လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဗိုလ်၊ ကျား၊ သေနတ် ကစားတိုင်းနိုင်တဲ့ စက်ရုပ်

မြန်မာကလေးများကစားသော ဗိုလ်၊ ကျား၊ သေနတ်နှင့်ပုံစံတူသည့် ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး (rock-paper-scissors) ကစားနည်းတွင် ပွဲတိုင်းအနိုင်ကစားနိုင်သော စက်ရုပ်တစ်မျိုးကို ဂျပန်နိုင်ငံ အီရှီကာဝါအိုကူ ဓာတ်ခွဲခန်းမှ ပညာရှင်များက ဖန်တီးခဲ့ကြောင်း သိရသည်။
ယင်းကစားနည်းတွင် ကျွမ်းကျင်သည်ဆိုသူများမှာ တစ်ဖက်လူလုပ်မည့် ပုံစံကို ယခင်လုပ်ခဲ့သည့် ပုံစံများအပေါ် အခြေခံပြီး ခန့်မှန်းမှုအားကောင်းကြသူများသာ ဖြစ်သည်။ ယခုစက်ရုပ်မှာမူ ယင်းသို့ ခန့်မှန်း တွက်ချက်မှု စနစ်များ သုံးထားခြင်းမဟုတ်ဘဲ မြန်နှုန်းမြင့် ကင်မရာဖြင့် တစ်ဖက်လူ လက်လှုပ်သည်ကို အလျင်အမြန် မှတ်တမ်းတင်ပြီးမှ တုံ့ပြန်ခြင်းဖြစ်သည်။ သို့ရာတွင် အလွန်လျင်မြန်ခြင်းကြောင့် တစ်ဖက်လူမှာ သူလုပ်ပြီးမှ စက်ရုပ်ကလိုက်လုပ်သည်ဟု ထင်မည်မဟုတ်ဘဲ ပြိုင်တူလုပ်သည်ဟုသာ မြင်နိုင်မည်ဖြစ်သည်။ ယင်းသို့ ကစားနေကြပုံကို ဗီဒီယိုရိုက်ကူးပြီး အနှေးပြကွက်ဖြင့် ပြန်ကြည့်သောအခါတွင်မှ စက်ရုပ်လက်သည် အနည်းငယ်နောက်ကျနေပြီး လူလုပ်ပြီးမှ ပြန်လုပ်ခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...