးဆေးဖော်ခဲ့တယ်။ သူ့ဟာသူတောင် ဘာမှန်းပြောလို့မရလောက်အောက် အောင် ဆေးတွေကများတယ်လို့ဆိုရမယ်။ အဲဒီဆေးရည်ထဲမှာ ဘာတွေထည့်ထားတယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှလည်း မသိနိုင်ပါဘူး။ ဒါပေမယ့် သူ့ဆေးကို သောက်လိုက်ရင် ခေါင်းကိုက်ပျောက်ရုံမက လန်းဆန်းသွားတာကြောင့် လူတွေနှစ်သက် သဘောကျပြီး နှစ်ပေါင်းများစွာ သောက်သုံးခဲ့ကြတယ်။ အဲဒါကတော့ ကုတ်အချိုရည်ဖြစ်ပါတယ်။ ယနေ့အထိ ကမ္ဘာ့အရောင်းရဆုံးစာရင်လည်း ဝင်ခဲ့ပါတယ်။

9.       Smart Dust
သေးသေးဖွဲဖွဲအလုပ်လေးတွေခိုင်းရင် ကျောင်းသားတွေက စိတ်ပျက်လေ့ရှိတယ်။ ဂျမေးလင့်ကတော့ အဲဒီအထဲမှာ မပါဘူး။ ဂျမေးလင့်ဟာ ကာလီဖိုးနီးယားတက္ကသိုလ်မှာ ဓာတုဗေဒ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ယူဖို့ပြင်ဆင်နေတယ်။ တစ်နေ့တော့ သူစမ်းသပ်နေတဲ့ ဆီလီကွန်ချစ်ပ်လေးဟာ စမ်းသပ်နေရင်း ပေါက်ကွဲသွားတယ်။ ပေါက်ကွဲလွင့်စင်သွားတဲ့ အပိုင်းအစလေးတွေဟာ တစ်စစီဖြစ်သွားပေမယ့် ဆက်ပြီး အလုပ် လုပ်နေတာတွေ့လိုက်ရတယ်။ ရလဒ်ကတော့ Smart Dust ဆိုတဲ့ အနီအောက်ရောင်ခြည်နဲ့ပါ အာရုံခံနိုင်တဲ့ စနစ်ကိုမတော်တဆတွေ့သွားခဲ့တယ်။ ဆီလီကွန်ဒြပ်ပေါင်းတစ်ခုဟာ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်သွားပေမယ့် အာရုံခံ တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုတာ ထူးခြားတဲ့ တွေ့ရှိမှု တစ်ခုဖြစ်ပါတယ်။ ဂျမေးရဲ့တွေ့ရှိချက်ဟာ ၂၀၀၃ ခုနှစ် CIC ပွဲမှာ ထိပ်တန်းအကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ရေထဲ၊ လေထဲအပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကိုပါ အာရုံခံနိုင်စေတဲ့စနစ်ကို ရရှိသွားတာကြောင့် ထူးခြားတဲ့တွေ့ရှိမှုလို့ဆိုနိုင်ပါတယ်။

10.     Saccharin
ဆေးသကြားဆိုတာလည်း အစားအသောက်တွေထဲကို ထည့်တဲ့ဆရာကြီးလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ သကြားတစ်မျိုး ဖြစ်ပါတယ်။ ဓာတုဗေဒပညာရှင် ကွန်စတန်တင် ဖောဘတ်ဟာ တစ်နေ့တော့ အလုပ်ပြီးပေမယ့် လက်မဆေးဖြစ်ခဲ့လို့ ဆေးသကြားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၈၇၉ ခုနှစ်လောက်တုန်းက ဖောဘတ်ဟာ ကတ္တရာရဲ့အသုံးဝင်မှုကို စိတ်ဝင်စားပြီး လေ့လာ သုတေသနပြုနေပါတယ်။ တစ်နေ့စမ်းသပ်အပြီး လက်မဆေးဖြစ်ဘဲ အိမ်ပြန်သွားမိတယ်။ အိမ်ရောက်တော့ သူတစ်ခုခုကို ကောက်စားလိုက်တာ ထူးခြားစွာ ချိုနေတာကို တွေ့လိုက်ရတယ်။ သူက ဇနီးဖြစ်သူကို ဘယ်လိုအချိုမျိုးတွေ ထည့်ထားသလဲလို့ လှမ်းမေးလိုက်တယ်။ သူ့ဇနီးကလည်း ဘာမှမထည့်ထားကြောင်းပြောလိုက်တော့ အချိုဓာတ်ဟာ သူ့လက်ကလာနေတယ်ဆိုတာ သတိထားလိုက်မိတယ်။ နောက်တစ်နေ့ သူ့ရုံးကိုပြန်သွားပြီး နောက်ဆုံးလုပ်ခဲ့တာကို ပြန်စပြီး စမ်းသပ်ခဲ့တယ်။ အဲဒီကနေ ဆေးသကြားကို တီထွင်နိုင်သွားတယ်။

