လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပင့်ကူမျှင်ထက် ပါးလွှာသော ဆိုလာဆဲလ်ဖန်တီး

ပင့်ကူမျှင်ထက်ပါးလွှာပြီး လူသားဆံပင်တွင် ပတ်ထား၍ရနိုင်သော ဆိုလာဆဲလ်တစ်မျိုးကို သြစတြေးလျနှင့် ဂျပန် သုတေသန ပညာရှင်များက ဧပြီလ ၄ ရက်နေ့က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အလွန်ပါးလွှာသည့် ပလတ်စတစ် အလွှာပါးပေါ်တွင် အီလက်ထရုတ်များ တပ်ထားသည့် ယင်းဆိုလာဆဲလ်မှာ ၁ ဒသမ ၉ မိုက်ခရိုမီတာမျှသာထူပြီး ယခင်တီထွင်ထားသော အသေးဆုံး ဆိုလာဆဲလ်ထက်ပင် ၁၀ ဆ ပိုသေးကြောင်း သိရသည်။

တစ်မိုက်ခရိုမီတာသည် တစ်မီတာ၏ အပုံတစ်သန်းပုံ တစ်ပုံဖြစ်သည်။

''အလွန်ပါးလွှာတဲ့အတွက် အလေးချိန်ရှိမှန်းတောင် မသိနိုင်သလို ကွေးနိုင်ဆန့်နိုင်တဲ့ အနေအထားမှာလည်း ရှိပါတယ်''ဟု တိုကျိုတက္ကသိုလ်မှ ဆူယိုရှီဆဲကီတာနီက ပြောကြားခဲ့သည်။

''ဒါလေးကို အ၀တ်အစားတွေမှာ တံဆိပ်ကပ်သလို ကပ်ပြီး(နေရောင်ခြည်)ကနေ စွမ်းအင်ယူနိုင်ပါတယ်။ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးတဲ့ ကိရိယာတွေ တပ်ထားရတဲ့ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် ဓာတ်ခဲတွေ သယ်စရာမလိုဘဲ ဒါနဲ့ သုံးလာနိုင်ပါမယ်''ဟု ဆဲကီတာ နီက ပြောကြားခဲ့သည်။

ယင်းဆိုလာဆဲလ်များကို အကြီးစား ထုတ်လုပ်လျှင်လည်း စွမ်းအင်အမြောက်အမြား ရရှိရေးအတွက် သုံးနိုင်မည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရန် မျှော်လင့်ထားကြောင်း ဆဲကီတာနီက ပြောကြားခဲ့သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...