လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လက်နက်အများဆုံး တင်ပို့ရောင်းချနေသော ကုလသမဂ္ဂမှ ကြီးငါးကြီး

တကမ္ဘာလုံးကို တင့်ကားနှင့် တိုက်လေယာဉ်ကဲ့သို့သော လက်နက်ကြီးများ တင်ပို့ရောင်းချမှုမှာ (၂၀၀၂-၂၀၀၆) ခုနှစ်ကြား အရေအတွက်ထက်၊ (၂၀၀၇-၂၀၁၁) ခုနှစ်ကြား အရေအတွက်က ၂၄ ရာခိုင်နှုန်း ပိုများသည်ဟု  Stockholm International Peace Research Institute အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ နယ်မြေအငြင်းပွားမှု မြင့်တက်လာတာကြောင့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ လက်နက်ဝယ်ယူမှုက ၁၈၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်ဟု ဖော်ပြသည်။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း တကမ္ဘာလုံးကို လက်နက် လေးပုံသုံးပုံ တင်ပို့ရောင်းချတဲ့  အဓိကနိုင်ငံကြီး ငါးနိုင်ငံမှာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှား၊ ဂျာမဏီနှင့် ပြင်သစ်တို့ ဖြစ်သည် (အောက်ပါဇယားကို ကြည့်ပါ)။
ထူးခြားမှုက ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်က ၄င်းကိုယ်တိုင်ထုတ် အဆင့်မှီလက်နက်များ တင်ပို့ရောင်းချမှု များလာခြင်း ဖြစ်သည်။ အကျိုးဆက်ဖြစ် ကမ္ဘာမှာ လက်နက် တင်ပို့မှု အများဆုံး ငါးနိုင်ငံမှ ခြောက်နိုင်ငံ တိုးလာခဲ့သည်။ (၂၀၀၂-၂၀၀၆) ခုနှစ်အတွင်း တရုတ်က ကမ္ဘာ့ ဒုတိယ လက်နက်အများဆုံး တင်ပို့သူဖြစ်ခဲ့ပြီး၊ (၂၀၀၇-၂၀၁၁) ခုနှစ်အတွင်း စတုတ္ထအများဆုံး တင်ပို့ခဲ့သည်။
ဂျာမဏီမှ လွဲလျှင် ကျန် ငါးနိုင်ငံက ကုလသမဂ္ဂအဖွဲ့ကြီးမှာ ဗီတိုအာဏာ သုံးခွင့်ရှိပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး ဦးဆောင်ဦးရွက် ပြုနေသည်ဆိုသော နိုင်ငံများပေတည်း။
အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့လက်နက် ၁၀ ရာခိုင်နှုန်းကို ၀ယ်ယူသူဖြစ်ပြီး၊ အခြားနိုင်ငံတွေကိုလည်း အများဆုံး တင်ပို့နေတာကြောင့်၊ အကြီးဆုံး လက်နက်ပွဲစားနိုင်ငံဟု ဆိုရမည်။
အာရပ်နိုင်ငံတွေကို လက်နက်တင်ပို့မှုက အပြောင်းအလဲမရှိ ပုံမှန်ဆက်ရှိနေသည်။ ဆီးရီးယားရဲ့ လက်နက်ဝယ်ယူမှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆ ၆၀၀ ရာခိုင်နှုန်း မြင့်မားခဲ့သည်။ ဆီးရီးယားကို အဓိက လက်နက်ရောင်းချပေးသူမှာ ရုရှားဖြစ်သည်။


Ref: Maukkha

No comments:

Related Posts Plugin for WordPress, Blogger...