Maukkha.org မှ ပြန်လည်ဖော်ပြပါသည်။

ကမ္ဘာကျော်အလွဲလေးများ

၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
 
၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။

၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။


Credit >>>> Knowledge and Sharing

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ


ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။

ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

အသက်စွန့်ပြီး ရိုက်ကူးနေစဉ် မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။ ကံကောင်းပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ ကျည်ဆည်ပေါက်သွားတဲ့နေရာကို မြင်တွေ့ ရမှာပါ။

Nokia ဖုန်း Hardware အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2 တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။

Ref: phonearena
Aung Kham (TSJ team)

TechSpaceJournal

လူသုံးများ အင်္ဂလိပ်စာ အတိုကောက်နှင့် မူရင်း အဓိပ္ပါယ်များ

ADIDAS - All Day I Dream AboutSports
AUDI -Auto Union Deutschland Ingolstadt
BMW - Baverian Motor Works
AMW - Asian Motor Works
GOOGLE - Global Organization Of Oriented Group Language of Earth
CNN-IBN - Cable News Network-Indian Broadcasting Network
VVS Laxman - Vengipurapu Venkata Sai Laxman
APJ Abdul Kalam - Avul Pakir Jainulabdeen Abdul Kalam
MDH(Massala) - Mahashian Di Hatti
ISCON - International Society for Krishna Consciousness
LASER - Light Amplification by Stimulated Emission of Radiation
i.e - id est (that is)
INTEL - Integrated Electronics
CMYK - Cyan Magenta Yellow Kinda(Black)
JPEG - Joint Photography Expert Group
EMI - Equated Monthly Instalments
WIPRO - Western Indian Products
DNA - Deoxy-ribo Nucleic Acid
CBI - Central Bureau of Investigation
CAT - Common Admissiom Test
ATM - Automated Teller Machine
ISI - Indian Standard Institute
IPI - International Press Institute
AT&T - American telegraphic and Telephone Co. Ltd.
ICICI - Industrial Credit and Investment Corporation of India
IDBI - Industrial Development Bank of India
FBI - Federal Bureau of Investigation
HDFC - Housing Development Finance Corporation
VIRUS - Vital Information Resources Under Siege
OBC - Other Backward Classes
MPEG - Motion Picture Experts Groups
NAAC - National Assesment and Accreditation
PSLV - Polar Satelite Launch Vehicle
RADAR - Radio Detecting and Ranging
RDX - Research Department Explosive
MRF - Madras Rubber Factory
LML - Lohia Machines Limited
STD - Subscriber Trunk Dialling
TOEFL - Test of English as a Foreign Language
SENSEX - Sensitivity Index(of share price)
URL - Uniform Resource Locator
TVS - T.V Sundaram(Co-Founder)
BBC - British Broadcasting Corporation

TechSpaceJournal မှ ပြန်လည်ဖော်ပြပါသည်...။

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

Source; Defencetalk. 20 Dec, 2011.

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး နောက်ပိုင်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည် နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွားမည် ဖြစ်ပါသည်။

        မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင် ထားသည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။

နျူကလီးယား လက်နက်များ


      မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိ အခြေအနေတွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများ အမှန်တကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေ ရာခြင်း မရှိသေးဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါသည်။

ဒုံးကျည်များ

မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထား ပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ်ပြီး ဖြစ်ကြောင်း သိရ ပါသည်။

ဓာတုနှင့် ဇီဝလက်နက်များ

          အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူများက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင်ကိုရီးယား နိုင်ငံအား ကြောက်မက်ဖွယ် ကောင်းအောင် သေကြေ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါ သည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး  (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင်ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin  နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။

လူစွမ်းအား

          အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။

ကြည်းတပ်စွမ်းအား

          မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊  စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊  လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ်ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။

ရေတပ်စွမ်းအား

          မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့်တပ်ဖွဲ့ ရေယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

လေတပ်စွမ်းအား

          မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်းဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ ===== ။

မြ၀တီ

Nissan မှ ဖန်တီးလိုက်သည့် ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား

 
 
တစ်နာရီကို ၁၈၅မိုင်အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားကို ဂျပန်နာမည်ကြီးမော်တော်ကားကုမ္ပဏီ Nissan က ထုတ်ဖော်လိုက်ပါတယ်။

