လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တကယ်ခွင့်လွတ်တာလား

အင်တာနက်ကနေ ဖတ်ဖူးခဲ့တာလေးပါ.. အဓိပ္ပါယ် ရှိလှပါတယ်...။

လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်က သူ့ရဲ့လက်ထောက်အကူနဲ့ မီးသီးကို တီထွင်နေတယ်… မောပန်းစွာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးနောက် အောင်မြင်သွားခဲ့တယ်..။

အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့တပည့်လက်ထောက်ကို သယ်ဆောင်ခိုင်းတယ်။ တပည့်က သေချာဂရုစိုက်စွာ တလှမ်းချင်း လှေခါးပေါ်တက်တယ်… လက်ထဲက မီးသီးလေးကို ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ မီးသီးကျကွဲသွားတယ်…


အက်ဒီဆင်က ဘာမှအပြစ်မတင်ခဲ့ဘူး။ နောက်ရက်အနည်းငယ်ကြာ ပြန်တီထွင်ပြီး ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာ သယ်ဆောင်နိုင်ခဲ့တယ်။

ဒါကိုကြည့်နေတဲ့လူတစ်ယောက်က "ခွင့်လွတ်ရင်ရပြီလေ ဘာလို့ နောက်တစ်ခါ ထပ်ယူခိုင်းတာလဲ ထပ်ပြီးကျကွဲသွားရင် ဘယ်လိုလုပ်မလဲ"လို့ မေးတယ်။
အက်ဒီဆင်က “ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး၊ တဖန်ပြန်ပြီး အခွင့်အရေးပေးရတာ” လို့ပြောလိုက်ပါတယ်။

ကျွန်တော်တို့လည်း တခုခုကြုံခဲ့ရင် ပါးစပ်ကနေခွင့်လွှတ်နေရုံမကပဲ တဖက်သားကို အမှားပြင်ခွင့် ကြိုးစားခွင့် လေးတော့ ပြန်ပြီးပေးသင့်ပါတယ်၊ အဲဒါမှ တကယ်ခွင့်လွှတ်ခြင်း ဖြစ်မှာပါ...။
 

No comments:

Related Posts Plugin for WordPress, Blogger...