လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာအစ မြန်မာက


ကမ္ဘာအစ မြန်မာက ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း၃၇သန်း ကျော်လောက်က လူသားကျောက်ဖြစ် ရုပ်ကြွင်းတွေက သက်သေပြနိုင်ခဲ့ပါပြီ။ မြန်မာပြည်က ကျောက်ဖြစ်ရုပ်ကြွင်း တွေကိုလေ့လာနေတဲ့ အဖွဲ့ကတွေ့ရှိခဲ့တဲ့ ရှေးလူသားတွေရဲ့ သွားတွေဟာ အာဖရိကမှာရှိတဲ့ ရှေးအကျဆုံး လူသားတွေရဲ့ သွားတွေနဲ့တူညီနေတာကို တွေ့လိုက်ရလို့ ဟိုးအရင်ကတည်းကတိုင် အာရှနဲ့ အာဖရိကဟာ ဆက်သွယ်မှု ရှိနေတယ်ဆိုတာကိုပါ သိရပါတယ်။ တကယ်တော့ လူသားအစဟာ အာရှမှာ အခြေတည်ခဲ့ပြီးမှ ကမ္ဘာဦးလူသားတွေဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး အာဖရိကအထိ ခြေဆန့်ခဲ့တာပါ။ မြန်မာ့သွားတွေဟာ အာဖရိကသွားတွေ ထက်တောင်မှ ပိုရှေးကျတဲ့အပြင် မြန်မာ့သွားတွေဟာ ကမ္ဘာ့ရှေးဦး လူသားတွေရဲ့ သွားတွေဖြစ်တယ်ဆိုတာကိုပါ ထူးထူးခြားခြား တွေ့ရှိခဲ့တာပါ။ ဒါကြောင့်မိုလို့ လူသားအစဟာ အာဖရိကမဟုတ်ဘဲ အာရှသားဖြစ်နေတာကြောင့် သမားရိုးကျယူဆထားကြတဲ့ ကမ္ဘာ့သမိုင်းကို မြန်မာ့သမိုင်းက ပြောင်းလဲပြလိုက်နိုင်တာပါ။ မြန်မာပညာရှင်တွေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ သမိုင်းပြတိုက်က ပညာရှင်တွေက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ညောင်ပင်လယ်ကျေးရွာက မြေသားတွေနဲ့ ကျောက်သားတွေကို ခြောက်နှစ်လောက်ကြာအောင် အထပ်ထပ်အခါခါ စစ်ထုတ်နိုင်ခဲ့လို့ ကမ္ဘာ့စာနယ်ဇင်းတွေမှာ ကမ္ဘာအစမြန်မာက လို့ဇွန်လ၅ရက်က အတိအလင်းကြေငြာ နိုင်ခဲ့ပါပြီ။

Pyimyanmar မှ ပြန်လည် ကူးယူဖေါ်ပြပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...