လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမျိုးသမီးတိုင်းရှိသင့်သော ဖိနပ်လေးရံ

ဒါလေးက အမျိုးသမီးတွေအတွက်ပါ... 

ဖိနပ်ဆိုတာ အမျိုးသမီးတွေရဲ့ သည်းခြေကြိုက်ပါပဲ။ ဖိနပ်လှလှလေးတွေတွေ့တိုင်း ဝယ်ပြီးသိမ်းထားလိုကြပါတယ်။ လှပပြီး ပုံစံဆန်းရင်းသာ ဝယ်ထားတတ် ကြတာကြောင့် ဖိနပ်တွေများပေမယ့် တကယ့်အသုံးလိုတဲ့ ဖိနပ်တွေမရှိ ဖြစ်နေတတ်ပါတယ်။ ကြိုက်လွန်းလို့သာ ဝယ်ထားပေမယ့် အရမ်းပြောင်လက် တောက်ပရင် အပြင်စီးရမှာ နှမြောတာတို့၊ အရမ်းပုံဆန်းရင် အဝတ်အစားနဲ့မလိုက် ဖြစ်နေတာတို့ဖြစ်ပြီး တကယ်မစီးဖြစ်ဘဲ ဗီရိုထဲမှာ အလှကြည့်သိမ်းထားရုံ သက်သက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့ ဖိနပ်လေးရံကို အကြံပေးလိုက်ပါတယ်။

ကတ္တီပါ ညှပ်ဖိနပ်
မြန်မာမိန်းကလေးတွေအတွက် ကတ္တီပါဖိနပ်တစ်ရံကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာ့ရိုးရာထဘီနဲ့ အလိုက်ဖက်ဆုံးက ကတ္တီပါညှပ် ဖိနပ်ပါပဲ။
ဒါ့ပြင်ကတ္တီပါညှပ်ဖိနပ်က ပေါ့ပါးပြီး စီးရတာသက်တောင့်သက်သာလည်း ရှိလှပါတယ်။

အလုပ်သွားဖိနပ်
အလုပ်သွားဖို့အတွက် စမတ်ကျတဲ့ ဖိနပ်တစ်ရန်လည်း လိုအပ်ပါတယ်။ အလုပ်က စကတ်တို ယူနီဖောင်းအနေနဲ့ ဝတ်ဆင်ရမယ်ဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အင်တာဗျူး ဖြေရာမှာ၊ အရေးကြီးတဲ့ အစည်းအဝေး၊ တွေ့ဆုံခြင်းမျိုးမှာ အဲလို ဖိနပ်တစ်ရံကို စမတ်ကျကျဝတ်ဖို့ လိုပါတယ်။ အလုပ်သွား ဖိနပ်တွေကတော့ များသောအားဖြင့် အနက်ရောင် ရှူးဖိနပ်ဖြစ်ပြီး ဒေါက်မြင့် နှစ်လက်မလောက်သာ ရှိတတ်ပါတယ်။ အရပ်ရှည်သလိုဖြစ်စေပြီး ဝတ်ရတာသက်တောင့်သက်သာ ရှိစေတဲ့အပြင် စမတ်ကျပါတယ်။

ပွဲတက်ဒေါက်မြင့်ဖိနပ်
မိန်းကလေးတွေအနေနဲ့ ဘယ်ပွဲသွားသွား အလှဆုံး၊ အထင်ပေါ်ဆုံးဖြစ်ချင် နေတတ်တာ သဘာဝပါ။ ဒါကြောင့် လူတွေကြားထဲ ထင်းခနဲပေါ်လွင်စေမယ့် ဒေါက်ဖိနပ်လှလှလေးတစ်ရံလောက်တော့ လိုပါတယ်။ ဝတ်ထားတဲ့ ဂါဝန်၊ ဝတ်စုံလေးက ဖိနပ်ကြီးကြောင့် အောက်နေရင် ဘယ်ဟုတ်လိမ့်မလဲ။ ဒါကြောင့် ပွဲတက်ဝတ်စုံတွေနဲ့ လိုက်ဖက်မယ့် ဒေါက်ဖိနပ်လှလှလေး တစ်ရံလည်း လိုအပ်ပါတယ်။

ဝေါ့ကင်းရှူး
ဂျင်းဘောင်းဘီကို ဝေါ့ကီရှူးနဲ့ တွဲပြီးဝတ်တဲ့ခေတ် မဟုတ်တော့ပေမယ့် ဝေါ့ကင်းရှူး တစ်ရံလောက်တော့ လိုပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရာမှာ လမ်းလျှောက် လေ့ကျင့်ရာမှာ၊ Gym သွားရာမှာဝတ်ဖို့ ဝေါ့ကင်းရှူး လှလှတစ်ရံ ရှိသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်လေ့မရှိသူ ဆိုရင်တောင် လမ်းများများ လျှောက်ရတဲ့ ခရီးသွားတဲ့အခါ ဝေါ့ကင်းရှူးတော့ လိုမှာပါ။ ဝေါ့ကင်းရှူး မကြိုက်ရင် All Star Canvas ရှူးဖိနပ်တွေကလည်း စတိုင်ကျပါတယ်။

No comments:

Related Posts Plugin for WordPress, Blogger...