လာေရာက္လည္ပတ္သူအားလံုး ကုိယ္စိတ္ႏွစ္ျဖာ က်န္းမာရႊင္လန္းၾကပါေစ ...

႐ုရွားအဓိပတိ ဗလာဒီမာပူတင္ ရဲ႕ အတၳဳပၸတၱိ။ ရုရှားအဓိပတိ ဗလာဒီမာပူတင် ရဲ့ အတ္ထုပ္ပတ္တိ

Unicode:

ကမ္ဘာခေါင်းဆောင်တစ်ဦးအဖြစ်ကာလ အရှည်ဆုံးရပ်တည်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုတော့ (၁၉၅၂)ခုနှစ်၊အောက်တိုဘာ(၇)ရက်နေ့မှာ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လီနင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့)မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ရုရှားရေတပ်ရဲ့စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာNKVD သံထည်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ စက်ရုံအလုပ် သမတစ်ဦးဖြစ်ပြီး သားသုံးယောက်ရှိတဲ့ အနက်က ပူတင်ဟာအငယ်ဆုံးသား ဖြစ်ပါတယ်။

ပူတင်ဟာ အသက်(၈)နှစ်အရွယ်မှာတော့ Baskov Lane မှာရှိတဲ့ အမှတ် (၁၉၃) မူလတန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ် ရောက်တဲ့အချိန်မှာတော့ ရုရှားကိုယ်ခံပညာဖြစ်တဲ့ Sanbo ကစားနည်းနဲ့ Judo ပညာ ရပ်တွေကို စတင်လေ့ကျင့်ခဲ့ပြီး ဂျူဒိုခါးပတ်နက်နဲ့ စန်ဘိုကစားနည်းမှာ နိုင်ငံလက်ရွေး စင်အထိရောက်အောင် ထူးချွန်ခဲ့ပါတယ်။ ထို့နောက် အထက်တန်းပညာကို စိန့်ပီတာစဘတ်မှာရှိတဲ့ အမှတ် ၂၈၁ အထက်တန်းကျောင်းမှာသင်ကြား ခဲ့ပါတယ်။

အထက်တန်းကျောင်းသား ဘဝမှာပဲ ပူတင်ဟာ ဂျာမန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်လောက်တဲ့ အထိဆက်လက်ဆည်းပူးခဲ့ပါတယ်။ ပူတင်ရဲ့ရည်မှန်းချက်ကတော့ ယင်းခေတ်အခါက အလွန်ခေတ်စားခဲ့တဲ့ စပိုင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ပူတင်ဟာဆက်လက်ပြီး စိန့်ပီတာစဘတ်တက္ကသိုလ်မှာ ဥပဒေပညာကိုဆက်လက် လေ့လာခဲ့ပြီး (၁၉၇၅)ခုနှစ်မှာတော့ ဥပဒေဘာသာဘွဲ့ကိုပိုင်ဆိုင်ခဲ့ပါတယ်။

ပူတင်ဟာ စပိုင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အသွေးတွေပိုင်ဆိုင် ပြီးတဲ့နောက်မှာတော့ ရုရှားထောက်လှမ်းရေးအဖွဲ့ KGB ကိုဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ ပူတင်ဟာ KGB အဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ (၁၆)နှစ်တာကာလအတွင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေဂျာမနီမှာတော့ (၄)နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ဘာလင်တံတိုင်းပြိုကျခြင်းနဲ့အတူ ပြီးဆုံးသွားတဲ့စစ်အေးတိုက်ပွဲကာလ အတွင်းမှာ ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုကြီး ပျက်စီးတော့မယ့်အကြောင်းကို ကောင်းကောင်းကြီးဆင်ခြင်မိပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ဖြစ်စဉ်ဟာ ပူတင်အတွက်ကြီးစွာသော ခံပြင်းမှုကို ဖြစ်စေခဲ့ပါတယ်။ ယင်းနောက်မှာတော့ ပူတင်ဟာ နိုင်ငံရေးလောကကို အခြေချရန်ဆုံးဖြတ်ခဲ့ကာ (၁၉၉၁)ခုနှစ်မှာတော့ KGB ကနေထွက်ပြီး လီနင်ဂရက်မြို့တော်ဝန်ဆီမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။(၁၉၉၄) ခုနှစ် မှာတော့ ဒုတိယမြို့တော်ဝန်ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ သမ္မတ ဘိုရစ်ရော့ဆင် အစိုးရ အဖွဲ့မှာ ပါဝင်ထမ်းဆောင်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။

ပူတင်ရဲ့ သူမတူတဲ့ အရည်အချင်းတွေကြောင့် (၁၉၉၉)ခုနှစ်မှာတော့ လုံခြုံရေး ကောင်စီဝန်ကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပူတင်ရဲ့အရည်အချင်းကိုသိတဲ့ ဘိုရစ်ရော့ဆင်ဟာ သူရာထူးမှနှုတ် ထွက်ချိန်မှာ ပူတင်ကိုသမ္မတရာထူးနေရာအတွက် လျာထားခဲ့ပါတယ်။ (၁၉၉၉)ခုနှစ် သြဂုတ်လမှာ ပူတင်ဟာရုရှားဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒီဇင်ဘာလမှာတော့ ရုရှားနိုင်ငံရဲ့ ယာယီသမ္မတ အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ တစ်ဆက်တည်းပဲ (၂၀၀၀)ပြည့်နှစ် မှာတော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး မတ်လ(၂၆)ရက်နေ့မှာ ရုရှားနိုင်ငံရဲ့ တရားဝင် သမ္မတဖြစ်လာခဲ့ပါတယ်။

