လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဂျပန်တွင် လူငယ်များ သတ်သေမှုနှုန်း ၂၀၁၁ခုနှစ်၌ စံချိန်တင်မြင့်တက်

ဂျပန်တွင် ကျောင်းသားများ သတ်သေမှုသည် ၂၀၁၁ ခုနှစ်၌ စံချိန်တင် မြင့်တက်ခဲ့ပြီး သတ်သေသူ ၁၀၂၉ ဦးအထိရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ NPAက မတ်လ ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ အရေအတွက် ထက်လည်းများပြားခဲ့ပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်း သတ်သေသူ ၁၀၀၀ ကျော်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။  နိုင်ငံတစ်ဝန်း သတ်သေသူစုစု ပေါင်းမှာ ၃၀၀၀၀ ကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ၁၄ နှစ်ဆက်တိုက် ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ ၃၀၆၅၁ ဦးရှိရာ ၂၀၁၁ ခုနှစ်တွင် ၁၀၃၉ ဦး လျော့နည်းခဲ့ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားသတ် သေမှုမှာ ၅၂၉ ဦးအထိ ရှိခဲ့ပြီး အထက်တန်း ကျောင်းသားသတ်သေမှုမှာ ၂၆၉ ဦးအထိ ရှိခဲ့သည်။ ကျောင်းများတွင် ရလဒ်မကောင်းသောကြောင့် သတ်သေသူ ကျောင်းသား ၁၄၀ ဦးရှိခဲ့ပြီး ကျောင်းအပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကြောင့် သတ်သေသော ကျောင်းသား ၁၃၆ ဦးရှိကြောင်း NPA ထုတ်ပြန်ချက်အရ သိရသည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...