လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ

အသားအ ရေ ဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှု များလာကြောင်း Ama-ra International Company Limited မှ သိရသည်။

မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အသားညိုသူများပြားကြသည့် အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင်မှုအသစ် အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင်မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။

ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်းအသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကို အသုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။

''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိသိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုးကြတယ်။ အထူးသဖြင့် သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အဓိက အသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။

အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေ ကျန်းမာကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။

''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကို ကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာခြင်းဖြစ်ကြောင်း သိရသည်။

''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။
ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေးတယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေးသွားခြင်းမျိုးမဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိသာသာကို ဖြူစင်တဲ့ အသားအရည်ကို ရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင်က ဆက်လက်ပြောသည်။

ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏ အကျိုးသက်ရောက်မှုသည် ဒုတိယ အကြိမ်မထိုးမီ လေးငါးရက်ခန့်တွင် အကျိုးသက်ရောက်မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။

ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသော ဆဲလ်များကိုပြောင်း လဲပေးလိုက်ခြင်းဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေ ရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များ ပျက်စီးသွားစေနိုင်ကြောင်း သိရသည်။

အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူများသည် နေရောင်ခြည် တိုက်ရိုက် ထိတွေ့မှု များကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

5 comments:

Anonymous said...

ဘယ်မာထိုးလို့ရတာလည်းဟင် ကျေးဇူးပြု၍pls ဖော်ပြပေးပါ

Anonymous said...

ညီမလေးတစ်ယောက်လဲအသားဖြူချင်လို့တဲ့ ဘယ်မှာစုံစမ်းရမလဲ ပြန်ဖြေပေးပါနော်

မောင်သုတ said...

တကယ်တမ်းပြောရရင် သဘာဝ အတိုင်းပဲ ကောင်းပါတယ်.. မြန်မာနိုင်ငံ ရာသီဥတု၊ နေ၊ အပူချိန်နဲ့တော့ အဆင်မပြေလောက်ဘူး... အသေးစိတ်သိချင်ရင်တော့ အထူးကုဆေးရုံကြီးတွေမှာ စုံစမ်းကြည့်နိုင်ပါတယ်... :)

April Win said...

အသားဖြူဆေး ဆိုပီး ရောင်းနေတာ တွေ က FDA approved မရှိပဲ side efeect သေချာ မသိ ပဲ ဘာဖြစ် လို့ သုံးကြတာလဲ ရှင့်...
glutathione ဆို တဲ့ whitening agent ကို တကယ့် profession တွေ က oral ပေးတာ လဲ တွေ့ဖူးဘူး
iv ပေးတာလဲ တွေ့ဖူးဘူး...
သူက body က melatonin ကို ထွက်တာ ကို နည်းအောင် လုပ်တာ ဆို တော့ အိပ်ချိန် rhythm မှန်ပါ့မလားဆိုတာ တွေးသင့်ပါတယ်...
Mega star from hollywood နာမည် ကြီးအဆိုတော် တစ် ယောက် တောင် ဖြူအောင် gene ပြောင်းလိုက် တာ သူ့မှာ အိပ် မပျော်တဲ့ ရောဂါကြီး စွဲကပ်ပီး သာမာန် အိပ်ဆေး နဲ့ အိပ်မ ပျော် လို့ ခွဲစိတ်ခန်း သုံး မေ့ ဆေး propofol ကို သုံးတာတောင် အိပ် မ ပျော် လို့ overdose ဖြစ် ပီး သေသွား တာမ ဟုတ် လား ..
ကြောက်စရာ ကောင်းလွန်းလို့ ပါ ရှင် မြန်မာနိုင်ငံက food and drug administration က safety ဖြစ် ကြောင်း aprroved ပေး မှ သာ သုံး သင့် မြန်မာနိုင် ငံ သူ မြန်မာ နိုင် ငံ သားများ ကို medical professional pharmacist တစ် ယောက် အ နေနဲ့ တိုက် တွန်းအပ် ပါ တယ် ရှင့် ...
အသားဖြူမှ လှတာ မဟုတ်ပါဘူး ၊
အသားညိုလဲ လှတဲ့ လူတွေ အများကြီး ရှိပါ တယ်
အဓိက က အသား အ ရေ ကို နုပျို အောင် ထိန်းသိမ်း နိုင် ဖို့ သာ အ ရေး ကြီးပါ တယ်...

မောင်သုတ said...

အပေါ်က April Win က ပြည့်ပြည့်စုံစုံရှင်းပြထားပါတယ်... :)

Related Posts Plugin for WordPress, Blogger...