၂၀၀၄ ခုနှစ်သမ္မတ ရွေးကောက်ပွဲမှာလည်း ပူတင်ပဲ အနိုင်ရခဲ့တာကြောင့် သမ္မတသက်တမ်းကို (၂)ကြိမ်ဆက် ထမ်းဆောင်ခဲ့ပါတယ်။(၂၀၀၈)မှာတော့ ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေအရ ပူတင်ရဲ့ သမ္မတရာထူး ပြီးဆုံးခဲ့ပေမဲ့ နောက်အသစ်တပ်တဲ့ သမ္မတDmitry Medvedev ကပူတင်ကို ဝန်ကြီးချုပ်နေရာကို ဆက်လက် ခန့်အပ် ခဲ့တာကြောင့် ဒုတိယအကြိမ်မြောတ် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ ပြန်ပါတယ်။ ယင်းနှစ်မှာပင် ရုရှားနိုင်ငံရဲ့ သမ္မတရာထူးကို (၆)နှစ်ကာလကို ထပ်မံတိုးမြှင့် ခဲ့ပါတယ်။

(၂၀၁၂)ခုနှစ် ရွေးကောက်ပွဲမှာတော့ အငြင်းပွားမှုတွေ ရှိနေပေမဲ့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်မှုအရ ထောက်ခံမဲ (၇၆.၆၉)ရာခိုင်နှုန်းကို ပူတင်ကရရှိခဲ့တယ် လို့ထုတ်ပြန်ခဲ့ပါတယ်။ ပူတင်ဟာ စုစုပေါင်း မဲပေါင်း(၅၆)သန်းရရှိခဲ့တာဖြစ် လို့ ဆိုဗီယက်ခေတ်လွန်ကာလအတွင်း မဲအများဆုံးရရှိတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်၊မတ်လအတွင်း ကျင်းပခဲ့တဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ရလဒ်တွေမှာ လည်း ပူတင်ဟာထောက်ခံမဲ (၇၆.၆၇)ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် (၂၀၂၄) ခုနှစ်အထိ ရုရှားနိုင်ငံ ကိုဆက်လက် ဦးဆောင်သွားမှာလည်း ဖြစ်ပါတယ်။

ပူတင်လက်ထက်မှာတော့ရုရှားနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေဟာ တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့်ရုရှားတပ်မ တော် ထိပ်တန်းတပ်မတော်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြည်ပနိုင်ငံတွေအထိ တောင်စစ်လက်နက်တွေ တင်ပို့ရောင်းချလာနိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရုရှား ဟာ ကမ္ဘာပေါ်မှာ ဒုတိမြောက် စစ်လက်နက်ပစ္စည်းတင်ပို့တဲ့ နိုင်ငံအဖြစ်ရပ်တည်နေ ပါတယ်။ ပူတင်ဟာ ယင်းကာလတုန်းက ကျင့်သုံးနေတဲ့ရုရှား လစ်ဘရယ်စနစ်ဟာ ခေတ်နဲ့ကိုက်ညီမှုမရှိတော့တဲ့အပြင် ရုရှားပြည်တွင်းက အကြမ်းဖက်ဂိုဏ်းတွေနဲ့  ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိ တော့ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

ဒါကြောင့်ပထမဆုံး ဖရိုဖရဲဖြစ်နေတဲ့ ရုရှား လူအဖွဲ့အစည်းကို တစ်သားတည်းဖြစ်အောင်တည်ဆောက်ဖို့ အရင်အားထုတ်ခဲ့ပါ တယ်။ အဲဒီနောက်တော့ ညီညွတ်သောရုရှားများပါတီကို တည်ထောင်ခဲ့ပါတယ်။ ပူတင် သမ္မတ စဖြစ်တဲ့သက်တမ်းမှာပဲ ရုရှားနိုင်ငံရဲ့ GDP ဟာကျန်ခဲ့တဲ့ (၈)နှစ်တာကာလအတွင်း ၇၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်။ ဒါအပြင် ခရိုင်းမီးယား ဒေသကိုလည်း ပြန်လည် ပေါင်းစည်းနိုင်ခဲ့တာကြောင့် ရုရှားနိုင်ငံရဲ့အင်အားကို ပြန်လည်တည်ဆောက်ရာမှာ အလွန်အရေးပါခဲ့ကာ နိုင်ငံတကာက ရုရှားနွေဦးကာလအဖြစ်တောင် မှတ်ယူခဲ့ပါတယ်။

ဒါအပြင် ချေချင်းညာ စစ်ပွဲကိုအဆုံးသတ်လိုက်နိုင်တာ ကြောင့် ပူတင်ဟာ ရုရှားနိုင်ငံသားတွေရဲ့ အထင်ကြီးအားကိုးစရာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့ ပါတယ်။ နိုင်ငံတကာမှာလည်း ရုရှားနိုင်ငံရဲ့ အခန်းကဏ္ဍဟာ ပိုမိုထင်ရှားလာ ခဲ့ပြီး ဥရောပနိုင်ငံအားလုံးကိုကျော်တက်ပြီး အမေရိကန်ကို အမီလိုက်ဖို့အထိ အနေအထားတစ်ရပ် ကိုဖန်တီးနိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ စစ်ရေးနဲ့စီးပွားရေးဟာ ပူတင်လက်ထက်မှာ ဆိုဗီယက်ပြည်ထောင်စုနောက်ပိုင်း အင်အားအတောင့်တင်းဆုံး ဖြစ်အောင် စုစည်းနိုင်ခဲ့ပါတယ်။

ပူတင်ဟာ အမျိုးသားအကျိုးစီးပွားကို အဓိကထားတဲ့ နိုင်ငံရေးမူဝါဒကို အောင်မြင်စွာကျင့်သုံးခဲ့တကြောင့် ပြည်တွင်းထောက်ခံမှု အခိုင်အမာ ရရှိနေသူလည်းဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲလို၊ အိုလံပစ်ပြိုင်ပွဲ လို ကမ္ဘာထိပ်တန်း အားကစားပွဲတွေကို ပူတင်ရဲ့ ဦးဆောင်မှုနဲ့ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့တာကြောင့်လည်း ရုရှားနိုင်ငံရဲ့ ပုံရိပ်အပါအဝင်၊စီးပွားရေးလုပ်ငန်း တွေများစွာ မြှင့်တင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

