လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Google သမိုင်း တစိတ်တပိုင်း

Google ဆိုတာ အင်တာနက်မှာ ၀က်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းတွေကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံရဲ့ပြည်သူပိုင် coporation တစ်ခုပဲဖြစ်ပါတယ်။ Company ရဲ့တည်နေရာကတော့ California ပြည်နယ် Mountain View မှာဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား 13,748 ရှိတယ်လို့သိရပါတယ်။ Google ရဲ့ဆောင်ပုဒ်ကတော့ "organize the world's information and make it universally accessible and useful." ပါတဲ့ ။
Google ကိုစတင်တည်ထောင်သူတွေကတော့ California ပြည်နယ် Stanford တက္ကသိုလ်မှ Ph.D. ကျောင်းသားနှစ်ဦးဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့က Google ကို ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် အနေနဲ့ ၁၉၉၆ ဇန်န၀ါရီလ တွင်စတင်ခဲ့တာဖြစ်ပါတယ်။ Google ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကပိုင် အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့မှာပြည်သူပိုင် အဖြစ်သက်မှတ်ခဲ့ပါတယ်။ ကနဦး ၀က်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ၀က်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ, အွန်လိုင်း မြေပုံလမ်းညွှန်များ ၊ ရုံးသုံး ဆော့ဝ်၀ဲများနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ အထိတဖြည်းဖြည်း ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။

ဂူဂယ် ပေါ်ပေါက်လာတဲ့ သမိုင်းတစ်လျှောက်မှာ မှတ်သား စရာလေးတွေ ရှိခဲ့ပါတယ်။ တကယ်တော့ ဂူဂယ် ဆိုတာဟာ ၁၉၉၆ ဇန်နဝါရီလမှာ လာရီပေ့ခ်ျ (Larry Page) နဲ့ ဆာဂျေး ဘရင်း (Sergey Brin) ဆိုတဲ့ စတန်းဖို့ဒ် တက္ကသိုလ်က ပီအိပ်ခ်ျဒီ ကျောင်းသားလေး ၂ ယောက် တင်သွင်းခဲ့တဲ့ Search engine အကြောင်း ရေးသားထားတဲ့ စာတမ်းလေး တစ်စောင် ကနေပြီး စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ အစကတော့ သူတို့ရဲ့ search engine ကို BackRub လို့ အမည်ပေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုဒ်တစ်ခုရဲ့ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မတိုင်မီကတည်းက ဒီ နည်းစံနစ်ကို သုံးထားတဲ့ Rankdex ဆိုတဲ့ search engine တစ်ခု ရှိနေနှင့် ပြီးသားပါ။ သူတို့ နှစ်ယောက်ဟာ သီးစစ်လုပ်ကြရင်း နဲ့ အခု ဂူဂယ် ဖြစ်လာမယ့် search engine အတွက် အခြေခံ အုတ်မြစ်တွေကို ခိုင်အောင် ချနိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ သူတို့ search engine ရဲ့ လိပ်စာဟာ စတန်းဖို့ဒ် ယူနီဗာစီတီရဲ့ subdomain တစ်ခုဖြစ်တဲ့ google.stanford.edu အနေနဲ့ စတင်ခဲ့တာပါ။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့ မှာမှ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက် မှာ Google Inc. ကို သူငယ်ချင်းတစ်ယောက်ရဲ့ ကားဂိုထောင်ထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်ဖို့ လိုအပ်တဲ့ ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ မတ်လ ရောက်တဲ့ အခါကျမှ ဆီလီကွန် တောင်ကြားမှာ ရှိတဲ့ Palo Alto မှာ ကုမ္ပဏီကို ပြောင်းရွှေ့ပြီး ကျကျနန အခြေချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ အဆောက်အဦးတွေကို Googleplex လို့ လူသိများလာခဲ့ပါတယ်။ ဂူဂယ်ဟာ သူ့ရဲ့ ရိုးစင်းတဲ့ ဒီဇိုင်းနဲ့ လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြပါတယ်။ ၂ဝဝဝခုနှစ် က စတင်ပြီး ဂူဂယ်မှာ search keywords တွေကို အခြေခံတဲ့ ကြော်ငြာများ စတင် ထည့်သွင်းလာပါတယ်။ ဂူဂယ် ဆိုတဲ့ နာမည် ဖြစ်လာပုံက တော့ googol (အဓိပ္ပါယ်က 10pow(100)) ဆိုတဲ့ စာလုံးကို google လို့ မှားပေါင်းရာက စလာခဲ့တာဖြစ်ပြီး Merriam Webster Collegiate Dictionary နဲ့ Oxford English Dictionary တွေမှာ google ရဲ့ အဓိပ္ပါယ်ကို “အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် search engine ကို အသုံးပြုခြင်း” လို့၂၀၀၆ မှ စတင်ပြီး ထည့်သွင်း ပေးခဲ့ပါတယ်။

ဂူဂယ်ရဲ့ အဓိက ဆားဗစ်က Google web search engine ဖြစ်ပေမယ့် သူ့မှာ အခြား ထင်ရှား လူကြိုက်များတဲ့ ဆားဗစ်တွေ အတော်များများ ရှိပါသေးတယ်။ Google ရဲ့ အခြားဆားဗစ်တစ်ခုဖြစ်တဲ့ Google Mail (Gmail) သည်လည်း ထင်ရှားသော အီလက်ထရောနစ် စာပို့စနစ်ဖြစ်ပါတယ်။ Google Reader ၊ Google Document ၊ Google Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြပါတယ် ။ Google Chrome , Internet Explorer သည်လည်း သွပ်လပ်ပေါ့ပါးသော Browser များဖြစ်ပါတယ် ။
အခုနောက်ပိုင်းမှာ Google က Facebook လိုမျိုး Social Network တွေကို ယှဉ်နိုင်ဖို့အတွက် Google Plus ဆိုတဲ့ Social Network တခုကို စတင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်...။

Ref: wikimyanmar

No comments:

Related Posts Plugin for WordPress, Blogger...