လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြန်မာ့သင်္ကြန်နှင့် ယို့ယွင်းအပိုင်းအစလေးများ (ကျွန်တော့်အတွေး)

ဒါလေးက ကျွန်တော့်ဘလော့ရဲ့ အဓိကရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ စိတ်ထဲရှိတာလေးပေါ့...။
မြန်မာပြည်ရဲ့ သင်္ကြန်ကာလအတွင်းမှာ ပျော်ပျော်ရွှင်ရွှင် အေးချမ်းစွာနဲ့ ရေကစားကြသူ၊ လည်ပတ်ကြသူတွေ၊ စတုဒီသာ၊ အလှူကျွေးမွေးမှုတွေ၊ တရားစခန်းဝင်ကြသူတွေ စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။

ဒီပို့စ်မှာ ပါတဲ့ ပုံလေးတွေက နေ့တိုင်း Facebook စတဲ့ Social Network တွေမှာ တနေ့ထက်တနေ့ မရိုးအောင် မြင်နေရတဲ့ မြန်မာပြည်ရဲ့ သင်္ကြန်တွင်းသရုပ်ပျက် ဓာတ်ပုံလေးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနဲ့ နိုင်ငံတစ်နိုင်ငံအတွက်တော့ ဒီမြင်ကွင်းတွေဟာ ရင်နင့်စရာပါ (ကြီးကြီးကျယ်ကျယ်ပြောတာတော့ မဟုတ်ပါဘူး)၊ စိတ်ထဲမှာခံစားမိတာလေးပါ။

နိုင်ငံခြားသားတွေ မြန်မာပြည်ကို စိတ်ဝင်တစား အလည်လာကြတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုပွဲတော်တွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ ကိုယ်ပိုင်ဂီတအနုပညာတွေကြောင့်ပါ၊ ဒီလို ယို့ယွင်းနေတဲ့ သရုပ်ပျက် ဆင်ယင်မှု၊ အပြုအမူတွေသာ တနေ့တခြားများပြားလာမယ်ဆို ဒါဟာ အနှုတ်လက္ခဏာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

အဓိက မိန်းကလေးတွေ အတွက်ပါ၊ ကျွန်တော်ဆိုလိုတာက  အင်္ကျီလက်ပြတ်နဲ့ စကပ်အတိုပဲ ၀တ်ဝတ်၊ လွတ်လွတ်လပ်လပ် ဘောင်းဘီရှည်၊ ဂျင်းဘောင်းဘီ စတာတွေပဲဝတ်ဝတ် သင်္ကြန်တွင်းမှာ ခေတ်မီမီ၊ ခပ်လန်းလန်း၊ ခေတ်ဆန်ဆန်နဲ့ လုံလုံခြုံခြုံ ၀တ်လို့ရတာတွေ အများကြီးပါ။ မမြင်သင့်တာတွေ၊ private တွေကိုတော့ လုံခြုံကြစေချင်ပါတယ်။ ခုဟာက သင်္ကြန်တွင်းရောက်ပြီ၊ ငါတို့ ပြချင်တာတွေ တရားဝင်ပြလို့ရပြီ ဆိုသလိုဖြစ်နေပါတယ်။ မိန်းကလေးတန်မဲ့ အရက်၊ ဘီယာသောက်စားမူးယစ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ လူမြင်ကွင်းမှာ မဖြစ်သင့်၊ မမြင်သင့်တာတွေချည်း ဖြစ်နေ၊ မြင်နေရပါတယ်။ Celebrity တွေကလဲ Celebrity တွေမို့လို့ စသဖြင့်ပေါ့...။ ကျွန်တော် အခုလိုပြောနေတာ လူတစ်ဖက်သားကို ရှုံ့ချပုတ်ခတ် အပြစ်တင်လိုတဲ့ သဘောနဲ့မဟုတ်ပါဘူး။ အားလုံးကို ကျွန်တော့်ရဲ့ ညီမ၊ အစ်မ တွေလို သဘောထားပြီး တွေးမိပြောမိတာလေးတွေပါ။
ကျွန်တော်တို့ မြန်မာ ယောက်ျားလေးများအနေနဲ့လဲ သင်္ကြန်တွင်းမှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်ကြတာ ကိစ္စမရှိပါဘူး။ မမြင်ကွယ်ရာမှာကို မပြောလိုပါ၊ လူမြင်ကွင်းမှာတော့ အမြင်မသင့်တာတွေ၊ သရုပ်ပျက် ရှက်ဖွယ် လုပ်ရပ်မျိုးတွေကို ကိုယ်တိုင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။ ဆရာကြီး၊ လူတတ်ကြီးလုပ်တာလဲ မဟုတ်သလို ကိုယ်တိုင်လဲ အရမ်းယဉ်ကျေးသိမ်မွေ့နေသူမဟုတ်ပေမယ့် အခုပြောတာတွေဟာ ကျွန်တော့်ရင်ထဲကလာတဲ့ အတွေးအပိုင်းအစလေးတွေ ဖြစ်ပါတယ်။ အမှားပါခဲ့ရင် အားလုံး နားလည် ခွင့်လွှတ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ...။