သူဟာ (၁၉၈၃)ခုနှစ်၊ဇူလိုင်(၂၈)ရက်နေ့မှာ လေယာဉ်မယ် Lyudmila Shkrebneva နဲ့လက်ထပ်ခဲ့ ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ဟာအနှစ် ၂၀၁၃ ခုနှစ်၊ဇွန်လမှာ နှစ်ဦးသဘောတူ ကွာရှင်းပြင်ဆဲခဲ့ ပါတယ်။ နာမည်ကျော်ရုပ်သံမင်းသမီးတွေ၊မော်ဒန်တွေနဲ့ သတင်းတွေထွက်နေပေမဲ့ ယနေ့အချိန်မှာတော့ ပူတင်ဟာ တစ်ကိုယ်တည်း အနေအထားနဲ့ဘဝကို ဖြတ်သန်းနေဆဲပဲဖြစ်ပါတယ်။

(၂၀၀၀)ပြည့်နှစ်မှာ ရုရှားနိုင်ငံရဲ့ သမ္မတတစ်ဦးဖြစ်ပေမဲ့ KGB ထောက်လှမ်းရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တာနဲ့အညီ နောက်ကြောင်းတွေကို အမှောင်ချထားတာကြောင့် ပူတင်အကြောင်း သိရှိသူအလွန်နည်းပါး ပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ပူတင်ဟာ ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သလို လူစွန့်စားတစ်ဦးဖြစ်တယ်ဆိုတဲ့အကြောင်းကို သိရှိခွင့်ရကြတာပါ။ အမဲလိုက်ခြင်း၊ ဂျက်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြခြင်း၊ရုရှားထုတ်လက်နက်တွေ ကိုကိုယ်တိုင် စမ်းသပ်ပစ်ခတ်ပြခြင်း၊ ခရီးကြမ်းစစ်ဆင်ရေးတွေကို ကိုယ်တိုင်လုပ် ဆောင်ပြခြင်းစတဲ့ ပူတင်ရဲ့ ပုံရိပ်တွေဟာ ကမ္ဘာအနှံ့က လူငယ်တွေအကြား ခေတ်စား ခဲ့ပါတယ်။

ဒါအပြင်တရုတ်နိုင်ငံကို အလည်အပတ်ရောက်ချိန်မှာ ပြသခဲ့တဲ့ ပူတင်ရဲ့ စန္ဒ ယားစွမ်းရည်ကြောင့် ပူတင်ဟာ အနုပညာပိုင်းမှာလည်း ခေသူမဟုတ်ကြောင်း သိရှိခဲ့ ရပါတယ်။ ကမ္ဘာနိုင်ငံတွေရဲ့ အမြင်မှာတော့ ပူတင်ဟာ အမေရိကန်ရဲ့စူပါ ပါဝါကို ထိန်းညှိနိုင်မဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ်အသိအမှတ်ပြုကြပါတယ်။ ပူတင်လက်ထက်မှာ တော့အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမဲ့ ယူကရိန်းအရေး၊ဆီးရီးယားအရေး တွေမှာတော့ တင်းမာမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုရဲ့ အထူးအေးဂျင့် စနိုးဒင်ကို ရုရှားကနိုင်ငံရေးခိုလှုံခွင့်ပေးခြင်းအပါအဝင် (၂၀၁၆) ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို ရုရှားကဝင်ရောက်စွတ်ဖက်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေ ကြောင့် ပြန်လည်တင်းမာလာပါတယ်။  ဆိုက်ဘေးရီးယားမှာပြုလုပ်ခဲ့တဲ့ စစ်အေးတိုက်ပွဲ ပြီးတဲ့အချိန်နောက်ပိုင်းအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းလိုသူတွေအတွက် ရုရှားရဲ့ ခြေလှမ်းကိုစောင့်ကြည့်ချင်စရာ ဖြစ်ခဲ့ပါတယ်။

တရုတ်တပ်ဖွဲ့ဝင် (၃၀၀၀)ကျော်ပါဝင်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ပူတင်ကိုတိုင်စောင့်ကြည့်ခဲ့ပြီး၊ ရုရှားနိုင်ငံ စစ်တပ်ရဲ့ သုံးပုံ တစ်ပုံအထိ ပါဝင်လေ့ကျင့် ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံအရှေဖျားတစ်လျောက်မှာ ကျင်းပခဲ့တဲ့ဒီစစ်ရေး လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ အသင့်တိုက်ပွဲဝင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ ရုရှားဟာ စစ်အင်အားကိုတိုးချဲလျက်ရှိပြီး အခုလေ့ကျင်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ တိုးချဲ့ထားတဲ့ စစ်သည်တွေအတွက် ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ပူတင်ကတော့ ခုခံကာကွယ်ဖိုံအတွက်သာဖြစ်ပြီး ရုရှားဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ မည့်သည့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုမှ ကျူးကျော်ရန်စလိုခြင်း မရှိဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ တပ်မတော် ကိုအမြဲခေတ်မီနေအောင်တော့ ဖန်တီးထားမှဖြစ်ပါမယ်လို့ ဆိုထားပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ရုရှားကို ပူတင်ရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာကဏ္ဍအသီးသီးမှာ ထိပ်တန်းနေရာကို ရောက်အောင်ပို့ဆောင်နိုင်ခဲ့ပါတယ်။

အနောက်အုပ်စုကတော့ ပူတင်ဟာ အာဏာရှင်ဆန်ဆန်နဲ့ စနစ်တကျရုရှားရဲ့ နိုင်ငံတော်အာဏာကို သိမ်းထား တယ်လို့ ဝေဖန်မှုတွေရှိနေပေမဲ့ ရုရှားနိုင်ငံသားအများစုရဲ့ တစ်ခဲနက် ထောက်ခံ ခြင်းကို ရရှိထားတဲ့ ပူတင်အတွက် သက်သက်သာသာပဲ မျက်ကွယ်ပြုထားနိုင်ပါတယ်။ ယခုနှစ် ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင်ခဲ့တဲ့ ပူတင်ရဲ့မဟာဗျူဟာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ အဓိကထား စောင့်ကြည့်ခြင်းကို ခံနေရပြီလည်းဖြစ်ပါတယ်။

