လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

န၀ရတ်ကိုးပါး

န၀ရတ်ကိုးပါးဆိုတာ ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်တာပါ။
အဲ့ဒီကိုးမျိုးကတော့-
  1. ပတ္တမြား (Ruby)
  2. မြ (Emerald)
  3. စိန် (Diamond)
  4. ကြောင် (Cats eye)
  5. နီလာ (Sapphire)
  6. ဂေါ်မိတ် (Zircon)
  7. ဥဿဖယား (Topaz)
  8. သန္တာ (Coral)
  9. ပုလဲ (Pearl)
တို့ပဲဖြစ်ပါတယ်။ တခုချင်းစီရဲ့ ဘုန်းတန်ခိုးကို ဒီလိုဖွဲ့ဆိုခဲ့ကြပါတယ်-

ပတ္တမြား ဘုန်တောက်၊ မြ ကျောက် အေးချမ်း
စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်
ကိုးထွေ န၀ရတ် စွမ်းရည်တည်း။

စိန်ကတော့ ကျောက်မျက်တွေရဲ့ ဘုရင်ဖြစ်ပြီး အမာဆုံးဖြစ်ပါတယ်။ စိန်၊ ပတ္တမြား၊ မြ၊ နီလာတို့က အဖိုးအတန်ဆုံးပါ။ နီလာနဲ့ ပတ္တမြားက တစ်မျိုးတည်းဖြစ်ပြီး အရောင်သာကွဲပါတယ်။ ပတ္တမြားက သွေးလို အနီရောင်ဖြစ်ပြီး နီလာကတော့ တောက်ပတဲ့အပြာရောင်ပါ။ ပုလဲနှင့် သန္တာတွေက တွင်းထွက်ကျောက်တွေမဟုတ်ပါဘူး၊ ပုလဲကို မုတ်ကောင်ရဲ့ကိုယ်တွင်းက ရရှိပြီး သန္တာကိုတော့ သန္တာကောင်တွေရှိတဲ့ သန္တကျောက်တန်းတွေက ရပါတယ်။
ကြောင်ကို ကြောင်မျက်လုံးနဲ့တူလို့ ကြောင်မျက်ရွဲလို့ခေါ်ပါတယ်။ မြကတော့ အစိမ်းရောင်ဖြစ်ပြီး စိန်၊ နီလာ၊ ဥဿဖယားတို့လောက် မမာပါဘူး။ ဂေါ်မိတ်ဆိုတာ ကျောက်သလင်းရဲ့ရောပြီးတွေ့ရတတ်တဲ့ ကျောက်တစ်မျိုးပါ။

 

No comments:

Related Posts Plugin for WordPress, Blogger...