လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြောက်ကိုရီးယားတွင် စစ်မှုထမ်းရမည့်သူများ အရပ်အမောင်း သတ်မှတ်ချက် လျော့ချ

မြောက်ကိုရီးယားတွင် ၁၉၉၀ ပြည့်နှစ်က အငတ်ဘေးဆိုးဆိုးရွား ရွားဖြစ်ပွားခဲ့သဖြင့် ယင်းအချိန်ကာလက မွေးဖွားခဲ့သော လက်ရှိမျိုးဆက်သည် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအားနည်းမှုကြောင့် စစ်မှုထမ်းရမည့်သူများအတွက် လိုအပ်သော အရပ်အမောင်း အနိမ့်ဆုံး သတ်မှတ်ချက်ကို လျော့ချပေးခဲ့ကြောင်း ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သော သတင်းဖော်ပြချက် အရ သိရသည်။

အနိမ့်ဆုံးသတ်မှတ်ချက် ၁၄၅ စင်တီမီတာကို ၁၄၂ စင်တီမီတာ (၄ ပေ၊ ၉ လက်မ) သို့လျော့ချပေးခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများဦးစီးသော ဆိုးလ်အခြေစိုက် အွန်လိုင်းသတင်းစာ Daily NK က ရေးသားဖော်ပြခဲ့သည်။

ကိုယ်ခန္ဓာ ပုံမှန်အနေအထားရှိသော အသက် ၁၆ နှစ်မှ ၁၇ နှစ် အထိ အမျိုးသားများသည် မဖြစ်မနေ စစ်မှုထမ်းရမည့်ဥပဒေကို ပြဋ္ဌာန်းထားသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ်ပုံ မှန်ဖွံ့ဖြိုးသော အမျိုးသမီးများသည်လည်း ကာလတစ်ခုခန့် စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဥပဒေထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားတွင် အရပ်ပု သူများပြားလာသောကြောင့် စစ်တပ်က သတ်မှတ်ချက် လျော့ချလက်ခံခြင်းဖြစ်ကြောင်း  Daily NK က မြောက်ကိုရီးယားမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် ၁၉၉၀ ပြည့်နှစ်က အငတ်ဘေးကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကလေးသေနှုန်းမြင့်မားခဲ့သလို ကလေးမွေးနှုန်းမှာလည်း ကျဆင်းခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

Ref: AFP

No comments:

Related Posts Plugin for WordPress, Blogger...