လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

သမ္မတကြီးဦးသိန်းစိန် နှင့် လူထုခေါင်းဆောင် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဆန္ဒပြုနိုင်


ကမ္ဘာကျော် TIMES မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် သြဇာအရှိဆုံး လူ ၁၀၀ ရွေးချယ်ရန် ဆန္ဒပြုနိုင်တဲ့ အမည်စာရင်းထုတ်ပြန်ရာမှာ ကျွန်တော်တို့သမ္မတကြီးဦးသိန်းစိန်နဲ့ လက်ရှိကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရထားသူ လူထုခေါင်းဆောင် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးရဲ့ အမည်တွေ ပါဝင်တယ်လို့ တရားဝင်သိရပါတယ်...။




ကျွန်တော်တို့ ဆန္ဒပြုလိုသူတွေအနေနဲ့ ဧပြီ ၆ ရက်နေ့ (သောကြာ) နောက်ဆုံးထား ဆန္ဒပြုရမှာပါ။ အများဆုံးနိုင်တဲ့သူတွေကို TIMES မဂ္ဂဇင်းရဲ့ ၂၀၁၂ လူ ၁၀၀ စာရင်းမှာ ဖော်ပြသွားမှာဖြစ်ပါတယ်...။
အဲ့မှာ သူတို့နှစ်ဦးရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားပါတယ်...။ အထူးသဖြင့် သက်တမ်းတစ်နှစ်ကျော် သမ္မတသစ် ဦးသိန်းစိန်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ လက်တွဲလုပ်ဆောင်ခြင်းတို့ကြောင့် အများ အံ့အားသင့်စေခဲ့ကြောင်း ဖော်ပြထားပါတယ်...။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂိုဘာချော့ဗ် ဖြစ်နိုင်မလား လို့လည်း မေးထားပါသေးတယ်...။

အဲ့ဒီတော့ ကျွန်တော်တို့တွေလဲ ဆန္ဒပြုလိုက်ကြရအောင်ဗျာ...။ တစ်ခုတောင်းဆိုချင်တာက ဒါဟာ ဟိုလူနိုင်ရမယ်၊ ဒီလူနိုင်ရမယ်ဆိုတဲ့ ပါတီနိုင်ငံရေးမျိုး မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ အစွဲမထားကြဘဲ သမ္မတကြီးကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဆန္ဒပြုကြစေလိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ နှစ်ဦးလုံးကို ဆန္ဒပြုခဲ့ပြီးပါပြီ...။

သမ္မတကြီးဦးသိန်းစိန်အတွက် ဆန္ဒပြုဖို့ ဒီနေရာလေးကို နှိပ်ပြီးသွားလိုက်ပါ...။ ပြီးတော့ Definitely လေးနှိပ်ပြီး Submit နှိပ်ပေးလိုက်ရုံပါပဲ...။
ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြုဖို့ကတော့ ဒီနေရာလေးမှာပါ ။ စောစောကလိုပါပဲ...။

တစ်ခုရှိတာက ဘယ်သူ့ကိုမှ No Way ဆိုတာလေး မပေးမိပါစေနဲ့ဗျာ..။ အကုန်လုံးက မြန်မာလူမျိုးတွေချည်းပဲ မဟုတ်လား...။ ဘယ်သူပဲ အဲ့ဒီစာရင်းထဲပါပါ ကျွန်တော်တို့နိုင်ငံ ဂုဏ်တက်စေပါတယ်...၊ အဲ့တော့ နှစ်ဦးစလုံးကို Definitely လေး လုပ်ပေးဖို့ တောင်းဆိုပါတယ်ဗျာ...။
လက်ရှိ ဆန္ဒပြုမှု အများဆုံးစာရင်းကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်ဗျာ...။

လေးစားစွာဖြင့်
မောင်သုတ

No comments:

Related Posts Plugin for WordPress, Blogger...