လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်း တို့ထက် အိုင်ကျူ ပိုမြင့်တဲ့ လေးနှစ် သမီးလေး

အင်္ဂလန် ၀င်ချက်စတာမြို့မှ ဟိုက်ဒီ ဟန်ကင်းစ် (Heidi Hankins) အမည်ရှိ ၄ နှစ်သမီးလေးရဲ့ ဉာဏ်ရည်ပြကိန်း (IQ) မှာ ၁၅၉ ရှိပြီး ရူပဗေဒအကျော်အမော် အဲလ်ဘတ် အိုင်စတိုင်းနှင့် စတီဖင်ဟောကင်း တို့ထက် ၁ မှတ် ပိုမြင့်နေကြောင်း တွေ့ရသည်။
ဟိုက်ဒီ ဟန်ကင်းစ် ကို အင်္ဂလန်ရှိ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများ အဖွဲ့ Mensa International က ဉာဏ်ရည်မြင့် ကလေးအဖြစ် အတည်ပြုပြီး အဖွဲ့ဝင်သစ်အဖြစ် လက်ခံလိုက်သည်။
ဟိုက်ဒီ က အသက် ၂ နှစ်အရွယ်မှာပင် အသက် ၈ နှစ် အရွယ်တွေ ဖတ်သော စာများကို ဖတ်နိုင်ခဲ့သည်။ ပုံမှန်အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးများကို အိုင်ကျူ စနစ်တကျ စမ်းသပ်မှု လုပ်လေ့မရှိသော်လည်း၊ ယခု Mensa အဖွဲ့က စိတ်ပိုင်းဆိုင်ရာ မေးခွန်းများ မေးခြင်းဖြင့် ဟိုက်ဒီ ဟန်ကင်းစ် ရဲ့ အိုင်ကျူကို အတည်ပြုခဲ့ကြသည်။
“ဟိုက်ဒီ က အချိန်တွေ၊ နေရာတွေ၊ သာမန်လူတွေ သတိမထားမိတဲ့ ဖြစ်ရပ်တွေကို မှတ်မိလွယ်တယ်၊ မှတ်ဉာဏ်အရမ်း ကေင်းတယ်” ဟု သူ့ဖခင်က the Star သတင်းစာကို ပြောပြသည်။
ဟိုက်ဒီ တစ်ဦးထဲသာ အိုင်ကျူမြင့်သူ မဟုတ်။ ၂၀၀၉ ခုနှစ်ကလည်း Oscar Wrigly ဆိုသည့်ကလေးသည် အသက် ၂ နှစ်အရွယ်မှာ အိုင်ကျူ ၁၆၀ ရှိခဲ့ပြီး Mensa အဖွဲ့တွင် အသက် အငယ်ဆုံးဖြင့် ကမ္ဘာ့အိုင်ကျူ အမြင့်ဆုံး စံချိန်ချိုးခဲ့သည်။
သာမန်လူတွေရဲ့ ပျမ်းမျှ အိုင်ကျူမှာ ၁၀၀ ခန့် ရှိသည်ဟု Mensa International ဉာဏ်ကြီးရှင် အဖွဲ့က ဆိုသည်။

Ref: Maukkha

No comments:

Related Posts Plugin for WordPress, Blogger...