အောက်မှာတင်ထားတဲ့ ပုံတွေက လူတဘက်သားရဲ့ privacy ကို တိုက်ခိုက်လိုစိတ်၊ အပုတ်ချလိုစိတ်နဲ့ တင်ထားတာမဟုတ်ပါ။ တမင် ပြုပြင် လုပ်ယူထားတာလဲ မပါပါ။ အင်တာနက်မှာ လက်တလော ပျံ့နှံ့နေကြတဲ့ (မြန်မာလူမျိုးအမြင်နဲ့) အမြင်မတင့်တဲ့ ပုံများကို ပြုပြင်စေချင်တဲ့ဆန္ဒနဲ့ ယို့ယွင်းအပိုင်းအစလေးများအဖြစ် တင်ပြခြင်းသာဖြစ်ပါတယ်။
အောက်မှာ ပုံတွေ ကြည့်နိုင်ပါတယ်...။



မြန်မာပြည်ရဲ့ celebrity တစ်ပွင့်

 သတိထားပါဦးဗျာ

လူမြင်ကွင်းလေးမှာတော့ ဆင်ခြင်ကြပါ

 
စိတ်ထိန်းကြပါဦး

ဖြစ်ပျက်နေလိုက်ကြတာများ

ဒီထက်လန်းပြီး လုံခြုံအောင်ဝတ်လို့ရပါတယ်

 တိုင်ပတ်အက ကတတ်၊ sexy ဆွဲတတ်မှ ခေတ်မီတာမဟုတ်ပါ


ဒါတောင် ဒီထက်ပိုဆိုးတဲ့ ပုံတွေ၊ မြင်ကွင်းတွေ ရှိဦးမှာနော်...။ ဘာပဲပြောပြော ယို့ယွင်းနေတဲ့ အပိုင်းအစလေးတွေကို ပြုပြင်စေချင်ပါတယ်...။

6 comments:

အောင်ဝင်းနိုင် said...

လူ့စိတ်က လွတ်လပ်နေရတယ်၊ သူနေတတ်သလိုနေတာ၊ ကြည့်တတ်ရင် ဘာဝနာ၊ ကြည့်တတ်ရင် တဏှာ၊ ကဲ မင်းဘယ်လိုကြည့်လဲ။ ရာဂသောင်းကျန်းအောင်လုပ်နေတာသူတို့မဟုတ်ဘူး။ သူတို့မပြလည်း သူတော်စင်မဟုတ်တဲ့သူကတော့ ရာဂသောင်းကျန်းတာပဲ။ ဖုံးထားလည်း အတွေးနဲ့ ကြည့်နေမှာပဲ။ အဲ့ဒါတွေကို အပြစ်မတင်နဲ့ အဲ့ဒါတွေက အချိန်တိုင်း၊ နေရာတိုင်း သူတို့ကို အားပေးတဲ့သူနဲ့ ရှိနေမှာ။ မင်းတို့လျှာတွေ ရှည်လွန်းနေရင်လည်း စားသောက်ဆိုင်ကိုဖြတ်ပြီးပို့လိုက်၊ ယဉ်ကျေးမှုဆိုတာ အသိုင်းအ၀န်းတစ်ခုက မတရားသတ်မှတ်ထားတဲ့စံနှုန်းတစ်ခုပါ။ တကိုယ်လုံး အ၀တ်မ၀တ်တော့ရော မင်းတို့ ဘာထိခိုက်သွားလည်း။ ထိခိုက်သွားရင် မင်းတို့ကောင်တွေ မဟုတ်တာတွေ တွေးပြီး ကြည့်နေလို့

မောင်သုတ said...