သာမန်ထောက်လှမ်းရေးငယ်တစ်ယောက်ဘဝကနေ ကမ္ဘာပေါ်မှာထိပ်တန်း အင်အား ကြီးနိုင်ငံ ဖြစ်တဲ့ ရုရှားသမ္မတဖြစ်လာခဲ့တဲ့ ပူတင်ရဲ့ဟာ ရုရှားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်း ဆောင်တစ်ဦးအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ယနေ့အချိန်မှာ အသက်(၆၆)နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမဲ့ ပူတင်ဟာ ကာယပိုင်းရော ဉာဏ ပိုင်းမှာပါ အကောင်း ဆုံးအနေအထားရှိနေဆဲပါ။

သူတည်ဆောက်ထားတဲ့ ရုရှားနိုင်ငံရဲ့ ယခုလက်ရှိအခြေအနေအရ သူနောက်မှာဆက်ခံမဲ့ ခေါင်းဆောင်တွေအဖို့လည်း အခြေခိုင်ခိုင်ရပ်တည် နိုင်မှာလည်းဖြစ်ပါတယ်။ ပူတင်ရဲ့ကာလကြာ အုပ်စိုးနေမှုကြောင့် အနောက်နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိနေပေ မဲ့ပူတင်ကတော့ ရုရှားနိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး၊သိပ္ပံနည်းပညာနဲ့ ပညာရေးကဏ္ဍ တိုးတက်ဖို့သာ အာရုံစိုက်ထားကြောင်း ပူတင်ကဆိုခဲ့ပြီး ရုရှားကို အမေရိကန်နဲ့အပြိုင် စူပါပါဝါနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

သံမဏိအပြုံးပိုင်ရှင်ရယ်လို့ နာမည်ကျော်တဲ့ အေးတိအေးစက်မျက်နှာထားပိုင်ရှင် ပူတင်ဟာ ကမ္ဘာကြီး ရဲ့အနာဂက်ကိုတောင် ပြောင်းလဲသွားနိုင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူဖြစ်တာ ကြောင့် ပူတင်ရဲ့နိုင်ငံရေးခြေလှမ်းတိုင်းဟာ ကမ္ဘာကစောင့်ကြည့်နေရမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။
==============================================

Zawgyi:

ကမာၻေခါင္းေဆာင္တစ္ဦးအျဖစ္ကာလ အရွည္ဆုံးရပ္တည္ခဲ့တဲ့ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ကိုေတာ့ (၁၉၅၂)ခုႏွစ္၊ေအာက္တိုဘာ(၇)ရက္ေန႔မွာ ႐ုရွားႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ လီနင္ဂရက္ၿမိဳ႕(ယခု စိန႔္ပီတာစဘတ္ၿမိဳ႕)မွာေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူ ႐ုရွားေရတပ္ရဲ႕စစ္မႈထမ္းေဟာင္းတစ္ဦးျဖစ္ၿပီး ေနာက္ပိုင္းမွာNKVD သံထည္စက္႐ုံရဲ႕ အလုပ္သမားေခါင္းေဆာင္ အျဖစ္လုပ္ကိုင္ခဲ့ပါတယ္။ မိခင္ျဖစ္သူကေတာ့ စက္႐ုံအလုပ္ သမတစ္ဦးျဖစ္ၿပီး သားသုံးေယာက္ရွိတဲ့ အနက္က ပူတင္ဟာအငယ္ဆုံးသား ျဖစ္ပါတယ္။

ပူတင္ဟာ အသက္(၈)ႏွစ္အ႐ြယ္မွာေတာ့ Baskov Lane မွာရွိတဲ့ အမွတ္ (၁၉၃) မူလတန္းေက်ာင္းမွာ စတင္ပညာသင္ၾကားခဲ့ပါတယ္။ အသက္(၁၂)ႏွစ္အ႐ြယ္ ေရာက္တဲ့အခ်ိန္မွာေတာ့ ႐ုရွားကိုယ္ခံပညာျဖစ္တဲ့ Sanbo ကစားနည္းနဲ႔ Judo ပညာ ရပ္ေတြကို စတင္ေလ့က်င့္ခဲ့ၿပီး ဂ်ဴဒိုခါးပတ္နက္နဲ႔ စန္ဘိုကစားနည္းမွာ ႏိုင္ငံလက္ေ႐ြး စင္အထိေရာက္ေအာင္ ထူးခြၽန္ခဲ့ပါတယ္။ ထို႔ေနာက္ အထက္တန္းပညာကို စိန႔္ပီတာစဘတ္မွာရွိတဲ့ အမွတ္ ၂၈၁ အထက္တန္းေက်ာင္းမွာသင္ၾကား ခဲ့ပါတယ္။

အထက္တန္းေက်ာင္းသား ဘဝမွာပဲ ပူတင္ဟာ ဂ်ာမန္စကားကို ကြၽမ္းကြၽမ္းက်င္က်င္ေျပာႏိုင္ေလာက္တဲ့ အထိဆက္လက္ဆည္းပူးခဲ့ပါတယ္။ ပူတင္ရဲ႕ရည္မွန္းခ်က္ကေတာ့ ယင္းေခတ္အခါက အလြန္ေခတ္စားခဲ့တဲ့ စပိုင္တစ္ေယာက္ ျဖစ္ခ်င္ခဲ့တာပါ။ ပူတင္ဟာဆက္လက္ၿပီး စိန႔္ပီတာစဘတ္တကၠသိုလ္မွာ ဥပေဒပညာကိုဆက္လက္ ေလ့လာခဲ့ၿပီး (၁၉၇၅)ခုႏွစ္မွာေတာ့ ဥပေဒဘာသာဘြဲ႕ကိုပိုင္ဆိုင္ခဲ့ပါတယ္။

