လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲများ

၁။ နှစ်တစ်ရာစစ်ပွဲ (၁၃၃၈-၁၄၅၃= ၁၁၅နှစ်) - (ပြင်သစ် Vs အင်္ဂလန်)

၂။ နှစ်လေးဆယ်စစ်ပွဲ (၁၃၈၅-၁၄၂၄= ၄၀နှစ်) - (အင်းဝ Vs ဟံသာဝတီ)

၃။ နှင်းဆီစစ်ပွဲ (၁၄၅၅-၁၄၈၅= ၃၀နှစ်) - (လန်ကက်စတာ Vs ယော့ခ်)

၎။ နှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၁၆၄၈= ၃၀နှစ်) - (ကက်သလစ် Vs ပရိုတက်စတင့်)

၅။ ပီလိုပိုနီရှန်းစစ်ပွဲ (ဘီစီ ၄၃၁- ဘီစီ ၄၀၄= ၂၇နှစ်) - (ပီလိုပိုနီရှန်း Vs ဒီလီရန်)

၆။ ပထမပူးနစ်စစ်ပွဲ (ဘီစီ ၂၆၄- ဘီစီ ၂၄၁= ၂၃နှစ်) - (ရောမ Vs ကာတေ့ရှ်)

၇။ နပိုလီယန်စစ်ပွဲ (၁၇၉၂-၁၈၁၅= ၂၃နှစ်) - (ပြင်သစ် Vs အခြားဥရောပနိုင်ငံများ)

၈။ ဂရိပါရှားစစ်ပွဲများ (ဘီစီ ၄၉၉- ဘီစီ ၄၇၈= ၂၁နှစ်) - (ဂရိ Vs ပါရှား)

၉။ ဒုတိယမြောက်ပိုင်းစစ်ပွဲကြီး (၁၇၀၀-၁၇၂၁= ၂၁နှစ်) - (ရုရှား Vs ဆွီဒင်)

၁၀။ ဗီယက်နမ်စစ်ပွဲ (၁၉၅၇-၁၉၇၅= ၁၈နှစ်) - (မြောက်/တောင်ဗီယက်နမ် Vs အမေရိကန်)

၁၁။ ဒုတိယနစ်ပူးစစ်ပွဲ (ဘီစီ ၂၁၈- ဘီစီ ၂၀၁= ၁၇နှစ်) - (ရောမ Vs ကာတေ့ရှ်)

          နှစ်တစ်ရာစစ်ပွဲနှင့်ဆက်စပ်ပြီး နှင်းဆီစစ်ပွဲဖြစ်ခဲ့ပါတယ်။ နှင်းဆီစစ်ပွဲဟာ ဗြိတိသျှထီးနန်းအတွက် လန်ကက်စတာနယ်နှင့် ယော့ခ်နယ်တို့ဖြစ်ခဲ့တာပါ။ လန်ကက်စတာနယ်အထိမ်းအမှတ်က နှင်းဆီနီဖြစ်ပြီး၊ ယော့ခ်နယ်ကတော့ နှင်းဆီဖြူပါ၊ ဒါကြောင့်နှင်းဆီစစ်ပွဲလို့ခေါ်ပါတယ်။

          နှစ်လေးဆယ်စစ်ကတော့ မင်းနှစ်ပါးဖြစ်တဲ့ ရာဇာဓိရာဇ်နဲ့မင်းခေါင်တို့ရဲ့ နန်းသက်ကာလကိုရည်ညွှန်းတာပါ။ ဒါပေမယ့် အဲ့ဒီစစ်ဘုရင်နှစ်ပါးနောက်မှာ နန်းတက်တဲ့မွန်-မြန်မာဘုရင်တွေကလည်း အစဉ်အလာမပျက်စစ်ခင်းခဲ့ကြလို့ ၁၄ရာစုလယ်ကနေ ၁၅ရာစုဦးအထိ တိုက်ခိုက်ခဲ့ကြပါတယ်။ ယဉ်ကျေးမှုသမိုင်းပညာရှင်တွေက အဲ့စစ်သာမဖြစ်ခဲ့ရင် ၁၄/၁၅ ရာစုနှစ်က မြန်မာ့ယဉ်ကျေးမှုက ပုဂံခေတ်ထက်မြင့်မားဖို့အခွင့်အလမ်းရှိတယ်လို့ ပြောခဲ့ကြပါတယ်။

          ပီလိုပိုနီရှန်းစစ်ပွဲကတော့ ရှေးဟောင်းဂရိမြို့ပြနိုင်ငံတွေဖြစ်တဲ့ အေသင်နဲ့ စပါတာကြား ဖြစ်ပွားခဲ့တာပါ။

          ပထမပူးနစ်စစ်ပွဲက ရောမအင်ပါယာနဲ့ ပူးနစ်အင်ပါယာကြားဖြစ်ခဲ့တဲ့ စစ်သုံးပွဲမှာ ပထမဆုံးစစ်ပွဲပေါ့။ မဟာဗျူဟာအရ အရေးပါတဲ့ စစ္စလီကျွန်းနှင့်ကော်ဆီကာကျွန်းတို့ကို ထိန်းချုပ်နိုင်ရေး အကြောင်းပြုပြီးဖြစ်ခဲ့တာပါ။

          ဒုတိယမြောက်ပိုင်းစစ်ပွဲမှာတော့ ဘောလ်တစ်ဒေသမှာ ဆွီဒင်ရဲ့သြဇာကျဆင်းပြီး ရုရှားရဲ့သြဇာကို ထူထောင်နိုင်ခဲ့ပါတယ်...။


1 comment:

Anonymous said...

အဲဒီတုန်းက ကိုယ်တွေမမွေးသေးတာ ကံတော်တော် ကောင်းတာပဲ.....

Related Posts Plugin for WordPress, Blogger...