ပြိုင်ကားပုံသဏ္ဍာန်ရှိပြီး ဈေးကွက် အတွင်း လက်ရှိ ရှိနေတဲ့လျှပ်စစ်ကားတွေထက် နှစ်ဆလောက် ပိုမိုမြန်ဆန်တဲ့ဒီ ကားကို ZEOD RC လို့ Nissanက အမည်ပေးထားပြီး နာမည်ကျော် Leaf လျှပ်စစ်ကား တွေမှာသုံးစွဲထားတဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်ထားတဲ့ လျှပ်စစ်ကားနည်းပညာတွေ သုံးစွဲထားပါတယ်။

ကာဗွန်ထုတ်လုပ်မှု သုညအဆင့်(Zero Emission) ရှိတဲ့ဒီ လျှပ်စစ်ပြိုင်ကားကို ပြင်သစ်နိုင်ငံမှာ လာမယ့်နှစ်အတွင်း ကျင်းပမယ့် Le Mans 24 Hours ကားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
Nissan အနေနဲ့ ZEOD RC ရဲ့ စွမ်းဆောင်ရည်ကို ထပ်မံတိုးမြှင့်နိုင်ဖို့ အတွက်မှာ အင်ဂျင် အမျိုးအစားသစ်တွေနဲ့ လျှပ်စစ်နည်းပညာသစ် တွေကို စမ်းသပ်သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ စမ်းသပ် ရရှိလာတဲ့နည်းပညာနဲ့ အကျိုး ရလဒ်တွေကိုတော့ You Tube သို့မဟုတ် Nismo TV မှာ ထုတ်
ဖော်သွားမယ်လို့ Nissan ကဆိုထားပါတယ်။

Nissan ZEOD RC ရဲ့ ဒီဇိုင်းအဖွဲ့ကိုတော့ လက်ရှိမှာ Nissan Motorsports Innovation ရဲ့ ဒါရိုက်တာရာထူးရယူထားတဲ့ Ben Bowlby ကတာဝန်ယူထားတာပါ။ ဒီကားမှာပါတဲ့ ဆက်လက်စမ်းသပ်သွားမယ့် နည်းပညာတွေက အနာဂတ်ကာလရဲ့ လျှပ်စစ်ကားနည်းပညာသစ်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာမယ်လို့ Bowlby ကဆိုထားပါတယ်။
 
TechSpaceJournal

အကျွမ်းမ၀င်သင့်တဲ့အရာ ၄ မျိုး

၁။ အရင်က ပေါင်းဖော်ဖူးခဲ့တဲ့ သူခိုး။ (ကိုယ့်သူငယ်ချင်းဆိုပြီး အကျွမ်းမ၀င်သင့်)
၂။ အရင်က ခင်းအိပ်ခဲ့ဖူးတဲ့ သစ်ခက်။ (အမှိုက်မဖြစ်အောင် မီးရှို့သင့်)
၃။ မိမိကို ချီးမြှောက်ပူဇော်ခဲ့တဲ့ မင်း။ (မိမိကိုချီးမြှောက်ဖူးတဲ့မင်းဆိုပြီး မျက်နှာသာပေးမယ် မထင်နဲ့)
၎။ မိမိအလိုကို လိုက်ခဲ့ဖူးတဲ့ မိန်းမ။ (မိမိအလိုလိုက်တဲ့မိန်းမဆိုပြီး သူသဘောမလိုက်လေနဲ့။)

၁။ မိမိနဲ့ခင်ခဲ့ဖူးတဲ့ သူခိုးဆိုပြီး သူ့အလို မလိုက်နဲ့၊ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
၂။ ငါခင်းအိပ်ခဲ့ဖူးတဲ့သစ်ခက်လေးဆိုပြီး သစ်ခက်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။
၃။ ငါ့ကို ချီးမြှောက်ပေးခဲ့ဖူးတဲ့မင်းပဲဆိုပြီး ငါ့ကိုညှာတာလိမ့်မှာ မဟုတ်ဘူး။
၎။ ငါ့အလိုကိုလိုက်ခဲ့ဖူးတဲ့မိန်းမဆိုပြီး အခွင့်ရမယ်မထင်နဲ့၊ ညှာတာလိမ့်မှာ မဟုတ်ဘူး။ အဓိကကတော့ ငါပိုင်တယ်၊ အေးဆေးပါဆိုတဲ့သဘောမျိုး မလုပ်ဖို့ပါပဲ။ အဲဒီလိုသဘောမျိုးနဲ့ အကျွမ်းဝင်လိုက်ရင် မှားလိမ့်မယ်လို့ ဆိုလိုခြင်းပါ။

