လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပညတ်တော် ဆယ်ပါး

ခရစ်ယာန်ဘာသာဝင်တွေရဲ့ ပညတ်တော်ဆယ်ပါးအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

  1. ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
  2. အထက်မိုးကောင်းကင်၌၊ အောက်အရပ် မြေကြီးပေါ်၌၊ မြေကြီးအောက်ရေထဲ၌ ရှိသော အရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချ ၀တ်မပြုနှင့်။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။
  3. သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား နာမတော်ကို မုသာနှင့် ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
  4. ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစားလုပ်ဆောင်လော့။ သတ္တမနေ့သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် သတ္တမနေ့ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
  5. သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာ ပြုလော့။
  6. လူအသက်ကို မသတ်နှင့်။
  7. သူ့မယားကို မပြစ်မှားနှင့်။
  8. သူ့ဥစ္စာကို မခိုးနှင့်။
  9. ကိုယ်နှင့် စပ်ဆိုင်သောသူတဘက်၌ မမှန်သော သက်သေကို မခံနှင့်။
  10. ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်စိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်စိတ် မရှိစေနှင့် ဟု မိန့်တော်မူ၏။

No comments:

Related Posts Plugin for WordPress, Blogger...