လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ချောကလက်ပုံမှန်စားခြင်းက ကိုယ်ခန္ဓာသွယ်လျစေ

ချောကလက်ပုံမှန်စားသူတွေဟာ ခန္ဓာကိုယ်ပိုပြီးသွယ်လျလာဖွယ်ရှိတယ်လို့ သုတေသနတစ်ရပ်က ဖော်ပြပါတယ်။ ခန္ဓာကိုယ်ဝဖြိုးမှု တိုင်းတာချက်တစ်ရပ်ဖြစ်တဲ့ ခန္ဓာကိုယ်ထုအညွှန်း (BMI)၊ ကယ်လိုရီပါဝင်မှုနှင့် အာဟာရဓာတ်စာတွေကို စစ်ဆေးတဲ့ အမေရိကန်သား ၁၀၀၀ နီးပါးကို လေ့လာမှုတစ်ရပ်ကနေပြီး တွေ့ရှိလာတာဖြစ်ပါတယ်။ တစ်ပတ်ကို အကြိမ်အနည်းငယ်လောက် ချောကလက်စားသူတွေဟာ ပျမ်းမျှ ရံဖန်ရံခါစားသူတွေထက် ခန္ဓာကိုယ်ပိုသွယ်လျမှုရှိတာကို တွေ့ရှိခဲ့တာပါ။ ချောကလက်မှာ ကယ်လိုရီများ ပါဝင်ပေမယ့် အဆီဓာတ်ပေါင်းစပ်မှုထက် အလေးချိန်လျော့ကျရေးကို ပိုပြီးကူညီဖွယ်ရှိတယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။ ကယ်လိုရီပါဝင်မှုတိုးစေပေမယ့် ချောကလက်ပုံမှန်စားတာက BMI လျော့ကျမှုနဲ့ ဆက်စပ်နေတယ်လို့ Archive of Internal Medicine  မဂ္ဂဇင်းကဖော်ပြပါတယ်။ လေ့လာမှုအရ ကိုယ်ခန္ဓာသွယ်လျမှုဟာ အကြိမ်ဘယ်လောက်များများ လေ့ကျင့်ခန်းလုပ်သလဲ ဆိုတဲ့အခြားအချက်တွေနဲ့ ဆက်စပ်မှုရှိကြောင်း၊ ချောကလက်ဘယ်လောက်များများစားတယ် ဆိုတာထက် ဘယ်လိုမကြာခဏစားတယ်ဆိုတာ ပိုအရေးကြီးကြောင်း ဖော်ပြထားပါတယ်။
အခြားလေ့လာမှုတွေကလည်း ချောကလက်ဟာ နှလုံးအတွက်ကောင်းမွန်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အနက်ရောင်ချောကလက်မှာပါတဲ့ ရောဂါတိုက်ဖျက်တဲ့ ပစ္စည်းတွေဟာ ကလာပ်စည်းတွေကို ပျက်စီးစေတဲ့ မတည်ငြိမ်တဲ့ ဓာတုပစ္စည်းများ၊ အသားမျှင်တွေပျက်စီးစေတဲ့ အမှုန်လေးများကို ဖယ်ရှားပစ်နိုင်ပါတယ်...။

No comments:

Related Posts Plugin for WordPress, Blogger...