လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့ဒေသအားလုံးတွင် ဆင်းရဲမွဲတေမှု လျော့ကျဟု ကမ္ဘာ့ဘဏ်ပြော


ပြီးခဲ့တဲ့ လေးနှစ်မှာ စီးပွားရေးအကျပ်အတည်းကြောင့် စားသောက်ကုန် ဈေးနှုန်းတွေ တစ်ကမ္ဘာလုံး တက်သွားခဲ့သည်။ စားသောက်ကုန် ဈေးနှုန်းတက်ပြီဆိုရင် အရင်ဆုံး အထိအနာသူတွေက ဆင်းရဲသားတွေပဲ ဖြစ်မည်။ ဒါဆို စီးပွားရေးကပ်နဲ့ စားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုကြောင့် ကမ္ဘာပေါ်မှာ ဆင်းရဲသား အရေအတွက် ပိုတိုးပွားစေတယ်ဆိုရင် မှန်သလား၊ မှားမလား။

ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ၂၀၀၅နဲ့ ၂၀၀၈ ခုနှစ်အကြား ကမ္ဘာ့ဒေသတိုင်းရှိ ဆင်းရဲသား အရေအတွက် ပထမဆုံးအကြိမ် ထူးထူးခြားခြား လျော့ကျသွားတယ်လို့ ဖော်ပြထားသည်။ ဆင်းရဲသား ဆိုရာမှာ တစ်နေ့ ၁.၂၅ ဒေါ်လာအောက် ၀င်ငွေနဲ့ နေထိုင်သူတွေကို ဆိုလိုပြီး၊ ၄င်းတို့ရဲ့ ၀င်ငွေ တိုးတက်လာခြင်း ဖြစ်သည်။
ဆင်းရဲမွဲတေမှု တ၀က်ကျော် လျော့ကျသွားတဲ့ နိုင်ငံက တရုတ် ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်တွေကနေ ယခုထိ ကြည့်ရင် တရုတ်မှာ လူ သန်း ၆၆၀ ဆင်းရဲတွင်းကနေ ကျွတ်လွတ်သွားသည်။ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိလင့်ကစား လူသန်း ၆၆၀ ကို ဆင်းရဲတွင်းက ဆွဲထုတ်ပေးတဲ့ တရုတ်အစိုးရရဲ့ စီမံခန့်ခွဲမှုကို ကမ္ဘာ့ဘဏ်က ချီးကျူးပြောဆိုပြန်သည်။

ဆင်းရဲတဲ့ အကြောင်းပြောရင် အမြဲတမ်းရှေ့တန်းကရှိတဲ့ အာဖရိကတိုက်မှာလည်း ဆင်းရဲမွဲတေမှု လျော့ကျခဲ့သည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။ ၁၉၈၁ မှ ၂၀၀၅ ခုနှစ်အထိ သုံးနှစ်တစ်ကြိမ် ပုံမှန် လူကြားမကောင်းအောင် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်လေ့ရှိတဲ့ အာဖရိကမှာလည်း၊ ၂၀၀၈ မှာ ဆင်းရဲသား ၁၂ သန်းထိ လျော့ကျသွားခဲ့သည်။ ပထမဆုံးအကြိမ် အာဖရိကမှာ အုံလိုက်ကျင်းလိုက် ဆင်းရဲမွဲတေမှု လျော့ကျခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်ရဲ့ လေ့လာမှုအရ ၁၉၉၀ နဲ့ ၂၀၁၀ ခုနှစ်ကြားမှာ ကမ္ဘာ့ဆင်းရဲမွဲတေမှု တ၀က်ကျော် လျော့ကျခဲ့သည်ဟု ဖော်ပြသည်။ 

1 comment:

Yin Sue said...

Glad to hear that ! thank .

Related Posts Plugin for WordPress, Blogger...