လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

iPad Mini ကို Apple ပွဲထုတ်



လူအများ စောင့်ဆိုင်း နေကြသည့် iPad Mini ကို Apple ကုမ္ပဏီက ပွဲထုတ် မိတ်ဆက် ပေးခဲ့သည်။ အဆိုပါ ထုတ်ကုန် သစ်သည် အရွယ် အစား သေးငယ်ပြီး ဒီဇိုင်းကိုလည်း အနည်းငယ် ပြင်ဆင်ထားကာ Apple ၏ iOS 6 software ကို အသုံးပြု ထားကြောင်း သိရသည်။
iPad Mini ၏အထူမှာ ၇.၂ မီလီမီတာ ရှိပြီး စတုတ္ထမျိုးဆက် iPad ထက် ၂၃ ရာခိုင်နှုန်း ပါးလွှာသည်။ အလေး ချိန်မှာ ၀.၆၈ ပေါင်သာ ရှိပြီး စတုတ္ထ မျိုး ဆက် iPad ထက် ၅၃ ရာခိုင်နှုန်း ပေါ့ပါးသည်။ အသုံးပြု ထားသည့် ၇.၉ လက်မ အရွယ် display မှာ 1,024x768 pixels resolution ဖြင့် ဖော်ြ ပပေး နိုင်ပြီး ၎င်းမှာ iPad နှင့်
iPad 2 တို့၏ screen resolution နှင့် တူညီသည်။ App များမှာ ၎င်း screen ပေါ်တွင် အလုပ်လုပ် သည့် အတွက် developer များ အနေနှင့် app များကို ပြင်ဆင် မွမ်းမံရန် မလိုအပ်ကြောင်း Apple စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Phil Schiller က ပြောကြားသည်။
Dual-core A5 ပရိုဆက်ဆာကို အသုံးပြု ထားပြီး ကျောဘက်တွင် 5-megapixel iSight ကင်မရာနှင့် အရှေ့ ဘက်တွင် FaceTime HD ကင်မရာတို့ကို တပ်ဆင် ပေးထားသည်။ Wi-Fi နှင့် LTE ချိတ်ဆက်မှု တို့ဖြင့် အသုံးပြု နိုင်ပြီး ဘက်ထရီ သက်တမ်းမှာ ၁၀ နာရီကြာ အသုံးပြုနိုင် သည်ဟု Apple မှ ပြောကြားသည်။
iPad Mini ကို အောက်တိုဘာလ ၂၆ ရက်မှ စတင်ကာ ကြိုတင် မှာယူ ထားနိုင်ပြီး Wi-Fi အမျိုးအစားကို နိုဝင် ဘာလ ၂ ရက်တွင် တင်ပို့ ရောင်းချ မည်ဖြစ်ကာ LTE အမျိုးအစားများကို နှစ်ပတ်ခန့် အကြာမှသာ ရောင်းချ မည်ဟု သိရသည်။
တန်ဖိုးမှာ Wi-Fi 16GB အတွက် အမေရိကန် ဒေါ်လာ ၃၂၉၊ 32GB အတွက် အမေရိကန် ဒေါ်လာ ၄၂၉၊ 64GB အတွက် အမေရိကန် ဒေါ်လာ ၅၂၉ သတ်မှတ် ထားသည်။ Wi-Fi+Cellular 16GB အတွက် အမေရိကန် ဒေါ်လာ ၄၅၉၊ 32GB အတွက် အမေရိကန် ဒေါ်လာ ၅၅၉ နှင့် 64GB အတွက် အမေရိကန် ဒေါ်လာ ၆၅၉ ကျသင့်မည် ဖြစ်သည်။

Ref: Internet Journal

No comments:

Related Posts Plugin for WordPress, Blogger...