လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဆေးရုံတက်မှ မိမိကိုယ်ကို အမျိုးသမီးမှန်း သိရသူ


အမျိုးသားတစ်ဦးသည် ကျောက်ကပ်တွင် ကျောက်တည်သဖြင့် ဆေးရုံတက်ကာ စစ်ဆေးမှုများ ပြုလုပ်ခါမှ သူ့ကိုယ်သူ အမျိုးသမီးမှန်း သိရသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် ၊ ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ စတိဗ်ခရီဆဲလ်လီးယပ်စ် သည် မွေးစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အဂါင်္နှစ်ရပ်လုံး ပါခဲ့ပြီး ကာလကြာရှည်စွာ သူ၏ အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်။ အာထရာဆောင်းစစ်ဆေးမှုတွင် အမျိုးသမီး အင်္ဂါများကို တွေ့ရပြီးနောက် အမျိုးသားအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းကာ နေထိုင်ခဲ့ရသည်။ ထို့နောက်သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ်ထောင်ပြုခဲ့ပြီး ဇနီးနှင့် ကလေး ခြောက်ယောက် ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်များနှင့် မိတ်ကပ်တို့ကို လျှို့ဝှက်စွာ သုံးဖူးသော်လည်း မည်သူ့ကိုမျှ ဖွင့်ပြောခြင်းမရှိခဲ့ ဟု ဆိုသည်။ အသက် ၄၀ အရွယ်တွင် ဆေးရုံတက်သည့် အခါတွင်မှ သူ့ထံတွင် အမျိုးသမီး အင်္ဂါများ ပါဝင်နေကြောင်းတွေ့ရှိရသည် ဟု ဆိုသည်။

No comments:

Related Posts Plugin for WordPress, Blogger...