လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Facebook Timeline မမြင်ချင်ဘဲ အရင်လိုပဲ ပြန်ဖြစ်ချင်သူများအတွက်

ခုတလော FB သုံးသူတော်တော်များများ Timeline ပြောင်းကုန်ကြပါပြီ.. တချို့တွေလဲ အရင်ပုံစံတိုင်းရှိနေတုန်းပဲပေါ့...။ Timeline ပြောင်းပြီးသူများအတွက် Timeline ကို သဘောကျသူရှိသလို၊ သဘောမကျသူ၊ မျက်စိနောက်သူတွေလဲ ရှိကြမှာပါ...။

Timeline ရဲ့ အဓိက အားသာချက်ကတော့ ကိုယ့် FB သုံးတဲ့ သက်တမ်းတလျှောက် ကြိုက်တဲ့အချိန်ကို ဘေးနားက နှစ်၊ လ တွေ ပြထားတဲ့နေရာကနေ အလွယ်တကူသွားရောက်နိုင်တာပါပဲ.. ပြီတော့ ကိုယ်တင်ခဲ့တဲ့ပို့စ်တွေ၊ ပုံ၊ ဗီဒီယို စတာတွေကို အချိန်ပြောင်းလို့ရသလို အတိတ်ပြီးခဲ့တဲ့အချိန်ကပဲ တင်ခဲ့သလိုလိုပုံစံနဲ့ အခုမှ ပြန်ပြီး ကြားဖြတ်တင်နိုင်တာတွေလဲ ရှိပါတယ်...။

အဲ.. အားနည်းချက်ကတော့ ကိုယ့်အချက်အလက်တွေ ပြီးခဲ့တဲ့ပို့စ်တွေကို သူတပါးက အလွယ်တကူရှာဖွေနိုင်တာပါပဲ.. ပြီးတော့ ကိုယ်တောင် လုပ်ခဲ့မှန်း၊ တင်ခဲ့မှန်း မသိတဲ့၊ မမှတ်မိတော့တဲ့ အချက်အလက်တွေကိုလဲ သူများက အလွယ်တကူ မြင်တွေ့သွားနိုင်ပါတယ်...။ ပြီးတော့ ကိုယ်ကိုယ်တိုင်လဲ သုံးစမရှိရင် မျက်စိနဲနဲ ရှုပ်စေမှာပါ..။ ဘယ်ဟာကိုပြင်ချင်ရင် ဘယ်နားသွားရမှန်းမသိ၊ စတာတွေ အနည်းနဲ့အများ ရှိနိုင်ပါတယ်..။ Timeline ကိုရင်းနှီးပြီး အကျွမ်းတ၀င်သုံးနေသူတွေတော့ မပါဘူးပေါ့...။

ဒီတော့ တကယ်လို့ ကိုယ့်အကောင့်ဟာ အရင်အတိုင်းပဲ၊ ဒါပေမယ့် Timeline သုံးချင်တဲ့သူ၊ မပြောင်းရသေးလို့ ပြောင်းချင်သူများကတော့ FB ကို sign in လုပ်ပြီး ဒီလင့်လေးကနေ Timeline အဖြစ် ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်...။
Timeline ပြောင်းပြီးသွားလို့ မကြိုက်သူတွေ အရင်လိုပဲ ရိုးရိုး ပြန်မြင်ချင်သူတွေအတွက် ဒီပို့စ်လေးတင်လိုက်တာပါ။ တခုကြိုပြောချင်တာက ဒါဟာ ကိုယ်သုံးတဲ့စက်မှာပဲ ပြောင်းသွားတာပါ။ သူများကနေ ကိုယ့်ကို ကြည့်ရင်တော့ Timeline ပုံစံပါပဲ..။ ဘာပဲဖြစ်ဖြစ် မျက်စိရှုပ်သက်သာချင်သူများအတွက်ပေါ့ဗျာ...။

ကဲ Timeline ဖျောက်ချင်သူတွေ ဒီလင့် ကိုသွားလိုက်ပါ...။ ပြီးတော့ ကိုယ်သုံးတဲ့ Browser အမျိုးအစားကိုရွေးပါ။ အောက်ကပုံမှာ အနီကွက်နဲ့ ပြထားပါတယ်...။

အများစုကတော့ Mozilla Firefox သုံးတာများကြပါတယ်။ အဲဒါနှိပ်လိုက်ရင် အပေါ်က address bar နားမှာ အောက်ကပုံလိုမျိုးပေါ်လာရင် allow ပေးလိုက်ပါ။


အဲ့ကျရင် အောက်ကပုံလိုပေါ်လာပါလိမ့်မယ်။ ခနစောင့်ပြီး Install now နှိပ်ပေးလိုက်ပါ...။ အနီနဲ့ ဘောင်ခတ် ပြထားပါတယ်။

အားလုံးပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင်တော့ ပြီးသွားပါပြီ..။ Firefox ပိတ်ပြီး Facebook ဖွင့်၊ ကိုယ့် page ကို သွားကြည့်လိုက်ပါ..။ Timeline မဟုတ်တော့ဘဲ အရင်အတိုင်း ပြန်ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်..။

ကျွန်တော်ကိုယ်တိုင်လဲ အဲ့လိုပဲ လုပ်ထားတာပါ.. မျက်စိရှုပ်သက်သာအောင်လို့...။
တစ်ခုရှိတာက အဲ့ add-ons ဟာ Firefox version 11 မှာတော့ သုံးလို့မရပါဘူး...။ Firefox version 10 လောက်ကို သုံးကြည့်ပါ..။ add-ons အကုန်နီးပါးလောက်ရပြီး သုံးရတာ အဆင်ပြေပါတယ်...။
Firefox မသုံးဘဲ တခြား Browser သုံးသူများကလဲ ပြောခဲ့တဲ့အတိုင်း အဆင့်ဆင့်လုပ်သွားရင် အဆင်ပြေသွားပါလိမ့်မယ်...။ 

No comments:

Related Posts Plugin for WordPress, Blogger...