လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမေရိကန်နိုင်ငံ၏ လူဦးရေ တိုးတက်နှုန်းတွင် အာရှနွယ်ဖွားများ တိုးပွားနှုန်းမှာ အမြန်ဆုံးဖြစ်

ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးသို့ လူဦးရေစာရင်း စစ်ကြည့်ရာ အာရှနွယ်ဖွားများသည် အမေရိကန်နိုင်ငံအတွင်းတွင် လူဦးရေတိုးတက်မှု အလျင်မြန်ဆုံးဖြစ်ကြောင်း အမေရိကန် သန်းခေါင်စာရင်းဌာနက မတ်လ ၂၁ ရက်နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍  စာရင်းပြုစုခဲ့ရာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုမှ စ၍ မိမိကိုယ်ကိုယ် အာရှစစ်စစ်ဟု ပြောသူများသည်  မူလထက် ၄၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းကဲ့သို့ တိုးတက်နှုန်းသည် အမေရိကန်လူဦးရေ တိုးတက်နှုန်းထက် လေးဆ ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အနက် အမေရိကန်လူဦးရေသည် ဆယ်စုနှစ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

အမေရိကန်လူဦးရေ၏ ၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၄ ဒသမ ၇ သန်းသည် အာရှလူမျိုးစစ်စစ်များ ဖြစ်ကြပြီး အာရှနှင့်အထူးသဖြင့် လူဖြူများနှင့် စပ်ထားသော သွေးနှောများသည် ၂ ဒသမ ၆ သန်းရှိကာ လူဦးရေ၏ ၀ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။

အာရှလူဦးရေ အများဆုံးနေထိုင်သော နယူးယောက်မြို့တွင် အာရှလူမျိုး ၁ ဒသမ ၁ သန်း နေထိုင်၍ လော့စ်အိန်ဂျယ်လိစ်မှာ ၄၈၄၀၀၀ ဦးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...