လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPad 2 ထက်သုံးဆပိုမြန်ပြီး HD တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက် ထုတ်ဖော်ပြသ



Apple ကုမ္ပဏီသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာသော သင်ပုန်းကွန်ပျူတာ iPad တတိယမျိုးဆက်ကို မတ်လ ၇ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
iPad 2 ထက်သုံးဆပိုမြန်ပြီး ဈေးကွက်တွင်းရှိ High Definition တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက်ကို Apple CEO တင်ကွတ်ခ်က မိတ်ဆက်ပြသခဲ့သည်။
မထွက်ရှိမီက ခန့်မှန်းထားသည့် အမည်ဖြစ်သော iPad 3 နှင့် iPad HD ဆိုသော အမည်များကို သုံးစွဲခေါ်ဝေါ်သွားခဲ့ခြင်းမရှိဘဲ  iPad အသစ်ဟုသာ သုံးနှုန်းသွားခဲ့သည်။ iPad အသစ်တွင် ကင်မရာကိုလည်း အဆင့်မြှင့် ထားခဲ့ပြီး ၅ Mega pixel အထိ ရှိလာခဲ့သည်။ ဆက်သွယ်မှု ကွန်ရက်ပိုင်းဆိုင်ရာ အဆင့်မြှင့်သည့်အနေဖြင့် 4G ကွန်ရက်စနစ်သုံးနိုင်သော ဗားရှင်းကိုပါ ထုတ်လုပ်ခဲ့သည်။ WiFi သီးသန့်ဗားရှင်းမှာ ယခင် iPad များ ဈေးနှုန်းအတိုင်း သိုမှီးနိုင်မှု ၁၆ GB ရှိသည့် အမျိုးအစားကို အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာဖြင့် စရောင်းမည်ဖြစ်ပြီး ၃၂ MB၊ ၆၄ MB များမှာ ဒေါ်လာတစ်ရာစီ ဈေးပိုကြီးသွားမည်ဖြစ်သည်။ 4G စနစ်ပါ အမျိုးအစားများမှာမူ ၆၂၉ ဒေါ်လာ က စမည် ဖြစ်သည်။
ချစ်ပ်ပြားမှာ A5x quad-core ကိုသုံးထားပြီး ကျန်သင်ပုန်းကွန်ပျူတာများထက် သိသိသာသာ စွမ်းဆောင်ရည် မြင့်သွားမည်ဖြစ်သည်။
ဘက်ထရီမှာမူ ယခင် iPad များအတိုင်း ၁၀ နာရီ အသုံးခံမည်ဖြစ်ကာ အထူမှာမူ iPad 2 ထက် မီလီမီတာအနည်းငယ်မျှ ပိုထူသွားမည်ဖြစ်ပြီး ၉ ဒသမ ၄ မီလီမီတာမျှ ရှိမည်ဖြစ်သည်။
iPad,iPhone,iPod များတွင် သုံးသော မောင်းနှင်လည်ပတ်မှုစနစ်ကိုလည်း ဗားရှင်းမြှင့်ခဲ့ပြီး ၅.၁ ဖြစ်လာခဲ့ပြီဖြစ်သည်။

Ref: Daily Mail

No comments:

Related Posts Plugin for WordPress, Blogger...