လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

စင်ကာပူမှ ရေပေါ်ကစားကွင်း

ခေတ်မီနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူရဲ့ လည်ပတ်စရာတွေထဲက ဒီထူးခြားတဲ့ ရေပေါ်အားကစားကွင်းလေးအကြောင်း  ပြန်လည်မျှဝေလိုက်ပါတယ်...။

Marina Bay ပေါ်မှာ တည်ရှိတဲ့ ဒီကစားကွင်းကို Marina Bay Floating Platform လို့ခေါ်ပါတယ် ။ သူက World's Largest Floating Stage လည်း ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံ Marina Bay မှ Marina Reservoir မှာ တည်ရှိပါတယ် ။

စတီးတွေနဲ့ချည်းပြုလုပ်ထားပြီး Marina Bay မှ Floating platform ရဲ့ အကျယ်အ၀န်းဟာ ၁၂၀ မီတာ ရှည်ပြီး ၈၃ မီတာ ကျယ်ပါတယ် ။ National Stadium မှ ဘောလုံးကွင်းထက် ၅% မျှပိုကြီးမားပါတယ် ။
အလေးချိန် ၁၀၇၀ တန်ကို ခံနိုင်ရည်ရှိပြီး အဲဒီအလေးချိန်ဟာ လူပေါင်း ၉၀၀၀ ၊ stage props ပေါင်း ၂၀၀ တန် နဲ့ military vehicles တန်ပေါင်း ၃၃၀ နဲ့ညီမျှတယ်လို့ဆိုပါတယ် ။ ဒီစတေဒီယမ်မှာလူပေါင်း ၃၀၀၀၀ လောက်လည်း ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ဆိုပါတယ် ။
 

No comments:

Related Posts Plugin for WordPress, Blogger...