မြန်မာပြည်တွင်းမှာ ထုတ်ဝေဖြန့်ချီနေတဲ့ 7Days News ဂျာနယ်ဟာ ပြည်သူများထဲမှ ကိုယ်ကျိုးမဖက်၊ တာဝန်သိသိနဲ့ အနစ်နာခံစွမ်းဆောင်ခဲ့သူများကို ဒီနှစ်ကစပြီး 7Days News သူရဲကောင်းဆုစပြီးချီးမြှင့်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဘက်ပေါင်းစုံက နိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ၊ သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေ ထပ်မံတိုးပွားလာဖို့ပဲဖြစ်ပါတယ်တဲ့။
ဒီနှစ် ဆုရရှိခဲ့သူတွေအကြောင်းကို 7Days News က အခုလိုရေးသားခဲ့ပါတယ်...။
ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းရှိနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
၂၀၁၁ ဒီဇင်ဘာ ၂၉ ရက် နံနက်(၁)နာရီ မိနစ် ၄၀ လောက်မှာ ရန်ကုန်တစ်မြို့လုံး သိမ့်သိမ့် တုန်ခဲ့တဲ့ပေါက်ကွဲမှုကြီးကို အများစုမှတ်မိကြဦးမှာပါ။ ရန်ကုန်တစ်မြို့လုံးထိတ်လန့်ခဲ့ရတဲ့ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ထဲက မေတ္တာမွန်ဂိုဒေါင်မီးလောင်ပေါက်ကွဲမှုကြီးကို ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ဝင်တွေက သက်စွန့်ဆံဖျားငြှိမ်းသတ်ခဲ့ကြပါတယ်။ အန္တရာယ်များလှ တဲ့ ဒီမီးလောင်ပေါက်ကွဲမှုကြီးကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး အသက်စတေးခဲ့ရသလို၊ တပ်ဖွဲ့ ၀င် ၄၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မီးသတ်အရာရှိကြီးတွေအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးဟာ ရန်ကုန်ပြည်သူတွေရဲ့ အကြောက်တရားတွေ၊ အန္တရာယ်တွေကို ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား ဖယ်ရှားပေးခဲ့ပါတယ်။ သူတို့ရဲ့စွမ်းဆောင်ခဲ့မှုတွေအတွက် ၂၀၁၁၊ 7Day News သူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။
ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာ အခုဆိုရင် ၉ လပြည့်ခဲ့ ပါပြီ။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူဦးရေဟာလည်း ပြည်နယ်တစ်ခု လုံးမှာ ခုနစ်သောင်းကျော်ရှိသွားပါပြီ။ ဦးမျိုးလတ်ဟာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်ခရိုင်ထဲက ဆမ်ဂန်ဒေသက ရွာသူရွာသားတွေကို ကူညီပေးခဲ့တဲ့သူပါ။ စစ်ဘေး ကိုကြောက်ရွံ့ပြီး နေရပ်ကထွက်ခွာလိုတဲ့ ရွာသူရွာသားပေါင်း ၄၀၀ ကျော်ကို သူတစ် ယောက်တည်း ကူညီရွှေ့ပြောင်းပြီး စားရေးသောက်ရေးကအစ တာဝန်ယူကူညီပေးနေ တာ အခုဆိုရင် (၉) လ ပြည့်ခဲ့ပါပြီ။ တိုက်ပွဲတွေကြား၊ သေနတ်သံ၊ ဗုံးသံတွေကြားထဲ ကပဲ အဖိုးအဘွားအရွယ်တွေကို ဆိုင်ကယ်နဲ့ မောင်းပို့လို့တစ်နည်း၊ ပခုံးထမ်းပိုးပြီးတစ်ဖုံ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့သူပါ။ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီနေရတာ နဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ ဇနီးသည်မီးဖွားတာကိုတောင် မပြန်နိုင်ခဲ့ပါဘူး။ ဒီလိုကိုယ် ကျိုးစွန့်ကူညီခဲ့တာကြောင့် ဦးမျိုးလတ်ကို 7Day News Hero ဆုကိုပေးဖို့ အယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့တာပါ။ ဦးမျိုးလတ်ဟာ မွန်ဂါခရမ်အသင်းတော်က ဓမ္မဆရာ တစ်ဦးဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်ညက မုံရွာခရိုင်အတွင်းက မြောက်ယမားချောင်း ရေကြီးမှုကြောင့် ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင်ကျေးရွာအတွင်း ရေအလုံးအရင်းများ စီးဝင်ခဲ့ပါတယ်။ ကျေးရွာမှာရှိတဲ့ ရွာသား (၆၀၀) ကျော်အနက် ရွာသား (၃၀၀)ကျော် ကို တူဖြစ်သူနှင့်အတူ တစ်ရွာလုံးတွင် တစ်စီးတည်းသာရှိတဲ့ မိမိပိုင်လှေဖြင့် ကယ်တင်ခဲ့တဲ့ ရွှေပန်းခိုင်ရွာသား တူဝရီး(၂)နှစ်ယောက်ကို 7Day News သူရဲကောင်းဆုကို ပူးတွဲချီးမြှင့်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဆေးဝါးကုသဖို့ ခက်ခဲသူတွေဆီကို လူတစ်ယောက် ငွေတစ်ထောင်ကျပ်စီစုပြီး ထမင်း စားဖို့၊ မှေးစက်နားခိုဖို့၊ လုံလုံခြုံခြုံဝတ်စားဖို့၊ ပညာသင်ဖို့ လိုအပ်နေသူတွေကို ပူးပေါင်း လှူဒါန်းဖို့ စုစည်းထားတဲ့ One More ပရဟိတအဖွဲ့ကို 7Day News သူရဲကောင်းဆု ချီးမြှင့်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဆုတံဆိပ်ကိုတော့ One More အလှူရှင်များကိုယ်စား One More ကိုစတင်စေခဲ့ပြီး အလှူရှင်များထံက စုဆောင်း ရသမျှငွေစကြေးစတို့ကို ဂရုဏာနဲ့ မေတ္တာငံ့လင့်နေသူတွေဆီ အရောက်ပို့ပေးနေတဲ့ ဥညန သြမန ဦးဆောင်သူတွေက ကိုယ်စားလက်ခံပေးမှာဖြစ်ပြီးတော့ ရရှိမယ့်ဆုငွေတွေ ကိုတော့One Moreအလှူငွေအဖြစ် ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။
Ref: 7Days News





No comments:
Post a Comment