ပူတင္ဟာ စပိုင္တစ္ေယာက္ျဖစ္ဖို႔ လိုအပ္တဲ့အရည္အေသြးေတြပိုင္ဆိုင္ ၿပီးတဲ့ေနာက္မွာေတာ့ ႐ုရွားေထာက္လွမ္းေရးအဖြဲ႕ KGB ကိုဝင္ေရာက္အမႈထမ္းခဲ့ပါတယ္။ ပူတင္ဟာ KGB အဖြဲ႕မွာတာဝန္ထမ္းေဆာင္ခဲ့တဲ့ (၁၆)ႏွစ္တာကာလအတြင္း ေထာက္လွမ္းေရး အႀကီးအကဲ ဗိုလ္မႉးႀကီးရာထူး အထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အေရွဂ်ာမနီမွာေတာ့ (၄)ႏွစ္ေလာက္တာဝန္ထမ္းေဆာင္ခဲ့ ပါတယ္။ ဘာလင္တံတိုင္းၿပိဳက်ျခင္းနဲ႔အတူ ၿပီးဆုံးသြားတဲ့စစ္ေအးတိုက္ပြဲကာလ အတြင္းမွာ ပူတင္ဟာ ဆိုဗီယက္ျပည္ေထာင္စုႀကီး ပ်က္စီးေတာ့မယ့္အေၾကာင္းကို ေကာင္းေကာင္းႀကီးဆင္ျခင္မိပါတယ္။

ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲခဲ့တဲ့ ျဖစ္စဥ္ဟာ ပူတင္အတြက္ႀကီးစြာေသာ ခံျပင္းမႈကို ျဖစ္ေစခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ ပူတင္ဟာ ႏိုင္ငံေရးေလာကကို အေျခခ်ရန္ဆုံးျဖတ္ခဲ့ကာ (၁၉၉၁)ခုႏွစ္မွာေတာ့ KGB ကေနထြက္ၿပီး လီနင္ဂရက္ၿမိဳ႕ေတာ္ဝန္ဆီမွာ စတင္လုပ္ကိုင္ခဲ့ပါတယ္။(၁၉၉၄) ခုႏွစ္ မွာေတာ့ ဒုတိယၿမိဳ႕ေတာ္ဝန္ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းမွာ သမၼတ ဘိုရစ္ေရာ့ဆင္ အစိုးရ အဖြဲ႕မွာ ပါဝင္ထမ္းေဆာင္ဖို႔ကမ္းလွမ္းျခင္းခံခဲ့ရပါတယ္။

ပူတင္ရဲ႕ သူမတူတဲ့ အရည္အခ်င္းေတြေၾကာင့္ (၁၉၉၉)ခုႏွစ္မွာေတာ့ လုံၿခဳံေရး ေကာင္စီဝန္ႀကီးတစ္ဦး ျဖစ္လာခဲ့ပါတယ္။ ပူတင္ရဲ႕အရည္အခ်င္းကိုသိတဲ့ ဘိုရစ္ေရာ့ဆင္ဟာ သူရာထူးမွႏႈတ္ ထြက္ခ်ိန္မွာ ပူတင္ကိုသမၼတရာထူးေနရာအတြက္ လ်ာထားခဲ့ပါတယ္။ (၁၉၉၉)ခုႏွစ္ ၾသဂုတ္လမွာ ပူတင္ဟာ႐ုရွားဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီး ဒီဇင္ဘာလမွာေတာ့ ႐ုရွားႏိုင္ငံရဲ႕ ယာယီသမၼတ အျဖစ္ခန႔္အပ္ျခင္းကိုခံခဲ့ရပါတယ္။ တစ္ဆက္တည္းပဲ (၂၀၀၀)ျပည့္ႏွစ္ မွာေတာ့ သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီး မတ္လ(၂၆)ရက္ေန႔မွာ ႐ုရွားႏိုင္ငံရဲ႕ တရားဝင္ သမၼတျဖစ္လာခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္သမၼတ ေ႐ြးေကာက္ပြဲမွာလည္း ပူတင္ပဲ အႏိုင္ရခဲ့တာေၾကာင့္ သမၼတသက္တမ္းကို (၂)ႀကိမ္ဆက္ ထမ္းေဆာင္ခဲ့ပါတယ္။(၂၀၀၈)မွာေတာ့ ႐ုရွားႏိုင္ငံရဲ႕ အေျခခံဥပေဒအရ ပူတင္ရဲ႕ သမၼတရာထူး ၿပီးဆုံးခဲ့ေပမဲ့ ေနာက္အသစ္တပ္တဲ့ သမၼတDmitry Medvedev ကပူတင္ကို ဝန္ႀကီးခ်ဳပ္ေနရာကို ဆက္လက္ ခန႔္အပ္ ခဲ့တာေၾကာင့္ ဒုတိယအႀကိမ္ေျမာတ္ ဝန္ႀကီးခ်ဳပ္တာဝန္ကို ထမ္းေဆာင္ခဲ့ ျပန္ပါတယ္။ ယင္းႏွစ္မွာပင္ ႐ုရွားႏိုင္ငံရဲ႕ သမၼတရာထူးကို (၆)ႏွစ္ကာလကို ထပ္မံတိုးျမႇင့္ ခဲ့ပါတယ္။

