လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ယူရို (၂၀၁၂)ပြိုင်ပွဲနှင့် လက်ခံ ကျင်းပမည့် ဘောလုံး ကွင်းများ

ဒီပို့စ်လေးကတော့ myanmarstriker အားကစားဆိုက်လေးမှာ တင်ထားတာပါ။ လာမယ့် ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲကြီးကို ယူကရိန်းနဲ့ ပိုလန်နိုင်ငံတွေမှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပကြမှာ ဖြစ်ပါတယ်။ အဲတော့ ပြိုင်ပွဲကျင်းပဖို့ ပြင်ဆင်ထားတဲ့ နှစ်နိုင်ငံက ဘောလုံးကွင်းတွေအကြောင်းကို ဘောလုံး ၀ါသနာရှင်များအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်။

ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )

ကိဗ် အိုလံပစ် ဘောလုံး ကွင်းကြီးကို ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ယက် တွင် တည်ဆောက် ထားသည်။ အဆိုပါ ကွင်းကြီး သည် လက်ရှိ ယူကရိန်း တွင် အကြီးဆုံး ကွင်းကြီး အဖြစ် သတ်မှတ် ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ် အသင်း ပိုင်ဆိုင်သော ကွင်းကြီးလည်း ဖြစ်သည်။
ထို ကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လု ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရန် စီစဉ် ထားပြီး၊ ကွာတား ဖိုင်နယ် ပွဲစဉ် တစ်ပွဲနှင့် ယူကရိန်း အသင်း ပါဝင်သော အုပ်စု ပွဲစဉ်များ ကိုလည်း အဆိုပါ ကွင်းတွင် ပင် ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။

နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါ ကွင်း ကို ယူကရိန်း ဘောလုံး ကလပ် FC Lviv အသင်း ပိုင်ဆိုင်ပြီး ယူကရိန်း နိုင်ငံ အနောက်ပိုင်း မြို့တော်ဟု ခေါ်တွင် သည့် Lviv မြို့ တွင် တည်ဆောက် ထားသည်။ အဆိုပါ ကွင်း တွင် ဂျာမနီ ၊ ပေါ်တူဂီ ၊ ဒိန်းမတ် နှင့် ဟော်လန် အသင်း တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပမည် ဖြစ်သည်။

ခါကစ်-မီတဲလစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါ ကွင်းကို ယူကရိန်း နိုင်ငံ၏ ဒုတိယ မြို့တော် ခါကစ်စီးတီး တွင် တည်ဆောက် ထားပြီး လက်ရှိ ယူကရိန်း ကလပ် မီတဲလစ် အသင်း ပိုင်ဆိုင်သော ကွင်းဖြစ် သည်။ ထိုကွင်း တွင် ဂျာမနီ ၊ ဟော်လန် ၊ ပေါ်တူဂီ၊ ဒိန်းမတ် အသင်းများ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။

ဒွန်းဘတ်စ် အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၅၀၀၀၀)
 
အဆိုပါ ကွင်း ကို ယူကရိန်းနိုင်ငံ ၏ မြို့တစ်မြို့ ဖြစ်သော ဒိုးနပ်စ် မြို့တွင်တည်ဆောက် ထားခဲ့သည်။ ကိဗ် အိုလံပစ် ကွင်းပြီး လျှင် ယူကရိန်း နိုင်ငံ၏ အကြီးဆုံး ကွင်း တစ်ကွင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ် က မှ ယူရိုပြိုင်ပွဲ အတွက် ရည်မှန်း၍ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ယူကရိန်း ကလပ် ရှက်တာဒိုးနပ်စ် အသင်း ပိုင်ဆိုင်မည့် ကွင်း ဖြစ်လာ မည် ဖြစ်သည်။
အဆိုပါ ကွင်း တွင် အင်္ဂလန်၊ ပြင်သစ် ၊ ယူကရိန်း ၊ ဆွီဒင် အသင်းများ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပ မည့် အပြင် ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲနှင့် ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲကို ပါ လက်ခံ ကျင်းပ မည် ဖြစ်သည်။

ဝါဆောအမျိုးသားကွင်း (ပရိသတ် ၀င်ဆန့်မှု -  ၅၀၀၀၀)
 
ပိုလန် နိုင်ငံ ၀ါဆောမြို့ တွင် တည်ဆောက် ထားခြင်း ဖြစ်ပြီး အဆိုပါ ကွင်း အတွက် ပေါင် ၂၅၅ သန်း အထိ အကုန် အကျခံ တည်ဆောက် ထားသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲ၏  ဖွင့်ပွဲ ကို အဆိုပါ ၀ါဆော ကွင်းတွင် ပြုလုပ် သွားမည် ဖြစ်ပြီး ပိုလန် အသင်း ပါဝင်သော အုပ်စု ပွဲစဉ် အချို့ ကိုလည်း လက်ခံ ကျင်းပ မည်ဖြစ်သည်။
ထို့ပြင် အဆိုပါ ကွင်း တွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲ နှင့် ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲ ကိုလည်း လက်ခံ ကျင်းပမည် ဖြစ်သည်။

ပီဂျီအီး အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန် နိုင်ငံ ဂျန့်ခ် မြို့တွင် တည်ဆောက် ထားသော ဘောလုံးကွင်း ဖြစ်ပြီး လက်ရှိ တွင်လည်း ပိုလန် ကလပ် ဂျန့်ခ် အသင်း ပိုင်ဆိုင်သော ကွင်း တစ်ကွင်း ဖြစ်သည်။
အဆိုပါ ကွင်းတွင် လက်ရှိ ချန်ပီယံ စပိန် ၊ အီတလီ ၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပမည် ဖြစ် သလို ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတား ဖိုင်နယ် ပွဲစဉ် တစ်ပွဲကိုလည်း လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။

ပေါ့ဇ်နန် စတေဒီယန် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန် နိုင်ငံ ပေါ့ဇနီ မြို့တွင် တည်ဆောက် ထားသော ကွင်းဖြစ်ပြီး လက်ရှိတွင် ပိုလန် ကလပ် အသင်း ၂ သင်းဖြစ်သော လက်ခ်ျပေါ့ဇနန် နှင့် ၀ါတာ ပေါ့ဇ်နန်တို့ ၂ သင်း ပူးတွဲ ပိုင်ဆိုင်ပြီး ၁၉၈၀ ခုနှစ်တွင် အဆိုပါ ကွင်းကို တည်ဆောက် ခဲ့သည်။
ထိုကွင်း တွင် အီတလီ ၊ စပိန် ၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ ကို ကျင်းပမည် ဖြစ်သည်။

မြူနီစပယ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
အဆိုပါ မြူနီစပယ် စတေဒီယမ် ကို ပိုလန်နိုင်ငံ စလီဗာ မြစ်အနီး အနားတွင် တည်ဆောက် ထားပြီး ယခု ယူရို ၂၀၁၂ ပြိုင်ပွဲ အတွက် ရည်မှန်း ကာ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကွင်း ကို တရုတ် ဒီဇိုင်း ပညာရှင်များက တည်ဆောက် ထားပြီး တံတားပေါင်း ၁၁၂ ခုပါဝင်ကြောင်း သိရသည်။ ထိုကွင်း တွင် ရှရှား ၊ ပိုလန်၊ ဂရိ ၊ ချက်ရီပဘလစ် တို့၏ အုပ်စု အဆင့် ပွဲစဉ် များကို လက်ခံ ကျင်းပ မည် ဖြစ်သည်။

  

No comments:

Related Posts Plugin for WordPress, Blogger...