အရှင်ကောမလ ဆန်နီနေမင်း 

စစ်၏ သားကောင်များ

ကျောင်းနေအရွယ်ကလေးများ ကျောင်းသွားပြီး စာသင်နေချိန်တွင် ချီနာ ကေတာဆီတစ်ယောက် တိုက်ပွဲများကြားတွင် အသက်ရင်းပြီး ဘဝအတွေ့အကြုံများစွာ ရယူခဲ့သည်။ ယခု ချီနာ့အသက် ၂၇ နှစ်ရှိပြီ။ သူမသည် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်မတော်ထဲဝင်ပြီး စစ်မှုထမ်းခဲ့ရသည်။ ထိုစဉ်က သူမအသက်မှာ ၉ နှစ်သာရှိသေးသည်။
“ကျွန်မ တပ်ထဲရောက်တော့ လက်နက်ကိုင်ခိုင်းတယ်။ စစ်တိုက်ရတယ်။ မုန်းတီးခိုင်းတယ်။ သတ်ခိုင်းတယ်။ နှိပ်စက် ညှင်းပန်းခိုင်းတယ်။ ပြီးတော့ကျွန်မကို သူတို့နဲ့ အိပ်ခိုင်းတယ်။ ကျွန်မတို့မှာက ရွေးချယ်ခွင့်မှ မရှိတာ။ ကျွန်မ အသက် ၁၄ နှစ် မှာ  သားတစ်ယောက်မွေးတယ်။ အသက် ၁၅ နှစ်မှာ တပ်ထဲက အရာရှိဘယ်နှယောက် ကျွန်မနဲ့ အိပ်ခဲ့တယ်ဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး” ဟု သူမက ဘီဘီစီသတင်းဌာနသို့ ပြန်ပြောပြသည်။

ကမ္ဘာတစ်လွှား အသက် ၁၈ နှစ်အောက် ကလေးပေါင်း သန်းဝက်ခန့်သည် လက်နက်ကိုင်တပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်ပြီး စစ်တိုက်နေရကြောင်း သုတေသနပြုချက်များအရသိရသည်။ လက်နက်ကိုင်တပ်ဖွဲ့များဟုဆိုရာတွင် တရားဝင်ဖွဲ့စည်းထား သည့် စစ်တပ်များဖြစ်နိုင်သလို၊ တရားမဝင်ဖွဲ့စည်းထားသည့် သူပုန်အဖွဲ့များလည်း ဖြစ်နိုင်သည်။ ကလေးတွေ လက်နက် ကိုင်တပ်ဖွဲ့အတွင်းသို့ဝင်ကြရသည့် အကြောင်းပြချက်တွေကလည်း အမျိုးမျိုးရှိနိုင်သည်။
တိုင်းပြည်တစ်ပြည်တွင် နိုင်ငံသားအချင်းချင်း အယူအဆမတူ သဘောထားများ ကွဲလွဲသဖြင့် လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။ ထိုစဉ်ကာလတွင် ကလေးတွေ ကျောင်းနှင့် ဝေးကြရသည်။ သူတို့ မိဝေးဖဝေး၊ မိသားစုတွေနှင့် ခွဲခွာကြရသည်။ သူတို့တွင် နေစရာမရှိ။သူတို့အိုးအိမ်တွေက စစ်ဒဏ်သင့်ပြီး ပျက်စီးကြရသည်။ သူတို့အတွက် အသက်ရှင်ရပ် တည်နိုင်ရေးမှာ စစ်ထဲဝင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွင်းသို့ရောက်လာကြ သည်။
အချို့သောကလေးများကလည်း မိသားစုများ သေကြေပျက်စီးကြရသဖြင့် လက်စားချေလိုသည့် သဘောဖြင့် တပ်ထဲသို့ရောက် လာကြသည်။ အချို့ကလေးများမှာလည်း အတင်းအဓမ္မခေါ်ဆောင်ကာ စစ်ထဲဝင်ခိုင်းခြင်းကြောင့် ရောက်လာရသည်များ လည်းရှိသည်။ ကလေးများကို တပ်ထဲဆွဲသွင်းပြီးနောက် စစ်ဆင်ရေးကိစ္စများတွင် အသုံးပြုခဲ့ကြသည်။ ကလေးများကို စစ်သားကြီးများက လိင်ကျွန်အဖြစ်ခိုင်းစေဆက်ဆံခြင်းများလည်းရှိသည်။ ထို့ပြင် ရက်စက်စွာ မိုင်းရှင်းခိုင်းခြင်း၊ စပိုင်လုပ် ခိုင်းခြင်း၊ သတင်းပို့ဆက်သားအဖြစ် ခိုင်းစေခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်း၊ ကျေးကျွန်အဖြစ် ခိုင်းစေခြင်းစသည့် ကိစ္စမျိုးစုံ တို့လည်းရှိနေသည်။

