လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားဆင်းတုတော်


ပုံမှာမြင်တွေ့နေရတာကတော့ တရုတ်နိုင်ငံအလယ်ပိုင်း Henan ပြည်နယ် Zhaocun မြို့နယ်မှာ တည်ရှိတဲ့ Spring Temple Buddha အမည်ရ ဗုဒ္ဓဆင်းတုတော် ဖြစ်ပါတယ်။ ယင်းဆင်းတုတော်ကို ၂၀၀၈ ခုနှစ်က အပြီးသတ် တည်ဆောက်ခဲ့ပြီး အမြင့် ၁၅၃ မီတာ၊ (၅၀၂ပေ) ရှိတယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ Bamiyan ဗုဒ္ဓဆင်းတုတော်များကို ၂၀၀၁ ခုနှစ် မတ်လက တာလီဘန်သူပုန်တို့ ပစ်ခတ်ဖျက်ဆီးပြီး မကြာမီ တရုတ်တို့ Spring Temple Buddha တည်ဆောက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

Bamiyan ဗုဒ္ဓဆင်းတုတော်ဟာ တောင်နံရံမှာ ထွင်းထုထားပြီး ၂၅၀၀ မီတာ (၈၂၀၂ ပေ) အမြင့်ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှ Spring Temple Buddha ဟာ ကမ္ဘာ့အမြင့်ဆုံး ရုပ်တု (ဆင်းတုတော်) အဖြစ် အသတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။

Ref: International news for Myanmar

1 comment:

ရင်ဆူး said...

မှတ်သားသွားပါတယ်ဗျာ.........

Related Posts Plugin for WordPress, Blogger...