(၂၀၁၂)ခုႏွစ္ ေ႐ြးေကာက္ပြဲမွာေတာ့ အျငင္းပြားမႈေတြ ရွိေနေပမဲ့ ဗဟိုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္မႈအရ ေထာက္ခံမဲ (၇၆.၆၉)ရာခိုင္ႏႈန္းကို ပူတင္ကရရွိခဲ့တယ္ လို႔ထုတ္ျပန္ခဲ့ပါတယ္။ ပူတင္ဟာ စုစုေပါင္း မဲေပါင္း(၅၆)သန္းရရွိခဲ့တာျဖစ္ လို႔ ဆိုဗီယက္ေခတ္လြန္ကာလအတြင္း မဲအမ်ားဆုံးရရွိတဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ (၂၀၁၈)ခုႏွစ္၊မတ္လအတြင္း က်င္းပခဲ့တဲ့ ႐ုရွားသမၼတေ႐ြးေကာက္ပြဲ ရလဒ္ေတြမွာ လည္း ပူတင္ဟာေထာက္ခံမဲ (၇၆.၆၇)ရာခိုင္ႏႈန္းအထိ ရရွိခဲ့တာေၾကာင့္ (၂၀၂၄) ခုႏွစ္အထိ ႐ုရွားႏိုင္ငံ ကိုဆက္လက္ ဦးေဆာင္သြားမွာလည္း ျဖစ္ပါတယ္။

ပူတင္လက္ထက္မွာေတာ့႐ုရွားႏိုင္ငံရဲ႕ ျပဳျပင္ ေျပာင္းလဲေရးေတြဟာ တစ္ဟုန္ထိုးတိုးတက္လာခဲ့ပါတယ္။ အထူးသျဖင့္႐ုရွားတပ္မ ေတာ္ ထိပ္တန္းတပ္မေတာ္တစ္ခုအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ျပည္ပႏိုင္ငံေတြအထိ ေတာင္စစ္လက္နက္ေတြ တင္ပို႔ေရာင္းခ်လာႏိုင္ခဲ့ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ ႐ုရွား ဟာ ကမာၻေပၚမွာ ဒုတိေျမာက္ စစ္လက္နက္ပစၥည္းတင္ပို႔တဲ့ ႏိုင္ငံအျဖစ္ရပ္တည္ေန ပါတယ္။ ပူတင္ဟာ ယင္းကာလတုန္းက က်င့္သုံးေနတဲ့႐ုရွား လစ္ဘရယ္စနစ္ဟာ ေခတ္နဲ႔ကိုက္ညီမႈမရွိေတာ့တဲ့အျပင္ ႐ုရွားျပည္တြင္းက အၾကမ္းဖက္ဂိုဏ္းေတြနဲ႔  ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိ ေတာ့ဘူးဆိုတာကို သေဘာေပါက္ခဲ့ပါတယ္။

ဒါေၾကာင့္ပထမဆုံး ဖ႐ိုဖရဲျဖစ္ေနတဲ့ ႐ုရွား လူအဖြဲ႕အစည္းကို တစ္သားတည္းျဖစ္ေအာင္တည္ေဆာက္ဖို႔ အရင္အားထုတ္ခဲ့ပါ တယ္။ အဲဒီေနာက္ေတာ့ ညီၫြတ္ေသာ႐ုရွားမ်ားပါတီကို တည္ေထာင္ခဲ့ပါတယ္။ ပူတင္ သမၼတ စျဖစ္တဲ့သက္တမ္းမွာပဲ ႐ုရွားႏိုင္ငံရဲ႕ GDP ဟာက်န္ခဲ့တဲ့ (၈)ႏွစ္တာကာလအတြင္း ၇၂ ရာခိုင္ႏႈန္းအထိတိုးတက္ခဲ့ပါတယ္။ ဒါအျပင္ ခ႐ိုင္းမီးယား ေဒသကိုလည္း ျပန္လည္ ေပါင္းစည္းႏိုင္ခဲ့တာေၾကာင့္ ႐ုရွားႏိုင္ငံရဲ႕အင္အားကို ျပန္လည္တည္ေဆာက္ရာမွာ အလြန္အေရးပါခဲ့ကာ ႏိုင္ငံတကာက ႐ုရွားေႏြဦးကာလအျဖစ္ေတာင္ မွတ္ယူခဲ့ပါတယ္။

ဒါအျပင္ ေခ်ခ်င္းညာ စစ္ပြဲကိုအဆုံးသတ္လိုက္ႏိုင္တာ ေၾကာင့္ ပူတင္ဟာ ႐ုရွားႏိုင္ငံသားေတြရဲ႕ အထင္ႀကီးအားကိုးစရာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ျဖစ္ခဲ့ ပါတယ္။ ႏိုင္ငံတကာမွာလည္း ႐ုရွားႏိုင္ငံရဲ႕ အခန္းက႑ဟာ ပိုမိုထင္ရွားလာ ခဲ့ၿပီး ဥေရာပႏိုင္ငံအားလုံးကိုေက်ာ္တက္ၿပီး အေမရိကန္ကို အမီလိုက္ဖို႔အထိ အေနအထားတစ္ရပ္ ကိုဖန္တီးႏိုင္ခဲ့ပါတယ္။ ႐ုရွားႏိုင္ငံရဲ႕ စစ္ေရးနဲ႔စီးပြားေရးဟာ ပူတင္လက္ထက္မွာ ဆိုဗီယက္ျပည္ေထာင္စုေနာက္ပိုင္း အင္အားအေတာင့္တင္းဆုံး ျဖစ္ေအာင္ စုစည္းႏိုင္ခဲ့ပါတယ္။

ပူတင္ဟာ အမ်ိဳးသားအက်ိဳးစီးပြားကို အဓိကထားတဲ့ ႏိုင္ငံေရးမူဝါဒကို ေအာင္ျမင္စြာက်င့္သုံးခဲ့တေၾကာင့္ ျပည္တြင္းေထာက္ခံမႈ အခိုင္အမာ ရရွိေနသူလည္းျဖစ္ပါတယ္။ ဒါအျပင္ ကမာၻဖလားေဘာလုံးၿပိဳင္ပြဲလို၊ အိုလံပစ္ၿပိဳင္ပြဲ လို ကမာၻထိပ္တန္း အားကစားပြဲေတြကို ပူတင္ရဲ႕ ဦးေဆာင္မႈနဲ႔ အိမ္ရွင္အျဖစ္ ေအာင္ျမင္စြာ က်င္းပေပးႏိုင္ခဲ့တာေၾကာင့္လည္း ႐ုရွားႏိုင္ငံရဲ႕ ပုံရိပ္အပါအဝင္၊စီးပြားေရးလုပ္ငန္း ေတြမ်ားစြာ ျမႇင့္တင္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