ဟုတ်ပါပြီ ကိုအောင်ဝင်းနိုင်ရေ.. လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်ဗျာ...

alinmoesat said...

လေးစားစရာပဲပါ ကိုအောင်နိုင်ဝင်းရေ...ဟဟဟ

Anonymous said...

လေးစားစရာပဲပါ ကိုအောင်နိုင်ဝင်းရေ...ဟဟဟ

mabaydar said...

ခုလိုပျက်စီးတဲ့သူတွေနဲ့... အောင်နိုင်ဝင်းတို့လို့ မြှောက်ထိုးပင့်ကော်နဲ့ မီးလောင်ရာလေပင့်တတ်သူတွေရှိနေတဲ့ကြားက သတ္တိရှိရှိကိုယ့်အမြင်ကိုယ် ချရေးရဲတာကို လေးစားပါတယ်... ယဉ်ကျေးမှုဆိုတာ အသိုင်းအ၀ိုင်းတစ်ခုက မတရားသတ်မှတ်ထားတာမဟုတ်ပါဘူး... ကိုယ့်ဘိုးဘေးဘီဘင် ကိုယ့် Origin ဆိုတာဘာလဲပြသလိုက်တာပါ... အနောက်နိုင်ငံတွေမှာလဲ သူတို့ ယဉ်ကျေးမှုသူတို့ရှိပါတယ်... တိုင်ပတ်ကတာ သူတို့ယဉ်ကျေးမှုလို့ ဘယ်လူမျိုးမှ မဖြေပါဘူး...
စကာင်္ပူလိုနိုင်ငံမျိုးဆို ကိုယ်ပိုင်ယဉ်ကျေးမှုမရှိလို့ မရှိရှိအောင် နှစ်နဲ့ချီစုဆောင်းနေရပါတယ်... ရိုးရာဝတ်စုံဆိုတာသူတို့မှာမရှိလို့ ခုမှ နွန်ရ ၀တ်စုံ (ကုလားလိုလို တရုတ်လိုလို) ၀တ်စုံကို တစ်စတစ်စ သူတို့ရိုးရာဝတ်စုံဆိုပြီး လုပ်ယူနေရပါတယ်...
ဒီပိုစ့်ပိုင်ရှင်ရေးထားတာ ကျွန်မတို့စိတ်ထဲမှာရှိတာတွေဟာ ခေတ်မီမီမနေရဘူးလို့လဲ ဘယ်သူမှ မပြောပါဘူး... လူမြင်ကွင်းမှာ မတင့်တယ်တာတွေမလုပ်ဖို့ပဲပြောတာပါ...
ကိုအောင်ဝင်းနိုင်ကရော ဘာဝနာနဲ့ကြည့်လား တဏှာနဲ့ကြည့်လား...
ရှင်ပြောသလို ရာဂသောင်းကျန်းသူက စိတ်နဲ့ကြည့်တယ်ဆိုရင်တောင် လုံခြုံပြီး အမျိုးကောင်းသမီးထင်ရသူတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ရာနှုန်းနည်းပါတယ်....
ဒီလိုဝတ်စားတယ်ဆိုတာ rape ခံရဖို့လဲ ရာနှုန်းများပါတယ်...
Consequences တွေကို မသိပဲ သူ့ထက်ငါ ပေါ်လွင်ချင်လို့ လုပ်နေတဲ့ မြန်မာမိန်းကလေးတွေ မှန်ကန်တဲ့နည်းနဲ့ တိုင်းတပါးကို အတုယူသင့်တယ်လို့ထင်တယ်...

ခေတ်မှီလို့ရပါတယ် ခေတ်မလွန်ပါနဲ့...

Anonymous said...

တကိုယ်လုံး အ၀တ်မ၀တ်တော့ရော ကျန်တဲ့သူ ဘာထိခိုက်သွားလည်း ဆိုတဲ့ ဆရာသမား အမေ နှမအရင်းအချာ ရှေ့မှာများ အ၀တ်မပါဘဲ နေရော့သလားဗျာ။

Related Posts Plugin for WordPress, Blogger...