လက်ရှိအချိန်တွင် ကလေးစစ်သားပေါင်း သုံးသိန်းခန့်သည် တိုက်ခိုက်ရေးစစ်သားများအဖြစ် တာဝန်ထမ်းဆောင်နေကြရ ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့ကဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကလေးပေါင်းများစွာ စစ်မှုထမ်းခဲ့ကြရသည်။ အထူးသဖြင့် အာဖရိက အနောက်ပိုင်းတွင်ဖြစ်သည်။  ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လိုင်ဘေးရီးယားသူပုန်များနှင့် တိုက်ပွဲတွင် ကလေးစစ်သားပေါင်း ၂၁၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီရာရာ လီယွန်တွင် နှစ်ပေါင်း ၁၁ နှစ်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို ၁၉၉၉ ခုနှစ်ကျမှ ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံသားများစွာ ထိတ်လန့်ဖွယ်ရာ နှိပ်စက် ညှင်းပန်းခြင်းများကို ခံစားကြရသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကြရသည်။ မုဒိမ်းကျင့်ခြင်း၊ အရှင်လတ်လတ် ခေါင်းဖြတ်ခြင်း၊ မီးရှို့သတ်ခြင်းများမှာ မထူးဆန်းသည့်ကိစ္စလိုဖြစ်နေသည်။  ဆီရာရာ လီယွန်တွင် ကလေးစစ်သားပေါင်း ၇၀၀၀ ခန့် ပြည်တွင်းအဖျက်အဆီးများ၌ ပါဝင်ခဲ့ကြသည်။
သူတို့အထဲမှ အားနက်စ် ဖိုဒေး မန်နာဆိုသူအကြောင်း ပြောပြချင်ပါသည်။ ၁၉၉၁ ခုနှစ်တွင် သူ့အသက် ၈ နှစ်သာရှိသေးသည်။ သူ့မွေးရပ်မြေ ကိုင်လာယန်မှ သူ့ကိုသူပုန်များက ခေါ်လာခြင်းဖြစ်သည်။ “ကျွန်တော့်ကို သူငယ်ချင်းတွေနဲ့ ကစားကွင်းထဲမှာ ကစားနေတုန်း သူတို့က ဖမ်းလာကြတာ” ဟုသူကဆိုသည်။ သူ့သူငယ်ချင်းနှစ်ယောက်က သေသွားသည်။ သူ့ကို ရွာပြန်ပြီး အစိုးရတပ်ကို ထောက်လှမ်းခိုင်းစဉ် သူထွက်ပြေးခဲ့သည်။ ဖမ်းမိသွားပြီးနောက် အရိုက်ခံရသည်။  “ကျွန်တော့်ကို သူတို့က ပုရွက်ဆိတ်တွေကိုက်တဲ့ သစ်ပင်ကြီးတစ်ပင်မှာ ချည်ထားတယ်။ ဇောက်ထိုးချည်ထားပြီး ပုရွက်ဆိတ်ကလည်းကိုက်တော့ အတော်လေးနေရခက်တယ်။ ကျွန်တော့်ကို အဲဒီအတိုင်း နှစ်နာရီလောက်ပစ်ထားတာ” ဟုသူကပြောပြသည်။

ကလေးများ ယခုကဲ့သို့ နှိပ်စက်ခံရခြင်းမှာ ထိုနိုင်ငံများတွင် သိပ်မထူးဆန်းသည့် ကိစ္စဖြစ်သည်။ ကလေးစစ်သားပေါင်းများစွာ သည် ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်း၊ အသတ်ခံရခြင်းများမှာ ရိုးနေသည့် ကိစ္စရပ်များဖြစ်သည်။ အချို့ကလေးများ သည် မူးယစ်ဆေးဝါးများ စွဲနေကြသည်။ သူတို့ကို မကြောက်ရွံ့ရန်၊ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲရန် ရဲဆေးတင်သည့်အနေဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲခိုင်းထားသည်။ “ဆေးကို ကျွန်တော်သုံးချင်လို့ သုံးတာတော့ မဟုတ်ဘူး။ စိတ်ဓာတ်မြှင့်တင်ရေး ဆိုပြီး လာသုံးခိုင်းတာ။ တိုက်ပွဲမထွက်ခင်မှာ ကျွန်တော်တို့ မူးယစ်ဆေးတွေ သုံးကြရတယ်” ဟု ဆီရာရာ လီယွန်ရှိ iEARN (International Education and Resource Network) သို့ရောက်လာသည့် ယခင်ကလေးစစ်သားဟောင်း တစ်ယောက်က ပြန်ပြောပြသည်။ သူတို့ပြောသည့် စိတ်ဓာတ်မြှင့်တင်ရေးဆိုသည်မှာ ကိုကင်း၊ ဆေးခြောက်နှင့် အရက်များ သောက်သုံးရခြင်းကို ဆိုလိုသည်။ အခြားကလေးစစ်သားဟောင်းတစ်ယောက်ကလည်း “ကျွန်တော့်ကို မူးယစ်ဆေးထိုးပေး တယ်။ ပြီးတော့ AK-47 သေနတ် လက်ထဲထည့်ပေးပြီး တိုက်ပွဲထွက်ရတယ်။ ရှေ့တန်းမှာ လူတွေသတ်ရတယ်။ မုဒိမ်းလည်း ကျင့်ရတယ်။ မဟုတ်တာမှန်သမျှ အကုန်လုပ်ရတယ်” ဟုဆိုသည်။

