လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPad ရှိရုံနှင့် Apple မောင်းသော ကားစီးနိုင်ပြီ


Concept အနေနဲ့ပဲ ရှိပါသေးတယ်။ သို့ပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ Apple က ထွက်ရှိလာမယ့် ပစ္စည်းဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။

iPad တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ပုံမှာပြထားတဲ့ i Drive အမည်ရ စတီယာရင်လည်း လိုပါသေးတယ်။

သာမန် စီးနေကျ ကားပေါ်က ပါတဲ့ စတီယာရင်ကို ဖြုတ် ပုံမှုာ ပြထားတဲ့ i Drive စတီယာရင်ကို တပ်၊ ခေါ်မိုးမှာ ၃၆၀ ဒီဂရီကြည့် i Drive တွဲဆက် ကင်မရာတပ်၊ ဘေးမှာ Sensor နှစ်ခုတပ် ဒီလောက်ဆိုရင် လုံလောက်ပြီလို့ Apple က အာမခံထားပါတယ်။

Google လူမဲ့ကားမှာတုန်းက သုံးလိုက်တဲ့ ပစ္စည်းတွေ မနည်းပါဘူး။ Apple ကျတာ့ စတီယာရင်နဲ့ Gadget သုံးလေးခု ပေါင်းစပ်ရုံနဲ့တင် အဆင်ပြေသွားပါတယ်။ iPad မှာ iDrive application ထည့်ပြီး လိုအပ်သလို Monitoring လုပ်ပေးရုံပါပဲ။

သူက Apple ရဲ့ Map ကိုပဲ သုံးပါမယ်။ အင်တာနက်လိုင်းကောင်းကောင်း လိုအပ်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ အသုံးပြုလို့ မရသေးတာ သေချာနေပါပြီ။ သူက လိုင်းမပျက်နိုင်၊ မကျနိုင်တဲ့ အင်တာနက်နဲ့မှ ကောင်းကောင်း အလုပ်လုပ်တာလေ။ မောင်းနေရင်း တန်းလန်း ရုတ်တရက် လိုင်းကျသွားပါတယ်ဆိုရင် ကားက ချောက်ထဲထိုးရင်ထိုးဆင်းသွား မှာ။ ဘယ်သူမှ မကယ်နိုင် ပါဘူး။

အင်တာနက် စက္ကန့်ပိုင်းလောက်တောင် မကျနိုင်တဲ့ အမေရိကန်နဲ့ အခြားသော နိုင်ငံတွေမှာတော့ အသုံးပြုလို့ ကြိမ်းသေ အဆင်ပြေမှာပါ။ ရုတ်တရက် လိုင်းကျရင်တောင် Offline မြေပုံနဲ့ အချိန်ပိုင်း emergency မောင်းလို့ ရအောင် သူကြိုးစားပေးပါတယ်။ အမြဲတမ်းကြီး Offline တော့ ဘယ်အဆင်ပြေမလဲလေ။

အသုံးပြုလို့ရမယ့်ကားကတော့ ကွန်ပြူတာဘောက်စ် သုံး ကားတွေနဲ့ မှ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ယခု မြန်မာပြည်နောက်ပိုင်း ရောက် တဲ့ ကားတွေနဲ့ဆို ကီးကိုက်မှာပါ။ စတီယာရင်ဝီးကို ဝပ်ရှော့မှာ သွားလို့ အဖြုတ်အတပ်လုပ်လိုက်ရုံပါပဲ။

ဈေးနှုန်းက ဒေါ်လာ ၆၀၀ တဲ့လေ။ နောက်နေ သလား အောက်မေ့ ရတယ်။ လူတိုင်း လူမဲ့ ကားပိုင်နိုင်အောင် လုပ်ပေး သလား အောင့်မေ့ရတယ်။ Apple ရဲ့ i Drive ကိုအရေအတွက် အကန့်အသတ်နဲ့ နိုင်ငံ အကန့်အသတ်နဲ့ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...