လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ ?

ဟုတ်မဟုတ်တော့မသိဘူးဗျ.. ဖတ်ဖူးတာလေးပေါ့.. သူဟာနဲ့သူတော့ ဟုတ်နေတာပဲ...။

ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကို ပြုလုပ်လိုက်ပါ...။
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလယ်ကို ကျောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်...။
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ...။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...လက်မကိုခွာလို့ ရပါတယ်...

လက်မဆိုတာ မိဘကိုဆိုလိုတာပါ...လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...ဒါကြောင့် ခွာလို့ရတာပါ။

နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွာလိုက်လုပ်ကြည့်ပါ... ရပါတယ်...
လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ... သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်... (ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး)။

နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...လက်သန်းလေးကို ထပ်ခွာကြည့်ပါ... ဒါကတော့ သားသမီးတွေပါ... သူတို့လည်း ခွဲခွာကြမှာပါ။

ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွာကြည့်ပါ...ခွာလို့ရလား...ခွာလို့မရဘူးမဟုတ်လား...
ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီးလည်း ပြောကြတယ်။
ဒါပေမယ့် ဒီလို လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုရော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။
ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး...။

No comments:

Related Posts Plugin for WordPress, Blogger...