လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

HIV ကာကွယ်ဆေးအား အသုံးပြုရန် အတည်ပြုလိုက်




အမေရိကန် ဆေးဝါးနှင့်အစားအစာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) သည် HIV ကာကွယ်ဆေးအား အသုံးပြုခွင့် အတည်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဆေးကို အမေရိကန်မှ ဆေးဝါးထုတ်လုပ်ရေး၊ သုတေသီ-ကုမ္မဏီတစ်ခုဖြစ်သည့် Gilead Sciences မှ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ပြီး နှစ်ကာလအတော်ကြာ ကြိုးပမ်းပြီးမှ ယခုလ ဇူလိုင် ၁၆ ရက်နေ့တွင် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းဆေးကို Truvada လို့အမည်ပေးထားပြီး HIV-1 ရောဂါပိုးမကူး ဆက်နိုင်ရန် ကူးဆက်ရန်အလားအလာ ရှိသူများ ကြိုတင် သုံးစွဲရမည့် ဆေးဖြစ်ကြောင်း သိရသည်။ HIV ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိသူများ အတွက် သောက်သုံးရမည် ဆေး ဖြစ်ပြီး HIV ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးကြောင်း သိရသည်။ HIV ပိုး Negative အဆင့်ရှိသူများ အသုံးပြုရန်လည်း ခွင့်ပြုထားသည်။

ယင်းသို့ Truvada ဆေးဝါးထုတ်လုပ်လိုက်ခြင်းကြောင့် လူများအသိမှား ဝင်ကာ လိင်ဆက်ဆံမှုများတွင် HIV ကာကွယ်ရန် သတိပေးထားသော နည်းလမ်းများအား မေ့ပျောက်ထားကြမည်ကို FDA မှ စိုးရိမ်လျက်ရှိသည်။

“ဆေးက ရောဂါပျောက်ဆေးမဟုတ်ပါဘူး။ ရောဂါကာကွယ်ဆေးဖြစ်ပါတယ်။ Treament ထက်၊ Prevention ဆန်တဲ့ ဆေးမျိုးဖြစ်ပါတယ်။ ရာနှုန်းပြည့် ကာကွယ်ပေးမယ်လို့လည်း အာမ မခံထားပါဘူး။ ဒါကို လူတိုင်းသိရှိ နားလည် ထားဖို့လိုအပ်ပါတယ်။ ဒီဆေးဝါးဟာ ရာခိုင်နှုန်းပြည့် အာမခံနိုင် တယ်လို့တော့မဟုတ်ပါဘူး။ ဆေးယဉ်သွားတာမျိုးဖြစ်နိုင်တဲ့အတွက် HIV ကြိုတင်ကာကွယ်တဲ့ နည်းလမ်းအားလုံးကို ယခင်အတိုင်း သိထားဖို့လိုအပ်ပါတယ်။” ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Truvada တွင် tenofovir -300 mg, emtricitabine - 200 mg ဆီပါဝင်ပြီး တစ်နေ့တစ်လုံးဖြင့် နှစ်ရှည် စွဲသောက်ရမည့် ဆေးဖြစ်သည်။ ဆေးဝါးကို HIV ကူးဆက်ရန် အလားအလာ ရှိသူ (ဥပမာ- HIV ပိုးရှိသူများနှင့် လိင်ဆက်ဆံမိသူ) များအတွက် အသုံးပြုရန်ဆေးဖြစ်ပြီး HIV ရောဂါပိုး နံပါတ် ၂ အဆင့် . Positive အဆင့် ရှိသူများ သောက်သုံးရန်မဟုတ်ကြောင်း သိရသည်။ အကယ်၍ သောက်သုံးပါက ကြီးမားသော တန်ပြန် ရောဂါဝေဒနာများ ခံစားရနိုင်ကြောင်း သိရသည်။ ထို့ပြင် ဘာမှမဖြစ်ပဲ ကြိုင်ကာကွယ်ရန် (PreP) အတွက်လည်း သောက်သုံး ရမည့် ဆေးမဟုတ်ဟု ဆိုထားသည်။

အကယ်၍ HIV ရှိသူနှင့် Positive လက္ခဏာရှိသူများနှင့် ကြိုတင်ကာကွယ် ရန် (PreP) အတွက် သောက်သုံးပါ - သွေးတွင် လက်တစ် အက်ဆစ်ဖြစ်ပေါ် လာခြင်း၊ အားနည်းလာခြင်း၊ ကြွက်သားများ နာကျင်လာခြင်း၊ ခေါင်းကိုက် လာခြင်း၊ စသည်ဖြင့် ရောဂါဝေဒနာများခံစားရနိုင်သည်။ နဂိုရှိရင်း ခုခံအား ထက် ပိုမိုကျဆင်းသွားနိုင်သည်။ (http://www.truvada.com/ppi.pdf) တွင် ဘေးထွက်ဆိုးကျိုးများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ အသဲရောင် အသားဝါဘီပိုးရှိသူများလည်း မသောက်သုံးသင့်ကြောင်း ရည်ညွန်းထား သည်။

ယင်း Truvada သည် ဈေးကြီး ဆေးတစ်မျိုးဖြစ်ပြီး အမေရိကန်တွင် တစ်နှစ်တာမှီဝဲရန် Truvada ကို ဒေါ်လာ ၁၄၀၀၀ ကုန်ကျပေးဝယ်ရ မည်ဖြစ်သော်လည်း အကန့်အသတ်၊စည်းမျဉ်းစည်းကမ်း များဖြင့် ရောင်း ချပေးသွားမည်ဟု သိရသည်။ သို့သော် HIV ရောဂါဝေဒနာခံစားနေရသော အာဖရိကနိုင်ငံများသို့ အခမဲ့ လှူဒါန်းမည် ဖြစ်သည်။ သို့သော် ဆေးဝါး၏ ကုန်ကျစရိတ်များပြားမှုကြောင့် လူနှင့် ဆေးဝါးအရေအတွက် မညီ မျှ နိုင်သေးကြောင်း သိရသည်။

အသေးစိတ်အား အောက်ပါ Truvad တရားဝင်ဝဘ်ဆိုဒ်တွင် ဝင်ရောက်ဖတ် ရှုနိုင်ပါသည်။

http://www.truvada.com/

Ref: International news for Myanmar

No comments:

Related Posts Plugin for WordPress, Blogger...