သူဟာ (၁၉၈၃)ခုႏွစ္၊ဇူလိုင္(၂၈)ရက္ေန႔မွာ ေလယာဥ္မယ္ Lyudmila Shkrebneva နဲ႔လက္ထပ္ခဲ့ ၿပီး သမီးႏွစ္ေယာက္ထြန္းကားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရး ဟာအႏွစ္ ၂၀၁၃ ခုႏွစ္၊ဇြန္လမွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပင္ဆဲခဲ့ ပါတယ္။ နာမည္ေက်ာ္႐ုပ္သံမင္းသမီးေတြ၊ေမာ္ဒန္ေတြနဲ႔ သတင္းေတြထြက္ေနေပမဲ့ ယေန႔အခ်ိန္မွာေတာ့ ပူတင္ဟာ တစ္ကိုယ္တည္း အေနအထားနဲ႔ဘဝကို ျဖတ္သန္းေနဆဲပဲျဖစ္ပါတယ္။

(၂၀၀၀)ျပည့္ႏွစ္မွာ ႐ုရွားႏိုင္ငံရဲ႕ သမၼတတစ္ဦးျဖစ္ေပမဲ့ KGB ေထာက္လွမ္းေရး အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တာနဲ႔အညီ ေနာက္ေၾကာင္းေတြကို အေမွာင္ခ်ထားတာေၾကာင့္ ပူတင္အေၾကာင္း သိရွိသူအလြန္နည္းပါး ပါတယ္။ ေနာက္ပိုင္းထြက္ေပၚလာတဲ့ သတင္းေတြအရ ပူတင္ဟာ ထိပ္တန္းတိုက္ခိုက္ေရးသမား တစ္ဦးျဖစ္သလို လူစြန႔္စားတစ္ဦးျဖစ္တယ္ဆိုတဲ့အေၾကာင္းကို သိရွိခြင့္ရၾကတာပါ။ အမဲလိုက္ျခင္း၊ ဂ်က္ေလယာဥ္ကို ကိုယ္တိုင္ေမာင္းႏွင္ျပျခင္း၊႐ုရွားထုတ္လက္နက္ေတြ ကိုကိုယ္တိုင္ စမ္းသပ္ပစ္ခတ္ျပျခင္း၊ ခရီးၾကမ္းစစ္ဆင္ေရးေတြကို ကိုယ္တိုင္လုပ္ ေဆာင္ျပျခင္းစတဲ့ ပူတင္ရဲ႕ ပုံရိပ္ေတြဟာ ကမာၻအႏွံ႔က လူငယ္ေတြအၾကား ေခတ္စား ခဲ့ပါတယ္။

ဒါအျပင္တ႐ုတ္ႏိုင္ငံကို အလည္အပတ္ေရာက္ခ်ိန္မွာ ျပသခဲ့တဲ့ ပူတင္ရဲ႕ စႏၵ ယားစြမ္းရည္ေၾကာင့္ ပူတင္ဟာ အႏုပညာပိုင္းမွာလည္း ေခသူမဟုတ္ေၾကာင္း သိရွိခဲ့ ရပါတယ္။ ကမာၻႏိုင္ငံေတြရဲ႕ အျမင္မွာေတာ့ ပူတင္ဟာ အေမရိကန္ရဲ႕စူပါ ပါဝါကို ထိန္းညႇိႏိုင္မဲ့ ပုဂၢိဳလ္တစ္ေယာက္ အျဖစ္အသိအမွတ္ျပဳၾကပါတယ္။ ပူတင္လက္ထက္မွာ ေတာ့အေမရိကန္နဲ႔ ဆက္ဆံေရးေကာင္းမြန္ခဲ့ေပမဲ့ ယူကရိန္းအေရး၊ဆီးရီးယားအေရး ေတြမွာေတာ့ တင္းမာမႈေတြျဖစ္ေပၚလာခဲ့ပါတယ္။

ဒါအျပင္ အေမရိကန္ျပည္ေထာင္စုရဲ႕ အထူးေအးဂ်င့္ စႏိုးဒင္ကို ႐ုရွားကႏိုင္ငံေရးခိုလႈံခြင့္ေပးျခင္းအပါအဝင္ (၂၀၁၆) ခုႏွစ္ အေမရိကန္ေ႐ြးေကာက္ပြဲကို ႐ုရွားကဝင္ေရာက္စြတ္ဖက္တယ္ဆိုတဲ့ စြပ္စြဲ ခ်က္ေတြ ေၾကာင့္ ျပန္လည္တင္းမာလာပါတယ္။  ဆိုက္ေဘးရီးယားမွာျပဳလုပ္ခဲ့တဲ့ စစ္ေအးတိုက္ပြဲ ၿပီးတဲ့အခ်ိန္ေနာက္ပိုင္းအႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈႀကီးေၾကာင့္ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းလိုသူေတြအတြက္ ႐ုရွားရဲ႕ ေျခလွမ္းကိုေစာင့္ၾကည့္ခ်င္စရာ ျဖစ္ခဲ့ပါတယ္။

