လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဧ၀ရက်တောင်ထိပ်ရောက် ကမ္ဘာအသက်ကြီးဆုံး အမျိုးသမီး



အသက် ၇၃ နှစ်ရှိပြီဖြစ်သော ဂျပန်အမျိုးသမီးသည် ဧ၀ရက်တောင်ကိုတက်ခြင်းဖြင့် ၎င်း၏ ၁၀ နှစ်တာ မှတ်တမ်းကိုချိုးနိုင်ကာ ဧ၀ရက်တောင် တက်နိုင်ခဲ့သော ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။

Tamae Watanabe အမည်ရ ယင်းအမျိုးသမီးသည် Sherpa ဟုခေါ်သော တောင်တက်ကျွမ်းကျင်သည့် အဖော်သုံးဦးနှင့် ဧ၀ရက်တောင်အား တရုတ်-တိဗက်ပိုင်းတွင်ရှိသော မြောက်ဘက်ဆင်ခြေလျောမှ တက်ခဲ့ခြင်းဖြစ်ပြီး ပေပေါင်း ၂၉၀၂၈ ကျော်(၈၈၄၈ မီတာ)မြင့်သော ဧ၀ ရက်တောင်သို့ မေလ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ရောက်ရှိခဲ့သည်။

သူမသည် ၂၀၀၂ ခုနှစ်က အသက် ၆၃ နှစ်အရွယ်ရှိစဉ်ကလည်း ဧ၀ရက်တောင်အား နီပေါနိုင်ငံဘက်မှ တောင်ထိပ်အထိရောက်အောင် တက်ရောက်နိုင်ခဲ့သည်။

နီပေါနိုင်ငံနှင့် တရုတ်တိဗက်ဘက်ခြမ်းတို့ နယ်နိမိတ်စည်းမျဉ်း အလယ်တွင်ရှိသော ဧ၀ရက်တောင်အား ၂၀၀၈ ခုနှစ်က နီပေါနိုင်ငံသား အသက် ၇၆ နှစ်အရွယ် Min Ba-hadur က တက်ရောက်နိုင်ခဲ့၍ ဧ၀ရက်တောင်တက်နိုင်သော ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသားဖြစ်လာခဲ့သည်။

ဧ၀ရက်တောင်တက်ရောက်နိုင်သော ကမ္ဘာ့အသက်ငယ်ဆုံးမှာ ၂၀၁၀ ပြည့်နှစ်က အသက် ၁၃ နှစ် အရွယ် အမေရိကန်နိုင်ငံသား ဂျော်ဒန်ရိုမီရိုဆိုသူ ဖြစ်သည်။ ၂၀၁၁ ခုနှစ်က အသက် ၈၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ္ဘာ့အသက်ကြီးဆုံး တောင်တက်နိုင်သူအဖြစ် မှတ်တမ်း တင်ရန် ကြိုးစားစဉ်အတွင်း ဆုံးပါးသွားခဲ့သည်။


Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...