လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

စက္ကူသုံးဖို့ လူတစ်ယောက် တစ်နှစ် သစ်ပင် ဘယ်နှပင် ခုတ်လှဲသလဲ

လွန်ခဲ့တဲ့နှစ်သုံးဆယ် ကွန်ပျူတာ အရေအတွက် မြင့်တက်လာကတည်းက စက္ကူမဲ့ကမ္ဘာ ပေါ်ထွန်းဖို့ စိတ်ကူးယဉ်ခဲ့ကြသည်။ အထူးသဖြင့် စက္ကူမဲ့ ရုံးလုပ်ငန်းခေတ် (the paperless-office era) ရောက်တော့မည်ဟု တွေးထင်ခဲ့ကြသည်။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း စက္ကူအသုံးပြုမှု လျော့ချဖို့နဲ့ လုံးဝဖယ်ရှားပစ်ဖို့အထိ ရည်မှန်းပြီး နည်းပညာနဲ့ ထုတ်လုပ်မှုသစ်တွေ ဖန်တီးခဲ့ကြသည်။
သို့သော် အဲဒီကွန်ပျူတာ အသုံးပြုမှုမြင့်လာကတည်းက ကမ္ဘာတလွှား စက္ကူအသုံးပြုမှုလည်း နှစ်ဆမြင့်တက်လာသည်။ အမေရိကန် တစ်ယောက်ရဲ့ တစ်နှစ် ပျမ်းမျှ စက္ကူအသုံးပြုမှုနှုန်းက ပေ ၄၀ (၁၂ မီတာ) ရှိ သစ်ပင် ၆ ပင် နှင့် ညီမျှသည်။ ရေအိမ်သုံး စက္ကူမှ သတင်းစာစက္ကူအထိ နေ့စဉ်သုံးပြီး တစ်နှစ်ကို သင်ပင်ကြီး ၆ ပင် ခုတ်လှဲပစ်နေသည်။
တစ်ဦးချင်း စက္ကူအသုံးပြုမှုနှုန်းအရ ကမ္ဘာမှာ ဘယ်လ်ဂျီယံနိုင်ငံက စက္ကူအသုံးဆုံးဖြစ်ပြီး လူတစ်ယောက် တစ်နှစ်ကို ပေ ၄၀ သစ်ပင် ၈ ပင် ခွဲကျော်ကို သတ်ပစ်နေသည်။ ဖင်လန်က ပစ္စည်းထုပ်ပိုးမှုအပါဝင် စက္ကူကို နည်းလမ်းအဖုံဖုံနှင့် အသုံးပြုသောကြောင့် လူတစ်ယောက် တစ်နှစ်ကို သစ်ပင်ကြီး ၇ ပင်ကျော် သတ်ပစ်သည်။ ဩစတြီးယား၊ ဆွီဒင်နဲ့ ဂျာမဏီတို့ကလည်း အလားတူနီးပါး ဖြစ်သည်။
အောက်ဖော်ပြပါနိုင်ငံတို့တွင် လူတစ်ယောက် တစ်နှစ်အတွင်း ပေ ၄၀ အရှည် သစ်ပင် ဖြုန်းတီးပစ်သော အရေအတွက်ကို ဖော်ပြထားပါသည်။

မူရင်း - Maukkha

1 comment:

ရင်ဆူး said...

ဒို့နိုင်ငံက ခေတ်မှီတယ်.....စက္ကူမသုံးဘူး.....ဟီးးးးးးးး နောက်တာနော်....မှတ်သားသွားပါတယ်ဗျာ.....

Related Posts Plugin for WordPress, Blogger...