လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Mother's Day ဆိုတာ

တစ်ခါက နိုင်ငံကြီးတစ်နိုင်ငံရဲ့ Company တစ်ခုမှာ မြန်မာလူမျိုးတစ်ယောက် အလုပ်လုပ်နေပါတယ်...။
သူက ဒီနိုင်ငံကို ရောက်တာ ကာလအတိုင်းအတာတစ်ခုတည်းသာ ရှိသေးပြီး သူအလုပ်လုပ်တဲ့ Company မှာ နိုင်ငံခြားသားတွေချည်းပဲ ဖြစ်ပြီး မြန်မာဆိုလို့ သူတစ်ဦးတည်းသာ ရှိပါသတဲ့..။
အဲဒီမှာ သူနဲ့ တစ်ဌာနတည်း အလုပ်လုပ်နေတဲ့ Phillips ဆိုသူရှိပါတယ်... Phillips ဟာ စိတ်သဘောထားကောင်းပြီး သူတို့နှစ်ယောက်က ခင်မင်ရင်းနှီးနေကာ တတွဲတွဲ နေဖြစ်ကြတာပေါ့..။
အားလပ်ချိန်တွေမှာ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုတွေအကြောင်း၊ စသဖြင့် အမျိုးမျိုး စကားပြော ဆွေးနွေးနေကျပါ..။

တစ်နေ့တော့ Phillips က သူ့ကို ပြောတယ်..
"Friend ရေ.. ငါတော့ ဒီနေ့ အလုပ်စောဆင်းမှာကွ.. မန်နေဂျာဆီမှာတောင် ပြောပြီးသွားပြီ.."

အဲ့မှာ သူက-
"ဘာလို့လဲ Phillips ရ.. ဘာလဲ မင်းအမျိုးသမီးက စောပြန်ခဲ့ ဆိုလို့လား.." လို့ ရယ်မောပြီး ပြန်မေးလိုက်ပါတယ်..။

အဲတော့ Phillips က သူ့ကို အံ့သြတဲ့အကြည့်နဲ့ ပြန်ကြည့်ပြီး-
"Friend ရေ.. မင်းမေ့နေတာလား..  ဒီနေ့က Mothers Day လေ...   အော်.. မင်းမိဘတွေက မြန်မာပြည်မှာ မင်းဒီကို မလာခင်ကတည်းက ဆုံးပါးသွားကြတာမို့ မင်းသတိမရတာမှတ်လား.." လို့ ပြောပါတယ်။

ပြီးတော့ သူ (Phillips) ကပဲ ဆက်ပြီး-
"အဲ့တော့ကွာ ဒီနေ့ Mothers Day မှာ ငါ အလုပ်စောစောဆင်းမယ်.. ပြီးတော့ ရိပ်သာက ငါ့အမေအတွက် လက်ဆောင်တွေဝယ်သွားမယ်.. ငါ့အမေနဲ့ စကားစမြည်တွေ ပြောကြမယ်ကွာ..  ငါ့အမေနဲ့တောင် မတွေ့တာ နှစ်လလောက်ရှိနေပြီလေ.. ငါလဲ အလုပ်တွေများနေတာနဲ့... ဒီနေ့တော့ အဆင်ပြေတာပေါ့ကွာ..." ဆိုပြီး ဆက်ပြောပါတယ်... ။ သူ့မျက်ဝန်းထဲမှာတော့ ကြည်နူးမှုတွေ အပြည့်နဲ့ပေါ့...။ ပြီးတော့ သူက ဆက်ပြီး မေးပါတယ်.. " မင်းတို့ မြန်မာ လူမျိုးတွေကရော.. အဲလို Mothers Day တွေမှာ ဘာမှ မလုပ်ကြဘူးလား.. ဘာတွေလုပ်ကြလဲ ပြောပြပါဦး "

အဲ့မှာ မြန်မာလူမျိုးက -
" ဒီလို Phillips ရေ၊ ငါတို့မြန်မာပြည်မှာ Mothers Day , Fathers Day တို့ဆိုပြီး အထူးတလည် မရှိဘူးကွ.."

Phillips က အံ့သြစွာနဲ့ - " ဘယ်လို.. ဘယ်လို....."

မြန်မာလူမျိုးက ဖျတ်ခနဲ့ ပြုံးပြလိုက်ပြီး ခုလိုပြန်ပြောလိုက်ပါတယ်...
" ဒီလိုကွ.. ငါတို့ မြန်မာလူမျိုးတွေမှာ မိဘ၊ဆရာ ဆိုတာတွေက ငါတို့ရဲ့ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး ရိုသေ လေးစားကြတယ်လေ... ပြီးတော့ ငါတို့နိုင်ငံတွေမှာက မင်းတို့ဘက်က နိုင်ငံတွေမှာလို မိဘက အသက်ကြီးရင် ရိပ်သာတွေမှာ သွားနေကြရတာမဟုတ်ဘူး...  သားသမီး၊ မြေးမြစ် တွေနဲ့ အတူတူ အိမ်မှာနေပြီး မိသားစုရဲ့ နွေးထွေးမှုနဲ့ နေကြတာကွ... သားသမီးတွေကလဲ မိဘကို အသက်ကြီးလာရင် ဂရုတစိုက်နဲ့ ပြန်ပြီး ပြုစုစောင့်ရှောက်ကြတယ်လေ... အဲ့တော့ တို့မြန်မာလူမျိုးတွေအတွက်က နေ့စဉ်နေ့တိုင်းဟာ Mothers Day, Fathers Day တွေချည်းပါပဲ... ဒါ့ကြောင့်မို့ ငါတို့အတွက် မထူးဆန်းတာမို့ ငါ ဒီနေ့ Mothers Day ဆိုတာ သတိမထားမိတာပါကွာ..."

No comments:

Related Posts Plugin for WordPress, Blogger...