လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ငွေထုတ်စက်အသုံးပြုက သတိပြုရန်



မြန်မာပြည်မှာ မဖြစ်သေးပါဘူး။ သို့ပေမယ့် အိန္ဒိယနဲ့ တရုတ်တွေမှာတော့ ပုံမှာ ပြထားတဲ့ နည်းလမ်းကို အသုံးပြုပြီး လျှို့ ဝှက် ကုဒ်နံပါတ် ရယူမှုများ ပြု လုပ်တယ်လို့ သိရပါတယ်။ 

တကယ့် Pin ကုဒ်ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတု တစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက်နံပါတ်များကို မှတ်သား သွား ပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ်မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။ သို့ပေမယ့် အမည်တူ၊ လျှို့ ဝှက်ကုဒ်နံပါတ်အတူ ထားတတ်တဲ့သူများအတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ်အကောင့်မှငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထား တစ်ခု ဖြစ်သွားပါတယ်။ 

မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါအနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံ ရဖို့ ပိုလွယ်ကူသွားပါတယ်။ ဒီတော့ ငွေအမြောက်အများထည့်ထားသူ များ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင်လေ့လာနိုင်ရင် အကောင်းဆုံး ပါပဲ။

မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာနိုင်သေးပါဘူး။ မြန်မာပြည်က စက် အတော်များများမှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိ ရှိထားတာ အကောင်းဆုံးမို့ မျှဝေပေးလိုက် ရပါတယ်။ 

TechSpaceJournal

No comments:

Related Posts Plugin for WordPress, Blogger...