လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

၃၈ဖြာ မင်္ဂလာ တရားတော်

ဒါလေးကလဲ ဗုဒ္ဓဘာသာဝင်များ သိထားသင့်ပါတယ်...

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပါင်းသင်းရခြင်း
၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းရခြင်း
၃။ ပူဇော်ထိုက်သော သူတို့ကို ပူဇော်ရခြင်း

နေရေးထိုင်ရေး မင်္ဂလာ ၃ပါး
၁။ သင့်လျော်သော အရပ်၌ နေထိုင်ရခြင်း
၂။ ရှေးက ပြုဖူးသော ကောင်းမှု အထူးရှိခြင်း
၃။ မိမိ၏ ကိုယ်စိတ် နှစ်ပါ:ကို စောင့်ထိန်းခြင်း



သင်ကြားရေး မင်္ဂလာ ၄ပါး
၁။ လောကီ လောကုတ် အကြားအမြင် များခြင်း
၂။ စက်မှု လက်မှု အတတ်တို့ကို တတ်ရခြင်း
၃။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြား နားလည်ခြင်း
၎။ အပြောအဆို ချိုသာယဉ်ကျေးခြင်း


ပြုစုရေး မင်္ဂလာ ၃ပါး
၁။ မိဘ၂ပါးကို လုပ်ကျွေးပြုစုရခြင်း ၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း
၃။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း

လိုက်နာ ကျင့်သုံးရေး မင်္ဂလာ ၄ပါး
၁။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း
၂။ သုစရိုက် တရားကို ကျင့်ခြင်း
၃။ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၎။ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်း

ရှောင်ကြဉ်ရေး မင်္ဂလာ ၄ပါး
၁။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ခြင်း
၂။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၃။ မူးယစ်သေစာ မသောက်စားခြင်း
၎။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း

စိတ်ထားရေး မင်္ဂလာ ၅ပါး
၁။ ရိုသေထိုက်သော သူတို့ကို ရိုသေရခြင်း
၂။ မိမိကိုယ်ကို နှိမ့်ချရခြင်း
၃။ ရောင့်ရဲလွယ်ခြင်း
၎။ သူတပါး ကျေးဇူးကို သိခြင်း
၅။ သင့်လျော်သော အခါ တရားနာခြင်း

သည်းခံရေး မင်္ဂလာ ၄ပါး
၁။ သည်းခံရခြင်း
၂။ ဆုံးမလွယ်ရခြင်း
၃။ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း
၎။ သင့်လျော်သော အခါ တရားဆွေးနွေးခြင်း

ခြိုးခြံရေး မင်္ဂလာ ၄ပါး
၁။ ခြိုးခြံချွေတာခြင်း
၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း
၃။ သစ္စာလေးပါးကို သိခြင်း
၎။ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်း

စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ ၄ပါး
၁။ လောကဓံတရားနှင့် တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း
၂။ မစိုးရိမ်ခြင်း
၃။ ကိလေသာ မြူကင်းခြင်း
၎။ ဘေးကင်းခြင်း

၃၈ ဖြာ မင်္ဂလာ တရားသည် နတ်လူတို့ အတွက် အမြတ်ဆုံး သော မင်္ဂလာ မည်၏။ ဤ တရားတော်ကို ဖြန့်ချီ ပူဇော် ရသော အကျိုးကြောင့် မင်္ဂလာ အရှိဆုံး နေရာမြတ် အသင်္ခတ နိဗ္ဗာန်ဓာတ်သို့ ဆိုက်ရောက်ရပါလို၏။

No comments:

Related Posts Plugin for WordPress, Blogger...