လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အလှဆုံး ပန်းခြင်းများရဲ့ ဥယျာဉ်

သိပ်ကိုလှပ ခမ်းနားတဲ့ ပန်းခြံကြီးတစ်ခုထဲ အလည်သွားကြည့်ကြပါစို့ ။ အဲဒီ ပန်းဥယျာဉ်ကြီးကတော့ ကန္တာရထဲက အိုအေစစ်လို့ ပြောလို့ရလောက်အောင်ဘဲ ပူပြင်းခြောက်သွေ့လှတဲ့ UAE နိုင်ငံရဲ့ ရာသီဥတုကို အံတုပြီး ပန်းမျိုးစုံလင်စွာ လန်းဆန်းပွင့်ဝေနေအောင် အထူးပြင်ဆင်ထားတဲ့ Al Ain Paradise အမည်ရ ပန်းဥယျာဉ်ကြီးပါ။ Akar မြေယာရှုခင်း ပြုပြင်အလှဆင်ရေးလုပ်ငန်းက တာဝန်ယူကာ အလှဆင်နေခဲ့တာဖြစ်ပြီး ယခင်ကတော့ စတုရန်းပေ ၇၀၀၀ခန့်သာ ကျယ်ဝန်းသော်လည်း ခုချိန်မှာတော့ စတုရန်းမီတာ ၂၁၀၀၀ အထိကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ လျှောက်လမ်းများ၊ ကော်ရစ်ဒါများဟာ အရှည် စုစုပေါင်း ၂၄၀၀ မီတာခန့် လှပခမ်းနားစွာ ရှိနေပါတယ်။



 စတင်ပြုလုပ်စဉ်က

 အီဖယ်လ်မျှော်စင်နဲ့ ပုံစံတူလည်းရှိရဲ့

ဒီပန်းခြံရဲ့ ထူးခြားချက်က မြေပြင်ပေါ်စိုက်ထားတဲ့ ပန်းပင်သက်သက်သာ ရှိတာမဟုတ်ဘဲ အမြင့်မှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ပန်းခြင်းများစွာပြုလုပ်ပြီး လှပစွာ ချိတ်ဆွဲထားတာဖြစ်တာကြောင့် Hanging Gardens လို့လည်း အမည်ခေါ်တွင်ပါတယ်။ ယခင်ကတော့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် သက်သက် ပြုလုပ်ခဲ့တာဖြစ်ပြီး ၄င်းတို့ရည်ရွယ်ချက်အတိုင်း Guinness စာအုပ်ထဲမှာ ကမ္ဘာ့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပန်းခြင်း စုစုပေါင်း ၂၅၀၀ ဖြင့် အလှဆင်ထားပြီး ကမ္ဘာတလွှား အမေရိကား၊ ဥရောပ၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ စသည့်နိုင်ငံတို့မှ ပန်းအမျိုးအစားပေါင်းစုံတို့ကို မှာယူတင်သွင်းကာ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။

  The Guinness World Records notice






ပန်းခြံထဲသို့ အလည်ရောက်ရှိလာကြသော ကမ္ဘာတလွှားမှ ဧည့်သည်များစွာတို့က အရောင်မျိုးစုံလင်လှသော ပန်းပွင့်သော သန်းပေါင်းများစွာကို အခင်းအကျင်းမျိုးစုံဖြင့် တစ်နေရာထဲမှာ မြင်တွေ့ရတာဟာ အလွန်ထူးခြားလှတဲ့ မြင်ကွင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရောက်လာသူတွေထဲမှာ စည်းကမ်းရှိပြီး ပန်းတွေကို တန်ဖိုးထားတတ်တဲ့ ဧည့်သည်တွေ ပါဝင်သလို ပန်းခြံထဲမှ အပင်တွေ ပန်းအိုးတွေကို ဖျက်ဆီးသွားသူတွေ၊ ခိုးယူသွားသူတွေလည်း ရှိပါတယ်။ ယခုအခါ စည်းစနစ်ကျနတဲ့ လုံခြုံရေးစနစ်ကို တတ်ဆင်ထားပြီဖြစ်ကြောင်းနဲ့ ပန်းခြံကို ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူတို့ အန္တရာယ်မှ ကာကွယ်ဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်း Akar မြေယာရှုခင်းပြုပြင်ရေး တာဝန်ခံ အထွေထွေမန်နေဂျာ Abdul Nasser Rahhal က ပြောပါတယ်။ ပန်းခြင်းမှာလည်း ယခင်က ၂၅၀၀သာ ရှိသော်လည်း ယခုအခါ ၂၉၆၅ခြင်း ရှိနေပြီဖြစ်ပါတယ်။ ယခုနောက်ပိုင်း ပြန်လည်ပြုပြင်ပြီး အရောင်အသွေးစုံလင် ပန်းမျိုးစုံဝေဆာနေတဲ့ ပန်းဥယျာဉ်ကြီးရဲ့ ပုံကို အောက်မှာ ဆက်လက်ကြည့်ရှုကြည့်ပါ ။











  အင်မတန်မှ ပူပြင်းခြောက်သွေ့ပြီး သဲကန္တာရဒေသဖြစ်တဲ့ အာရပ်ကမ္ဘာမှာ အရောင်အသွေး အမျိုးအစား စုံလင်လှတဲ့ ပန်းပေါင်းစုံတို့ ဖူးပွင့်ဝေဆာနေပုံဟာ အိမ်မက်တစ်ခုပမာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသော်လည်း ငွေကြေးချမ်းသာပြီး ငွေကို ရေလိုသုံးနိုင်၊ ဖြုန်းနိုင်တဲ့ နိုင်ငံအတွက်တော့ မဖြစ်နိုင်တဲ့ အဖြစ်တစ်ခုကို လက်တွေ့ ဖန်ဆင်းပြလိုက်နိုင်တာဟာ ငွေကြေးတန်ခိုးသြဇာရဲ့ ပြယုဒ်တစ်ခုဘဲ မဟုတ်ပါလား။

အစိမ်းရောင်လွင်ပြင် မှပြန်လည်ဝေမျှသည်။

No comments:

Related Posts Plugin for WordPress, Blogger...