စစ်ပွဲများတွင် ကလေးများကို အသုံးပြုခြင်းသည် ယုတ်မာသည့်စိတ်ကြောင့်လည်းဖြစ်သည်။ ကလေးများသည် လူကြီးများ လောက် မစားနိုင်သည့်အပြင် လူကြီးများထက် အမိန့်နာခံတတ်သောကြောင့်လည်းပါသည်။ ကလေးများသည် လေ့ကျင့်ပေးရ လည်း လွယ်ကူသည့်အပြင် တိုက်ပွဲများကြားတွင် မည်မျှသေသေ အရေးစိုက်စရာတစ်ခုအနေဖြင့် သဘောမထားခြင်းကြောင့် လည်း အသုံးချခံနေရခြင်းဖြစ်သည်။
“ကလေးတွေမှာရှိနေတဲ့ အားနည်းချက်ကို အသုံးချတာပါ။ သူတို့က ပြောရင်နားထောင်တယ်။ ခိုင်းရင်လုပ်တယ်။ သိပ်ပြီးတော့ တွေးနေမှာလည်း မဟုတ်ဘူး။ တွေဝေနေမှာလည်း မဟုတ်ဘူး။ လေ့ကျင့်ပေးရတာလွယ်ပြီး ခိုင်းတဲ့အတိုင်း အတိအကျလုပ်တတ်လို့ သူတို့ကို သဘောကျတာတွေလည်းပါတယ်” ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဆာရာ ဂရင်းန်က ဆိုသည်။ “ သူတို့ကို စာရင်းလည်း သွင်းစရာမလိုဘူး။ ပိုက်ဆံပေးစရာလည်း မလိုဘူး။ အမိန့်နဲ့သာခိုင်း အားလုံးရတယ်” ဟုလည်း သူကဆိုသည်။

မိန်းကလေးစစ်သားများဘဝက ပိုပြီးဆိုးသည်။ လိင်ဖျော်ဖြေသည့်ကိစ္စများအတွက် အသုံးတော်ခံရသလို တိုက်ပွဲများတွင် လည်း ဝင်တိုက်ရသေးသည်။ “ကျွန်မနဲ့ ဘယ်နှယောက် အိပ်ပြီးပြီလဲဆိုတာ မမှတ်မိတော့ဘူး” ဟု ဖာဘေနီကပြောသည်။ ဘူရန်ဒီရှိ သူမမိသားစုထံမှ အဓမ္မခေါ်ဆောင်ခြင်း ခံရချိန်တွင် အသက် ၁၃ နှစ်ခန့်သာရှိသေးသည်။
“လူတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်။ ကျွန်မငြင်းလို့မရဘူး။ ထွက်ပြေးရင်လည်း အသတ်ခံရမယ်ဆိုပြီး ပြောထားတယ်” ဟု ဖာဘေနီကဆိုသည်။ အန်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ယူဂန်ဒါတို့တွင် သူပုန်ခေါင်းဆောင်များသည် မိန်းကလေးငယ်များကို ဖမ်းဆီးလာပြီး အဓမ္မကျင့်ခြင်း၊ လိင်ကျွန်အဖြစ်စေခိုင်းခြင်းတို့မှာ မထူးဆန်းသည့် ကိစ္စတစ်ခုဖြစ် သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ ယူဂန်ဒါမြောက်ပိုင်းတွင် မိန်းကလေးများကို သူပုန်ခေါင်းဆောင်များနှင့် ရလာသည့် ကလေးများအား ကျောတွင်ပိုးထားစေပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်ခိုင်းသည်ဟု သိရသည်။

