လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

၇၈ ပေ မြင့်သော လှိုင်းလုံးစီးပြီး အမေရိကန်နိုင်ငံသား ကမ္ဘာ့စံချိန်တင်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပေါ်တူဂီနိုင်ငံတွင် ၇၈ ပေအမြင့်ရှိ လှိုင်းလုံးစီးနိုင်ခဲ့သော အမေရိကန် နိုင်ငံသား ဂါရက်မက်နာမာရာကို အမြင့်ဆုံး လှိုင်းလုံးစီးနိုင်သူအဖြစ်  ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းပြုစုရေးအဖွဲ့က မေလ ၁၀ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အသက် ၄၄ နှစ်အရွယ်ရှိ မက်နာမာရာသည် ယခင်စံချိန်ရှင် မိုက်ခ်ပါဆန်ထက် တစ်ပေမျှ အသာဖြင့် စံချိန်ကို လွှဲယူနိုင်ခဲ့ခြင်းဖြစ်သည်။ Billabong XXL Global Big Wave Awards ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ကျွမ်းကျင်သူများက အတည်ပြုစစ်ဆေးကာ ဆုချီးမြှင့်ပေးခဲ့ပြီး တစ်ပတ်အကြာတွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း ပြုစုရေးအဖွဲ့ကပါ စံချိန် မှတ်တမ်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပေါ်တူဂီအစိုးရက မက်နာမာရာကို နိုင်ငံတွင်းရှိ နာဇာရီမြို့သို့ လာရောက်ကာ လှိုင်းစီးပြိုင်ပွဲကြီး ကျင်းပနိုင်သော အခြေအနေ ရှိ၊ မရှိ လေ့လာပေးရန် ဖိတ်ကြားခဲ့ရာမှ ယင်းသို့ စံချိန်တင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ လုပ်နိုင်ခဲ့တာက အံ့အားသင့်စရာပါ။ ကမ္ဘာ့စံချိန်ဆိုတာက သိပ်အရေးမကြီးပါဘူး။ ဒါက နာဇာရီမြို့နဲ့ ပေါ်တူဂီအတွက်၊ ကျွန်တော့်မိသားစုနဲ့ အဲဒီကမိတ်ဆွေတွေအတွက်ပဲ အရေးကြီးတာပါ''ဟု မက်နာမာရာကပြောကြားခဲ့သည်။

သမုဒ္ဒရာလှိုင်းပုတ်ရာ နာဇာရီမြို့ရှိ ကမ်းပါးတစ်ခုအနီးတွင် ပေ ၁၀၀၀ မျှနက်သော ရေအောက်ချောက်ကြီးရှိသောကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု သိရသည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...