တ႐ုတ္တပ္ဖြဲ႕ဝင္ (၃၀၀၀)ေက်ာ္ပါဝင္ခဲ့တဲ့ အဲဒီစစ္ေရးေလ့က်င့္မႈကို ပူတင္ကိုတိုင္ေစာင့္ၾကည့္ခဲ့ၿပီး၊ ႐ုရွားႏိုင္ငံ စစ္တပ္ရဲ႕ သုံးပုံ တစ္ပုံအထိ ပါဝင္ေလ့က်င့္ ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံအေရွဖ်ားတစ္ေလ်ာက္မွာ က်င္းပခဲ့တဲ့ဒီစစ္ေရး ေလ့က်င့္မႈရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ အသင့္တိုက္ပြဲဝင္ႏိုင္ရန္အတြက္ျဖစ္ပါတယ္။ ေဝဖန္သူေတြကေတာ့ ႐ုရွားဟာ စစ္အင္အားကိုတိုးခ်ဲလ်က္ရွိၿပီး အခုေလ့က်င္တဲ့ စစ္ေရးေလ့က်င့္မႈဟာ တိုးခ်ဲ႕ထားတဲ့ စစ္သည္ေတြအတြက္ ျဖစ္တယ္လို႔ ေထာက္ျပ ေျပာဆိုမႈေတြရွိခဲ့ပါတယ္။

ပူတင္ကေတာ့ ခုခံကာကြယ္ဖိုံအတြက္သာျဖစ္ၿပီး ႐ုရွားဟာ ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုးတဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္၊ မည့္သည့္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ ကိုမွ က်ဴးေက်ာ္ရန္စလိုျခင္း မရွိဘူးလို႔ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ႐ုရွားႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ၊လုံၿခဳံေရးနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ဖို႔ တပ္မေတာ္ ကိုအၿမဲေခတ္မီေနေအာင္ေတာ့ ဖန္တီးထားမွျဖစ္ပါမယ္လို႔ ဆိုထားပါတယ္။ ဆယ္စုႏွစ္တစ္ခုအတြင္းမွာပဲ ႐ုရွားကို ပူတင္ရဲ႕ ဦးေဆာင္မႈနဲ႔ ကမာၻက႑အသီးသီးမွာ ထိပ္တန္းေနရာကို ေရာက္ေအာင္ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။

အေနာက္အုပ္စုကေတာ့ ပူတင္ဟာ အာဏာရွင္ဆန္ဆန္နဲ႔ စနစ္တက်႐ုရွားရဲ႕ ႏိုင္ငံေတာ္အာဏာကို သိမ္းထား တယ္လို႔ ေဝဖန္မႈေတြရွိေနေပမဲ့ ႐ုရွားႏိုင္ငံသားအမ်ားစုရဲ႕ တစ္ခဲနက္ ေထာက္ခံ ျခင္းကို ရရွိထားတဲ့ ပူတင္အတြက္ သက္သက္သာသာပဲ မ်က္ကြယ္ျပဳထားႏိုင္ပါတယ္။ ယခုႏွစ္ ပိုင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးတိုးျမႇင္ခဲ့တဲ့ ပူတင္ရဲ႕မဟာဗ်ဴဟာေၾကာင့္ အေမရိကန္ ျပည္ေထာင္စုရဲ႕ အဓိကထား ေစာင့္ၾကည့္ျခင္းကို ခံေနရၿပီလည္းျဖစ္ပါတယ္။

သာမန္ေထာက္လွမ္းေရးငယ္တစ္ေယာက္ဘဝကေန ကမာၻေပၚမွာထိပ္တန္း အင္အား ႀကီးႏိုင္ငံ ျဖစ္တဲ့ ႐ုရွားသမၼတျဖစ္လာခဲ့တဲ့ ပူတင္ရဲ႕ဟာ ႐ုရွားႏိုင္ငံရဲ႕ သမိုင္းဝင္ေခါင္း ေဆာင္တစ္ဦးအျဖစ္ မွတ္တမ္းေရးထိုးႏိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ယေန႔အခ်ိန္မွာ အသက္(၆၆)ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္ေပမဲ့ ပူတင္ဟာ ကာယပိုင္းေရာ ဉာဏ ပိုင္းမွာပါ အေကာင္း ဆုံးအေနအထားရွိေနဆဲပါ။

သူတည္ေဆာက္ထားတဲ့ ႐ုရွားႏိုင္ငံရဲ႕ ယခုလက္ရွိအေျခအေနအရ သူေနာက္မွာဆက္ခံမဲ့ ေခါင္းေဆာင္ေတြအဖို႔လည္း အေျခခိုင္ခိုင္ရပ္တည္ ႏိုင္မွာလည္းျဖစ္ပါတယ္။ ပူတင္ရဲ႕ကာလၾကာ အုပ္စိုးေနမႈေၾကာင့္ အေနာက္ႏိုင္ငံေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြရွိလာႏိုင္တယ္ဆိုၿပီး စိုးရိမ္မႈေတြရွိေနေပ မဲ့ပူတင္ကေတာ့ ႐ုရွားႏိုင္ငံရဲ႕ စီးပြားေရး၊လူမႈေရး၊သိပၸံနည္းပညာနဲ႔ ပညာေရးက႑ တိုးတက္ဖို႔သာ အာ႐ုံစိုက္ထားေၾကာင္း ပူတင္ကဆိုခဲ့ၿပီး ႐ုရွားကို အေမရိကန္နဲ႔အၿပိဳင္ စူပါပါဝါႏိုင္ငံတစ္ခုအျဖစ္ ကမာၻအလည္မွာရပ္တည္ႏိုင္ဖို႔ ရည္႐ြယ္ထားတာပါ။

သံမဏိအၿပဳံးပိုင္ရွင္ရယ္လို႔ နာမည္ေက်ာ္တဲ့ ေအးတိေအးစက္မ်က္ႏွာထားပိုင္ရွင္ ပူတင္ဟာ ကမာၻႀကီး ရဲ႕အနာဂက္ကိုေတာင္ ေျပာင္းလဲသြားႏိုင္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ႏိုင္သူျဖစ္တာ ေၾကာင့္ ပူတင္ရဲ႕ႏိုင္ငံေရးေျခလွမ္းတိုင္းဟာ ကမာၻကေစာင့္ၾကည့္ေနရမွာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

No comments:

Related Posts Plugin for WordPress, Blogger...