သူပုန်တပ်များတွင် အသုံးပြုနေသည့် AK-47 နှင့် M-16 သေနတ်များသည် တစ်လက်လျှင် ၁၅ ဒေါ်လာနှင့်ရနေသဖြင့် လူတိုင်းကိုင်နိုင်သည့် အနေအထားတွင်ရှိသည်။ အသက် ၈ နှစ်သားလောက်ကို ပစ်ခတ်တတ်ရန် သင်ပေးနိုင်သည်။ ထိုသေနတ်များဖြင့် ကလေးစစ်သားများကို ဆီရာရာ လီယွန်ရှိ RUF (Revolutionary United Front) တပ်တွင် အထူးသင်တန်းများပေးနေသည်။ RUF စစ်သားလေးတစ်ယောက်သည် သင်တန်းဆင်းပြီးလျှင် ရွာတစ်ရွာကို ဝင်တိုက်ရမည်။ ယောက်ျားတွေကို သေလုမြောပါးဖြစ်အောင် ရိုက်တတ်ရမည်။ မိန်းကလေးတွေကို မုဒိမ်းကျင့်ရမည်။ ကလေးတွေကို ပြန်ပေးဆွဲလာနိုင်ရမည်။ ခေါ်လာသောကလေးများကို သူတို့က သင်တန်းပြန်ပေးပြီး နောက် နှစ်လ သုံးလကြာလျှင် သူတို့လို ဇာတ်ပြန်သွင်းမည်။ ထွက်ပြေးရန် ကြိုးပမ်းသူကို ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ ရိုက်နှက်နှိပ်စက်သည်။ အချို့ကို သတ်ပစ်သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အတိုက်အခံအုပ်စုအတွင်းသို့ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် စစ်သားလေး တစ်ဦးက “သူတို့က ကျွန်တော့်ကို လူသားစားခိုင်းတယ်။ လူသတ်ခိုင်းတာတွေလည်းရှိတယ်။ တစ်ခါတစ်လေ မိန်းကလေး တွေခေါ်လာပြီး မုဒိမ်းကျင့်ခိုင်းတယ်။ မလုပ်ရင်လည်း ကျွန်တော်တို့ကို ရိုက်တယ်” ဟုပြောပြသည်။
ကလေးစစ်သားအဖြစ် လုပ်ခဲ့ရသူများကို ပြုပြင်ရေးစခန်းများသို့ပို့ပြီး ပြန်လည်ပြုစုပျိုးထောင်ရသည်မှာ မလွယ်သည့်ကိစ္စဖြစ် သည်။ iEARN စခန်းသို့ရောက်လာသည့် စစ်သားလေးတစ်ယောက်က “ခုဆိုရင် မိသားစုနဲ့လည်း မနေတတ်တော့ဘူး။ သေနတ်သံတွေ ကိုကြားရင် ပျော်တယ်။ တောထဲမှာပဲ နေချင်တယ်။ သေနတ်သံကြားရင် စိတ်ထဲက အလိုလို တက်ကြွလာတယ်။ ခုတော့ တစ်ယောက်တည်း ပျင်းတယ်” ဟုဆိုသည်။ ကလေးစစ်သားဘဝဖြင့် နေခဲ့ရသူများကို ပညာသင်ကြားပေးမည်ဟု ဆိုလျှင် ငြင်းဆန်တတ်ကြသည်။ သူတို့ကို လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ပြန်လည် သွင်းရသည်မှာ မလွယ်ကူသည့်ကိစ္စ ဖြစ်သည်။ ထိုကလေးများသည် နောက်ပိုင်းတွင် တောထဲသို့ပြန်မသွားတော့လျှင်လည်း ရာဇဝတ်မှုများကျူးလွန်ပြီး လူဆိုး သူခိုးများဘဝဖြင့် နေထိုင်တတ်ကြသည်။

ကလေးများ ကြမ္မာဆိုးမှလွတ်မြောက်ရန်အတွက် မိုဇမ်းဘစ်၊ အင်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ဆိုမာလီးယားနိုင်ငံများတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းခြင်း၊ စစ်ပြန်ကလေးများကို ပြန်လည် ထူထောင်ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော်ထိုလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ခက်ခဲမှုများစွာနှင့် ရင်ဆိုင်နေရပြီး ရေရှည် ဆောင်ရွက် အကောင်အထည်ဖော်နိုင်မှ ရပေလိမ့်မည်။ ကလေးများကို လက်နက်ကိုင်တပ်ဖွဲ့များက စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားမှုကို တစ်ဖက်ကဖြတ်နိုင်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။
ကလေးစစ်သားစုဆောင်းခြင်းကို တရားမဝင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် ကုလသမဂ္ဂညီလာခံက ထုတ်ပြန်ထားသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအရ တိကျစွာဆောင်ရွက်ရန် လိုပါသည်။ ဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်မှုထမ်းခိုင်းခြင်းအား တိကျစွာကန့်သတ်ကြရန် လိုပါလိမ့် မည်။

