လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လူငယ်အရေအတွက် ဖောင်းပွနေတဲ့ အာရှနိုင်ငံများ

ကမ္ဘာပေါ်မှာ လူငယ်လူရွယ် အများဆုံးက အာရှမှာ ဖြစ်သည်။ ကုလသမဂ္ဂ စာရင်းအရ ကမ္ဘာပေါ်ရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ လူငယ် ၆၂ ရာခိုင်နှုန်းက အာရှမှာ နေထိုင်ကြသည်။ တစ်နည်းအားဖြင့် လူငယ် သုံးယောက်မှာ နှစ်ယောက်က အာရှမှ ဖြစ်သည်။
အရေအတွက်အရဆိုလျှင် ၂၀၁၀ ခုနှစ် အာရှမှာ ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ် ၇၄၅ သန်း ရှိသည်ဟု UNDP အစီရင်ခံစာက ဖော်ပြသည်။ ထို့ကြောင့် အာရှတွင် လူငယ်အရေအတွက် ဖောင်းပွမှု (youth bulge) ကြုံနေရသည်။ အာရှဒေသတွင်း အစိုးရတိုင်း ဦးစားပေး ဖြေရှင်းရမယ့် ပြဿနာမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာ ဖြစ်လာသည်။
ကုလသမဂ္ဂ အာရှ ပိစိတ်ဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်က ၂၀၁၁ ခုနှစ် အာရှနိုင်ငံတွေရှိ အသက် ၂၉ နှစ်အောက် လူငယ်ဦးရေ ရာခိုင်နှုန်းကို မကြာခင်က ဖော်ပြခဲ့သည်။

တရုတ် ၄၃.၈%
ဟောင်ကောင် ၃၁.၅%
ဂျပန် ၂၉.၂%
ကမ္ဘောဒီးယား ၆၄.၇ %
အင်ဒိုနီးရှား ၅၄%
လာအို ၆၆%
မလေးရှား ၅၆.၆ %
ဖိလစ်ပိုင် ၆၃.၇%
စင်္ကာပူ ၃၈.၃%
ထိုင်း ၄၃.၄ %
ဗီယက်နမ် ၅၃.၄%
အိန္ဒိယ ၅၈.၃%
အိန္ဒိယ တစ်နိုင်ငံထဲတွင်ပင် အသက် ၂၉ နှစ်အောက် လူငယ်ဦးရေ ၇၁၄ သန်းရှိသည်။

မူရင်း >> Maukkha.org

No comments:

Related Posts Plugin for WordPress, Blogger...