လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ Magic Cup



လတ်တလောနိုင်ငံတကာအွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ ကော်ဖီခွက် အမျိုးစားပါ။ အပူချိန်အလိုက် အရောင်အမျိုးမျိုးပြောင်းလည်းပေးနိုင်မှာဖြစ်တဲ့ အတွက် မှော်ဆန်တဲ့ Magic Cup လို့ဆိုရမှာပါ။

ခွက်ဒီဇိုင်းကပုံစံတူထုတ်လုပ်ထားပေမယ့် ခွက်ပေါ်မှာရှိတဲ့ အသွင်အပြင်ဒီဇိုင်း အမျိုးစားပေါ် မှုတည်ပြီး ဈေးနှုန်းကအမျိုးမျိုးကွာဟပါတယ်။မိမိ ကြိုက်နှစ်သက်တဲ့ အသွင်ပြင်ဒီဇိုင်းတွေကို မှာယူလို့ရမှာဖြစ်သလို ယခုမိတ်ဆက်ပေးမယ့်ခွက်ကတော့ Mug လို့အမည်ရတဲ့ခွက်လေးပါ။

အကြောင်းကတော့ အဆိုပါခွက်ထဲကို ကော်ဖီဖြစ်ဖြစ်၊ရေနွေးဖြစ်ဖြစ် အပူရှိန် ရှိမယ့်ရေကို ထည့်လိုက်မယ်ဆိုပါက ပုံမှာမြင်တွေ့ရတဲ့အတိုင်း အဆင့်ဆင့် ပြောင်းလဲကာ Mug လို့ခေါ်တဲ့ ရှုံ့မဲ့ရာကနေ ပြုံးပျော်တဲ့ အနေထားကို ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

သာမန်ခွက်ထက်ထူးခြားတဲ့ ကော်ဖီခွက်မျိုးကိုကြိုက်နှစ်သက်သူတွေ အတွက်အဆင်ပြေစေမှာဖြစ်သလို လာရောက်လည်ပတ်တဲ့သူတွေကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ ဧည့်ခံလို့ အဆင်ပြေမယ့် ခွက်အမျိုးစားဖြစ်ပါတယ်။

ဒီဇိုင်းအမျိုးစားလိုက်ဈေးနှုန်းကွာဟမှုရှိပြီး ယခုဖော်ပြထားတဲ့ Mug Cup ကတော့ မူရင်းပေါက်ဈေး ၂၅ ဒေါ်လာကျသင့်မှာဖြစ်ပေမယ့် အွန်လိုင်းစတိုး မှာတော့ လျှော့ဈေး ၆ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ တော့ သိရပါတယ်။

ပြည်တွင်းမှာလည်း အွန်လိုင်းစတိုးနဲ့ချိတ်ဆက်မှာယူလို့ရတဲ့ ဝန်ဆောင်မှုမျိုးတွေရှိသလို အဆိုပါခွက်မျိုးကို ဝန်ဆောင်မှုကနေမှာယူမယ်ဆိုရင် မှုရင်းဈေးနှုန်းထက် အနည်းငယ်ကွာဟမယ်လို့ ခန့်မှန်းမိပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

No comments:

Related Posts Plugin for WordPress, Blogger...