အထက်တွင် ဖော်ပြခဲ့သည့် ချီနာ ကေတာဆီလို အိပ်မက်ဆိုးများကြားတွင် လှုပ်ရှားနေခဲ့ရသည့် မိန်းကလေးပေါင်းများစွာ ရှိနိုင်ပါသည်။ သူမအနေဖြင့် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်ထဲမှ လွတ်မြောက်လာသော်လည်း သူမဘဝတွင် ကြုံတွေ့ ခံစားခဲ့ရမှုများက သူ့ကို အမြဲတန်းခြောက်လှန့်နေခဲ့သည်။ သူမက “ကလေးစစ်သား” ဆိုသည့်စာအုပ်တစ်အုပ်ကို ရေးလိုက် သည်။ ထိုစာအုပ်ထဲတွင် သူမ ကလေးစစ်သားဘဝတွင် ကျင်လည်ခဲ့ရသည့်ကာလ ခါးသီးဖွယ် အတွေ့အကြုံများကို ဖော်ထုတ် ရေးသားထားသည်။
သူမရေးခဲ့သည့် ကလေးစစ်သားစာအုပ်ကိုဖတ်ပြီး ကလေးများအနာဂတ်ပျောက်နေသည့်ဘဝ၊ ကလေးတွေ ကလေးလို မကြီးပြင်းခဲ့ရသည့်ဘဝ၊ စိတ်ဒဏ်ရာရနေသည့် သူတို့လေးတွေ၏ဘဝကို တိုင်းပြည်က မည်သို့ တာဝန်ယူကြမည်နည်း ဆိုသည့်မေးခွန်းများကို မေးကြည့်နေမိသည်။ တစ်ခုတော့ သေချာတာရှိသည်။ AK-47 သေနတ်ကိုင်ထားသည့် ကလေးတစ် ယောက်ဘဝသည် ပီပြင်သောကလေးဘဝ မဖြစ်နိုင်ပေ။

http://www.thesituation.co.uk , Child Soldiers, by Jon-Anders Kindberg
ကလေးစစ်သားနှင့်ပတ်သက်သည့် သိထားသင့်သော အချက်များ
  • ကမ္ဘာတွင် ယနေ့ ကလေးစစ်သားပေါင်း ၂၅၀၀၀၀ ဦးခန့်ရှိနေသေးသည်။
  • ကလေးစစ်သား ၄၀ ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်နေသည်။ သူတို့ကို လိင်ကျွန်များအဖြစ် သတ်မှတ်ကာ၊ ယောက်ျားစစ်သားများအတွက် ဖျော်ဖြေရန် သတ်မှတ်ခံနေရသည်။
  • သူပုန်စစ်တပ်များသည် ကလေးစစ်သားများကို အများဆုံး အသုံးပြုနေကြသည်။ အစိုးရစစ်တပ်များထဲတွင်လည်း ကလေးစစ်သားများကို အသုံးပြုနေကြသည့် နိုင်ငံများရှိနေဆဲဖြစ်သည်။
  • ကလေးစစ်သားတိုင်း တိုက်ပွဲကြီးများတွင် တိုက်ခိုက်ရန် အသုံးပြုကြသည်မဟုတ်ပေ။ ပေါ်တာအဖြစ် ကုန်ထမ်းရန်၊ ထမင်းချက်ရန်၊ စပိုင်လုပ်ငန်းများအတွက် အသုံးပြုရန် ကလေးများကို အသုံးပြုကြသည်။
  • ကလေးစစ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ရန်အတွက် မိသားစုဝင်များကို သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါများ ကျိုးပဲ့သည်အထိ ရိုက်နှက်ခံရခြင်းများရှိနေသည်။ နောက်ပိုင်း သံယောဇဉ်ကင်းသည့် ကလေးများကို အိမ်ပြန်စေရန် စည်းရုံးရခြင်းမှာ လွန်စွာခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
  •  မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ကလေးစစ်သား ၆၀၀ အား စစ်တပ်တွင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်စေခဲ့ပြီး မိဘများထံ ပြန်လည်လွဲပြောင်းပေးနိုင်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ ဒညင်းကုန်း စစ်သားစုဆောင်းရေးတွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင်ကပြောကြားခဲ့သည်။
The Voice Daily, 1/63 Thursday
 
Maukkha ဆိုက်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။
Related Posts Plugin for WordPress, Blogger...